Background
Currency Exchange Rate December 2, 2011 Base Currency is United States Dollar - USD Currency Unit Units per USD AUD Australia Dollars 0.98 BDT Bangladesh Taka 76.92 CAD Canada Dollars 1.01 CNY China Yuan Renminbi 6.36 EUR Euro 0.74 HKD Hong Kong Dollars 7.77 INR India Rupees 51.36 IDR Indonesia Rupiahs 9086.04 JPY Japan Yen 77.79 MYR Malaysia Ringgits 3.13 PKR Pakistan Rupees 88.50 PHP Philippines Pesos 43.27 RUB Russia Rubles 30.84 SGD Singapore Dollars 1.29 KRW South Korea Won 1131.75 LKR Sri Lanka Rupe 113.85 THB Thailand Baht 30.86 GBP United Kingdom Pounds 0.64 VND Vietnam Dong 21000.00 Source : xe.com
ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာငွေများလဲလှယ်ရာတွင် ငွေလဲစင်တာများတွင် တရားဝင်လဲလှယ်၍ ရသည့်ဈေးထက် ပြင်ပတွင်လဲလှယ်၍ ရသည့်ဈေးမှာ ကွာဟချက်များ ရှိနေကြောင်း သိရသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ငွေလဲစင်တာ များတွင် ငွေလဲလှယ်ရာတွင် အကန့် အသတ်များ များပြားစွာရှိနေခြင်း၊ ကိုယ်တိုင်လာရောက်ရောင်းချမှ ရခြင်း၊ လွှဲစာများပြုလုပ်ရခြင်းစသည့် အကန့် အသတ်များရှိနေခြင်းကြောင့် အမေရိ ကန်ဒေါ်လာ ရောင်းဝယ်သူများမှာ ပြင်ပတွင်သာ အရောင်းအဝယ်ပိုများ နေကြောင်း သိရသည်။ အမေရိကန်ဒေါ်လာ ဈေးကွက်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်က ဝယ်ဈေး ၇၉၂ ကျပ်၊ ရောင်းဈေး ၈၀၅ကျပ်ဖြင့် ဈေးပိတ်ခဲ့သော်လည်း နိုဝင်ဘာ ၂၈ ရက် ဈေးဖွင့်ချိန်တွင် ရောင်းဈေးမှာ ၈၀၇ ကျပ်၊ ဝယ်ဈေး ၇၉၅ ကျပ်ဖြင့် အနည်းငယ်မြင့်တက်ခဲ့တာကို တွေ့ရသည်။ နိုဝင်ဘာ ၂၉ရက်တွင် ရောင်း ဈေး ၈၁၀ ကျပ် ဝယ်ဈေး ၇၉၅ ကျပ်ရှိ ခဲ့ရာ အဆိုပါဈေးနှုန်းမှာ ဒီဇင်ဘာ ၁ ရက်အထိတည်ငြိမ်နေခဲ့ကြောင်း တွေ့ရ သည်။ နိုဝင်ဘာ ၂ ရက်တွင် ရောင်းဈေး ၈၀၅ ကျပ်သို့ ကျဆင်းခဲ့သလို ဝယ်ဈေးမှာလည်း ၇၉၀ကျပ်သို့ကျဆင်း လာခဲ့သည်ကို တွေ့ရသည်။ ပြင်ပပေါက်ဈေးတွင်မူ တစ်ပတ် အတွင်း အတက်အကျများ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရသည်။ နိုဝင်ဘာ ၂၉ ရက်က ပြင်ပဈေးကွက်တွင် ရောင်း ဈေး အမေရိကန် တစ်ဒေါ်လာလျှင် ၇၉၀ကျပ်ရှိပြီး ဝယ်ဈေးမှာ ၇၈၇ ကျပ် ရှိခဲ့သည်။ အက်ဖ်အီးစီတစ်ယူနစ် လျှင် ရောင်းဈေး ၇၈၈ ကျပ်ရှိပြီး ဝယ်ဈေး ၇၈၅ကျပ် ရှိခဲ့သည်။ ပြင်ပငွေကြေးဈေးကွက်တွင် နိုဝင် ဘာ ၂၉ ရက်တွင် ရောင်းဈေး ၇၉၃ ကျပ်သို့ အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၁ရက်နှင့် ၂ရက်တို့တွင် ရောင်း ဈေး ၇၈၀ကျပ်ရှိခဲ့ပြီး ဝယ်ဈေးမှာ ကျပ် ၇၇၀ သို့ ပြန်လည်ကျဆင်းခဲ့သည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ပြင်ပတွင် ငွေအရောင်းအဝယ်များ များပြားစွာ ဖြစ်ပေါ်နေသဖြင့် ငွေလဲလှယ်မှုနှုန်း များ တည်ငြိမ်မှုမရှိခဲ့ခြင်းဖြစ်ကြောင်း ပြင်ပပွဲစားတစ်ဦးက သုံးသပ်ပြခဲ့သည်။ ထို့ပြင် ယခုတစ်ပတ်တွင် ပို့ကုန် ဝင်ငွေဈေးနှုန်းမှာလည်းတစ်ပတ်အတွင်း ၈၄၅ ကျပ်အထိ အမြင့်ဆုံးရောက်ရှိခဲ့ သည်ကို တွေ့ရသည်။ ပို့ကုန်ဝင်ငွေဈေးနှုန်းများ ယခုတစ်ပတ်အတွင်း မြင့်တက်ရခြင်းမှာ ပို့ကုန် သမားများကလည်း ကျောက်မျက် သမားများထံမှဝယ်ယူနေခြင်း၊ကျောက်မျက် ကုန်သည်များကလည်း ၎င်းတို့ စုဆောင်းထားသော ပို့ကုန်ဝင်ငွေများ ကို ရောင်းချနေခြင်းတို့ကြောင့် ဖြစ်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ ပို့ကုန်ဝင်ငွေဈေးနှုန်းသည် နိုဝင် ဘာ ၂၈ရက်က ၈၃၈ကျပ်ရှိခဲ့ သော် လည်း နိုဝင်ဘာလ ၃၀ ရက်တွင် ၈၄၅ ကျပ်သို့မြင့်တက်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁ရက်နှင့် ၂ရက်တု့ိတွင် ပြန် ကျခဲ့ရာ ဒီဇင်ဘာ ၂ရက် ဈေးပိတ်ချိန် တွင် ၈၃၆ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်ကိုတွေ့ရသည်။ MTD, KM2O
နိုဝင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း တန်ဖိုးကျဆင်းသွားတဲ့ ကမ္ဘာ့ရွှေ ဈေးတွေ နိုဝင်ဘာ ၂၈ ရက်မှာ ပြန် လည်ဦးမော့လာပြီး ကန်ဒေါ်လာ တန်ဖိုး အားနည်းသွားခြင်းက ရွှေဈေးနှုန်းကို အထောက်အပံ့ဖြစ်စေတယ်လိ့ု သိရပါ တယ်။ ရွှေသာမက ငွေနဲ့ ရေနံစိမ်းဈေးနှုန်းတွေလည်း ပြန်လည်ဈေးမြင့် လာပါတယ်။ လက်ငင်းအရောင်း ရွှေဈေးနှုန်းက တစ်အောင်စကို ၂၅ဒသမ ၄၄ ဒေါ်လာ မြင့်မားလာကာ ၁၇၀၄ ဒသမ ၅၉ ဒေါ်လာနဲ့ ဂရင်းနစ်စံတော်ချိန် ဝရး၁၀ နာရီမှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး အခြေအနေနဲ့ အီးယူဒေသ ကြွေးမြီအကျပ်အတည်းကို ဘယ်လိုဖြေရှင်းမယ် ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ရွှေဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်း၊ လောလောဆယ်မှာ လူတိုင်းအနေနဲ့ ငွေကိုသာ လက်ထဲမှာကိုင်ထားလိုကြောင်း သတင်းရရှိတယ်။ Source:goldalert.com, ပပ
ဒီဇယ်ဆီတင်သွင်းမှုမရှိသော်လည်း ဒီဇယ်အသွင်းပို နိုဝင်ဘာ ၂၃ မှ ၂၉ ရက်အထိကာလအတွင်း တရုတ်နယ်စပ် ကန်ပိုက်တီး နဲ့ ထိုင်းနယ်စပ် တာချီလိတ်စခန်းများမှသာ ဒီဇယ်တင်သွင်းမှုရှိခဲ့ပါတယ်။ တာချီလိတ်မှ ၉၀၈၂၅ ဂါလန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၀၆ သန်းတန်ဖိုးနဲ့ ကန်ပိုက်တီးမှ ၄၄၆၂ ဂါလန်၊ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၀၁၆ သန်းဖိုး တင်သွင်း ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာတော့ ကော့သောင်းနယ်စပ်မှ တင်သွင်းခြင်း မရှိပေမယ့် တာချီလိတ် နယ်စပ်ကနေ ဂါလန် ၇ သောင်းကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာကြောင့် ယခင်အပတ်ထက် ဂါလန် ၂ သောင်းကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOBT)ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- နိုဝင်ဘာလ/ဒီဇင်ဘာလ ၂၀၁၁ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး၂၈ ၅၀၀၀ ၄၆၀၀ ၄၆၀၀ ၃၅၀၀ ၃၄၀၀ ၃၄၀၀၂၉ ၅၀၀၀ ၄၆၀၀ ၄၆၀၀ ၃၅၀၀ ၃၄၀၀ ၃၄၀၀၃၀ ၅၀၀၀ ၄၆၀၀ ၄၆၀၀ ၃၅၀၀ ၃၄၀၀ ၃၄၀၀၁ ၅၀၀၀ ၄၄၀၀ ၄၆၀၀ ၃၅၀၀ ၃၄၀၀ ၃၄၀၀၂ ၄၈၀၀ ၄၄၀၀ ၄၆၀၀ ၃၅၀၀ ၃၄၀၀ ၃၄၀၀ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- နိုဝင်ဘာလ/ဒီဇင်ဘာလ ၂၀၁၁ (ကျပ်)ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၂၈ ၃၇၀၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀၂၉ ၃၇၀၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀၃၀ ၃၇၀၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀၁ ၃၇၀၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀၂ ၃၇၀၀ ၂၅၀၀ ၃၅၀၀ ၃၇၀၀MIRT(DOT) ၂၆-၁၁-၂၀၁၁ မှ ၂-၁၂-၂၀၁၁ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်း များ စဉ်နယ်စပ်စခန်း ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း တရုတ် (ကျပ်) (ကျပ်) ၁။ မူဆယ် ဂါလန် 3650 3900 ၂။ လွယ်ဂျယ် ဂါလန် 4378 4352 ၃။ ချင်းရွှေဟော် ဂါလန် 4000 3500 ထိုင်း (ကျပ်) (ကျပ်) ၁။ ကော့သောင်း ဂါလန် 3825 3600 ၂။ မြဝတီ ဂါလန် 3400 3400 ၃။ တာချီလိတ် ဂါလန် 3808 3865 အိန္ဒိယ (ကျပ်) (ကျပ်) ၁။ တမူး ဂါလန် 4500 4000 ဘင်္ဂလားဒေ့ရှ် (ကျပ်) (ကျပ်) ၁။ စစ်တွေ ဂါလန် 4200 3400 ၂။ မောင်တော ဂါလန် 5000 4000
ဆောက်လုပ်ရေး လုပ်ငန်းများမှာ အဓိကအသုံးပြုနေတဲ့ မြေအုတ်များကို စပါးခွံ၊ ထင်း စသည်တို့ကို အသုံးပြု ထုတ်လုပ်ရတာကြောင့် မြေဆီလွှာ ခန်း ခြောက်မှုနဲ့ လေထုညစ်ညမ်းမှုရှိခြင်း၊ မြေအုတ် အရည်အသွေးမှာ အုတ် ၁၀၀၀ ပြုလုပ်ရင် ၁၀၀ ပျက်စီးမှုရှိခြင်း၊ အုတ်ပြတ်ခြင်း၊ အက်ကြောင်းများ အက် ခြင်း၊ တစ်ခါတစ်ရံ အုတ်ဆိုဒ်တူညီမှု မရှိတဲ့အခါ အုတ်တိုင်၊ ရေကန်၊ အဆောက်အအုံများတွင် မလှမပ သေသပ်မှုမရှိခြင်းစတဲ့ အားနည်းချက်များ အပြင် နေရာကျယ်ကျယ်၊ လုပ်သားများများ၊ မြို့နဲ့ဝေးတဲ့ တောရွာများတွင်သာ အများဆုံး ပြုလုပ်လေ့ရှိပါတယ်။ အရည်အသွေးမြင့် ကွန်ကရစ်အုတ် များကို ပြုလုပ်ရာမှာ စပါးခွံ၊ ထင်းစတဲ့ လောင်စာမလိုအပ်တာကြောင့် မြေဆီ လွှာ ခန်းခြောက်မှုနဲ့ သဘာဝပတ်ဝန်း ကျင် ထိခိုက်စေခြင်းမရှိတဲ့အပြင်၊ ကွန် ကရစ်ပြုလုပ်ရင် ပျက်စီးမှုမှာ ၁၀ လုံးခန့် သာရှိခြင်း၊အုတ်ပြတ်ခြင်း၊ အက်ကြောင်းများ အက်ခြင်းမရှိဘဲ ဘိလပ်မြေပါဝင် တဲ့အတွက် မြေကြီးအုတ်ထက် မာကျော မှုမြင့်မားခြင်း၊ အရည်အသွေးကောင်း မွန်ပြီး အချောကိုင်ရာမှာလည်း ဘိလပ် မြေကုန်ကျမှုနည်းပါးခြင်း၊ အုတ်ဆိုဒ် ပြည့်ဝပြီး၊ ဘေးမျက်နှာပြင် ညီညာတဲ့ အတွက် ညီညာတဲ့ နံရံနဲ့ လှပတဲ့ အဆောက်အအုံတို့ကို ဖန်တီးပေးနိုင်တဲ့ အားသာချက်များရှိခြင်း၊ ကွန်ကရစ် အုတ်ရိုက်စက်မှာ အလွယ်တကူ ရွှေ့ ပြောင်းနိုင်ပြီး နေရာကျယ်ကျယ်၊ လုပ် သားအင်အား များစွာမလိုအပ်ဘဲ မြို့ ပေါ်မှာပင် ကွန်ကရစ်အုတ်လုပ်ငန်းကို ပြုလုပ်နိုင်တာကြောင့် လောင်စာမလို၊ မြေကြီးမလိုတဲ့အတွက် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုကို သက်သာကြောင်း သိရှိရပါတယ်။ ရန်ကုန်၊ တောင်ဒဂုံစက်မှုဇုန်တွင် ပြုလုပ်တဲ့ ကွန်ကရစ်အုတ်ရိုက်စက် ၁ လုံး၊ တန်ဖိုးငွေကျပ် တစ်ဆယ့်ခြောက်သိန်းနဲ့ တစ်ကောင်အား ဗိုင်ဗရေတာ (Vibrator)မော်တာနှစ်လုံးကို