Main menu

Background

Tuesday, 24 Jan 2012

    ပြည်ပပို့ကုန် များ တိုးတက် တင် ပို့နိုင်ရေး နိုင်ငံတော် အစိုးရမှ အားပေး ကူညီ ဆောင်ရွက် ပေးလျက်ရှိတဲ့အပြင် ပြည်ပသို့ တင်ပို့ နေတဲ့ Exporter   ကုမ္ပဏီများ အနေ နဲ့လည်း ပို့ကုန်များ တိုးတက် တင်ပို့နိုင် ရေးကြိုးပမ်းဆောင် ရွက်လျက်ရှိပါတယ်။ အသစ်အသစ်သော ပို့ကုန်အမယ်များကိုရှာဖွေဖော်ထုတ်ပြီး ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိပါတယ်

Tuesday, 24 Jan 2012

               ပြည်ပ သွင်းကုန် ပို့ကုန်လုပ်ငန်း များ လုပ်ဆောင်ရာတွင် ငွေပေးချေမှု အပိုင်းအနေဖြင့် ယနေ့ကမ္ဘာတွင်စိတ် ချယုံကြည်ရပြီး အများက လက်ခံ ကျင့်သုံးလျက်ရှိသည့် ငွေလွှဲစာတမ်း ပေး ချေမှု  (Opening of the letter of credit payment)  စနစ်ကို သိရှိနားလည်ရန် ပြုစုတင်ပြထား သောစာအုပ်ဖြစ်သည်။ငွေလွှဲစာတမ်း စနစ်သည် ကုန်ဝယ်သူနှင့် ကုန်ရောင်း သူတို့အကြား ငွေပေးချေမှု အဆင် ပြေချောမွေ့စေရန်ကုန်ဝယ်သူ၏ဘဏ် နှင့်ကုန်ရောင်းသူ၏ဘဏ်တို့က ကြား ဝင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

Tuesday, 24 Jan 2012

             ယခုတစ်ပတ်မှာ တရုတ်နှစ်သစ်ကူးနီးလာလို့ ကုန်အသွားအလာ နည်းခြင်း ကြောင့် ကားများရပ်နားနေရကြောင်း သိရပါတယ်။"ပြီးခဲ့တဲ့တစ်ပတ်က ဆန်၊ ဖရဲသီးအနည်းအကျဉ်းတင်နေရတယ်။ ဒီတစ်ပတ် ကုန်တော်တော်နည်းသွားပြီ။ ပြောင်းလည်း အတင်မရှိတော့ဘူး။ နှမ်းတော့အနည်း အကျဉ်းတင်နေရတယ်။ အဆင်းကုန်လည်းနည်းတယ်။ မြေဆီနဲ့ တရုတ် လူသုံးကုန် ပစ္စည်းအချို့ ဆင်းတယ်။

Tuesday, 24 Jan 2012

          Gene  Xpert စက်သစ်နှစ်လုံး ကို ပြည်သူ့ဆေးရုံကြီး တီဘီပြင်ပလူနာ ဌာနနဲ့ အထက်မြန်မာ  တီဘီရောဂါ တိုက်ဖျက်ရေးဌာနတို့မှာ ထားရှိမယ်လို့ သိရပါတယ်။အဆိုပါစက်ကို အပြည်ပြည်ဆိုင် ရာ တီဘီရောဂါနဲ့ အဆုတ်ရောဂါတိုက် ဖျက်ရေးအဖွဲ့  (International  Union   Against  Tuberculosis  and  Lung  Disease)  မှ ထောက်ပံ့ပေးခြင်း ဖြစ်ပြီး၊ စက်တစ်လုံးကို အထက်မြန်မာ တီဘီရောဂါ  တိုက်ဖျက်ရေးဌာနမှာ ၂၀၁၁ ခုနှစ်၊  ဒီဇင်ဘာလအတွင်းက သုံးစွဲလျက်ရှိပြီး စက်တစ်လုံးကို ထပ်မံ ထားရှိမှာဖြစ်ကြောင်း  သိရပါတယ်။  Gene  Xpert   စက်နဲ့ HIV ဝေဒနာ သည်များနဲ့ ကလေးများမှာ တီဘီရောဂါ စမ်းသပ်ရှာဖွေရာမှာ မှန်ကန်မြန်ဆန်တဲ့ အဖြေရရှိဖို့ ရှာဖွေပေးမှာဖြစ်ကြောင်း သိရပါတယ်။

