Background
မန္တလေးဈေးကွက်မှာ ပဲလွန်းဖြူအရောင်းအဝယ် သွက်နေ ပါတယ်။ ဈေးကွက်ကို ဟုမ္မလင်း၊ ကလေးဝ၊ ဗန်းမော်၊ ကသာနဲ့ ရွှေဘို၊ မုံရွာက ပဲလွန်းဖြူသစ်များ ဝင်ရောက်နေပြီး၊ အရည်အသွေး လည်းကောင်း၊ ဝယ်လိုအားလည်းရှိလို့ အမြင့်ဈေးဘက်မှာ ရှိနေပါ တယ်။ ပဲလွန်းဖြူတစ်ပိဿာကို အရင်တစ်ပတ်က ၉၃၃ကျပ်- ၉၁၇ ကျပ် ပေါက်ဈေးရှိပြီး၊ အခုတစ်ပတ်မှာ အမြင့်ဆုံး ၁၀၁၇ ကျပ်ကနေ အနိမ့်ဈေး ၉၆၇ ကျပ်ထိဈေးပေါက်ပါတယ်။ တရုတ်ဈေးကွက် တင်ပို့ မှုကတော့ ဒီဇင်ဘာလတွင်းမှာ ဒုတိယပတ်အထိ တန်ချိန် ၈၀၀ ကျော်တင်ပို့ပြီးတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် လက်ရှိကာလ အတွင်းမှာ တန်ချိန် ၄၄၀၀ ကျော်တင်ပို့ပြီးဖြစ်ပါတယ်။ ကုန်စည်ဒိုင် တွင်းမှာ တစ်ရက် ပဲလွန်းဖြူ အိတ် ၈၀၀ ဝန်းကျင် အရောင်းအဝယ် ဖြစ်နေပြီး၊ သီးနှံအရည်အသွေးကောင်း၊ ဝယ်လိုအားလည်းကောင်း နေလို့ ပဲလွန်းဖြူဈေး ဆက်မာနေလိမ့်ဦးမယ်လို့ ဈေးကွက်က ခန့်မှန်း ပါတယ်။ သက်သက်နိုင်
ယခုလတွင် စိန်ဝယ်ယူထားသူများမှ ဆိုင်များသို့အသွင်းများလျက်ရှိကြောင်း၊ မန္တလေး Gem Center စိန်အရောင်း ဆိုင်များမှ သိရပါတယ်။
အမေရိကန်ဒေါ်လာဈေးကွက်သည် ဒီတစ်ပတ်တွင် ပြီးခဲ့တဲ့အပတ်ကထက် အနည်းငယ် တက်လာသည်ကိုတွေ့ရသည်။ ငွေလဲစင်တာတွင် ဈေးတက်လာခဲ့သ ကဲ့သို့ ပြင်ပငွေကြေးဈေးကွက်တွင်လည်း ဈေးမြင့်တက်ခဲ့သည်ကို တွေ့ရသည်။
ဒီတစ်ပတ် နို့ဆီနဲ့ နို့မှုန့်သာဝင်ဒီသီတင်းဖြစ်တဲ့ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာကာလအတွင်း နို့ဆီ တန် ချိန် ၁၁၄ ဒသမ ၁၉၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ထုတ်လုပ် တဲ့ ဒွန်းတံဆိပ်နို့ဆီတစ်မျိုးတည်းကိုသာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်သီ တင်းပတ် တန်ချိန် နှစ်ရာ့သုံးဆယ် ကျော်အောင်ဝင်ခဲ့ပေမဲ့ ဒီတစ်ပတ်မှာ တော့ တန်ချိန်တစ်ဝက်လျော့ပြီး တင် သွင်းခဲ့ပါတယ်။ နို့စိမ်းက ယခင်တစ် ပတ်မှာ တန်ချိန်သုံးရာကျော်နဲ့ ဝင်ခဲ့ ပေမဲ့ ဒီတစ်ပတ်မှာတော့ အဝင်နားခဲ့ပါ တယ်။နို့မှုန့်က နယူးဇီလန်မှ တန်ချိန် ၁၅၃ ဒသမ ၉၄၊ USA မှ ၁၆ တန်နဲ့ အီရန် နိုင်ငံမှ ၅ ဒသမ ၄တန် စုစုပေါင်း ၁၇၅ ဒသမ ၃၄ တန်ကို မှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ် တန်ချိန် သုံး ဆယ်ကျော်သာအဝင်ရှိခဲ့တဲ့ နို့မှုန့်က ဒီတစ်ပတ်မှာတော့ ဝင်အားကောင်း ကောင်းနဲ့ ဝင်လာတာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်မှ နို့မှုန့်အသွင်းလျော့ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ကာလအတွင်းတော့ ကော့သောင်းနယ် စပ်မှ နို့ဆီ ၇၆၀၀ ဒါဇင်၊ (၁၉၀၀ တာ) တန်ဖိုးကန်ဒေါ်လာ ၀ ဒသမ ၀၃၃ သန်း၊ နို့စိမ်း ၁၈၄၈၈ ဒါဇင်၊ (၄၆၂၂ တာ) တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၀၈၅သန်းဖိုးတင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီ ၁၇၀၀ တာ နဲ့ နို့စိမ်း ၈၀၀ တာ တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နို့ဆီ ၁ တာကို ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်း ၁ တာကို ၂၇၈၄၀ ကျပ် ဈေးပေါက် တယ်လို့ သိရပါ တယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်ကနေ နို့မှုန့် ၁၅ တန် တန်ဖိုးကန်ဒေါ်လာ ၀ ဒသမ ၀၄၃ သန်း တင်သွင်းခဲ့တယ်လို့လည်း သိရ ပါတယ်။ ယခင်အပတ်ထက် ထက်ဝက် ကျော် တင်သွင်းမှုလျော့ကျခဲ့ပါတယ်။ MIRT (DOBT)
