Background
ဘိလပ်မြေတန်ချိန် လေးသောင်းကျော်တင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၄၇၆၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သိန်းလေးဆယ် ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်း ပတ်မှာ ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၃၆၀၀ နဲ့ အခြားတံဆိပ် ဘိလပ်မြေမျိုးစုံ တန်ချိန် ၃၄၀၀၀ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်ဘိလပ် မြေတင်သွင်းမှုမှာ တန်ချိန် တစ်သောင်းခြောက်ထောင်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ် ဘိလပ်မြေအဝင်တန်ချိန်နဲ့ယှဉ်ရင် အဝင် ၃ ဆလောက် ပိုမိုတင်သွင်း နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)
Energy NYMEX Energy NYMEX 27-1-2012 Price Change Change% Brent Crude Futr (USD/bbl) 110.89 0.01 0.09 Gas Oil Fut (ICE) (USD/MT) 950.25 3.50 0.37 Gasoline Rbob Fut (Cent/gal) 305.76 0.41 0.13 Heating Oil Futr (Cent/gal) 2.58 -0.025 -0.96 Natural Gas Futr (USD/MMBtu) 284.54 -0.12 -0.04 WTI Crude Future (USD/bbl.) 99.78 0.08 0.08
World Metal Price (US$) Date Sliver/Oz Zinc/Ton Aluminium/Tom Copper/Ton Platinum/Oz 23-January 32.31 2059.46 2220.29 8470.34 1555.0024-January 32.35 2057.36 2229.70 8511.10 1555.0025-January 32.29 2148.61 2201.47 8491.39 1548.026-January 33.17 2188.03 2229.92 8554.78 1577.0027-January 33.52 2203.71 2255.01 8609.66 1604.00
နယ်စပ်ငွေလဲလှယ်နှုန်း ဇန်နဝါရီ ၂၀၁၂ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး) 23 6.32 31.40 84.30 50.08 24 6.33 31.49 84.36 50.07 25 6.33 31.53 84.40 50.01 26 6.33 31.35 84.43 50.11 27 6.33 31.30 84.42 49.64
World Gold Price January 2012 (USD/OZ) Date NY LandonZurich 23 1667 1638 1639 24 1673 1655 1654 25 1665 1652 1650 26 1708 1660 1662 27 1716 1716 1715 Domestic Gold Price Kyats(Thousand) Date Yangon Mandalay 23-1-2012 717.50 715.00 24-1-2012717.50 717.00 25-1-2012 715.80 714.30 26-1-2012 726.00 726.50 27-1-2012 724.20 722.00
