Background
တရုတ်ဘက်မှာ ပဲတီစိမ်းစထွက် နယ်စပ်မှာဈေးကျ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် တရုတ်နိုင်ငံသို့ ပဲတီစိမ်း ၁၅၆၈ ဒသမ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၈ဝ၄ သန်း ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလမှာတော့ ပဲတီစိမ်း ၁၆၁၃ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမှာ ပဲတီစိမ်းများ စတင် ထွက်ရှိနေ ပြီဖြစ်ခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ပဲတီစိမ်းစား သုံးမှုနည်းပါး လာခြင်း၊ ကမ္ဘာ့ပဲဈေးနှုန်းကျဆင်း ခြင်းနဲ့အတူ တရုတ်နယ်စပ် မှာလည်း ပဲဈေးနှုန်းများကျဆင်းခြင်း၊ ပြည်တွင်းဝယ်ယူချိန်နဲ့ တစ်ဘက်နိုင်ငံသို့ ရောင်းချ ချိန်အကြား သယ်ယူစရိတ်ဈေးကျပြီး အရှုံးပေါ်ခြင်းတို့ကြောင်း ရောင်းဝယ်မှုများကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ လာမဲ့အပတ်မှာ ရောင်းဝယ်မှု ဆက်လက်လျော့ ကျ နေအုံးမယ်လို့ခန့်မှန်းကြောင်း ပဲတီစိမ်းကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုသြဂုတ်လမှာ နယ်စပ် မှ ပဲတီစိမ်း ၁၃၉ဝ၄ တန် တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၁၉၅၂၁ တန်တင်ပို့ခဲ့ တဲ့အတွက် တန်ချိန် ၅၆၁၇ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဧပြီလ မှ သြဂုတ်လ ကုန်ထိ နယ်စပ်မှ ပဲတီစိမ်း စုစုပေါင်း ၆၅၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပတ်နဲ့ ယခင်အပတ် မြန်မာတရုတ်နယ်စပ်ရှိ ပဲတီစိမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) ပြောင်းလဲမှု ရာခိုင်နှုန်း တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ပြောင်းလဲမှု ရာခိုင်နှုန်းယခုအပတ် ၇၂၄၈၇၆ ၁၂၅၅ယခင်အပတ် ၉၅၇၉ဝ၂ ၂၃၃ဝ၂၆ ၃၂ ၁၃၃၁ ၇၆ ၇၆ MIRT(DOBT)
ပင်လယ်ရေကြောင်းက ဂျပန်ကိုပိုသွားတဲ့ နှမ်း ယခုတစ်ပတ်အတွင်း (သြဂုတ်လ ၂၃ ရက်မှ ၂၉ ရက်)မှာ ပင်လယ် ရေကြောင်းက နှမ်းတန်ချိန် ၂၃ဝ ကျော်တင်ပို့ခဲ့တဲ့ အနက် ဂျပန်နိုင်ငံကို နှမ်းတန်ချိန် ၁ဝဝ ကျော်နဲ့ ပမာဏပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ အခြား တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ ပြောင်းလဲခြင်းမရှိဘဲ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ၊ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ် လာ ၁၇ဝဝ-၁၈ဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
လယ်လီအဝယ်ဈေး ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်- စက်တင်ဘာလ ၂ဝ၁ဝ ဝယ်ဈေးဓါတ်ဆီ(ကျပ်) ရောင်းဈေးဓါတ်ဆီ(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး ၃ဝ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ ၃၁ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ ၁ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ ၂ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ ၃ ၂၅ဝဝ ၂၅ဝဝ ၂၆ဝဝ ၂၈ဝဝ
