Main menu

Background

Monday, 19 Dec 2011

      World Gold Price         November 2011 (USD/OZ) Date NY LandonZurich   12 1695  1689  1692  13 1654  1655  1658  14 1637  1636  1637  15  1561  1564   1565  16 1586   1589  1592      Domestic Gold Price                     Kyats(Thousand) Date Yangon Mandalay  12-11-2011 716.70  716.50  13-11-2011 708.50  708.10  14-11-2011 704.00   703.50  15-12-2011  687.00  686.00  16-12-2011 691.50  690.50 

Monday, 19 Dec 2011

    Currency Exchange Rate                           December 16, 2011                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars       1.00 BDT Bangladesh Taka  77.05 CAD Canada Dollars        1.03 CNY China Yuan Renminbi   6.38 EUR Euro    0.77 HKD Hong Kong Dollars   7.78 INR India Rupees   52.61 IDR Indonesia Rupiahs   9025.00 JPY Japan Yen    77.88 MYR Malaysia Ringgits     3.18 PKR Pakistan Rupees   89.55 PHP Philippines Pesos    43.88 RUB Russia Rubles    31.80  SGD Singapore Dollars   1.30 KRW South Korea Won  1155.65 LKR Sri Lanka Rupe    113.66 THB Thailand Baht    31.36 GBP United Kingdom Pounds    0.64  VND Vietnam Dong      21010.00 Source : xe.com

Sunday, 18 Dec 2011

     ဥရောပသမဂ္ဂအနေနဲ့ ဒေသတွင်းကြွေးမြီပြဿနာကို ထိန်းချုပ်နိုင်မယ့် အလားအလာ မရှိဆိုတဲ့ စိုးရိမ်ပူပန်မှုပိုလာခြင်း၊ အီရန်မှ OPEC အဖွဲ့ဝင်နိုင်ငံတွေကို ရေနံထုတ်လုပ်မှု လျှော့ချဖို့ မေတ္တာရပ်ခံလိုက်ခြင်းတို့ကြောင့် ယခင်အပတ်ကတည်းက ကျဆင်းသွားတဲ့ ရေနံ စိမ်းဈေးနှုန်းတွေက ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်လက်ကျဆင်းလာတယ်။ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးမှာ ဇန်နဝါရီလ အရောက်ပို့ရမယ့် ရေနံစိမ်း (WTI Oil) က တစ်စည်ကို ၃၇ ဆင့်ကျဆင်းကာ ၉၉ ဒသမ ၀၄ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။

Sunday, 18 Dec 2011

ဇယား(၁)           စွမ်းအင်ဝန်ကြီးဌာနမှ ပုဂ္ဂလိက လုပ်ငန်းရှင်များသို့  ရန်ကုန်မြို့၌ ပြည်တွင်းထုတ် ဓာတ်ဆီကို  အထိုင်ဈေး တစ်ဂါလန်လျှင် ၃၀၀၀ိ/-ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဆိုပါက  နိုင်ငံတော်အတွင်း မြို့ကြီးအချို့ရှိ ပုဂ္ဂလိကအရောင်းဆိုင်များမှ  ပြန်လည်ရောင်းချသင့်သည့် တစ်ဂါလန် ခန့်မှန်းရောင်းဈေးနှုန်း(ကျပ်) ဇယား(၂)မြို့ကြီးအချို့ရှိ ပုဂ္ဂလိကအရောင်းဆိုင်များ၏ ပြည်တွင်းထုတ် ဓာတ်ဆီနှင့် ၉၂ ျွသည ဓာတ်ဆီတစ်ဂါလန် ရောင်းဈေးနှုန်းများနှင့် ယခုလက်ရှိဖြစ်ပေါ်နေသည့် တစ်ဂါလန် ပြင်ပပေါက်ဈေးနှုန်းများ အခြေအနေ(ကျပ်)

