Main menu

Background

Monday, 20 Feb 2012

မြန်မာ့ယဉ်ကျေးမှုပို့ကုန်များကို ဥရောပနိုင်ငံများသို့ ပုံမှန်တင်ပို့ လျက်ရှိကြောင်း Myanmar String Puppets & Cultural Group မှသိရပါတယ်။ မြန်မာ့ယဉ်ကျေးမှုပို့ကုန်များကို ၂၀၀၀ ပြည့်နှစ်မှစလို့ တင် သွင်းလျက်ရှိရာ တစ်နှစ်ကို နှစ်ပွဲ၊ သုံးပွဲ သွားရောက်ဖျော်ဖြေမှုရှိကြောင်း သိရပါတယ်။ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ သွားရောက် ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်။

Monday, 20 Feb 2012

ဘန်းယဉ်လေးရွာဟာ ရှမ်းပြည် နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်း ယဉ်ကျေးရွာအုပ်စု၊ တောင်ကြီးဆီဆိုင် ကားလမ်းမပေါ်မှာ  တည်ရှိပါတယ်။ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး သုံးပုံနှစ်ပုံမှာ နဂါးမောက်သီးကို စိုက်ပျိုးကြပါတယ်။ နဂါးမောက်ကို အိမ်ခြံဝင်းထဲမှာ အများ ဆုံးစိုက်ပျိုးကြပြီး၊ ၂၀၁၁ ခုနှစ်နောက် ပိုင်းမှာ ဧကအလိုက် စိုက်ပျိုးလာကြ ပါတယ်။ ဧကနဲ့ တွက်ချက်ပါက ၂၅ ဧကမှ ၃၀ ဧကခန့်ရှိပါတယ်။ နဂါး မောက်ကို တစ်ပင်နဲ့တစ်ပင် ၁၀ ပေခြား စိုက်ပျိုးကြပြီး၊ ၂ ပေအရှည်ရှိသော ပျိုးပင်ကိုစိုက်ပျိုးပါက  တစ်နှစ်အတွင်း အသီး ရရှိနိုင်ပါတယ်။ ပထမနှစ်မှာ တစ်ပင်ကို အသီး ၂ လုံးမှ ၃ လုံး အထိသီးပြီး၊ အသီးဖြိုင်ချိန် ပဉ္စမနှစ်မှာ တစ်ပင်ကို ၄၀ လုံးမှ ၅၀ လုံး (၁၀ ပိဿာမှ ၁၃ ပိဿာအထိ) ဆွတ်ခူးရရှိ ပါတယ်။ အသီးဖြိုင်တဲ့နှစ်မှာ တစ်ဧက ၅၀၀၀ ပိဿာထွက်ရှိကာ တစ်ပိဿာ ဒေသပေါက်ဈေး ၂၀၀၀ ကျပ်နဲ့ရောင်း ချပါက ကျပ်သိန်း ၁၀၀ ရရှိမှာဖြစ်ပါ တယ်။ မေလမှာ စတင်ဖူးပွင့်အသီး တင်ပြီး ဇွန်လမှစက်တင်ဘာလထိ ခူး ဆွတ်ရောင်းချရပါတယ်။ ဘန်းယဉ် လေးရွာမှ တစ်နှစ်ကို  ပိဿာချိန် ၃၀၀၀၀ မှ ၄၀၀၀၀ ထိ  ထွက်ရှိပြီး၊ တောင်ကြီးမြို့ပေါ်ဈေးကွက်သို့ တင်ပို့ ရောင်းချပါတယ်။  ဈေးကွက်လိုအပ် ချက်ရှိတဲ့  သီးနှံဖြစ်လို့ တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးနေတာ တွေ့ရပါ တယ်။ နဂါးမောက်စိုက် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု  နည်းစနစ်မှန်ကန် ကောင်းမွန်ရေး ဈေးကွက်တိုးချဲ့ရှာဖွေ ရောင်းချရေး၊ ဈေးနှုန်းမှန်  ရရှိရေး တို့အတွက် နဂါးမောက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ   အစုအဖွဲ့ ဖွဲ့စည်းပြီး စုစုစည်းစည်း  ညီညီညွတ် ညွတ်နဲ့  လုပ်ကိုင်ဆောင်ရွက်ပါက တိုး တက်အောင်မြင်နိုင်တဲ့   စိုက်ပျိုးရေး လုပ်ငန်းတစ်ခု  ဖြစ်ပါတယ်။ ပျိုးပင် အတွက်လည်း  ပူစရာမလို၊ စိုက်ပျိုးရန် မြေခံရာသီဥတုလည်း  ကောင်းမွန်တဲ့ အတွက် ဘန်းယဉ်လေးရွာဟာ တစ်ရွာ ထုတ်ကုန်တစ်မျိုးဖြစ်သော နဂါးမောက် သီး ထွက်သောရွာလို့ ခေါ်ဆိုရမှာဖြစ် ပြီး ]ဘန်းယဉ်လေးနဂါးမောက်} လို့ ဈေး ကွက် အမည်တွင်တော့မယ်လို့ဆိုရမှာ ဖြစ်ပါတယ်။           ခွန်ကျော်ဌေး

