Background
လက်ကျန်နည်းလာပြီး ကြိုက်ရောင်းကြိုက်ဝယ်သာရှိတဲ့ရှမ်းချင်း ဒီတစ်ပတ်ရှမ်းချင်းက ဈေးငြိမ်နေပါတယ်။ ဈေးကွက်မှာလည်း ချင်း(စို) တွေက လက်ကျန်နည်းလာပါပြီ၊ ချင်းအသစ် တွေလည်း အောက်တိုဘာလမှာ ပြန် ပေါ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်က ဝယ်လိုအားကောင်းတာကြောင့် ချင်းလက်ကျန် က အသစ် ပေါ်ချိန်မှာ အနည်းငယ်သာကျန်နိုင်တယ်။ ဒါမှမဟုတ်ကုန်သွားနိုင်တယ် လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ ဈေးကွက် အဝင်ကလည်း အရင် တစ်ပတ်ကလိုပါပဲ၊ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ဝဝဝ လောက်သာ အဝင် ရှိပါတော့တယ်။ မိုးကောင်းပြီး ရေကြီးနေတာကြောင့် ပြည်ပဝယ်လိုအား ခဏ ရပ်သွားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ ပြည်တွင်းသုံး အဖြစ်သာ အဝယ် လိုက်နေပါတယ်။ ချင်းသုတ်နဲ့ ဟင်းခတ်အဖြစ်အသုံးပြုဖို့အတွက် မန္တလေး၊ ပြည်၊ မုံရွာ၊ တောင်ငူဖက်ကို စီးနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေး ကွက်မှာ ချင်း(စို)တစ်ပိဿာ ၈ဝဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တော့ တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကလည်း ကြိုက်ရောင်း ကြိုက်ဝယ်နဲ့သာ အရောင်းအဝယ်အနည်းငယ်ဖြစ်နေပါတယ်။ တောင်ကြီး ဈေးကွက် မှာ ချင်းခြောက် တစ်ပိဿာ ၂၅၅ဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ဧဧခိုင်
ပဲလွန်းဖြူတင်ပို့မှု ဇူလိုင်လထက် သြဂုတ်လမှာလျော့လာ ပင်လယ်ရေကြောင်းက နိုင်ငံစုံကို ပဲလွန်းဖြူတင်ပို့ရာမှာ ဇူလိုင်လက တန်ချိန် ၂၈ဝဝ ကျော်ထိ တင်ပို့ခဲ့ရာမှ သြဂုတ်လမှာတန်ချိန် ၁၁ဝဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ဒါ့အပြင် ၂ဝဝ၉ ခုနှစ် သြဂုတ်လ တင်ပို့မှုတန်ချိန် ၁၅ဝဝ ထက်လည်း ယခုနှစ်ကာလတူမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အပတ်စဉ် တင်ပို့မှုအနေနဲ့ ယခုတစ်ပတ် (စက်တင်ဘာလ ၂ ရက်မှ ၈ ရက်)အတွင်းမှာတော့ တန် ချိန် ၆၈ဝ ခန့်ထိ စံချိန်ထက် တင်ပို့လာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၂၅ဝ ခန့်သာတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ်မှာ ၂ ဆ ကျော် ပိုတင်လာတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာ ၉ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ တစ်တန် ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဈေးရှိပြီး အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၃၆) ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ကမ်းနားပဲကြီး ပြည်ဈေးကွက်မှာယခုတစ်ပတ် ပဲကြီးဈေးနှုန်းအနေဖြင့် ပဲကြီး (ကမ်းနား) အချောစတစ်တင်းလျှင် ၂၉၅ဝဝ ကျပ်နဲ့ အရည် အသွေးညံ့လျှင် ၂၇၅ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခင်အပတ်က ပဲကြီး (ရွှေကျွန်း) မှာ အနည်းငယ် အရောင်း အဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ သြဂုတ်လဒုတိယပတ်တွင် ပဲကြီး (ကမ်းနား) အချောစမှာ တစ်တင်းလျှင် ၃၁ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး၊ သြဂုတ်လတတိယပတ်မှစ၍ ၂၉၅ဝဝ ကျပ်သို့ ဈေးကျသွားခဲ့ကာ ယခု စက်တင်ဘာ ဒုတိယပတ်အထိ ၎င်းဈေးအတိုင်း ဈေးအပြောင်းအလဲမရှိဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြော်၊ ပဲလှော်ဖိုသမားများ ပုံမှန် အဝယ်ရှိတာကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပင်လယ်ရေကြောင်းက ပဲယင်းအပို့နည်း ပင်လယ်ရေကြောင်းက ပဲယင်းတင်ပို့မှုအနေနဲ့ သြဂုတ်လတင်ပို့မှုကို ကြည့်မယ်ဆိုရင် ၂ဝဝ၉ ခုနှစ်မှာ တန်ချိန် ၅၉ဝ ခန့်တင်ပို့ခဲ့ပြီး ယခုနှစ် သြဂုတ်လမှာ တန်ချိန် ၃၃ဝ ခန့်ကို လျော့ကျလာတာတွေ့ရပါတယ်။ ယခုနှစ်ဇူလိုင်လ တင်ပို့မှုတန်ချိန် ၃၆ဝ ခန့်ရှိလို့ ဇူလိုင်လထက်လည်း သြဂုတ်လမှာ လျော့နည်းတင်ပို့ခဲ့ပါတယ်။ အပတ်စဉ်တင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိ တစ်ပတ် အတွင်း တန်ချိန် ၂၂ဝ ခန့်တင်ပို့မှု ရှိခဲ့တာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
တမူးက မှန်မှန်ပို့နေတဲ့ ပဲယင်း စက်တင်ဘာလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း တမူးနယ်စပ်မှ ပဲယင်း (ချင်းပဲ) ၁၉ ဒသမ ၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂ဝ တင်ပို့ခဲ့တာဖြစ်တဲ့အတွက် တမူးနယ်စပ်မှ ချင်းပဲ မှန်မှန်တင်ပို့နိုင်နေတာ တွေ့ရပါတယ်။ MIRT (DOBT)
ပြည်ကုလားပဲဈေး အနည်းငယ်လှုပ် ပြည်ကုလားပဲဈေးမှာ ယခင်အပတ်က တစ်တင်း ၂ဝ၂ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခုစက်တင်ဘာ ဒုတိယပတ်မှာ ၂ဝ၃ဝဝ ကျပ်ဖြင့် ဈေး အနည်းငယ်မြင့်လာပါတယ်။ လှောင်လက်သမားများမှ အဝယ်အနည်းငယ်ရှိလာပြီး အမှုန့်ကြိတ်စက်သမား များမှလည်း အမှုန့်ရောင်းအားကောင်းလို့ ပဲအဝယ် လိုက် ခဲ့ပါတယ်။ ပြည်မှရန်ကုန်သို့ ကုလားပဲအိတ် ၆၅ဝ တင်ပို့ ရောင်းချခဲ့ရပြီး တိုင်း အတွင်းမှာ နေ့စဉ်အိတ် ၁၅ဝ ခန့် အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။လွင်လွင်ဆန်း
ဈေးငြိမ်အရောင်းအဝယ်မှန်တဲ့ မုံရွာ ဗွီတူးဈေးကွက် မုံရွာဈေးကွက်မှာ စက်တင်ဘာ ပထမပတ်အတွင်း ဈေးငြိမ်နေပြီး အရောင်းအဝယ်မှန်နေတဲ့ ပဲကတော့ဗွီတူးပါ။ ဈေးမှာတစ်တင်း ၁၉၈ဝဝ ကျပ်မှ ၂ဝ၃ဝဝ ကျပ်သာ အပြောင်းအလဲရှိခဲ့ပြီး နေ့စဉ် အိတ်ရေ ၅ဝဝ ခန့်ပုံမှန် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲခွဲစက်၊ ကြာဇံစက်များရဲ့ နေ့စဉ်လိုအပ်ချက် အိတ် ၅ဝဝ ခန့်ရှိနေတဲ့အတွက် ဈေးမှန်အရောင်းအဝယ်မှန်နေတယ်လို့ ကုန်သည် များက ပြောပါတယ်။အောင်မင်း