Sunday, 18 Dec 2011

           ငွေကြေးသည် တိုင်းပြည်စီးပွားရေး၏ ကျန်း မာရေးအခြေပြ ဘာရိုမီတာဟုဆိုပါလျှင် အိန္ဒိယ စီးပွားရေးမှာ အကြီးအကျယ်ဖျားနာနေပြီဟု ဆိုရ လိမ့်မည်။  ကုန်ခဲ့သည့် ဧပြီလအထိမှာ တစ် ဒေါ်လာ ၄၄ ရူးပီးဖြင့် အတော်အသင့်အခြေခိုင်စွာ အရောင်းအဝယ် ဖြစ်ခဲ့ကြသည်။ လွန်ခဲ့သည့်နှစ် တွင် လုံးလုံးခဲခဲ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ မုတ်သုံမိုး ကိုလည်း လုံလောက်စွာရရှိခဲ့သည်။ စတော့ဈေး ကွက်မှာလည်း အခြေအနေကောင်းနေခဲ့သည်။

Sunday, 18 Dec 2011

နို့ဆီ/နို့စိမ်း တန် ၅၀၀ ကျော်ဝင်    ဒီသီတင်းဖြစ်တဲ့ ဒီဇင်ဘာ ၄ ရက် မှ ၁၀ ရက်တာ ကာလအတွင်း နို့ဆီ ၂၃၆ ဒသမ ၀၇ တန်နဲ့၊ နို့စိမ်း ၃၀၄ ဒသမ ၇၆ တန် စုစုပေါင်းတန်ချိန် ၅၄၀ ဒသမ ၈၃ တန်ဖိုးအားဖြင့်  ကန် ဒေါ်လာ ငါးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ OK တံဆိပ် နို့စိမ်းနဲ့ DAWN တံဆိပ်နို့ဆီ ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင် သီတင်းပတ် အဝင်ပျောက်ခဲ့တဲ့ နို့စိမ်း က ဒီသီတင်းပတ်မှာ အားကောင်းစွာနဲ့ ဝင်လာတာ တွေ့ရပါတယ်။  ယခင် သီတင်းပတ် တန်ချိန် တစ်ရာ့သုံးဆယ် ကျော်အဝင်ရှိခဲ့တဲ့ နို့ဆီက ဒီတစ်ပတ် မှာ တန်ချိန် တစ်ရာ့ခုနစ်ဆယ်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် နို့ဆီ/နို့စိမ်းအဝင် စုစုပေါင်းတန်ချိန်နဲ့ ကြည့်မယ်ဆိုရင် ဒီတစ်ပတ်မှာ ယခင် အပတ်ထက် တန်ချိန် သုံးရာ့ခုနှစ်ဆယ် ကျော်လောက် အဝင်ပိုခဲ့ပါတယ်။နို့မှုန့်က ဒီတစ်ပတ်မှာ စပိန်၊ USA၊ နယူးဇီလန်နဲ့ ထိုင်းနိုင်ငံတို့မှ မှာယူတင် သွင်းခဲ့ပါတယ်။ ဝင်လာတဲ့တန်ချိန်များ မှာ ၃၃ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ  တစ်သိန်းခုနစ်သောင်း နီးပါးဖိုးဖြစ်ပါတယ်။ ယခင်သီတင်းပတ်  တန်ချိန် တစ်ရာ့လေးဆယ်ကျော် အဝင် ရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာ သုံးဆယ့်သုံး တန်ကျော်သာ အဝင်ရှိခဲ့လို့ ဒီသီတင်း ပတ်မှာ နို့မှုန့်အဝင် လျော့နည်းခဲ့ပါ တယ်။              MIRT (DOT)နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းရှိဒီဇင်ဘာ  ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၃၇၀၀ တန်ဖိုးရှိ နို့ဆီ ၃ ဒသမ ၇၉ တန် (တာ-၂၀၀) နဲ့ ကန် ဒေါ်လာ ၆၈၃၀၀ တန်ဖိုးရှိ နို့စိမ်း ၇၂ တန်(တာ-၃၈၀၀)အသွင်းရှိခဲ့ရာ ယခင် အပတ်ကထက် နို့ဆီ ၁၁ တန်ကျော်နဲ့ နို့စိမ်း ၆၂ တန်ကျော်  တင်သွင်းမှု လျော့နည်းခဲ့တယ်လို့  သိရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၈၈၂၆၀ ကျော် တန်ဖိုးရှိ နို့မှုန့် ၃၁ တန်အသွင်းရှိခဲ့ပြီး ယခင် အပတ်ကတော့ နို့မှုန့်တင်သွင်းခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။ ကော့သောင်း နယ်စပ်မှာ နို့ဆီ ၁ တာကို ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်း ၁ တာ၂၇၈၄၀ ကျပ် ဈေးပေါက်တယ်လို့ သိရပါတယ်။ MIRT (DOBT)ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး  လက်လီ ဈေးတွေကတော့    အောက်ပါအတိုင်း ဖြစ်ပါတယ်-    နို့ဆီလက်လီဈေး               ကျပ်/တစ်ဘူး                        ရန်ကုန်     မန္တလေး     ဒွန်း (နို့ဆီ)      ၆၈၀        ၇၀၀            ဒွန်း (နို့စိမ်း)    ၆၄၀        ၆၅၀    ဝမ်းတီးနို့ဆီ     ၇၀၀       ၇၀၀    အိုကေ(နို့ဆီ)    ၆၅၀       ၆၇၅    အိုကေ(နို့စိမ်း)   ၆၅၀      ၆၇၅MIRT(DOT) 

