Main menu

Background

Wednesday, 6 Apr 2016

         သာယာဝတီခရိုင်အတွင်းရှိ တောင်သူလယ်သမားများသည် မိုးစပါးစိုက်ပျိုးရာမှ ထွက်ရှိသည့် စပါးတင်း ၁၀၀ ကို ၆၁၆၄၀၀ ကျပ်ဈေးရရှိကြပြီး၊ ဆောင်းရာသီတွင် ဆောင်းသီးနှံမတ်ပဲကို မိုးစပါးရိတ်ပြီးလျှင်ပြီးခြင်း မြေအစု ဓာတ် အမီစော၍ စိုက်ပျိုးခဲ့သည့်တောင်သူများ ယခုအချိန်တွင် မတ်ပဲများ ထွက်ပေါ်နေပြီဖြစ်သောကြောင့် မတ်ပဲတစ်တင်း ပေါက်ဈေး ၄၇၂၀၀ ကျပ်နဲ့ ယခင်နှစ်ကထက် ဈေးကောင်းရရှိ နေပြီဖြစ်ပါတယ်။

Wednesday, 6 Apr 2016

          Myanmar International Gems, Jewellery & Watch Expo 2016 ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ  ( Gems Trade Center) တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန် မာနိုင်ငံ ကျောက်မျက်ရတနာရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ  ဦးယုံမူ၊ အတွင်းရေးမှူး ဦးထွန်းလှအောင်၊  မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေ ဆိုင်)၊Asia Concent Co.,Ltd နှင့် ဖိတ်ြ ကားထား သော ဧည့်သည်များတက်ရောက်ကြပါသည်။

Tuesday, 5 Apr 2016

         ၂၀၁၅ခုနှစ် နိုဝင်ဘာအတွင်း အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ် ကင်းရှင်းရေးနှင့်စစ်ဆေး ရေးလုပ်ငန်းမှ ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံသို့ ငါးခူ အပါအဝင် ငါးခူမျိုးစိတ်များတင်သွင်းမှုနှင့် စပ်လျဉ်းသည့် စည်းမျဉ်း သတ်မှတ်ချက်များသည် ၂၀၁၆ခုနှစ် မတ်လတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အဆိုပါနေ့ရက်မှစ၍ အသွင်ကူးပြောင်းရေး ကာလစတင်မည်ဖြစ်ကာ အချိန်၁၈ လရရှိမည် ဖြစ်ပါသည်။ အဆိုပါ နေ့ရက်မှစ၍  catfish  အပါအဝင် ငါးခူ  (Siluriformes) ငါးမျိုးစိတ်ဝင်ဆိုင်ရာ စစ်ဆေးမှုကို အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲမှုဌာန(FDA)မှ ဆောင်ရွက်ခြင်းပြုတော့မည် မဟုတ်ဘဲ၊  အမေရိကန်နိုင်ငံ အစားအစာ ဘေး အန္တရာယ်ကင်း

Tuesday, 5 Apr 2016

           မုံရွာကုန်စည်ဒိုင် မတ်လကုန် ပတ် ပဲဈေးကွက်မှာ အဓိက Export ပဲတွေထဲက ငုံနီနဲ့မတ်ပဲတို့ ဈေးမာခဲ့ကြ ပြီး၊ ပြည်တွင်းသုံး လိုအပ်ချက်မြင့်မားတဲ့ ကုလားပဲမျိုးစုံကလွဲရင် ကျန်ပဲတွေ ဈေး အေးခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါ တယ်။ ယခုတစ်ပတ် ငုံနီဈေးကွက်မှာ ကုန်သည်လှောင်လက်ထက်  နယ် တောင်သူပဲတွေ  အဝင်ရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကာ    တစ်ရက် အိတ် ၁၀၀၀ မှ ၁၅၀၀ ဝန်းကျင်အထိဖြစ် ခဲ့ပြီး၊ တစ်တင်း ၄၆၆၀၀ ကျ ပ်အထိ ဈေး မာခဲ့တာ တွေ့ရပါတယ်။ မတ်ပဲဈေးကွက်မှာလည်း နယ်အဝင်နဲ့ကုန်သည်အရောင်းပုံမှန်ဖြစ်ခဲ့လို့ တစ်ရက်အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၄၉၀၀၀ ကျပ်အထိ အ

