Main menu

Background

Tuesday, 24 Dec 2019

     စစ်ကိုင်းမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စစ်ကိုင်းခရိုင် ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) တို့ ပူး ပေါင်း၍ စစ်ကိုင်း International Trade Fair 2020 ကုန်စည် ပြပွဲကြီးကို စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ  ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက် နမ်၊ ဂျပန်၊ အင်္ဂလန် စသည့်နိုင်ငံတို့၏ ကုမ္ပဏီများမှ အဆင့်မြင့် လူသုံးကုန်၊  အလှကုန်၊ စားသောက်ကုန်၊  ဖက်ရှင်အသုံး အဆောင်ပစ္စည်းများ၊ တိုင်းရင်းဆ

Tuesday, 24 Dec 2019

     ပြည်တွင်းငွေလဲဈေးနှုန်းမှာ ဈေးကျနေသည်ဆိုသော်လည်း ၁၅၀ဝ ကျပ် ဝန်းကျင်၌သာ အတက်အကျဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ၂၀ရက်တွင် ရည်ညွှန်းငွေလဲနှုန်း ကို အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၉၉ ကျပ်  သတ်မှတ်ထားပြီး ဈေးကွက်အနေ အထားအရကြည့်ပါကလည်း ဈေးထပ်မံကျဆင်းနေကြောင်းသိရသည်။ 'အခုက ရွှေဈေးရောငွေဈေးပါ အကျဘက်ကို  ဦးတည်နေတယ်။  အားလုံး ကလည်း စောင့်ကြည့်အနေအထားမှာဖြစ်နေတယ်။ ပိုဆိုးတာက  ကုန်သွယ်ရေး ဆိုင်ရာ တင်းမာမှုတွေ ဆက်တိုက်ဖြစ်လို့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိမယ်ဆိုရင် ဈေးကထပ်ကိုကျဦးမှာပဲ။ ဈေးကျတာမှာလည်း ဝုန်းခနဲကျတာမဟုတ်ဘဲ တအိအိ နဲ့ဖြစ်နေလို့သာ မသိသာတာ။ ကုန်သည်တွေအ

Tuesday, 24 Dec 2019

     ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် မိုင်းသတ္တုတူးဖော် ရေး လုပ်ငန်းများကို လာမည့် ၂၀၂၀ ခုနှစ်အတွင်း ဝင်ရောက် ရန်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။ ဒီဇင်ဘာ ၁၇ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန၌ ပြုလုပ်သည့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ယင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "အခု လာမယ့်နှစ်မှာတော့ ပြီးခဲ့တဲ့နှစ်က ကျန်နေတဲ့ လုပ်ငန်းမျိုးတွေဖြစ်တဲ့ မိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ လာမယ်လို့ ခန့်မှန်းတယ်။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနက လည်း အသေးစိတ်စိစစ်နေတဲ့အပိုင်း ဖြစ်ပါတယ်။ ရင်းနှီး မြှ

Tuesday, 24 Dec 2019

     ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီ များ အက်ဥပဒေ ၁၉၁၄၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက် ဥပဒေတို့အရ ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများမှ ပြည်ပနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်  မှတ်ပုံတင်လက်မှတ် များအား ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ အဆိုပါကုမ္ပဏီများအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သော မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်ပါပြဋ္ဌာန်းချက် အရ အီလစ်ထရွန်နစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO)ဖြင့်  ပြန်လည်မှတ်ပုံတင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနက သတ်မှတ်ထားရာ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပု

Wednesday, 18 Dec 2019

     တောင်သူလယ်သမား အခွင့်အရေး ကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေးကို ဒီဇင်ဘာ ၅ ရက်က နေပြည် တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြော သည်။ စုံညီအစည်းအဝေးသို့ ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ

Friday, 13 Dec 2019

          အိုပက်နှင့် အခြားနိုင်ငံများသည် အဖွဲ့၏ ထုတ်လုပ်မှုရည်မှန်းချက်ကို ညှိနှိုင်းပြီး ထုတ်လုပ်မှုလျှော့ချမည့်ပမာဏကို ပြန်လည်ခွဲဝေသတ်မှတ်ရန် သဘောတူညီခဲ့ကြကြောင်း Business Times သတင်းတွင် ဖော်ပြခဲ့သည်။ ယခုကဲ့သို့ ပြန်လည်ခွဲ
ဝေရန် ဆောင်ရွက်ရခြင်းမှာ ရေနံထုတ်လုပ်မှု အဆမတန် လျှော့ချရသည့် တာဝန်ကိုကာလရှည်ကြာစွာ ဆောင်ရွက်ခဲ့ရသော ဆော်ဒီအာရေဗျ နိုင်ငံ၏ ဖိအားပေးမှုကြောင့်ဖြစ်ကြောင်း ဖော်ပြ ထားသည်။ အဆိုပါအုပ်စုသည် ကမ္ဘာ့ရေနံထုတ်လုပ် မှု၏ ထက်ဝက်ကျော်ကို ထုတ်လုပ်လျက်ရှိသည်။