Currency Exchange Rate JANUARY 27, 2012 Base Currency is United States Dollar - USD Currency Unit Units per USD AUD Australia Dollars 0.94 BDT Bangladesh Taka 84.42 CAD Canada Dollars 1.00 CNY China Yuan Renminbi 6.32 EUR Euro 0.76 HKD Hong Kong Dollars 7.76 INR India Rupees 49.64 IDR Indonesia Rupiahs 8967.00 JPY Japan Yen 77.04 MYR Malaysia Ringgits 3.04 PKR Pakistan Rupees 90.19 PHP Philippines Pesos 42.78 RUB Russia Rubles 30.55 SGD Singapore Dollars 1.26 KRW South Korea Won 1121.60 LKR Sri Lanka Rupe 113.91 THB Thailand Baht 31.30 GBP United Kingdom Pounds 0.64 VND Vietnam Dong 20850.00 Source : xe.com
မန္တလေးရွှေဈေးကွက်မှာ တရုတ် နှစ်သစ်ကူးရာသီကြောင့် ရွှေအရောင်း အဝယ်အေးပြီး ရွှေဈေးနှုန်းမှာလည်း တစ်ပတ်အတွင်း ပြန်ကျလာကြောင်း သိရပါတယ်။ အောင်သမာဓိရွှေဆိုင်မှ မကျော့ က ''တရုတ်နှစ်သစ်ကူးကြောင့် အရောင်းအဝယ်ရော၊ ဈေးကွက်ရော အေးနေတာ။ နှစ်သစ်ကူးပြီးရင် ရွှေဈေးပြန်တက်နိုင်ခြေရှိတယ်၊ ဈေးကွက် က လဆန်းပိုင်းက မြေဝယ်ထားတဲ့သူတွေ၊ ကားအပ်တဲ့သူတွေက ငွေရလို့ အရောင်းအဝယ် ကောင်းခဲ့တယ်။ အောင်သမာဓိက နယ်ဝယ်လက်များတယ်။ ဒီနှစ်မှာတော့ သီးနှံပေါ်ချိန် ပေမယ့် နယ်ဝယ်လက် နည်းနေတယ်။ တရုတ်နှစ်သစ်ကူး မတိုင်မီနဲ့ တရုတ် နှစ်သစ်ကူးကာလမှာတန့်နေတာ။ နှစ် ကူးပြီရင်တော့ အရောင်းအဝယ် ပြန် လိုက်လာမယ်လို့ ထင်ပါတယ်''လို့ ပြော ပါတယ်။ မန္တလေးရွှေဈေးကွက်မှာ အောင်သမာဓိအခေါက်ရွှေဈေးနှုန်းမှာ ဇန်န ဝါရီ ၄ ရက်က တစ်ကျပ်သားကို ၆၈၆၀၀၀ ကျပ်ဈေး၊ အနိမ့်ဆုံးဈေးမှ ဇန်နဝါရီ ၆ ရက်မှစပြီး တစ်ကျပ်သားကို ၇၁၂၀၀၀ ကျပ်ဈေးနဲ့ စတင်မြင့်တက် လာခဲ့ပါတယ်။ ယခုတစ်ပတ် ဇန်နဝါရီ ၁၈ ရက် က ၇၁၇၅၀၀ကျပ်၊၁၉ရက်မှာ၇၁၂၀၀၀ ကျပ်၊ ၂၀ ရက်မှာ ၇၁၅၀၀၀ ကျပ်၊ ၂၁ရက်မှာ ၇၁၁၀၀၀ ကျပ်၊ ၂၂ ရက်မှာ ၇၁၂၅၀၀ ကျပ် ဈေးရှိကြောင်း သိရပါတယ်။တရုတ်နှစ်သစ်ကူးကာလအတွင်း ဇန်နဝါရီ ၁၈ ရက်က အခေါက်ရွှေ တစ်ကျပ်သား ၇၁၇၅၀၀ ကျပ်ဈေးရှိရာမှ ၂၂ ရက်မှာ ၇၁၂၅၀၀ ကျပ် ဈေးထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
ယခုတစ်ပတ်အတွင်း ကားတင်သွင်းမှုများ များပြားလာသည်နှင့်အမျှ အမေရိကန်ဒေါ်လာ ဈေးနှုန်းများနှင့် အက်ဖ်အီးစီ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။ အမေရိကန်ဒေါ်လာဈေးနှုန်းသည် ယခုတစ်ပတ်တွင် စင်တာများ၌ ရောင်း ဈေး ၈၃၅ကျပ်နှင့် ဝယ်ဈေး ၈၂၀ကျပ် ဖြင့် သုံးရက်မျှ ငြိမ်နေခဲ့ရာမှ ဇန်နဝါရီ လ ၂၆ ရက်တွင် ရောင်းဈေး ၈၄၀ ကျပ်နှင့်ဝယ်ဈေး ၈၂၅သို့ မြင့်တက်လာ ခဲ့သည်။ ပြင်ပဈေးကွက်တွင်မူ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းထက် အက်ဖ်အီးစီ လဲလှယ်နှုန်းက ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။ ပြင်ပဈေးကွက်တွင် ဇန်နဝါရီလ ၂၃ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၁ ကျပ်၊ အက်ဖ်အီးစီတစ်ယူနစ်လျှင် ၈၃၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ တစ်ပတ် အတွင်း နောက်ဆုံးဈေးပိတ်ရက် ဖြစ် သည့် ဇန်နဝါရီလ ၂၇ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၈၂၆ကျပ် ရှိခဲ့ ပြီး အက်ဖ်အီးစီ တစ်ယူနစ်လျှင် ၈၄၂ ကျပ်အထိ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ အမေရိကန်ဒေါ်လာဈေး နှုန်းများ ဆက်လက်မြင့်တက်နေရခြင်း မှာ ကားတင်သွင်းမှုများ များပြားလာမှု ကြောင့်ဖြစ်ရကြောင်း ပြင်ပဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ''အခုဆိုရင် ဒေါ်လာဈေးကွက်က တစ်နေ့တခြား မြင့်တက်လာတယ်။ နေ့ တိုင်းလိုလို အရောင်းအဝယ်က ဖြစ်နေတယ်။ အဝယ်ထက် အရောင်းကပိုများ နေတာ။ ဒါကြောင့် ဈေးကွက်သဘော အရပြောရရင် ဈေးတက်ဖို့ဖြစ်လာတာ ပေါ့။ ကားတင်သွင်းမှုတွေ များလာသ လိုကားဝယ်တဲ့သူတွေကလည်း ကညန အခွန်ဆောင်ဖို့ အက်ဖ်အီးစီတွေကို လိုက်ဝယ်ကြတော့ အက်ဖ်အီးစီဈေးက ဒေါ်လာထက် ပိုများလာတာပဲ။ ဒါမျိုး ဖြစ်နေတာ သုံးပတ်လောက်ရှိနေပြီ။ နောက်ပိုင်းထပ်ပြီး ဈေးတက်လာဦး မယ်လို့တော့ ထင်တာပဲ။ အခုတောင် အဝယ်ပဲရှိတာ၊ အရောင်းက ထင်သ လောက် တက်မလာတော့ ဈေးကွက် ထဲမှာပစ္စည်းက နည်းသလောက်ဖြစ် နေပြီ''ဟု ဒေါ်လာပွဲစားတစ်ဦးက ပြော သည်။ အမေရိကန်ဒေါ်လာ ဈေးနှုန်းများ နှင့်အက်ဖ်အီးစီဈေးနှုန်းများ မြင့်တက် လာမှုနှင့်အတူ ပို့ကုန်ဝင်ငွေဈေးနှုန်းများ မှာလည်း မြင့်တက်လာခဲ့သည်။ ဇန်နဝါရီလ ၂၀ရက်နေ့ ဈေးပိတ်ချိန်တွင် ပို့ကုန် ဝင်ငွေဈေးနှုန်းမှာ ၈၅၄ကျပ်ဖြင့် ဈေး ပိတ်ခဲ့ပြီး ဈေးပြန်ဖွင့်ချိန်တွင် ၈၅၃ကျပ် ရှိခဲ့သည်။ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ၈၅၈ကျပ်သို့မြင့်တက်ခဲ့ပြီးနောက် ဆက် လက်မြင့်တက်ခဲ့ရာ ဇန်နဝါရီလ ၂၆ရက် နေ့တွင် ၈၆၅ကျပ်အထိ မြင့်တက်လာ ခဲ့သည်။ ဇန်နဝါရီလ ၂၇ ရက် ဈေးပိတ် ချိန်တွင် ၈၇၀ ကျပ်သို့ မြင့်တက်ခဲ့ပြီး ဈေးပိတ်ခဲ့သည်။ ထိုကဲ့သို့ ပို့ကုန်ဝင်ငွေဈေးနှုန်းများ မြင့်တက်ရခြင်းမှာလည်းမော်တော်ယာဉ် တင်သွင်းမည့်ကုမ္ပဏီများ၏ပို့ကုန်ဝင်ငွေ လိုအပ်ချက်ပမာဏများ များပြားလာ ခြင်းကြောင့်ဖြစ်ရကြောင်း ကုန်သည် တစ်ဦး၏ မှတ်ချက်အရသိရသည်။ ''အခုရက်ပိုင်းမှာ ပိုပြီးသိသာလာ တယ်။ ဒီပို့ကုန်ဝင်ငွေတွေက ဈေးတွေ တစ်နေ့ထက်တစ်နေ့ တက်လာတာ။ မော်တော်ယာဉ် တင်သွင်းတဲ့ကုမ္ပဏီ တော်တော်များများက ပို့ကုန်ဝင်ငွေ တွေမရှိတဲ့အခါကျတော့ ပို့ကုန်ဝင်ငွေတွေကို လိုက်ပြီးဝယ်နေကြတာ။ မော်တော်ယာဉ်တင်သွင်းမယ့်သူများလေ ပို့ ကုန်ဝင်ငွေက ဈေးတက်လေပဲ''ဟု သုံး သပ်ပြခဲ့သည်။ MTD, KM2O