မန္တလေးဈေးကွက် ပဲတီစိမ်းကြီးကို တရုတ်ပြည် တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည် များနဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်း သွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာကျလာပြီး တစ်ပိဿာကို အနိမ့်ဆုံး ၁၁၅၆ ကျပ်(တစ်တန်ကို ၇ဝ၇၉၂၂ ကျပ်)မှ တစ်ပိဿာကို အမြင့်ဆုံး ၁၃၁၆ ကျပ်(တစ်တန်ကို ၈ဝ၅၉ဝ၅ ကျပ်) အတွင်းအရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲ ဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကျ နေကြောင်း မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ဒီတစ်ပတ်တန်ချိန် နှစ်သောင်းကျော်ဝင်ခဲ့ သြဂုတ်လ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့ကာလအတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ဘိလပ်မြေကုန်သွယ်မှု ကတော့တန်ချိန် ၂၁၃၅ဝ တန် တန်ဖိုးကန်ဒေါ်လာ ၁၇၆၉ဝဝဝ ဖိုးတင်သွင်းလာခဲ့ပါတယ်။ တင်သွင်းတဲ့ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ထိုင်းနိုင်ငံ ကအများစုသွင်းခဲ့တာဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီပျမ်းမျှ ၈၂ ဒသမ ၈၆ ဈေးနဲ့ ဖြန့်ချီဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ယခင်သြဂုတ်လ ၁၆ ရက်နေ့ကနေ ၂၂ ရက်ကာလအတွင်း ဘိလပ်မြေမဝင်ပေမဲ့ တစ်ပတ်ခြားကြာပြီးနောက် ယခုအပတ်ပြန်လည် တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် ဘိလပ်မြေတင်သွင်းမှုလျော့ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း ဘိလပ်မြေ ၃၄ဝ၉ ဒဿမ ၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၂၄ သန်းဖိုး တင်သွင်းနိုင်ခဲ့ ပါတယ်။ ယခင်အပတ်က ၄၅ဝ၄ တန် တင်သွင်းခဲ့တဲ့ အတွက် ယခုအပတ်မှာ ၁ဝ၉၅ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ယခုအပတ်မှာ မြဝတီမှ တင်သွင်းခဲ့ခြင်း မရှိဘဲ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်စခန်းများမှလည်း ယခင်အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုများကတော့ မူဆယ်မှ ၅၅၉ တန်၊ လွယ်ဂျယ်မှ တန်၅ဝဝ၊တာချီလိတ်မှ ၈၅၃ ဒဿမ ၅ တန်၊ ကော့သောင်း မှ တန် ၁ဝဝ၊ စစ်တွေမှ ၃၅ တန်၊ မောင်တောမှ ၁ဝ၃ တန်၊ ကန်ပိုက်တီးမှ တန် ၇၆ဝ နဲ့ မြိတ်မှ ၄၉၉ ဒဿမ ၁ဝ တန် အသီးသီး တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ ပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်- စခန်း တံဆိပ် ဈေးနှုန်း မူဆယ် ဆင်၊ ကမ္ဘာလုံး ၈၅ လွယ်ဂျယ် XiLin ၄၂ .၅ ၈၅ မြဝတီ ဆင် ၉ဝ ကော့သောင်း ဆင် ၁ဝဝ တာချီလိတ် ကျား၊ ငှက် ၆၈ MIRT(DOBT)
နယ်စပ်မှ ဓာတ်မြေသြဇာ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ဓာတ်မြေသြဇာ ၂ဝ၂၅၈ ဒဿမ ၅၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၁ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ဓာတ်မြေသြဇာ ၉၄၂၃ ဒဿမ ၆ဝ တန်သာ တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ၁ဝ၈၃၄ တန် ကျော် ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းနိုင်မှုများမှာ မူဆယ်မှ ၁၇၂၆၇ ဒဿမ ၃ တန်၊ကော့သောင်းမှ ၂၇ဝဝ တန်၊ ရိဒ်မှ ၁ဝ၃ဒဿမ ၂၅ တန်၊ မြဝတီမှ ၁ဝဝ ဒဿမ ဝ၅ဝ တန်၊ မောင်တောမှ ၄၄ ဒဿမ ၅ဝ တန်၊ တာချီလိတ် မှ ၂၉ တန် နဲ့ စစ်တွေမှ ၁၄ တန် အသီးသီး တင်သွင်း ခဲ့ခြင်းဖြစ် ပါတယ်။ ယခုအပတ်မှာ မူဆယ်၊ မြဝတီ၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်စခန်းများမှ ယခင်အပတ်ကထက် ပိုမိုတင်သွင်းလာတာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ တင်သွင်းတဲ့ ဓာတ်မြေသြဇာများရဲ့ တစ်တန်ပေါက် ဈေးများ ကို ဖော်ပြပေးလိုက်ပါတယ်-နယ်စပ် အမျိုးအစား တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)မူဆယ် Single Super Phosphate 120 Triple Super Phosphate 260 Urea Fertilizer(N-46%) 220 Nitric Phosphate (NPK) 250 Mono amonium Phosphate 450 Compound NPK 10:10:5 135 16 : 20 : 00 220 15: 15 : 15 240 MIRT(DOBT)