အသုံးပြု ခြင်းဖြင့် သိပ်သည်းစေပြီး၊ ခြေနင်းလက်ဖိစနစ်ဖြင့် ကွန်ကရစ်အုတ်များကို ပြုလုပ်လျက်ရှိကြောင်း ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ လုပ်သား ၆ ဦးနဲ့ တစ်စုကို အုတ် ၂၀၀၀ ခန့်ပြုလုပ်နိုင် ကြောင်း၊ ယခုအချိန်ထိ အုတ်ရေ ၁၀၀၀၀ ခန့် ရောင်းချပြီးကြောင်း သိရ ပါတယ်။ ကွန်ကရစ်အုတ်များ ပြုလုပ်ရာမှာ မြစ်သဲ ၆ ဆ၊ ဘိလပ်မြေ ၁ ဆ ရောစပ် ပြုလုပ်ပြီး ၂၄ နာရီအခြောက်ခံ၍ ရေနဲ့တွေ့ရင် ပိုပြီးမာတဲ့အတွက် တစ်ပတ်ခန့် ရေလောင်းပေးရကြောင်း သိရပါတယ်။ ကွန်ကရစ်အုတ်ဈေးမှာ ဘိလပ်မြေဈေးနှုန်းအပေါ် မူတည်ပြီး အတက်၊ အကျရှိနိုင်သော်လည်း လက်ရှိရောင်း ဈေးမှာ အုတ်တစ်လုံးကို မြေပုံ ၆၀ ကျပ်၊ အရောက်ပို့ရင် ၇၀ ကျပ်နှုန်းရှိပြီး၊ အုတ် ရိုက်စက်ကို ကိုယ်တိုင်ပြုလုပ်ပြီး လုပ် ငန်းတိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင် ရန်ကုန်မှ အုတ်ရိုက် စက်ကိုနမူနာယူပြီး အရည်အသွေး ပိုမို ကောင်းမွန်အောင် ပြုပြင်ထုတ်လုပ်ထားတဲ့ အုတ်ရိုက်စက်တစ်လုံး ပြုလုပ် ပြီးစီး၍ ကုန်ကျစရိတ်မှာ ကျပ်ငွေ တစ် ဆယ့်ငါးသိန်းသာ ကုန်ကျမှုရှိကြောင်း၊ ပုသိမ်မြို့ မဉ္ဇူလမ်း၊ အမှတ် (B-24) တွင် M တံဆိပ် ကွန်ကရစ်အုတ်များ ပြုလုပ် ရောင်းချပေးလျက်ရှိကြောင်း အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းရှင် ဦးအောင်ကျော်မင်းမှ ပြောကြားပါ တယ်။ မင်းမင်းဦး
ရန်ကုန်မြို့မှာ ပဲအရောင်းအဝယ်ပြုလုပ်နေတဲ့ စိန်နန်းထိုက်ကုမ္ပဏီမှ ဦးဇော်ငယ်ဟာ ရင်းနှီးတဲ့ကုမ္ပဏီများနဲ့ နယ်ကုန်သည်များရဲ့ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ပြီး လိမ်လည်ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းမှာ နိုင်ငံခြားကုမ္ပဏီ တစ်ခုက ဦးဇော်ငယ်ရဲ့ဂိုဒေါင်မှာ ပဲသယ်ယူဖို့သွားရောက်စဉ် သိုလှောင်ထားတဲ့ ပဲများမရှိသလို ပိုင်ရှင် ဦးဇော်ငယ်နဲ့လည်း အဆက်အသွယ်မရရှိခဲ့ဘူးလို့သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ၎င်းနေ ထိုင်ရာ နေအိမ်သို့ပါ သွားရောက်ရှာဖွေခဲ့ရာ မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဦးဇော်ငယ်ဟာ ပုံမှန်အရောင်းအဝယ်ပြုလုပ်နေခဲ့ရာမှ လွန်ခဲ့တဲ့ တစ်လခန့်အတွင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ကို လာရောက်ရောင်းဝယ်မှုနည်းလာပြီး ပြင်ပမှာ သာ သူ့နည်းသူ့ဟန်နဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှ စုံစမ်းသိရှိ ချက်အရ ဦးဇော်ငယ်အနေနဲ့ နယ်ကုန်သည်များနဲ့ ချိတ်ဆက်ရောင်းဝယ်နေတာဖြစ်လို့ လိုအပ် ချိန်မှ ဈေးဖြတ်ယူမယ်ဆိုပြီး ယုံကြည်မှုတစ်ခုထဲနဲ့ပဲလာအပ်တဲ့ နယ်ကုန်သည်များ ဆုံးရှုံးထိခိုက် နစ်နာမှုရှိနိုင်တယ်လို့ ဆိုပါတယ်။ ရင်းနှီးတဲ့ ရန်ကုန်ကုမ္ပဏီအချို့လည်း ယုံကြည်မှုနဲ့ပဲချေးထား မှုတွေရှိနေတဲ့အတွက် အဲဒီလိုကုမ္ပဏီများလည်း ဆုံးရှုံးမှုထဲမှာပါနိုင်တယ်လို့ ကုန်စည်ဒိုင် တာဝန်ရှိသူများမှ ဆိုပါတယ်။ ယခုလို ထွက်ပြေးတိမ်းရှောင်မှုမရှိခင် ယခင်တစ်ပတ်ခန့်ကလည်း ရန်ကုန် ကုန်သည်အချို့ကို