Tuesday, 24 Jan 2012

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ဟာ တောင်ပျံမွှေးစပါးအများဆုံး စိုက်ပျိုးထွက်ရှိခဲ့တဲ့ မြို့နယ် တစ်မြို့နယ် ဖြစ်ပါတယ်။ ဒါကြောင့် ဧည့်မထစပါးများအပြင် တောင်ပျံမွှေးစပါးဈေးကွက်လည်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်လျက် ရှိတာကို တွေ့ရပါတယ်။

Tuesday, 24 Jan 2012

       ဧရာဝတီတံတား (ပခုက္ကူ)ဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးတံတားတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ယခင်ကတော့ ပခုက္ကူကနေ လက်ပံခြေပေါ်၊ ညောင်ဦးမြို့နယ်ဘက်ကမ်း ကူးမယ်ဆိုရင် စက်လှေပေါ်မှာ ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ကားဇက်ကူးမယ်ဆိုရင် ကားငယ် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်၊ ကုန်တင်ကားကြီး ကုန်ပါတစ်စီး ၄၀၀၀၀ ကျပ်၊ ကုန်မဲ့တစ်စီး ၂၀၀၀၀ ကျပ်ပေးပြီး၊ အချိန်ယူူကာမဖြစ်မနေ ရွေးချယ်စရာမရှိ ဖြတ်သန်းသွားလာ ခဲ့ကြရပါတယ်။

Tuesday, 24 Jan 2012

              ပြည်-မန္တလေး ကုန်စည်ပို့ဆောင် ရေးမှာ ပြည်မြို့ကို တရုတ်နိုင်ငံထုတ် ကုန်များ တင်ပို့မှုများပြီး မန္တလေးမြို့ကို ဆန်နဲ့ ကဏန်းများ တင်ပို့မှုများရာမှ လမ်းပိုင်း  အချိန်ကွာခြားခြင်းကြောင် ကဏန်းတင်ပို့မှု   နည်းလာကြောင်း သိရပါတယ်။တိုင်းလုံးကျော် ကုန်စည်ပို့ဆောင် ရေးမှ ဦးစန်းအောင်က "ပြည်-မန္တလေး က ကုန်စည်ပို့ဆောင်ရေး ပုံမှန်ပါပဲ။ ဒီနှစ်မှာထူးခြားတာက ပြည်ကနေ ဆန် များများ ပို့နေရပြီး၊ မန္တလေးကနေ ပန်း သီး၊ လိမ္မော်သီး များများပို့နေရတယ်။

Monday, 23 Jan 2012

နို့ဆီတစ်မျိုးသာ အဝင်ရှိခဲ့    ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း နို့ဆီ ၁၃၄ ဒသမ ၁၉ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ  ငါးသိန်းသုံးသောင်းကျော်ဖိုး ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီက ၁၁၄ ဒသမ ၁၉ တန်နဲ့ အခြားတံဆိပ်က တန် ၂၀ တင်သွင်းခဲ့ ပါတယ်။

Monday, 23 Jan 2012

ဒီတစ်ပတ်မောင်းတိန်းနဲ့ စိန်တံဆိပ်တင်သွင်း    ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းလမ်းမှ ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၆၂၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်သုံးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေက ထိုင်းနိုင်ငံမှ စိန်တံဆိပ်နဲ့ မောင်းတိန်းတံဆိပ်ဘိလပ်မြေဖြစ်ပါ တယ်။

Monday, 23 Jan 2012

                                World Metal Price (US$) Date   Sliver/Oz Zinc/Ton     Aluminium/Tom Copper/Ton Platinum/Oz 16-January  29.71  1968.51    2120.61  8158.75  1491.0017-January  30.36  2005.02   2162.05  8376.26  1591.0018-January  30.11  2017.34   2201.47  8359.68  1513.0019-January  30.49  2036.16   2203.26  8436.51   1527.0020-January  30.76  2056.32   2201.92  8489.82  1518.00

Pages