Main menu

Background

Monday, 13 Feb 2012

    Currency Exchange Rate                           FEBRUARY 10, 2012                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars      0.93 BDT Bangladesh Taka  84.30 CAD Canada Dollars       1.00 CNY China Yuan Renminbi    6.30 EUR Euro    0.76 HKD Hong Kong Dollars   7.76 INR India Rupees    48.97 IDR Indonesia Rupiahs   8930.00 JPY Japan Yen   76.22 MYR Malaysia Ringgits    3.02 PKR Pakistan Rupees  90.45 PHP Philippines Pesos   42.77 RUB Russia Rubles   30.22 SGD Singapore Dollars   1.25 KRW South Korea Won  1117.89 LKR Sri Lanka Rupe   114.02 THB Thailand Baht   30.92 GBP United Kingdom Pounds    0.63 VND Vietnam Dong      20920.00  Source : xe.com

Monday, 13 Feb 2012

                     ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်းမှာ တာချီလိတ်နယ်စပ်နဲ့ ချင်းရွှေဟော်နယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၁၁၇ သန်း  တန်ဖိုးရှိ ဘိလပ်မြေ ၁၄၆၃ တန် အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၁၀၀ ဝန်း ကျင် တင်သွင်းမှုပိုမိုတာ တွေ့ရပါတယ်။

Sunday, 12 Feb 2012

ဒီသီတင်းပတ်အိုကေတင်သွင်းပြည်တွင်းကို  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာကာလအတွင်း နို့ဆီ/စိမ်း ၃၆၇ ဒသမ ၂၀ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သုံးသိန်းခြောက် သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ OK တံဆိပ် နို့ဆီ/စိမ်းများကိုတင်သွင်းလာတာတွေ့ ရပါတယ်။ ယခင်သီတင်းပတ် နို့ဆီ/စိမ်းတင်သွင်းမှုက တန်ချိန် ၂၉၀ ကျော် ရှိခဲ့တာကြောင့် ဒီသီတင်းပတ် အဝင် တန်ချိန်နဲ့ယှဉ်ကြည့်ရင် တန်ချိန် ၇၀ ကျော်လောက်  ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။

Sunday, 12 Feb 2012

ဘိလပ်မြေအဝင်လျော့ခဲ့    ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ ရက်တာကာလအတွင်း ဘိလပ်မြေ ၈၂၅၄ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ ၃၉၀၀ တန်၊ အခြားတံဆိပ် ဘိလပ်မြေ ၄၃၀၀ တန်နဲ့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅၄ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန်တစ်သောင်းတစ်ထောင်ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ကြည့်ရင် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင် တန်သုံးရာကျော် လောက် လျော့နည်းခဲ့ပါတယ်။

Sunday, 12 Feb 2012

ဖေဖော်ဝါရီ ၆ ရက် နံနက်ဈေးကွက် ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ တစ်ပတ်အတွင်း အမြင့်ဆုံးနှုန်းနီးပါး တန်ဖိုးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အမေရိကန်စီးပွားရေး  အလားအလာ ကောင်းလာမယ့် လက္ခဏာကြောင့် ရေနံစိမ်းဝယ်လိုအား မြင့်မားမယ် ခန့် မှန်းကြရာ  ဈေးနှုန်းမြင့်လာခြင်းဖြစ် တယ်။

Sunday, 12 Feb 2012

ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အထောက် အထားမလိုဘဲ လဲလှယ်နိုင်ခြင်းကြောင့် ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ဈေးကွက်မှာ အတက်အကျ အနည်းသာရှိခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၆ ရက်က ငွေဈေးဖွင့်ချိန်တွင် ငွေလဲစင်တာများ၌ အမေရိ ကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၃ကျပ် ဝယ်ဈေး ၈၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ တစ်ပတ်အတွင်းရောင်း ဈေးမှာ သိသိသာသာအတက်အကျမရှိခဲ့ဘဲ ဝယ်ဈေးမှာ သာ အတက်အကျ အနည်းငယ်ရှိခဲ့သည်ကို တွေ့ရသည်။

Sunday, 12 Feb 2012

ဓာတ်ဆီရော ဒီဇယ်ပါအသွင်းရှိတာချီလိတ်နဲ့ မူဆယ်နယ်စပ်များက ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၂၄၅ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၆၈၃၇၆ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၆၈၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၇၆၇၉၃ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ ဒီဇယ်အသွင်းမရှိဘဲ ဓါတ်ဆီ ၃၇၅၃၈ ဂါလန် တင်သွင်းမှုရှိခဲ့ပါတယ်။ ဇန်နဝါရီလမှာ နယ်စပ်မှ ဓါတ်ဆီ ၅၇၂၈၈ ဂါလန်၊ ဒီဇယ်ဆီ ၆၄၆၉၉ ဂါလန်အသွင်းရှိပြီး ဧပြီလမှ ဇန်နဝါရီလထိ ၁၀ လတာ ကာလမှာတော့ ဓာတ်ဆီ ၉၀၇၁၀၀ ဂါလန်နဲ့ ဒီဇယ်ဆီ ၈၂၁၅၉၃၅ ဂါလန် တင် သွင်းထားပြီးဖြစ်ပါတယ်။                              MIRT (DOBT)

Monday, 6 Feb 2012

နို့ဆီဝင်အားကောင်းပြီး နို့စိမ်းအဝင်နား    ဇန်နဝါရီ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း  ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နို့ဆီ ၂၉၁ ဒသမ ၁၈ တန်၊  တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်ဖိုးကို  တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီ ၁၁၄ ဒသမ ၁၉ တန်နဲ့ အခြားတံဆိပ် နို့ဆီ ၁၇၆ ဒသမ ၉၉ တန်တင်သွင်းခဲ့ တာ တွေ့ရပါတယ်။

Monday, 6 Feb 2012

ဒီတစ်ပတ် ဘိလပ်မြေအသွင်းလျော့ဇန်နဝါရီလ ၂၂ ရက်မှ  ၂၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၁၃၁၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းသုံးသောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ထိုင်း နိုင်ငံ မှ စိန်တံဆိပ် ဘိလပ်မြေကို တန်ချိန် ၁၀၈၀၀၊ အခြားတံဆိပ် ဘိလပ်မြေ ၈၃ တန်၊ တရုတ်နိုင်ငံမှ ဘိလပ်မြေက တန်ချိန် ၄၀၅ နဲ့ စင်ကာပူနိုင်ငံမှ ၂၇ တန်တင်သွင်းခဲ့ တာတွေ့ ရပါတယ်။

Monday, 6 Feb 2012

                                World Metal Price (US$) Date   Sliver/Oz Zinc/Ton     Aluminium/Tom Copper/Ton Platinum/Oz  30-January  33.28  2125.91    2212.45  8512.90  1604.00 31-January  33.71  2154.88   2276.29  8628.03  1621.00 1-Februry  33.19  2129.57   22250.51  8514.02  1590.00 2-Februry  33.57  2146.82   2247.17  8585.25  1618.00 3-Februry  34.16  2144.58   2201.92  8563.97  1629.00

Pages