ပဲဖိုးချက်လက်မှတ်များ ထုတ်ပေးခဲ့ရာ ယင်းချက်လက်မှတ်များမှာ ဘဏ်သို့ သွားရောက်ထုတ်ယူရာမှာ ငွေမရှိတော့လို့ ထုတ်မရဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ ဘုရင့်နောင်ကုန်စည်ဒိုင် တာဝန်ရှိသူများမှ စုံစမ်းလျက်ရှိနေပြီး လက်ရှိအချိန်ထိတော့ အဆက်အသွယ်မရရှိသေးဘူးလို့ ဆိုပါတယ်။ ဘုရင့်နောင် ကုန်စည်ဒိုင် တာဝန်ရှိသူများအနေနဲ့ ဆုံးရှုံးနစ်နာတဲ့ ရရန်ရှိကုန်သည်များကို လည်း အထောက်အထားများနဲ့ စာရင်းစုစည်းလျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ စာရင်းပြုစုဆဲဖြစ်လို့ ဆုံးရှုံးမှုအတိအကျကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ ပဲလုပ်ငန်းရှင်အသင်းသားများ ထိခိုက်နစ်နာမှုမရှိရအောင် ကုန်စည်ဒိုင်တာဝန်ရှိသူများအနေနဲ့ ရရှိတဲ့သတင်းအချက်အလက် များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သည်/စက်မှုအသင်းချုပ်နဲ့ မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းကို အချိန်နဲ့တစ်ပြေးညီတင်ပြနေတယ်လို့ သိရပါတယ်။ ပဲလောကမှာ ၂၀၀၈ ခုနှစ် ဖြစ်စဉ်မှာလည်း အထက်ဖော်ပြပါ ဖြေရှင်းတဲ့နည်းလမ်းများနဲ့ ညှိနှိုင်းဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင်မှာ ခိုင်မာတဲ့စာချုပ် ချုပ်ဆိုရောင်းဝယ်ခြင်း မရှိဘဲ လေရောင်းလေဝယ်ရောင်းနဲ့ ပဲရောင်းဝယ်မှုကို ပြုလုပ်ခဲ့ကြတဲ့အတွက် ပဲလုပ်ငန်းရှင် တချို့မှာ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ပြီး လုပ်ငန်းရှင် တော်တော်များများ မှာလည်း ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း သိရပါတယ်။ ယခုလို ပဲအရှုပ်အရှင်းကိစ္စကို ဖြေရှင်းရာမှာ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဖွဲ့စည်းထားတဲ့ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာကော်မတီမှ ဦးဇော်ငယ်နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ ကုန်သည်များရဲ့ ရရန် ပေးရန် စာရင်းများကို အရင်ဆုံးပြုစုကောက်ခံသွားရမှာဖြစ်ပါတယ်။ အဲဒီ နောက်မှာ ကာယကံရှင်ရဲ့ ပိုင်ဆိုင်ပစ္စည်းဥစ္စာတန်ဖိုးနဲ့ ပေးရန်၊ ရရန်ရှိပမာဏတို့ကို အချိုးကျခွဲေ၀ ညှိနှိုင်းပေးလျော် ဖြေရှင်းခြင်းနည်းလမ်းဖြစ်ပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်ဖြေရှင်းခြင်းအပေါ် မကျေလည်မှုရှိပါက ကုန်သည်/စက်မှုအသင်းချုပ်ရဲ့ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ကော်မတီကို ထပ်မံတင်ပြပြီး၊ ယင်းကော်မတီမှ အလားတူ ပေးရန် ရရန်စာရင်းနဲ့ ပိုင်ဆိုင်ပစ္စည်းတန်ဖိုးကို ညှိနှိုင်းပေးလျော်ဖြေရှင်းဖို့ပဲဖြစ်ပါတယ်။ ဒါဟာဆိုရင် ကုန်သည်အချင်းချင်းကြား ဖြစ်ပွားတဲ့ ပြဿနာကို ကုန်သည်များမှ ဖြေရှင်းခြင်းပဲဖြစ်ပါတယ်။ ဒီလိုဖြေရှင်းမှုများအပေါ်မှာမှ ကျေနပ်မှု မရှိဘူးဆိုရင် ကာယကံရှင်တွေက သက်ဆိုင်ရာမြို့နယ်ရဲစခန်းနဲ့ တရားရုံးတွေကတစ်ဆင့် နောက် ဆုံးအဆင့်အနေနဲ့ ဖြေရှင်းခြင်းပဲဖြစ်ပါတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။ ယမင်းခင်