Sunday, 18 Dec 2011

ထိုင်းဘိလပ်မြေတန်ချိန် နှစ်သောင်းနီးပါးဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း တန်ချိန် ၁၉၃၄၅ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခြောက် သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ထိုင်းနိုင်ငံထုတ် ဘိလပ် မြေတစ်မျိုးသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၇၄၀၀ နဲ့ တခြားတံဆိပ်ဘိလပ်မြေက တန်ချိန် ၁၁၉၄၅ တင်သွင်းခဲ့ပါတယ်။

Sunday, 18 Dec 2011

ဒီတစ်ပတ် မြေသြဇာအဝင်အေးဒီသီတင်းပတ်ဖြစ်တဲ့  ဒီဇင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၁၀ ရက်ကာလအတွင်း ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဓာတ်မြေသြဇာ တန်ချိန် ၇၃၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းရှစ်သောင်းကျော်ဖိုး တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဘူဂေးရီးယားနိုင်ငံမှ မြေသြဇာတန်ချိန် ၂၅၀ နဲ့ တရုတ်နိုင်ငံမှ အာမိုဓာတ်မြေသြဇာ တန်ချိန် ၅၀၀ တို့ဖြစ်ပါတယ်။

Sunday, 18 Dec 2011

   ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ အနေနဲ့ ဒေသတွင်း  ကြွေးမြီအကျပ် အတည်းကို ထိန်းချုပ်ဖို့ ကြိုးစားရုန်း ကန်နေရဆဲဖြစ်ရာ ကမ္ဘာ့ရေနံစိမ်း ဝယ် လိုအား လျော့ကျသွားဦးမယ်လို့ ခန့်မှန်း လာကြတယ်။ ဒါကြောင့် ဒီဇင်ဘာ ၉ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ကျ ဆင်းသွားခဲ့တယ်။  နယူးယောက် ကုန် စည်ရောင်းဝယ်ရေးမှာ  ဇန်နဝါရီလ အရောက်ပို့ရမယ့်ရေနံစိမ်း(WTI Oil)    က တစ်စည်ကို ၇၅ ဆင့်ကျဆင်းကာ ၉၇ ဒသမ ၅၉ ဒေါ်လာအထိ ရောက် ရှိသွားတယ်လို့ သိရတယ်။

Sunday, 18 Dec 2011

      စက်မှုဝန်ကြီးဌာနမှရောင်းချသည့် ချယ်ရီမီနီဆလွန်းကားများ အဝယ်လိုက် မှုကြောင့် ဒေါ်လာဈေးများ တက်လာရကြောင်း သိရသည်။ နိုင်ငံခြားငွေလဲလှယ် ရေးစင်တာများတွင် လူတစ်ဦးလျှင် ဒေါ်လာ ၅၀၀ သာ လဲလှယ်ခွင့်ရှိခြင်းကြောင့် ပြင်ပဒေါ်လာဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ်များမှာ ယခင်ကထက် ပိုမို အလုပ်ဖြစ်လာကြောင်းလည်း သိရသည်။

Pages