ထိုင်းနဲ့ တရုတ်မှ ဘိလပ်မြေအဝင်နည်းပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၁၁၂၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ် ဆယ့်ကိုးသိန်းခြောက်သောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်း နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဘက်မှ ဘိလပ်မြေများကို တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်း ပတ်က ထိုင်းနိုင်ငံမှပဲ တင်သွင်းခဲ့တာ တန်ချိန် တစ်သောင်းကိုးထောင်ကျော် ရှိခဲ့ပါ တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ထိုင်းနဲ့တရုတ်တို့မှ တင်သွင်းခဲ့ပေမဲ့ ယခင်တစ် ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ရှစ်ထောင်ကျော်လောက် လျော့နည်းခဲ့ပါတယ်။ MIRT (DOT)တန် ၄၀၀ ကျော် အသွင်းပိုတဲ့ ဘိလပ်မြေဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း တာချီလိတ်နယ်စပ်၊ မြဝတီ နယ်စပ်၊ ကန်ပိုက်တီးနယ်စပ်နဲ့ ပန်ဝါနယ်စပ်တို့မှ ဘိလပ်မြေ ၂၁၅၇ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၁၈၃ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ် ထက် တန် ၇၀၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှု တွေကတော့ တာချီလိတ်နယ်စပ်မှ ငှက်တံဆိပ် ၁၁၂၈ တန်ကျော်၊ TPI တံဆိပ် ၂၀၈ တန်ကျော်၊ ကန်ပိုက်တီး စခန်းမှ ၃၀၈ တန်၊ ပန်ဝါစခန်းမှ ၁၇၃ တန်နဲ့ မြဝတီနယ်စပ်ကနေ ၃၄၀ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT)အရောင်းပုံမှန်ရှိတဲ့ ဘိလပ်မြေဈေးကွက်မော်လမြိုင်မှာ ဘိလပ်မြေဈေးကွက်က အရောင်းပုံမှန်ရှိတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ပြည်တွင်းထုတ်တဲ့ ကြံ့(မြိုင်ကလေး)က ကျပ် ၁၀၀ လောက် ဈေးအတက်နဲ့ အရောင်းဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေး နှုန်းတွေက ဆင်(ထိုင်း)က တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) က ၃၂၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာလည်း ဘိလပ်မြေက ယခင်သီတင်းပတ် ဈေးနှုန်း အတိုင်း အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ အရောင်းက ပုံမှန်ရှိနေပါတယ်။ ဈေးကလည်း အတက်အကျ မရှိဘဲ အရောင်းအဝယ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်အ တွင်းဖြစ်ပေါ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း) တစ်အိတ်ကို ၆၇၀၀ ကျပ်၊ ခြင်္သေ့က တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြို့တော်က တစ်အိတ်ကို ၄၄၀၀ ကျပ်နဲ့ နဂါးက တစ်အိတ်ကို ၅၄၀၀ ကျပ် ဈေးရှိနေတယ်လို့ သိရပါတယ်။ယခင်တစ်ပတ် တစ်အိတ်ကို ၅၄၀၀ ကျပ်နဲ့ ဆင်(ထိုင်း) ဘိလပ်မြေက ဒီတစ်ပတ်မှာ ၅၆၅၀ ကျပ်သို့ လည်းကောင်း၊ မြင်းခေါင်းတစ်အိတ်ကို ၄၂၀၀ ကျပ်မှ ယခု ၄၃၀၀ ကျပ်သို့လည်း ဈေးအနည်းငယ်အမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်ကောင်းတယ်လို့ သိရပါ တယ်။ ပွင့်လင်းရာသီရောက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းများလည်း ပြန်လည် လုပ်ကိုင်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းတယ်လို့ ပြော ပါတယ်။ အရောင်းအဝယ်ကောင်းပေမဲ့ ဘိလပ်မြေဈေးက အတက်အကျမရှိဘဲ ပုံမှန်ဘဲလို့ ဆိုပါတယ်။ ဆင်(ထိုင်း)က တစ်အိတ်ကို ၅၆၅၀ ကျပ်နဲ့ မြင်းခေါင်းတစ် အိတ်ကို ၄၃၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာတော့ ယခင်တစ်ပတ် ၅၂၀၀ ကျပ်ဈေးရှိတဲ့ ကျား ခေါင်းက ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်းတံဆိပ်က ယခင် ၄၄၀၀ ကျပ်မှ ယခု ၄၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတံဆိပ် နှစ်မျိုးသာ ၁၀၀ ကျပ်ဝန်းကျင် အတက်အကျရှိပြီး ကျန်တံဆိပ်များက ယခင်သီတင်းပတ်ဈေးအတိုင်း ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အေသုံးလုံးက ၅၃၀၀ ကျပ်၊ မြန်မာ ဆင်က ၄၉၀၀ကျပ်၊ ဆင်(ယိုးဒယား)က ၅၈၀၀၊ စိန်(ယိုးဒယား) က ၅၇၀၀ ကျပ်နဲ့ ဆင်မင်းက ၄၄၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ဘိလပ်မြေအရောင်းအဝယ် ကောင်း တယ်လို့သိရပါတယ်။ ပစ္စည်းအမှာများပေမဲ့ ဈေးကအတက်အကျသိပ်မရှိဘဲ ဈေး နှိမ်နေတယ်လို့ဆိုပါတယ်။ ဘိလပ်မြေဈေးက ဆင်တံဆိပ် တစ်အိတ်ကို ၄၇၀၀ ကျပ်၊ စိန်တံဆိပ်က ၄၆၀၀ ကျပ်နဲ့ မောင်းတိန်းက ၄၅၀၀ ကျပ်ဈေး အသီးသီးရှိ တယ်လို့ သိရပါတယ်။ MIRT (DOT)ဈေးတည်ငြိမ်တဲ့ မန်းဘိလပ်မြေမန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်လျက်ရှိနေပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ ဈေးနှုန်းများ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေပါတယ်။ နိုဝင်ဘာလ နဲ့ ယခုဒီဇင်ဘာ လရှိ ဘိလပ်မြေပေါက်ဈေးများမှာ ဗဗဗ တံဆိပ်မှာ ၅၃၀၀ ကျပ်တွင် ဈေးငြိမ်နေ သလို ကျားခေါင်းတံဆိပ်မှာ ၅၂၀၀ ကျပ်တွင် ဈေးငြိမ်နေပါတယ်။ စိန်တံဆိပ်မှာ ၅၅၀၀ ကျပ်မှ ၅၇၀၀ ကျပ်သို့လည်းကောင်း၊ ဆင်(ထိုင်း)တံဆိပ်မှာ ၅၇၀၀ ကျပ်မှ ၅၈၀၀ ကျပ်သို့လည်းကောင်း ဈေးမြင့်လာပြီး မြန်မာဆင်တံဆိပ်မှာ ၅၃၀၀ ကျပ်မှ ၄၉၀၀ ကျပ်၊ ဆင်မင်းတံဆိပ်မှာ ၄၈၀၀ ကျပ်မှ ၄၄၀၀ ကျပ်၊ မြင်းခေါင်းတံဆိပ်မှာ ၅၀၀၀ ကျပ်မှ ၄၃၀၀ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် (၂၇)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရန် အားကစားကွင်း သစ်ကြီးနဲ့ အဆောက်အအုံများ မြို့နယ်တွင်းဆောက်လုပ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက်ရှိရာ ပြည်တွင်းမှ ဘိလပ်မြေနဲ့ ပြည်ပမှ ဘိလပ်မြေများကို အသုံးပြုသော်လည်း၊ ပြည်တွင်းထုတ်လုပ်မှုနဲ့ ပြည်ပ တင်သွင်းမှုလုံလောက်သဖြင့် ဘိလပ်မြေဈေးနှုန်းများမှာ သိသိသာသာ ပြောင်း လဲခြင်းမရှိကြောင်း သိရပါတယ်။ လွင်အေး
ဓာတ်မြေသြဇာအဝင် အားကောင်းဒီသီတင်းပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်ကာလအတွင်း ပြည်တွင်းဈေးကွက်ကို ဓာတ်မြေသြဇာ တန်ချိန် ၁၄၃၅ ဒသမ ၇၀ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ လေးသိန်းကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ် မြေသြဇာတွေမှာ တရုတ်နိုင်ငံမှ စူပါဖော့စဖိတ် တန်ချိန် ၅၀၀၊ ဘူဂေးရီးယားမှ ဓာတ်မြေသြဇာ တန်ချိန် ၄၄၆ ဒသမ ၅၊
တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်မှ ဒီဇယ်အသွင်းပိုဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ပန်ဝါနဲ့ မြန်မာထိုင်းနယ်စပ်ရှိ တာချီလိတ်စခန်းတို့မှ ဒီဇယ်ဆီ ၇၀၆၁၂ ဂါလန် တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၂၆၉ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ တာချီလိတ်မှ ၄၇၂၅၀ ဂါလန်နဲ့ ပန်ဝါမှ ၂၃၃၆၂ ဂါလန် တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ထက် ဂါလန် ၂၅၉၀၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။ ယခုအပတ်မှာတော့ ကော့သောင်းနယ်စပ်မှ တင်သွင်းနိုင်ခြင်း မရှိပါဘူး။ MIRT (DOBT)ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-ဒီဇင်ဘာလ ၂၀၁၁ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်) ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး ၁၉ ၄၇၀၀ ၄၇၀၀ ၄၅၀၀ ၃၅၀၀ ၃၃၀၀ ၃၄၀၀ ၂၀ ၄၇၀၀ ၄၅၀၀ ၄၅၀၀ ၃၅၀၀ ၃၃၀၀ ၃၄၀၀ ၂၁ ၄၇၀၀ ၄၆၀၀ ၄၅၀၀ ၃၅၀၀ ၃၄၀၀ ၃၄၀၀ ၂၂ ၄၇၀၀ ၄၅၀၀ ၄၅၀၀ ၃၅၀၀ ၃၄၀၀ ၃၄၀၀ ၂၃ ၄၇၀၀ ၄၅၀၀ ၄၅၀၀ ၃၅၀၀ ၃၄၀၀ ၃၄၀၀ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-ဒီဇင်ဘာလ ၂၀၁၁ (ကျပ်) ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ် ၁၉ ၃၆၅၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀ ၂၀ ၃၆၅၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀ ၂၁ ၃၆၀၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀ ၂၂ ၃၆၀၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀ ၂၃ ၃၆၀၀ ၂၅၀ ဝ ၃၅၀၀ ၃၇၀၀ ၁၇-၁၂-၂၀၁၁ မှ ၂၃-၁၂-၂၀၁၁ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်း များ စဉ်နယ်စပ်စခန်း ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း တရုတ် (ကျပ်) (ကျပ်) ၁။ မူဆယ် ဂါလန် 3650 3900 ၂။ လွယ်ဂျယ် ဂါလန် 4000 3800 ၃။ ချင်းရွှေဟော် ဂါလန် 4000 3500 ထိုင်း (ကျပ်) (ကျပ်) ၁။ ကော့သောင်း ဂါလန် 3300 3400 ၂။ မြဝတီ ဂါလန် 3400 3400 ၃။ တာချီလိတ် ဂါလန် 3808 3865 အိန္ဒိယ (ကျပ်) (ကျပ်) ၁။ တမူး ဂါလန် 4500 4000 ဘင်္ဂလားဒေ့ရှ် (ကျပ်) (ကျပ်) ၁။ စစ်တွေ ဂါလန် 5000 3500 ၂။ မောင်တော ဂါလန် 6000 4000
World Metal Price (US$) Date Sliver/Oz Zinc/Ton Aluminium/Tom Copper/Ton Platinum/Oz 12-December 31.64 2000.99 2034.37 7841.34 1502.0013-December 31.07 1970.08 2012.19 7747.04 1483.0014-December 30.89 1929.31 1992.70 7618.69 1475.0015-December 28.30 1886.08 1956.42 7260.06 1385.0016-December 29.41 1908.70 1983.74 7391.55 1418.00
Energy NYMEX Energy NYMEX 16-12-2011 Price Change Change% Brent Crude Futr (USD/bbl) 109.19 -0.31 -0.28 Gas Oil Fut (ICE) (USD/MT) 928.00 -4.50 -0.48 Gasoline Rbob Fut (Cent/gal) 292.66 -0.22 -0.08 Heating Oil Futr (Cent/gal) 3.25 -0.03 -0.76 Natural Gas Futr (USD/MMBtu) 261.88 -0.66 -0.25 WTI Crude Future (USD/bbl.) 100.00 -0.14 -0.14
နယ်စပ်ငွေလဲလှယ်နှုန်း ဒီဇင်ဘာ ၂၀၁၁ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး) 12 6.37 30.99 77.05 52.42 13 6.37 31.22 79.65 53.42 14 6.37 31.18 77.05 53.65 15 6.37 31.42 77.05 54.21 16 6.38 31.36 77.88 52.61