Main menu

Background

Friday, 1 Apr 2016

 ရန်ကုန်မြို့  ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  မတ် ၂၅ ရက် လက်ကားဆန်ဈေးနှုန်းများမှာ  ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ၃၃၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်သီတင်းပတ်ထက် ထိပ်စ၊ လတ်စ တစ်အိတ် ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့်လာပါတယ်။ မြောင်းမြ၊ ပုသိမ်ပေါ် ဆန်းဆန်ထိပ်စ တစ်အိတ် ၃၅၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်လို့  ယခင်တစ်ပတ်ထက် ထိပ်စ ၊ လတ်စ တစ်အိတ်ကို ၅၀၀ ကျပ်ခန့်စီ မြင့် တက်လာပါတယ်။ နယ်စုံ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ၃၂၅၀၀ ကျပ်၊ လတ်စတစ် အိတ် ၃၁၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့ ဈေးနှုန်းနှိုင်းယှဉ် ကြည့်ပါက  ထိပ်စ၊ လတ်စ တစ်အိတ်ကို ၁၀၀၀ ကျပ်ခန့်စီ ဈေးမြင့် လာကြောင်း တွေ့ရပါတယ်။ရွှေဘိုပေါ်ဆန်းဆန

Friday, 1 Apr 2016

  အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီ ကွန်ဆက်သွယ်ရေးကိရိယာနဲ့ စမတ်ဖုန်း ထုတ်လုပ်သူZTE  ကော်ပိုရေးရှင်းအား    ပို့ကုန်ကန့်သတ်မှုများကို အမေရိကန်   ပြည်ထောင်စုက ချမှတ်ခဲ့ပါတယ်။ ဒါပေ မဲ့ အစိုးရက အဆိုပါကန့်သတ်ချက်များကို ယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန်    စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးရဲ့    ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြ ပါတယ်။

Thursday, 31 Mar 2016

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မတ် ၁၂ ရက်မှ ၁၈ ရက်တာ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၆၃၁၆၀ တန်ဖိုးရှိ ကြက် သွန်နီ ၁၀၃၂ တန်၊မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၅၉၃၆၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၅၃ တန်ခွဲ တင်ပိုခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်မှ တန် ၇၀၀၊ မြဝတီမှ၁၄၂ တန်ခွဲနဲ့ တာချီလိတ်မှ တန် ၁၀၀ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ကြက်သွန် နီ ၂၄၃ တန်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါ တယ်။စလင်းမြို့နယ်အတွင်းရှိ ကြက် သွန်နီစိုက်တောင်သူတွေရဲ့  စိုက်ခင်း များတွင် ကြက်သွန်နီ  အထွက်နှုန်း ကောင်းသော်လည်း ယခုကြက်သွန်များ တူးဖော်ရောင်းချချိန်တွင်ဈေးနှုန်းကျ ဆင်းနေသဖြင့်   တောင်

Thursday, 3 Mar 2016

မြန်မာနိုင်ငံ၏ အဝတ်အထည် ထုတ်ကုန်တင်ပို့မှုဝင်ငွေသည် ၂၀၁၂ ခုနှစ်၌ အမေရိကန်ဒေါ်လာသန်း ၉၀၀ သာရှိခဲ့ပြီး လာမည့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ တိုးမြှင့်လာနိုင်ဖွယ်ရှိ သည်ကို တွေ့ရ ကြော င်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထုတ် ဝေသည့်  The Financial Expressသတင်းစာတွင် ဖော်ပြထားချက်များ အရ သိရသည်။တရုတ်၊ တောင်ကိုရီးယားဗီယက်နမ်နှင့်အိန္ဒိယနိုင်ငံတို့တွင် အလုပ်သမားစရိတ်နှင့်ထုတ်လုပ်မှု ကုန်ကျ စရိတ်မြင့်မားမှုကြောင့် မြန်မာ နိုင်ငံ တွင် အသင့်ချုပ်အဝတ်အထည် စက်မှုလုပ်ငန်းများ  ပြောင်းလဲလုပ်ကိုင် ရန် ၎င်းင်းတို့၏ စီးပွားရေးလုပ်ငန်းရှင် များကို တိုက်တွန်းလျက်ရှိရာ  ယခုအခါ ကမ္ဘာ့အဝတ်အထည်ဈေးကွက်၌ ဘင်

Thursday, 18 Feb 2016

           ထိုင်းနိုင်ငံ  သတင်းအချက်အလက်နဲ့ ဆက်သွယ် ရေးနည်းပညာဝန်ကြီးဌာနက ကြီးမှူးဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းကို ယာယီအမျိုးသား ဒစ်ဂျစ်တယ် စီးပွားရေးကော်မတီက ဖေဖော်ဝါရီ ၈ ရက် မှာ အတည်ပြုခဲ့ကြောင်း နေးရှင်းသတင်းမှ ာဖော်ပြပါတယ်။  ဝန်ကြီးဌာနက သက်ဆိုင်ရာ အဖွဲ့အစည်းများ နဲ့တွေ့ဆုံဆွေးနွေးပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားများ ရယူပြီးနောက် မတ်လမှာ ဝန်ကြီးအဖွဲ့က စဉ်းစားဆုံးဖြတ်နိုင်ဖို့ ဝန်ကြီးအဖွဲ့ထံ ဆက်လက်တင်ပြ သွားမှာဖြစ်ပါတယ်။