Friday, 13 Dec 2019

     စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင်၍ ဆွစ်ဇာလန်နိုင်ငံအစိုးရ ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အစည်းတွေဖြစ်တဲ့ UNCTAD, UNIDO, ITC, ILO, UNOPS တို့ရဲ့ နည်းပညာအကူအညီနဲ့ ရှမ်း ပြည်နယ်၊ အင်းလေးကန်အနီးတစ်ဝိုက်တွင် အကောင် အထည်ဖော်လျက်ရှိတဲ့ သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီး သွားလုပ်ငန်းတို့အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ စီမံကိန်းကြီးကြပ်မှုကော်မတီ (Project Steering Committee-PSC) အစည်း အဝေးကို ၂၀၁၉ ခုနှစ်    ဒီဇင်ဘာ ၆ ရက်တွင် နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်း

Friday, 13 Dec 2019

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးတို့ ပူးပေါင်းမှုဖြင့် ဗီယက်နမ် ကုန်စည်ပြပွဲ မြန်မာ ၂၀၁၉ ကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက် အထိ ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ၌ ကျင်းပ သွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါပွဲ  ကျင်းပရခြင်းမှာ  မြန်မာနိုင်ငံဈေးကွက် အတွင်း အကောင်းဆုံး ဈေးနှုန်းနှင့် ထုတ်ကုန်အရည်အသွေး မြှင့် ကုန်ပစ္စည်းများ ရောင်းချနိုင်ရန် ရည်ရွယ်၍ ဗီယက်နမ် ကုန်ပစ္စည်းထုတ်လုပ်သူများနှင့် ဗီယက်နမ်ကုန်သည်များမှ လာရောက်ပြသကြခြင်းဖြစ်ကြောင်း  သိရသည်။

Friday, 13 Dec 2019

    နိုင်ငံတကာအဆင့်မီ အထွေထွေအာမခံ နှင့် အသက်အာမခံဝန်ဆောင်မှုပေးနိုင်ရန် အတွက် Grand Guardian Insurance (GGI) နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်းအာမခံကုမ္ပဏီများ ဖြစ်သော Tokio Marine, Nippon Life တို့ ပူးပေါင်း၍ ဖက်စပ်ကုမ္ပဏီပြုလုပ်၍ ဒေသ တွင်း ဈေးကွက်ထပ်မံချဲ့ထွင်ခြင်းကို ဒီဇင်ဘာ ၃ ရက်တွင် တရားဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် အထွေထွေ အာမခံလုပ်ငန်းအတွက် Tokio Marine & Nichido Fire Insurance Co.,Ltd.(Tokio Marine)  နှင့် ဖက်စပ်ဆောင်ရွက်သည့် Grand Guardian Tokio Marine General Insurance Co.,Ltd.

Friday, 13 Dec 2019

    လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီ သုံးခုနီးပါး ထပ်မံ တိုးလာမည် ဖြစ်ကြောင်း   မြန်မာနိုင်ငံ   ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ် ရေးကော်မရှင် (SECM) အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။ ဒီဇင်ဘာ ၅ ရက်က ရန်ကုန် စတော့အိတ်ချိန်းခန်းမတွင် ပြုလုပ် သည့် Media Workshop for Myanmar Capital Market  ဆွေးနွေးပွဲတွင် ယင်း သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “နှစ်ဆန်းပိုင်းမှာ လာဖို့ရှိတယ်။ ရန်ကုန်စတော့အိတ်ချိန်းကို တက်ပြီ ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ချ လက်ချ ရင်းနှီးမြှုပ်နှံနိုင်တဲ့ အခြေအနေ ရှိမှသာ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါကြောင့် ကြီးကြပ်တဲ့ ကုမ္ပဏီတွေက လည်း စစ်ရ

Pages