ဒီတစ်ပတ်တန်ချိန် ငါးရာကျော်တင်သွင်း သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း နို့ဆီ၊နို့စိမ်းတန်ချိန် ၅၁၃ ဒသမ ၁၁ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိုကေတံဆိပ် နို့ဆီတန် ချိန် ၄၀၈ ဒသမ ၁၉ နဲ့ ဒွန်းနို့စိမ်းတန် ချိန် ၁၀၄ ဒသမ ၉၂ တန် မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် နှစ်ရာ့ခြောက်ဆယ်ကျော် တင်သွင်းခဲ့တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အရင် တစ်ပတ်တန်ချိန်ထက် တစ်ဆကျော်ပိုမို ပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းက ယခင်သီတင်းပတ်တန်ချိန် အတိုင်း ၁၀၄ ဒသမ ၉၂ တန် တင် သွင်းခဲ့ပါတယ်။ ဒါကြောင့် ယခင်တစ်ပတ်က နို့ဆီ၊ နို့စိမ်းစုစုပေါင်း တန်ချိန် သုံးရာ့ခြောက်ဆယ်ကျော် တင်သွင်းခဲ့ ပေမဲ့ ဒီတစ်ပတ်မှာယခင်တစ်ပတ်ထက် တန်ချိန် တစ်ရာ့လေးဆယ်ကျော် ပိုမို တင်သွင်းနိုင်တာ တွေ့ရပါတယ်။ နို့မှုန့်က သြစတြေးလျ၊ ထိုင်း၊ စင်ကာပူနဲ့ ဂျပန်စတဲ့နိုင်ငံစုံက မှာယူတင် သွင်းခဲ့တာ တန်ချိန် ၅၆ ဒသမ ၁၈ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာ နို့မှုန့်အဝင်လျော့နည်းပြီး တင် သွင်းခဲ့ပါတယ်။MIRT (DOT) နို့ဆီအသွင်းပို၊ နို့စိမ်းပုံမှန်သွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၁၇၅၀၀ တန်ဖိုးရှိ နို့ဆီ ၁၈ ဒသမ ၉၆ တန် (၁၀၀၀ တာ)နဲ့ ကန်ဒေါ်လာ ၅၂၅၀ တန်ဖိုးရှိ နို့စိမ်း ၅ တန် ကျော် (၃၀၀ တာ) ကို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက နို့ဆီ ၄ တန်ခန့် (တာ ၂၀၀) အသွင်းပိုခဲ့ပြီး နို့စိမ်းတင်သွင်း မှုကတော့ ယခင်အပတ်ကထက် တန် ၅၀ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း (နို့ဆီ) ၆၈၀ ၇၀၀ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀အိုကေ(နို့ဆီ) ၆၅၀ ၆၇၅အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅Lucky Cow ၅၈၀ -(နို့စိမ်း)MIRT(DOT)
ဘိလပ်မြေတန်ချိန် ခြောက်သောင်းကျော်ဝင် ဒီသီတင်းပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၆၃၅၅၅ ဒသမ ၂၁ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခုနှစ်သိန်း ကျော်ဖိုးကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ဘိလပ်မြေက ထိုင်းနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေနဲ့ အခြားတံဆိပ်ဘိလပ်မြေတန်ချိန် ၅၅၄၉၃ ဒသမ ၇၈ ၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၁ ဒသမ ၄၃ နဲ့ စင်ကာပူနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၈၀၅၀ ကို တင်သွင်းခဲ့ပါတယ်။ ဒါကြောင့် ဒီသီတင်းပတ်မှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေကို အများဆုံးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် တန်ချိန် သုံးသောင်း နီးပါး သွင်းအားကောင်းကောင်းနဲ့ တင်သွင်းခဲ့တဲ့ဘိလပ်မြေက ဒီတစ်ပတ်မှာ ပိုမို အားကောင်းစွာနဲ့ တင်သွင်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၁၀၀၀ ကျော် ယခင်အပတ်ထက်အသွင်းပို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း များဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ ချင်းရွှေဟော်နဲ့ မောင်တော နယ်စပ် များမှ ကန်ဒေါ်လာ သုည ဒသမ ၂၁၁ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၁၅၈ တန် ခန့်အသွင်းရှိခဲ့ရာ ယခင်အပတ် တင်သွင်းမှုထက် ၁၀၄၆ တန် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းတဲ့ ပမာဏတွေကတော့ ကန်ပိုက်တီးမှ ၁၀၃၀ တန်၊ တာချီလိတ်မှ ၉၂၅ တန်ခန့်၊ မြိတ်မှ ၁၁၇ တန်ခန့်၊ ချင်း ရွှေဟော်မှ တန် ၅၀ နဲ့ မောင်တောမှ ၃၆ တန် အသီးသီးတင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၄၆၅၀ ၄၆၅၀ (လက်ကား) ဘိလပ်မြေ (စိန်) ၄၆၀၀ ၄၆၀၀ ဘိလပ်မြေ (မောင်းတိန်း) ၄၃၅၀ ၄၃၅၀ မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၀၀ ၅၇၀၀ ဘိလပ်မြေ (AAA) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(မြန်မာဆင်) ၅၃၀၀ ၅၂၀၀ ဘိလပ်မြေ(ဆင်မင်း) ၄၈၀၀ ၄၅၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၂၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၅၀၀၀ ၄၇၀၀ ပဲခူးတိုင်းဒေသကြီး ဘိလပ်မြေ(ကြံ့) မြိုင်ကလေး ၄၂၀၀ ၄၂၀၀ ဘိလပ်မြေ(ဆင်)ထိုင်း ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(စိန်) ထိုင်း ၅၂၀၀ ၅၂၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၅၀၀ ၄၅၀၀ တောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၇၀၀ ၆၆၀၀ ဘိလပ်မြေ(ခြင်္သေ့) ၅၃၀၀ ၅၃၀၀ ဘိလပ်မြေ(ကျားခေါင်း) ၅၅၀၀ ၅၅၀၀ ဘိလပ်မြေ(နဂါး) ၅၂၀၀ ၅၃၀၀ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၄၀၀ ၅၄၀၀ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၃၅၀၀ ၃၅၀၀ ဘိလပ်မြေ(စိန်)ထိုင်း ၅၃၀၀ ၅၃၀၀ မကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၀၀ ၅၄၀၀ ဘိလပ်မြေ(မြင်းခေါင်း) ၄၃၀၀ ၄၂၀၀ MIRT (MAPT)
ဘူဂေးရီးယား၊ နယ်သာလန်နှင့် ဗီယက်နမ်မှ မြေသြဇာဝင် နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၅၉၆ ဒသမ ၆၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းနီးပါးဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ အာမိုမြေသြဇာ ၆၀ တန်နဲ့ အမိုင်နိုအက်ဆစ် သုည ဒသမ ၃၅ တန်၊ ဘူဂေးရီးယားမှ မြေသြဇာ တန်ချိန် ၁၀၀၊ နယ်သာလန်မှ ကွန်ပေါင်းမြေသြဇာ ၇၅ တန်၊ ဗီယက်နမ်နိုင်ငံမှ မြေသြဇာ ၃၀၇ ဒသမ ၅၀ တန်၊ မလေးရှားနိုင်ငံမှ မြေသြဇာ ၃ ဒသမ ၇၅ တန် နဲ့ တရုတ်နိုင်ငံမှ မြေသြဇာတန်ချိန် ၅၀ အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်တန်ချိန် တစ်ထောင့်လေးရာကျော်တင်သွင်းနိုင်ပေမဲ့ ဒီသီတင်းပတ်မှာ ခြောက်ရာနီးပါးသာ တင်သွင်းနိုင်ခဲ့လို့ ဒီတစ်ပတ်ဓာတ်မြေသြဇာအဝင်က ယခင် တစ်ပတ်ထက် အဝင်အားလျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ဓာတ်မြေသြဇာ တန် ၁၇၀၀၀ ကျော်သွင်း