Monday, 20 Feb 2012

မန္တလေးမှ မြစ်ကြီးနားသို့ မြို့ပေါ် ကုန်သည်များ အမှာရှိခြင်းကြောင့် ကုန် အနည်းအကျဉ်း  ပြန်တက်နေကြောင်း သိရပါတယ်။"အစောပိုင်းက ဖားကန့်လမ်းပိတ် လို့ ကုန်တင်ပို့မှုရပ်သွားခဲ့တယ်။ ခုတစ် ပတ်မှာ လမ်းပွင့်လာတော့ ကုန်မှာယူမှု ရှိလာပြီ။ လှိမ့်တော့ ဝင်မလာသေးဘူး။ မြို့ပေါ်အရောင်းအဝယ်လုပ်တဲ့  ကုန် သည်တွေပဲ လာကြသေးတယ်။ ဖား ကန့်မှော်ထဲက ကုန်သည်တွေ  မမှာရဲ သေးဘူး။  အရောင်းအဝယ်  အေးလို့ တွဲပြည့်တော့ ဝယ်ယူတင်ပို့မှု မရှိသေး ဘူး။ ခုလောလောဆယ်  အဆင်းကုန် မရှိသေးဘူး။  တရုတ်အထည်အလိပ် အနည်းအကျဉ်းလောက်ပဲ ပြန်ဆင်း တယ်"လို့ မြစ်ကြီးနားကုန်သည် တစ်ဦး က ပြောပါတယ်။မြစ်ကြီးနား-မန္တလေး မီးရထားနဲ့ ကုန်တင်ပို့တဲ့ တန်ဆာခနှုန်းမှာ ကုန်တွဲ တစ်တွဲကို ယခင်လပိုင်းက ကျပ် ၄ သိန်းရှိကာ၊ ယခုကျပ် ၅ သိန်း၊ ၆ သိန်း ဝန်းကျင်ပေါက်ပြီး ကုန်များပါက ကျပ် ၇ သိန်း၊ ၈ သိန်းပေးဆောင်ရကြောင်း သိရပါတယ်။ အဆင်းကုန်   ရှားခြင်းကြောင့် အဆင်းကုန်စပေါ် ယူထားသူများ တွက်ခြေမကိုက်ကြောင်း သိရပါတယ်။ အတက်ကုန်များမှာ စားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနဲ့ ဆောက် လုပ်ရေးသုံးပစ္စည်းများ  တင်ဆောင်မှု ရှိလို့ အရောင်းအဝယ် အေးနေခြင်း ကြောင့် ယခင်လို စားသောက်ကုန် တွဲ ပြည့်တင်ဆောင်ခြင်းမရှိဘဲ  ဆောက် လုပ်ရေးသုံးပစ္စည်းများဖြင့်  စုတင်နေ ကြောင်း သိရပါတယ်။ အဆင်းကုန် များမှာ ဒေသထွက် ပဲ၊ နှမ်း၊ ဖွဲ၊ ဒန် ပစ္စည်းများ  အနည်းငယ် ဆင်းနေ ကြောင်း သိရပါတယ်။               ဇူးဇူး

Monday, 20 Feb 2012

ကယားပြည်နယ် လွိုင်ကော်ခရိုင်မှာ နွေစပါးစိုက် ပျိုးရန်အတွက် ပုလဲသွယ်စပ်မျိုးစပါးဧက ၄၀ စမ်းသပ် စိုက်ပျိုးရန် သရုပ်ပြပျိုးထောင်ခြင်း  အခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်က ဒီမောဆိုးမြို့နယ် ငွေတောင် စိုက်ကွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Monday, 20 Feb 2012

နို့ဆီ/နို့စိမ်း အဝင်နည်းဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်တာကာလအတွင်း နို့ဆီ/စိမ်း ၁၇၆ ဒသမ ၁၂ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ တစ်သိန်းကိုး ထောင်နီးပါးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာလည်း အိုကေတံဆိပ် တစ်မျိုးကိုသာ တင်သွင်းတာ တွေ့ရပါ တယ်။ ယခင်သီတင်းပတ် တင်သွင်း မှုက တန်ချိန်  သုံးရာ့ခြောက်ဆယ် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ထက်ဝက်မျှအဝင်လျော့နည်း ခဲ့တာ တွေ့ရပါတယ်။