Thursday, 18 Feb 2016

            မလေးရှားနိုင်ငံက စပါးစိုက်ပျိုး ဧရိယာနည်းပါးလျက်   ရှိနေပေမယ့် ပြည်တွင်းမှာ ဆန်ဖူလုံစွာထုတ်လုပ်နိုင် ရေးအတွက် မလေးရှားနိုင်ငံက စပ်မျိုး စပါးထုတ်လုပ်မည်ဖြစ်ရာ ဖိလစ်ပိုင်နိုင်ငံက ဦးစားပေးဆောင်ရွက်သွား မှာဖြစ် ကြောင်း ဖိလစ်ပင်းစတား အွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။ ကနဦး ရှေ့ပြေး စမ်းသပ်ထုတ်လုပ်မှုတွင် အနည်းဆုံးမျိုးစေ့ ကီလို ၁၀၀၀ ကို ဖိလစ်ပိုင်မျိုးစပ်မျိုးထုတ်လုပ်ရေးလုပ်ငန်း SLA  gritech Corp  က တင်ပို့ပေး မှာ ဖြစ်ပါတယ်။

Thursday, 18 Feb 2016

           တရုတ်(တိုင်ပေ)တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်  နံနက်ပိုင်းက လှုပ် ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေမှာ မြင့်တက်လျက်ရှိ ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်အထိ သေဆုံးသူဦးရေ ၈၃ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေး သားခဲ့သည်။ အထပ်ပေါင်း ၁၆ ထပ်ရှိသည့် Wei Guan  အဆောက်အအုံသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာ အဆိုပါ အဆောက် အအုံအောက်တွင် ပိတ်မိ နေသူများရှိနေသေးကြောင်း၊ ယင်းWei Guan  အဆောက်အအုံ၏ အပျက် အစီးများထဲတွင် သေဆုံးသူ စုစုပေါင်း ၈၁ ဦးကိုတွေ့ရှိခဲ့ရကြောင်း၊ အဆောက်အအုံ၏ အပျက်အစီးများကို ဖယ်ရှားသည့်လုပ် ငန်းများကို ဆက်လက်လုပ် ဆောင်လျက

Thursday, 18 Feb 2016

            ယင်းမာပင်ခရိုင်အတွင်းတွင် ဒေသတွင်းပျားမွေးမြူသူနဲ့ ကသာ-အင်းတော်ဒေသမှ ပျားမွေးမြူသူများ၊ ရှမ်း ပြည်နယ်မှ ပျားမွေးမြူသူများဟာ ပျားစားကျက်များကို အလှည့်ကျပြောင်းရွှေ့မွေးမြူကြပါတယ်။ ဆီးပန်းပွင့်ချိန်မှာ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့ရှိ ဆီးခြံများမှ ဆီးခြံပိုင်ရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ ညှိနှိုင်းကာ ပျား သေတ္တာများချပြီး  မွေးမြူလျက်ရှိပါတယ်။

Thursday, 18 Feb 2016

         စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy) အကောင်အထည်ဖော် ဆောင်ရာတွင် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ရှိ သီးနှံစိုက်ပျိုးတောင် သူများ၊ ကုန်သည် ပွဲစားများ၊ ဆီစက်လုပ်ငန်းရှင်များအား စုစည်းပါဝင်စေကာ မြို့နယ်အသင်းများစုဖွဲ့ထားရန် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ေ မာင်းရဲ့ကြီးကြပ်မှုဖြင့် ယနေ့အထိ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးလက်အောက်ရှိ စစ်ကိုင်းခရိုင်နဲ့ မုံရွာခရိုင်တို့တွင် မြို့နယ်ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ် သူများအသင်း

Thursday, 18 Feb 2016

        ကမ္ဘာတစ်ဝန်းတွင် ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးမှုများများပြားနေချိန်တွင် သြစတြေးလျနိုင်ငံအနောက်ပိုင်းတွင် နေထိုင်ကြသည့်ပြည်သူများ၏ သုံးပုံတစ်ပုံခန့်သည် ကင်ဆာရောဂါကာကွယ်ရေးနည်းလမ်းများအား အလေးမထားကြကြောင်း မဲလ်ဘုန်းမြို့အခြေစိုက် ကင်ဆာရောဂါကာကွယ်ရေးဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ သြစတြေးလျအနောက်ပိုင်းရှိ ကျန်းမာရေးဌာနကလည်း အဆိုပါဒေသတွင် နေ ထိုင်ကြသည့် ပြည်သူသုံးဦးနက် တစ်ဦးသာလျှင် ကင်ဆာရောဂါကာကွယ်ရေးနည်းလမ်းများကိုလိုက်နာလျက်ရှိပြီး အဆိုပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးလျက်ရှိသည်ဟုဆိုသည်။

Pages