Background
ဈေးငြိမ်ပြီး ပုံမှန်ရောင်းဝယ်နေတဲ့ မြေထောက် မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု သြဂုတ်လလယ်မှ စက်တင်ဘာလ ပထမ ပတ်အထိ မြေထောက်ပဲ တစ်ပိဿာ ၈၆၁ ကျပ် နဲ့ဈေးငြိမ်နေပါတယ်။ ယခင် နှစ်ကာလတူမှာ ဈေးအနိမ့်၊ အမြင့် ၆၁၁ ကျပ်၊ ၇၂၂ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ် ခဲ့ကြပါတယ်။ မြေထောက်ပဲ ကို အောက်တိုဘာ၊ နိုဝင်ဘာလများမှာ စိုက်ပိုျးချိန်ဖြစ်လို့ ယခုအချိန် တောင် သူနဲ့ ကုန်သည် များ လက်ဝယ်ကျန်ရှိ နေတဲ့ ပဲများကိုသာ အရောင်းအဝယ် ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။ ဟုမ္မ လင်း၊ ကလေး၊ တမူးမှ မြေထောက်ပဲ များ မုံရွာမြို့သို့ ဝင်ရောက်လာပါတယ်။ တိုင်းအတွင်း ကြာဇံစက်များက နေ့စဉ် သုံးစွဲမှုရှိလို့ မုံရွာကုန်စည် ဒိုင်မှာ နေ့စဉ် ပျမ်းမျှ တင်း ၂ဝဝ ကျော်ခန့် အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ သန်းသန်းတင်
ယခင်တစ်ပတ်ထက် မြေထောက်အတင်ပို ပင်လယ်ရေကြောင်းက တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရုရှားစတဲ့ နိုင်ငံတွေ ကို မြေထောက်ပဲတင်ပို့လျက်ရှိရာ ယခု စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ်အတွင်း တန်ချိန် ၂၇ဝ ခန့် တင်ပို့မှုရှိခဲ့လို့ ယခင်တစ်ပတ်တင်ပို့မှု တန်ချိန် ၁၆ဝ ထက်ပိုလာတာတွေ့ရ ပါတယ်။ လအလိုက်တင်ပို့မှုကိုလေ့လာ ရာမှာသြဂုတ်လအတွင်း မြေထောက်ပဲ တန်ချိန် ၉ဝဝ ခန့်သာ တင်ပို့မှုရှိလို့ ဇူလိုင်လ တင်ပို့မှုတန်ချိန် ၁၂ဝဝ ခန့်ထက်လျော့နည်းသလို ယခင်နှစ် သြဂုတ်လ တင်ပို့မှု တန်ချိန် ၁၁ဝဝ ကျော်ထက်လည်း လျော့ကျတာတွေ့ရ ပါတယ်။ ရန်ကုန် FOBဈေးအနေနဲ့ ပြောင်း လဲခြင်းမရှိဘဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၇ဝ-၆၈ဝ ရှိပြီး မွန်ဘိုင်း ဈေးကွက်မှာ polished တစ်တန်ကို ရူပီး ၃၃၅ဝဝ (ကန်ဒေါ်လာ ၇၁၅ )၊ unpolished တစ်တန်ကိုရူပီး ၃၂ဝဝဝ (ကန်ဒေါ်လာ ၆၈၃ ) အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT - MAPT
အိန္ဒိယကာနာတာကာမှ ပဲစင်းငုံအမြောက်အမြား ထွက်ရှိဖွယ်ရှိ အိန္ဒိယနိုင်ငံ ပဲစင်းငုံစိုက်ဧရိယာရဲ့ ၁၅ ရာခိုင်နှုန်းခန့်ရှိတဲ့ ကာနာတာ ကာမှာ ယခုနှစ် အချိန်မှန်မိုးရွာသွန်းပြီး မိုးရေအလုံအလောက် ရရှိတာကြောင့် ပဲ အမြောက်အမြားထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်မိုးရာသီမှာ ပဲစင်းငုံ စိုက်ဧရိယာ ဟက်တာ ၈ ဒသမ ၄၆ သိန်းရှိလို့ ယခင်နှစ်စိုက်ဟက်တာ ၅ ဒသမ ၄၃ သိန်းထက် ပိုမိုတာကြောင့် တောင်သူများက အမြောက်အမြားထွက်ရှိမယ်လို့ မျှော်လင့်လျက်ရှိပါတယ်။ ကာနာတာကာမှာ ပဲမိုျးစုံစုစုပေါင်း စိုက်ဧရိယာရဲ့ ၅ဝ ရာခိုင်နှုန်းကျော်ဟာ ပဲစင်းငုံစိုက်ပိုျးထားတယ်လို့ သိရပါတယ်။ယမင်းခင်၊Sources: P T I