Monday, 20 Feb 2012

စိန်တံဆိပ်ဘိလပ်မြေတင်သွင်းခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၅ ရက်မှ ၁၁ ရက်နေ့တာကာလအတွင်း ဘိလပ်မြေ ၇၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ် လာ ခြောက်သိန်းနှစ်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ စိန်တံဆိပ်ဘိလပ်မြေတစ်မျိုးသာ တင်သွင်းခဲ့တာတွေ့ရပါတယ်။  ယခင် သီတင်း ပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ရှစ်ထောင့်နှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တန်ချိန်ရှစ်ရာငါးဆယ်ကျော် လျော့နည်းပြီး တင် သွင်းခဲ့တာ တွေ့ရပါတယ်။                                   MIRT (DOT)

Monday, 20 Feb 2012

ဓာတ်မြေသြဇာတင်သွင်းမှုပိုခဲ့ဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၇၇၃ ဒသမ ၆၁၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်း နှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်း ခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဘူတန်နိုင်ငံမှ မြေသြဇာတန် ၂၅၀၊ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၇၅၄ ဒသမ ၂၅ ၊ အစ္စရေးနိုင်ငံမှ ၆၃ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာ ၂၀၄ ဒသမ ၆၇ တန်နဲ့ ဗီယက် နမ်နိုင်ငံမှ မြေသြဇာတန်ချိန် ၅၀၁ ဒသမ ၇၀ အသီးသီး မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ငါးရာ့နှစ်ဆယ်ကျော်သာ  တင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်တန် တစ်ထောင့်နှစ်ရာကျော်လောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။                                          MIRT (DOT)

Monday, 20 Feb 2012

                 နိုင်ငံတကာ ကယ်ဆယ်ရေး အစီ အမံများ သေချာပေါက်ရရှိစေဖို့ ရည် ရွယ်ပြီး ဂရိနိုင်ငံ ပါလီမန်က ခြိုးခြံ ချွေတာရေးစီမံကိန်းတွေကို အတည်ပြု လိုက်ရာ  ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဥရောပဒေသ ကြွေးမြီအကျပ်အတည်း အပေါ်  စိုးရိမ်မှုတွေ လျော့ကျသွား တယ်။ အီးယူဒေသက ကမ္ဘာ့ရေနံသုံး စွဲမှုရဲ့ ၁၆ ရာခိုင်နှုန်းဝန်းကျင်ကို ကိုယ် စားပြုရာ အီးယူဒေသစီးပွားရေးအလား အလာအပေါ်  စိုးရိမ်မှုလျော့ပါးလာ ခြင်းက ရေနံစိမ်းဝယ်လိုအားအတွက် အပေါင်းလက္ခဏာ  ဖြစ်စေတယ်။  ဒါ့ အပြင် အီရန်နိုင်ငံအပေါ်  အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုဆိုးဝါးလာတဲ့သတင်း က ရေနံဝယ်ယူရရှိမှုအပေါ် စိုးရိမ်မှုကို ပိုလာစေတယ်။ ရေနံတင်သင်္ဘောစီးရေ ၁၀၀ ကျော်ကိုပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ ကြီးဖြစ်တဲ့ Overseas Shipholding Group, Frontline.Ltd   က အီရန် နိုင်ငံမှ ရေနံသယ်ယူမှု  ရပ်တန့်သွား မယ်လို့ ကြေညာခဲ့တယ်။

Monday, 20 Feb 2012

           ယခုတစ်ပတ်အတွင်းတွင် အမေ ရိကန်ဒေါ်လာ  လဲလှယ်နှုန်းမှာ ပြင်ပ ဈေးကွက်တွင်  လဲလှယ်မှုနှုန်းထားနှင့် ငွေလဲစင်တာများ၏လဲလှယ်မှုနှုန်းထား  ကွာဟချက်မှာ   အနည်းငယ်သာရှိ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။

Monday, 20 Feb 2012

ဓာတ်ဆီ၊ ဒီဇယ် အသွင်းလျော့ကန်ပိုက်တီးနဲ့ တာချီလိတ်နယ်စပ်များမှ ယခုအပတ်မှ ဓာတ်ဆီနဲ့ ဒီဇယ် အသွင်းရှိခဲ့ပါတယ်။ ဒီဇယ်ဆီကို တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၆၇ သန်း တန်ဖိုးရှိတဲ့ ၉၆၈၆၃ ဂါလန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၃၈ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၁၀၁၇၈ ဂါလန်ကို တာချီလိတ်နဲ့ ကန်ပိုက်တီးနယ်စပ်များမှာ တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီရော ဒီဇယ်ပါနယ်စပ်စခန်း များမှ အသွင်းလျော့ခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ဓါတ်ဆီ ၅၂၅၀ ဂါလန်၊ တာချီလိတ်မှ ဓာတ်ဆီ ၄၉၂၈ ဂါလန်နဲ့ ဒီဇယ်ဆီ ၉၆၈၆၃ ဂါလန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။   MIRT (DOBT)

Pages