ပဲဝင်ရောက်မှုများလို့ အိန္ဒိယကုလားပဲလက်ငင်းဈေးကျ အိန္ဒိယနိုင်ငံ ဒေလီလက်ငင်းဈေးကွက်ကို စက်တင်ဘာလ ၉ ရက်အတွင်း မော်တော်ကား အစီး ၃ဝ ဝန်းကျင်ထိ ပဲဝင်ရောက်လာတာကြောင့် တစ်တန်ကို ရူပီး ၂၅ဝ (ကန်ဒေါ်လာ ၅ ဒသမ ၄၁) လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ရာဂျက် စသန်၊ ကန်တီဝါလာ ကုလားပဲဈေးဟာ တစ်တန်ကို ရူပီး ၂၂၂၅ဝ (ကန်ဒေါ်လာ ၄၈၁) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာ စက်တင်ဘာလဈေးဟာ တစ်တန်ကို ရူပီး ၂၂ဝဝဝ (ကန်ဒေါ်လာ ၄၇၆) နီးပါးဈေးဖြစ်ခဲ့ပါတယ်။ ကာလရှည်မှာတော့ မိုးရွာသွန်းနေခြင်းက ဆောင်းသီးနံှစိုက်ပိုျးဖို့ အစိုဓါတ်ရရှိစေတာကြောင့် အထွက် ပိုမယ့် မျှော်လင့်ချက်များက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေနိုင်ပါတယ်။ စတုတ္ထ အကြိမ်ခန့်မှန်းချက်အရ ၂ဝဝ၉-၂ဝ၁ဝ အတွင်း ကုလားပဲထုတ်လုပ်မှုဟာ တန်ချိန် ၇ ဒသမ ၃၅ သန်းခန့်ရှိလို့ ယခင်နှစ်ထွက်ရှိတဲ့ တန်ချိန် ၇ ဒသမ ဝ၆ သန်းထက် ပိုမိုတယ်လို့ ဆိုပါတယ်။ယမင်းခင်၊ှSources: commodityonline
ကုလားပဲဖြူလုံးကြီး တင်ပို့မှု သြဂုတ်လမှာတက်လာ ပင်လယ်ရေကြောင်းကနေ ကုလားပဲဖြူလုံးကြီး တင်ပို့မှုအနေနဲ့ ယခုနှစ် အစောပိုင်းလတွေက အနည်းငယ်သာရှိခဲ့ရာမှ သြဂုတ်လမှာ တန်ချိန် ၁၇ဝဝ ခန့်ထိ တင်ပို့မှု တက်လာတာတွေ့ရပါတယ်။ ဇူလိုင်လမှာ တစ်လလုံးတန်ချိန် ၃၆ဝ ခန့်သာ ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၂ဝဝ၉ သြဂုတ်လမှာတန်ချိန် ၅ဝဝဝ ခန့်အထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ အပတ်စဉ်တင်ပို့မှုအနေနဲ့ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အထိတစ်ပတ်အတွင်းတန်ချိန် ၄ဝဝ ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ ပြည် တွင်း ဈေးကွက်တွေမှာ အရောင်းအဝယ် ပုံမှန်ဖြစ်နေတာကြောင့် ရန်ကုန် FOB ဈေးမှာလည်း ပြောင်းလဲခြင်းမရှိဘဲ စက်တင်ဘာလ ၉ ရက်နေ့မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇ဝဝ-၇၂ဝ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT
ရန်ကုန်ဝယ်လက်သာရှိတော့တဲ့ မုံရွာပဲတီစိမ်းဈေးကွက် မုံရွာပဲဈေးကွက်မှာ စက်တင်ဘာ ပထမပတ်အတွင်း ပဲတီစိမ်းဈေးဟာ (နိမ့်)တစ်တင်း ၂ဝဝဝဝ ကျပ်၊ (မြင့််) ၂၄ဝဝဝ ကျပ်ရှိနေရာမှ (နိမ့်)တစ်တင်း ၁၈ဝဝဝ ကျပ်၊ (မြင့်) ၂ဝဝဝဝ ကျပ်-၂၃ဝဝဝ ကျပ်အထိ ဈေးကျဆင်းခဲ့ကြောင်း သိရပါတယ်။ မန္တလေးဝယ်လက်အေးနေပြီး ရန်ကုန်ဝယ်လက်တစ်ခုတည်းသာ ရှိတော့တဲ့အတွက် ဈေးအေးလာတယ်လို့ ကုန်သည်များက ပြောပြပါတယ်။ ရန်ကုန်အဝယ်မှာလည်း အဝယ်ပါးလာပြီး နေ့စဉ်အိတ် ၃ဝဝ ခန့်သာအရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။အောင်မင်း