မုံရွာဈေးကွက် ပဲစင်းငုံဈေးကျဆင်း မုံရွာပဲဈေးကွက်မှာ ပဲစင်းငုံဈေးဟာ စက်တင်ဘာ ပထမပတ်အတွင်း တစ်တင်း ၂ဝ၈ဝဝ ကျပ်မှ တစ်တင်း ၁၉၅ဝဝ ကျပ်အထိဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်၊ မန္တလေးဝယ်လက် မရှိတော့ဘဲ ကြားအဝယ် (ဒေသခံ ကုန်သည်) သာ ရှိနေတဲ့အတွက် ဈေးအေးနေပြီး အရောင်းအဝယ်မှာ အိတ် ၄ဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအရောင်းအဝယ်အနေဖြင့် ရောင်းလက်သွက်နေပြီး၊ ဝယ်လက်မသွက်ကြောင်း သိရပါတယ်။ အောင်မင်း
ပဲစင်းငုံတင်ပို့မှု သြဂုတ်လမှာ သိသိသာသာပို ယခုနှစ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု လျော့ကျပေမဲ့ သြဂုတ်လမှာ တန်ချိန် ၁၃ဝဝဝခန့်ထိ တင်ပို့နိုင်ခဲ့လို့ ယခင်လတွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာပိုလာခဲ့ပါတယ်။ ယခုနှစ် ဇူလိုင်လမှာ တန်ချိန် ၅ဝဝဝ ခန့်သာတင်ပို့မှု ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ်ကာလတူ သြဂုတ်လတင်ပို့မှုတန်ချိန် ၆ဝဝဝခန့် ထက်လည်း ၁ဆကျော်တင်ပို့လာတာတွေ့ရပါတယ်။ ယခုတစ်ပတ်တင်ပို့မှုအနေနဲ့ တန်ချိန် ၂ဝဝဝကျော်သာရှိလို့ယခင်သီတင်းပတ်များလိုနည်းနည်းနဲ့မှန်မှန်သွားနေတာ ဖြစ်ပါတယ်။ဈေးကွက်တွေမှာအိန္ဒိယဝယ်လက်တွေဝယ် ယူမှုအခြေအနေက အနည်း အကျဉ်း ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ် ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာလ ၉ ရက်နေ့မှာ ပဲစင်းငုံနီ တစ်တန် ကို ရူပီး ၇၄ဝ-၇၅ဝ ၊ ပဲစင်းငုံဖြူနီနဲ့ အဖြူက တစ်တန်ကို ရူပီး ၆၄ဝ-၆၅ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
ဈေးအေးသော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်မတ်ပဲ ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ မတ်ပဲဈေးဟာ အတက်အကျဖြစ်နေပါတယ်။ စက်တင်ဘာလဆန်းပိုင်းမှာ မတ်ပဲပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၇၂ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒုတိယပတ်မှာတော့ ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ထိ ဈေးအေးလာတယ် လို့သိရပါတယ်။ပဲလှောင်သူကုန်သည်များမှ ငွေလိုလို့ ထုတ်ရောင်း သူများ ရှိတာကြောင့် ဈေးအေးပေမဲ့ အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပြီး တစ် နေ့ကို တစ်တင်းခွဲအိတ် ၂ဝဝ ခန့်မြို့တွင်းမှာအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ တစ်ခြားတိုင်းမှ ပဲအဝင် မရှိပေမဲ့ ရန်ကုန်သို့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို ပဲအိတ် ၁ဝဝဝ တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။မိမိအေး