နယ်စပ်ကုန်သွယ်ရေးစခန်များဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ ရိဒ်နဲ့ မောင် တောနယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၅၃၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၇၅၂၇ တန်ကို နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် တန်ချိန် ၅၈၈၉ တန်ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းတဲ့ ပမာဏများကတော့ မူဆယ်မှ ၁၇၀၇၁ တန်၊ ရိဒ်မှ ၂၆၄ တန်ကျော်၊ မောင်တောမှ ၁၄၆ တန်ကျော်နဲ့ ကော့သောင်းမှ ၄၅ တန် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ တီစူပါ၊ Sulphur Coated Urea ၊ ကွန်ပေါင်း (၁၀း၁၀း၅) နဲ့ (၁၅း၅း၅) ၊ ၁၅း ပတ်လည်နဲ့ အမိုးနီး ယမ်းနိုက်တြိတ်တို့ဖြစ်ပြီး ရိဒ်မှ ယူရီးယား၊ ကော့သောင်းနဲ့ မောင်တောတို့မှ အမိုးနီးယမ်း နိုက်တြိတ်တို့ တင်သွင်းကြတာ ဖြစ်ပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ပြောင်းလဲမှုယခုအပတ် ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(ရွှေတောင်-တရုတ်) ၂၃၀၀၀ ၂၂၀၀၀ ယူရီးယား(နေရွက်လှေ-တရုတ်) - ၂၂၀၀၀ -- ပိုတက် (ကနေဒါ) - ၂၈၅၀၀ ပိုတက် (ထိုင်း) ၃၈၀၀၀ ၃၈၀၀၀ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်)၂၀၆၀၀ ၂၀၆၀၀ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၆၀၀ ၂၀၆၀၀ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၀၀၀ ၂၈၀၀၀ အာမို(ဒိုင်းမွန်းစတား) ၃၇၀၀၀ ၃၇၅၀၀ ပဲခူး ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀ ၂၂၀၀၀ ယူရီးယား (ပုလဲ-ပန်းဖူး) ၂၂၅၀၀ ၂၂၅၀၀ တောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၀၅၀၀ ၂၁၀၀၀ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁၅၀၀ ၂၁၅၀၀ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)၂၀၅၀၀ ၂၀၅၀၀ တီစူပါ-(တရုတ်) 12% ၁၀၀၀၀ ၁၀၅၀၀ တီစူပါ-(တရုတ်) 16% ၁၀၅၀၀ ၁၀၀၀၀ တီစူပါ 15:15:15 (တရုတ်) ၃၄၀၀၀ ၃၇၀၀၀ တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀ ၁၆၅၀၀ ပိုတက် (တရုတ်)၂၅၀၀၀ ၂၃၅၀၀၀ ဓာတ်ဆား (တရုတ်) ၁၈၀၀၀ ၁၈၀၀၀ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၀၀၀ ၂၃၀၀၀ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆၅၀၀ ၃၆၅၀၀ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၁၅၀၀ ၃၁၅၀၀ ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8 ၃၁၀၀၀ ၃၁၀၀၀ တီစူပါ (တရုတ်) သံကွင်း 46% ၂၈၅၀၀ ၂၈၅၀၀ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၀၀၀ ၁၃၀၀၀ MIRT (MAPT)
Energy NYMEX Energy NYMEX 25-11-2011 Price Change Change% Brent Crude Futr (USD/bbl) 107.59 -0.19 -0.18 Gas Oil Fut (ICE) (USD/MT) 940.00 -0.75 -0.08 Gasoline Rbob Fut (Cent/gal) 297.63 1.72 0.58 Heating Oil Futr (Cent/gal) 3.46 0.00 0.00 Natural Gas Futr (USD/MMBtu) 251.84 0.07 0.03 WTI Crude Future (USD/bbl.) 96.51 0.34 0.35