Main menu

Background

Friday, 28 Oct 2022

အောက်တိုဘာလ တတိယပတ်ထဲသို့ ရောက်ရှိလာချိန်တွင်  ဂျပန်ယန်းငွေ တန်ဖိုးသည် သိသိသာသာ ကျဆင်းမှုများရှိလာပြီး နှစ်ပေါင်း ၃၂ နှစ်အတွင်း စံချိန်တင် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက အောက်တိုဘာ ၂၀ ရက် တွင် ဖော်ပြထားသည်။အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်း ၁၄၉ ယန်းနှင့် ညီမျှနေခြင်းကြောင့် နှစ်ပေါင်း ၃၂ နှစ်အတွင်း အနိမ့်ဆုံးတန်ဖိုး ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။ဂျပန်ယန်းငွေတန်ဖိုး သိသိ သာသာကျဆင်းနေမှုကို ဂျပန်အာဏာပိုင် များက ထပ်မံသတိပေးထားပြီး  ငွေကြေးဈေးကွက်ကို စောင့်ကြည့်နေကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရူနီချီဆူဇူကီးက ပြောဆိုခဲ့ကြောင်း သိရသည်။

Thursday, 13 Oct 2022

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား သော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ  မြစ်ချောင်း အင်းအိုင် ပေါများသောကြောင့်    ရေထွက်ပစ္စည်းများဖြစ်သော   ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်း  ထွက်သည့်အနက်  ပဲခူးဒေသ ထွက် ငါးရံ့ခြောက်သည်နာမည်ကြီးသည်။ပဲခူးဒေသထွက် ငါးရံ့ခြောက်သည်ဆားပေါ့၍အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့်လက်ဆောင်ပေးခြင်းအတွသော် လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချိုအင်းအိုင်မျ

Thursday, 13 Oct 2022

တရုတ်အစိုးရသည်တိရစ္ဆာန်အစာအဖြစ် ပဲပိစပ်တင်သွင်းမှုကို လျှော့ချသွားမည်ဖြစ်ကြောင်း စက်တင်ဘာလပထမအပတ်က  ကြေညာခဲ့ပြီး ပြည်တွင်းပဲပုပ်လိုအပ်ချက်အတွက် သွင်းကုန်အပေါ်တွင်သာ မှီခိုနေခြင်းသည်   နိုင်ငံ၏ စားနပ် ရိက္ခာဖူလုံရေးပန်းတိုင်များနှင့် ဆန့်ကျင်နေကြောင်း   တရုတ်နိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည်ကမ္ဘာပေါ်တွင် ပဲပိစပ် အများ ဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ရစ္ဆာန်အစာ အတွက် ဝယ်လိုအားမြင့်မှုကအဓိကအချက်ဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA))၏ အချက်အလက်များ အရ ၂၀၁၉ခုနှစ် တစ်နှစ်တည်းတွင်တရုတ်နိုင်ငံ၏ ပြည်တွင ပဲပိစပ်သုံးစွဲမှုမှာမက်ထရစ်တန်ပေါင်း ၁၁၀ ဒ

Thursday, 13 Oct 2022

ဂျာမနီနိုင်ငံဝန်ကြီးချုပ် Mr. Olaf Scholzသည် စက်တင်ဘာလနောက်ဆုံးအပတ်တွင်   ယူအေအီးနိုင်ငံသို့ သွားရောက်၍ LNG ဓာတ်ငွေ့  ဝယ်ယူရရှိနိုင် ရေးအတွက်တွေ့ဆုံဆွေးနွေးသဘောတူညီမှုများ ပြုလုပ်ခဲ့သည်။ ယူအေအီးနိုင်ငံ  Abu Dhabi မြို့တွင် ဝန်ကြီးချုပ် နှင့်ကိုယ်စားလှယ်အဖွဲ့သည် သမ္မတMr.

Wednesday, 12 Oct 2022

ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြ သော ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ကမ္မ၊ ယောနယ်ဒေသနှင့် ဆိပ်ဖြူဒေသတို့မှ ဆောင်းစိုက်(ပင်စိုက်) များ အရောင်းအဝယ် ဖြစ်နေသည်။ ပခုက္ကူ ကြက်သွန်နီ ကုန်ဝယ်ဒိုင်သို့ အခြား နယ်များဖြစ်ကြသော မြင်းခြံ၊ တောင်သာ၊ ညောင်ဦးနယ်များမှ လည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသည်။  စက်တင် ဘာလ ဒုတိယပတ်၏ ကြက်သွန်နီလက်ကားဒိုင် ပြတ်ဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၂၅၀၊ အလတ်စ တစ်ပိဿာ  ကျပ် ၂၈၀ဝ၊ အနိမ့်စ တစ်ပိဿာ ကျပ် ၂၂၀ဝ ဖြင့်  နေ့စဉ် ကုန်ချိန် ၁၅၀ဝ၀  ကျော်အရောင်းအဝယ်ဖြစ်နေသည်။ပခုက္ကူ မြို့မဈေးနှင့်  ပန်းခြံဈေးတို့၏   ကြက်သွန် လက်လီရောင်းချသည့် ဈေးနှုန်းမှာ အရည် အသွေးကို လိုက်၍ ထိ