ဈေးအနိမ့်အမြင့်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့မတ်ပဲ ဟင်္သာတပဲဈေးကွက်ရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၂၇၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုစက်တင်ဘာလ ဒုတိယ ပတ်မှာ ၂၆၅ဝဝ ကျပ်ကို ကျဆင်းခဲ့ပါတယ်။ ယခုလအတွင်း မတ်ပဲအနိမ့်ဆုံးဈေး ၂၆၅ဝဝ ကျပ်၊ အမြင့်ဆုံးဈေးမှာ ၂၇၅ဝဝ ကျပ်ထိ ဈေးအတက်အကျ ဖြစ်ပေါ်ခဲ့ပါ တယ်။ မတ်ပဲဈေးအနိမ့်အမြင့်ဖြစ်နေပေမဲ့ ဒေသခံကုန်သည် ကြီးများရဲ့ ရောင်းအားနဲ့ ရန်ကုန်ကုန်သည် ကြီးများရဲ့ ဝယ်အားကြောင့် နေ့စဉ်ဖြစ်ပေါ်နေသောဈေးများဖြင့် တစ်ရက်ကို ပျမ်းမျှအိတ် ၁၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ဝယ်လိုအားမြင့်တက်လာတာကြောင့် အိန္ဒိယ ဈေးမြင့် အိန္ဒိယပဲထုတ်လုပ်တဲ့ဒေသတွေက ပဲအဝင်နည်းနေတာရယ် ပွဲတော် အတွက် ဝယ်လိုအားတွေ မြင့်တက်နေတာရယ်ကြောင့် အိန္ဒိယပြည်တွင်း လက်ကား ဈေးကွက်တွေမှာ မတ်ပဲဈေးဟာ တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ် လာ ၂၁ ဒသမ ၆၄) ခန့် မြင့်တက်ခဲ့ပါတယ်။ ပဲအဓိကထုတ်လုပ်တဲ့ ဒေသတွေမှာ မိုးသည်း ထန်နေတာကြောင့် ပဲဝင်ရောက်မှုနည်းလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မတ်ပဲနဲ့ မတ်ပဲခွဲခြမ်းဈေးဟာတစ်တန်ကို ရူပီး ၁ဝဝဝ စီမြင့်တက်ခဲ့ပြီး ရူပီး ၅၅ဝဝဝ-၆ဝ၅ဝဝ (ကန်ဒေါ်လာ ၁၁၉ဝ-၁၃ဝ၉) နဲ့ ရူပီး ၅၉ဝဝဝ-၆၃ဝဝဝ (ကန်ဒေါ်လာ ၁၂၇၇-၁၃၆၃) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ MIRT - MAPT
မတ်ပဲတင်ပို့မှုအားကောင်းနေဆဲ ပြည်ပကိုတင်ပို့တဲ့ ပဲတွေအားလုံးမှာ မတ်ပဲကတော့ တင်ပို့မှုအားကောင်း နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ယခုတစ်ပတ် (စက်တင်ဘာ ၂ ရက်မှ ၈ ရက်) အတွင်းမှာလည်း တန်ချိန် ၁၂ဝဝဝ ခန့်တင်ပို့မှုရှိနေတာ တွေ့ရပါ တယ်။ သြဂုတ်လ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅၅ဝဝဝ ခန့်ရှိပြီး ဇူလိုင်လတင်ပို့မှုတန်ချိန် ၄၁ဝဝဝ ကျော်ထက် ပိုမိုတင်ပို့နိုင်သလို ၂ဝဝ၉ ခုနှစ် သြဂုတ်လ တင်ပို့မှု တန်ချိန် ၄၇ဝဝဝ ကျော်ထက်လည်း တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ ရန်ကုန် FOBဈေးကတော့ အနည်းငယ် လျော့ကျလာတာကို အောက်ပါအတိုင်း တွေ့ရှိရပါ တယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) (SQ)၉-၉-၁ဝ ၉၄ဝ-၉၅ဝ ၁ဝ၅ဝ-၁ဝ၆ဝ၂-၉-၁ဝ ၉၅ဝ-၉၆ဝ ၁ဝ၈ဝ-၁ဝ၉ဝ MIRT(MAPT)