Tuesday, 5 Apr 2016

  မတ်လကုန်သီတင်းပတ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနှံများ ဝင် ရောက်မှုများတဲ့အတွက် အိတ် ၃၀၀ ကျော်အထိ ဝင်လာခဲ့တာကို  တွေ့ရပါတယ်။ ဖေဖော်ဝါရီလမှစ၍ ပဲသစ်များ ဝင်ရောက်ခဲ့ပြီး၊ ၎င်းလအတွင်း ပဲ နီပြားေ ဈးနှုန်းမှာ ၃၄၅၀၀ ကျပ်အထိ ရရှိခဲ့တဲ့အတွက် အခြားလက်လီပဲများထက်လည်း ဈေးပိုရလာခဲ့ တယ်လို့ သိရပါတယ်။ မတ်လမှာတော့ ပဲအဝင်များလာတဲ့အတွက် ပဲဈေးမှာ ဈေး ပြန်လျော့သွားပြီး ကျပ်သုံးသောင်းအောက်သာ  ရရှိခဲ့ ကာ ယခုရက်ပိုင်းမှာလည်း ဈေးအလျော့နဲ့ ဆက်လက်အဝယ်ရှိလို့ တစ်တင်း ၂၁၀၀၀ ကျပ်ရရှိခဲ့ပြီး လှောင် လက်များ ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ လက်လီသမားလည်း အဝယ်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။

 

Tuesday, 5 Apr 2016

          မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ မတ် ၁၉ ရက်မှ ၂၅ ရက် အထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၈၂၉ သန်းဖိုးရှိ  ဆန်တန်ချိန် ၁၀၄၆၉ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၇၆၆၀ တန်ခန့်၊ ဧည့်မထဆန် တန် ၈၀၀၊ ၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် တန် ၂၀၀၀ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်  တင်ပို့မှုထက် ၄၁၈၆ တန် ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၁၁ သန်းဖိုးရှိ ဆန်ကွဲ ၁၂၆၅ တန်တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၇ တန် လျော့နည်းခဲ့ပါတယ်။

Friday, 1 Apr 2016

အောင်ပန်းဈေးကွက်မှာ ချင်း(အသစ်) တွေ ပုံမှန်အဝင်ရှိနေပါတယ်။ ဒီတစ် ပတ်မှာတော့ မျိုးချင်းတွေပိုပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အချို့ တောင်သူတွေက ပြန်စိုက်ဖို့ အတွက်  မျိုးချင်းတွေကို ဝယ်နေလို့ အရောင်းသွက်နေ တယ်လို့  သိရပါတယ်။ ဈေးပတ်သမားများကလည်း ပုံမှန်အဆွဲရှိနေပါတယ်။ နထစသမအ  အဆွဲမရှိသေးပေမယ့် အလှူပွဲရာသီဖြစ်လို့ အရောင်းသွက်နေပြီး အဝင်ရှိ သလောက် အရောင်းဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေးက တော့ ချင်း (ညံံ့စ) က တစ်ပိဿာ ၃၅၀ ကျပ်၊ ပုံမှန်စတွေက တစ်ပိဿာ  ၄၀၀ ကျပ်၊ မျိုးချင်းတွေက တစ်ပိဿာကို ၅၀၀ ကျပ်-၅၅၀ ကျပ်ဈေးရှိပါတယ်။ ဈေးပတ်သမား တွေလည်း ပုံမှန်အဆွဲရှိနေတာကြောင့် ဒီတစ်ပတ်ထဲမှာ အရ

Friday, 1 Apr 2016

ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဆောင်းပဲများ လှိုင်လှိုင်ဝင်ရောက်ရှိရာ၊ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲသီးနှံများ ဝင်ရောက်မှုများပြီး ပဲတီစိမ်းသီးနှံမှာ ပဲ အဝင်နည်းသွားပြီလို့ သိရပါတယ်။ ပြည်အနီး တစ်ဝိုက် နယ်စုံ မှ ဝင်ရောက်ခဲ့ကာ  အရောင်းအဝယ်ဖြစ်မှုကတော့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံကို ရန်ကုန်ဝယ်လက်မှဝယ်ယူနေသလို ကုလားပဲ နှင့် ပဲကြီးသီးနှံများကတော့ ဒေသတွင်း ဝယ်လက်များ အဓိက ထား အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။  ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်က ဝယ်ယူပြီး လက်ကျန်ပဲအနည်းငယ်သာ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့အတွက် အိတ် ၁၀၀ ကျော်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မတ်ပဲသီးနှံမှာ

Pages