Wednesday, 12 Oct 2022

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇၂ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၆၀ နီးပါး တင်ပို့ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၆၃၅၀ ကျော် တင်ပို့ခဲ့သည်။ နယ်စပ်မှ တင်ပို့မှုမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၃၈၀ နီးပါးနှင့် ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန်စုစုပေါင်း ၉၇၀ ကျော်တင်ပို့ခဲ့သည်။ယခုလ ပင်လယ်ရေ ကြောင်း နှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၈၈၁၀ တင်ပို့ခဲ့သည်။ ယခင်လ တင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက ရော်ဘာတန်ချိန် ၃၅၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့သည်။                                      

Wednesday, 12 Oct 2022

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ တစ်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ၉ ဒသမ ၇၀၄သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၄၃၇၀ ကျော် တင်ပို့ ခဲ့သည်။ စက်တင်ဘာလအတွင်း တင်ပို့မှုများမှာ အာရှနိုင်ငံများ သို့ ဆန်တန်ချိန် ၈၈၇၀ ကျော်၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၄၉၀ ကျော် တင်ပို့ခဲ့သည်။စက်တင်ဘာလအတွင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၀၇ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၂၀ဝ ကျော် ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ ဆန်တန်ချိန် ၇၀ ကို ထိုင်းနိုင်ငံ သို့လည်းကောင်း တင်ပို့ခဲ့သည်။ဆန်ကွဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၀၉ သန်း တန်ဖိုးရှိ

Thursday, 29 Sep 2022

၂၀၂၁ ခုနှစ်တွင်   မလေးရှားနိုင်ငံ၏ လယ် ယာထွက်ကုန်ပစ္စည်းအမယ်    ၂၆ မျိုးအတွက် ပြည်တွင်းဖူလုံမှုအချိုး  (Self-Sufficiency Ratio-SSR)မှာ ၁၀ဝ  ရာခိုင်နှုန်းကျော်သို့     စံချိန်တင် ရောက်ရှိခဲ့ကြောင်း မလေးရှားနိုင်ငံ  စာရင်းအင်း ဌာန(Department of Statistics Malaysia-DOSM)၏ ဖော်ပြချက်အရ သိရသည်။ DOSM   က၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့စွဲဖြင့်   ထုတ်ပြန်သည့်စာရင်းဇယားများ အရ မလေးရှားနိုင်ငံ၌ သစ်သီးဝလံ ၁၄ မျိုးအနက် ၁၀ မျိုးသည် ပြည်တွင်းဖူလုံမှုအချိုး  ၁၀ဝ ရာခိုင် နှုန်းကျော်ရှိခဲ့ပြီး သစ်သီးဝလံများတွင် သင်္ဘောသီး ၁၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ ဖရဲသီး ၁၃၉ ဒသမ ၅ ရာခိုင်နှုန်း၊ ပိန္နဲသီး ၁၁၀ ဒသမ၈ ရာခိုင်နှုန

Thursday, 29 Sep 2022

ရွှေတောင်မြို့နယ်တွင် ခရမ်းချဉ်သီးများကို စစ်ကိုင်း ကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲနှင့် မြို့မတို့တွင်လည်း  အများ အပြား စိုက်ပျိုးကြသည်။ ယခုအချိန်တွင် ဈေးကွက်၌ ခရမ်း ချဉ်သီးများ ဈေးကောင်းရနေကြောင်း သိရသည်။ ရွှေတောင် မြို့နယ်တွင်  ကိုင်းခရမ်းချဉ်သီး  ထွက်ပေါ်လာပြီဖြစ်သဖြင့် ဈေးကွက်တွင် ခရမ်းချဉ်သီးအစိမ်း တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ခရမ်းချဉ်သီးအမှည့် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြင့် ရွှေတောင်မြို့ပေါ်ရှိဈေးကွက်များတွင်သာမက ပြည် ဈေးကွက်နှင့်   ရန်ကုန်မြို့ရှိ  ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။  ယခင်လတွင်  ရွှေတောင်မြို့ ဈေးကွက်များတွင် ကိုင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရ

Wednesday, 28 Sep 2022

ကသာမြို့တွင်း စက်တင်ဘာ ၂၁ ရက်တွင် ရောင်း ချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ လက်ကားတစ်ပိဿာ လျှင် အကြီး၊ အလတ်၊ အသေးပေါ် မူတည်၍ ကျပ် ၄၂၀ဝ မှ ကျပ် ၃၀ဝ၀ ခန့်၊လက်လီ တစ်ပိဿာလျှင် ကြီး၊ လတ်၊ သေး ကျပ် ၄၅၀ဝ၊ ၄၀ဝ၀၊ ၃၅၀ဝ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်သွန် နီဈေးမှာ စက်တင်ဘာလ ဒုတိယပတ် အတွင်း ကျပ် ၅၂၀ဝ ရှိသည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့် ပါက လက်ရှိတွင် ဈေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း အချိန်နှင့်တစ်ပြေးညီ ဈေးနှုန်းပြောင်းလဲနိုင်ကြောင်း ကြက် သွန်နီ ရောင်းချသူများထံမှ သိရှိရသည်။ အရောင်းအဝယ် အနေဖြင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်မှုကြောင့် အရောင်း အဝယ်ဖြစ်မှုနည်းပါးပြီး ကြက်သွန်နီ ဝင်ရောက်မှုမှ

Pages