ကော့သောင်းနယ်စပ်တစ်ခုသာ ဓာတ်ဆီသွင်း ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မြန်မာ -ထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၂၁၅၆ ဂါလန်သာ တင်သွင်းမှုရှိခဲ့တာ တွေ့ရပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ဒီဇယ် တင်သွင်းခြင်းမရှိတာ တွေ့ရပါတယ်။ ဓာတ်ဆီ တစ်ဂါလန်ကို ကော့သောင်းပေါက်ဈေး ၃၉၂၅ ကျပ်နဲ့ ဒီဇယ် ၁ ဂါလန်ကို ၃၄၅၀ ကျပ် အသီးသီး ဈေးပေါက်တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီလ ၂၀၁၂ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး၂၃ ၄၀၀၀ ၃၈၀၀ ၃၉၀၀ ၃၅၀၀ ၃၄၀၀ ၃၅၀၀၂၄ ၄၀၀၀ ၃၈၀၀ ၃၉၀၀ ၃၅၀၀ ၃၄၀၀ ၃၅၀၀၂၅ ၄၀၀၀ ၃၈၀၀ ၃၉၀၀ ၃၅၀၀ ၃၄၀၀ ၃၅၀၀၂၆ ၄၀၀၀ ၃၈၀၀ ၃၉၀၀ ၃၅၀၀ ၃၄၀၀ ၃၅၀၀၂၇ ၄၀၀၀ ၃၈၀၀ ၃၉၀၀ ၃၅၀၀ ၃၄၀၀ ၃၅၀၀ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- ဇန်နဝါရီလ ၂၀၁၂ရက် အောက်တိန်း(ကျပ်) ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်) အဆင့်မြင့်ဒီဇယ်(ကျပ်)၂၃ ၃၇၀၀ ၃၃၅၀ ၃၅၅၀ ၃၇၀၀၂၄ ၃၇၀၀ ၃၃၅၀ ၃၅၅၀ ၃၇၀၀၂၅ ၃၇၀၀ ၃၃၅၀ ၃၅၅၀ ၃၇၀၀၂၆ ၃၇၀၀ ၃၃၅၀ ၃၅၅၀ ၃၇၀၀၂၇ ၃၇၀၀ ၃၃၅၀ ၃၅၅၀ ၃၇၀၀MIRT-DOT၂၁-၁-၂၀၁၂ မှ ၂၆-၁-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်း များ စဉ်နယ်စပ်စခန်း ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း တရုတ် (ကျပ်) (ကျပ်) ၁။ မူဆယ် ဂါလန် 3900 4200 ၂။ လွယ်ဂျယ် ဂါလန် 4000 3800 ၃။ ချင်းရွှေဟော် ဂါလန် 4000 4000 ထိုင်း (ကျပ်) (ကျပ်) ၁။ ကော့သောင်း ဂါလန် 3600 3541 ၂။ မြဝတီ ဂါလန် 3400 3400 ၃။ တာချီလိတ် ဂါလန် 3808 3865 အိန္ဒိယ (ကျပ်) (ကျပ်) ၁။ တမူး ဂါလန် 4500 4000 ဘင်္ဂလားဒေ့ရှ် (ကျပ်) (ကျပ်) ၁။ စစ်တွေ ဂါလန် 5000 3500 ၂။ မောင်တော ဂါလန် 6000 4000
မွန်ပြည်နယ် ကြက်သွန်နီ၊ ကြက် သွန်ဖြူနဲ့ စားဖိုဆောင်သုံး သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်က မော်လမြိုင်မြို့ ရတနာထွန်းပွဲရုံ တန်းရှိ မွန်ပြည်နယ်ကုန်သည်/ စက်မှု အသင်းရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါ တယ်။ အစည်းအဝေးကို မွန်ပြည်နယ်၊ စက်မှုအသင်း ဥက္ကဋ္ဌ ဦးတင်မော်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်း ဝယ်ရေး ပြည်နယ်မန်နေဂျာနဲ့ ဒုပြည် နယ် မန်နေဂျာ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူအသင်းဥက္ကဌ ဦးထွန်းအေးနဲ့ အသင်းအမှုဆောင်များ၊ အသင်းဝင် ကုန်သည်များ တက်ရောက်ခဲ့ကြပါ တယ်။