ပုံမှန်တင်သွင်းတဲ့ ဓာတ်မြေသြဇာ ပြည်တွင်းသုံးအတွက် စိုက်ပိုျးရေးအဓိကသွင်းအားစုဓါတ်မြေသြဇာ(ကွန်ပေါင်း) များကို ပင်လယ်ရေကြောင်းက ယခုသီတင်းပတ်မှာလဲ တင်သွင်းခဲ့ပါတယ်။ ယခု အပတ်အဝင်ကွန်ပေါင်း ဓာတ်မြေသြဇာ တန်ချိန်စုစုပေါင်း ၂၅၁တန် တန်ဖိုး ကန် ဒေါ်လာ ၃၄၁၃၄ဖိုးကို တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ထပ် မြေသြဇာအဝင် တန်ချိန် ၆၆၄ ဝင်ခဲ့ပြီး ယခုအပတ် မြေသြဇာအဝင်တန်ချိန် ၂၅၁ တန်ဝင်ခဲ့တဲ့ အတွက် ယခင်အပတ်ကလို အဝင်အင်တိုက်အားတိုက်မရှိခဲ့ပေမဲ့ ဆက်လက် တင် သွင်းမှုရှိနေပါတယ်။ တရုတ်နိုင်ငံက တစ်တန်ကို အက်ဖ်အိုဘီ ၁၃၂ ဒေါ်လာ၊ ဆော်ဒီအာရေးဗျနိုင်ငံက တစ်တန်ကို အက်ဖ်အိုဘီ ၁၁ဝဝ ဒေါ်လာ၊ ဂျပန်နိုင်ငံက နမူနာများကို တစ်တန်လျှင် ကန်ဒေါ်လာ ၆၁ဝဒေါ်လာနဲ့ အသီးသီး ဈေးကွက် ဖြန့်ရန် နမူနာစမ်းသပ်သုံးဖို့ တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT)
ေဈးကွက်တွင်းကဈေးနှုန်း ပြည်တွင်းသုံးဓါတ်မြေသြဇာအမိုျးမိုျး၏ ဒေသအသီးသီးရှိ ဈေးကွက် ပေါက်ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်း/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်း (မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၂ဝ၃ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂ဝ၃ဝဝ တီစူပါ မျှား (တရုတ်) ၂ဝ၃ဝဝ ပိုတက်(ကနေဒါ) ၂ဝ၅ဝဝ မန္တလေးတိုင်း ယူရီးယား(တရုတ်)ရွှေတောင် ၁၇၇ဝဝ တီဆူပါ GTSP ၄၆% ၁၈၅ဝဝ တီဆူပါ GSSP ၁၆% ၈၂ဝဝ တီဆူပါ GSSP ၁၂% ၇၅ဝဝ ကွန်ပေါင်း(တရုတ်) ၁၅:၁၅:၁၅ ၂၅ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၃၉၉ဝဝ တောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ကမ္ဘာလုံး (တရုတ်) ၁၈၅ဝဝ ကုလားအုတ်-တရုတ် ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၂ဝဝ တီဆူပါ-(တရုတ်) ၁၂% ၈၅ဝဝ တီဆူပါ-(တရုတ်) ၁၆% ၉၅ဝဝ တီဆူပါ ၁၅ါ်၁၅ါ်၁၅ (တရုတ်) ၃၉၅ဝဝ ဓါတ်ဆား (တရုတ်) ၁၃ဝဝဝ မော်လမြိုင် ပုလဲ(သေး)(ရွှေတောင်၄၆%တရုတ်) ၂ဝဝဝဝ တီစူပါ (တရုတ်) မျှား ၄၆% ၁၉ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁ဝဝဝဝ ကွန်ပေါင်း(ထိုင်း-မြင်းပံျ)(၁၆:၁၆:၈) ၃ဝဝဝဝ
ပြည်တွင်းဘိလပ်မြေဈေး ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် - တိုင်း/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန် ဘိလပ်မြေ(ဆင်)ထိုင်း ၅၆၅ဝ(လက်ကား) ဘိလပ်မြေ TPI ၅၃ဝဝ ဘိလပ်မြေ (စိန်) ၅၃ဝဝမန္တလေးတိုင်း ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(AAA) ၆၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၆ဝဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၆၂ဝဝ ဘိလပ်မြေ(ဆင်မင်း)ထိုင်း ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၁ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၉ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၄၃ဝဝမကွေး ကျောက်ဆည်-ဆင်မင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