Main menu

Background

Monday, 25 Nov 2019

        မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ၂၀၁၇- ၂၀၁၉ ခုနှစ်ဆိုရင် ပြည်ပသို့ ဆန် ၃ ဒသမ ၅၈ မီလီယံတန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်ကစပြီး မြန်မာ့ဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီး နောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊  စက်ပိုင်၊ ကုန်သည် ပွဲစားများ၊ ဆန် Exporter ကြီးများဟာ ကိုယ့်လက်ကိုယ့်ခြေလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားတင်ပို့ လာ နိုင်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်က ဆန်စပါးမူဝါဒ ပြောင်းလဲခံရခြင်းရဲ့ အဓိက ရည်ရွယ်ချက်များကတော့ တောင်သူလယ်သမားကြီးများ သည်

Monday, 25 Nov 2019

         စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့ အနောက်ဘက် ချင်းတွင်း မြစ်တစ်ဖက်ကမ်းတွင်တည်ရှိသည်။ ဆားလင်းကြီး မြို့နယ်ပိုင်းတောင်ကြီးကျေးရွာနှင့် အခြားကျေးရွာအတွင်း နေထိုင်သူများသည် ယခင်ကဆားချက်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြပြီး ဆားချက်ရာတွင်နေ့ရာညပါ ဆားချက်နိုင်ရန် အတွက် သားရဲတိရစ္ဆာန်ဘေးမှ ကင်းလွတ်နိုင်ရန် လင့်စင်ထိုး၍ ဆားချက်ရာဌာနအလိုက် ရွာတည်သောကြောင့် ဆားလင့်ဟု ခေါ်တွင်ပြီး လူနေ အိမ်ခြေ စည်ကားတိုးတက်လာသဖြင့် ကြီးတစ်လုံးတိုးကာ ဆားလင့်ကြီးဟု ခေါ်ဆို ရာမှ ကာလကြာရှည်ရာမှဆားလင်းကြီးဟုခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။ ထိုနည်းတူစွာ ဆားလင်းကြီး မြို့နယ်အတွ

Monday, 25 Nov 2019

        နှစ်လနီးပါးကြာ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေသည့် Yangon Water Bus ရေယာဉ်ပြေးဆွဲမှုများကို ယခု နိုဝင်ဘာလအတွင်း  ရေယာဉ်အသစ်များ အသုံးပြု၍ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း  Yagon Water Bus လုပ်ပိုင်ခွင့် ရထားသည့် တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။ ယင်းသို့ ရပ်နားထားခြင်းသည်  မိုးရာသီအတွင်း ဆိပ်ကမ်းများပျက်စီးနေခြင်းကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီး စားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ် များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်း ဆိပ်ကမ်းများ ဆောက်လုပ် ခွင့် ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်၊ ငွေပေး ချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန်တို့အတွက်ဖြစ် ကြောင်း သိရသည်။ ယခုက

Monday, 25 Nov 2019

      နိုဝင်ဘာ ၃ ရက်မှ ၉ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ၁၅၇၄၁၆၃၀ တန်ဖိုးရှိ ဓာတ်ဆီ ၃၀၅၉၀ ဒသမ ၁၈ တန်နှင့် အမေရိကန်ဒေါ်လာ ၂၉၈၈၇၃၈၇ တန်ဖိုးရှိ ဒီဇယ် ၅၁၅၉၃ ဒသမ ၇၂ တန်၊ စုစုပေါင်း ၈၂၁၈၃ ဒသမ ၉၀ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။   ယခင်သီတင်းပတ်က ဓာတ်ဆီ ၃၅၁၈၅ ဒသမ ၉၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၄၅၉၅ ဒသမ ၇၇ တန် တင်သွင်းမှု လျော့နည်းခဲ့သလို   ယခင် သီတင်းပတ်က တင်သွင်းခဲ့သည့် ဒီဇယ်တန်ချိန် ၇၀၆၅၆ ဒသမ ဝ၇ တန်နှင့်နှိုင်းယှဉ် လျှင် ၁၉၀၆၂  ဒသမ ၃၅  တန် တင်သွင်းမှုလျော့နည်းခဲ့သည်။ ထို့ကြောင့် ယခု တစ်ပတ် ဒီဇယ်ရောဓာတ်ဆီပါ တင်သွင်းမှုလျော့နည်းခဲ့ကြေ

Monday, 25 Nov 2019

       ယခုတစ်ပတ် ပခုက္ကူကုန်စည်ဒိုင်တွင် ဒေသထွက်ကုန် ဖြစ်သည့် ပဲတီစိမ်းသေးသည်    ပြန်လည်ဈေးကောင်းရနေ သည်။ ယခုတစ်ပတ်၏ ပဲတီစိမ်းသေးမှာ  တစ်တင်းလျှင် ကျပ် ၃၇၀ဝ၀ ဖြင့် အိတ် ၃၀ဝ၊   ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ် ၂၇၃၀ဝ ဖြင့် အိတ် ၃၀၊  ကုလားပဲဖြူ (V2) တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် အိတ် ၅၀၊ ပြောင်းဖူးစေ့(CP)တစ်တင်း လျှင်  ကျပ် ၇၂၀ဝ ဖြင့် အိတ် ၂၀ဝ၊ ၂၀၁၇ ခုနှစ်ထွက် ပဲစင်း ငုံနီ တစ်တင်းလျှင် ကျပ် ၂၆၀ဝ၀ ဖြင့် အိတ် ၃၀ဝ ဥပုသ်နေ့မှ လွဲ၍ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ ရေစကြိုကုန်စည်ဒိုင်တွင်    ယခုတစ်ပတ်၏   ပဲမျိုးစုံ ဈေးနှုန်းမှာ မြေပဲနီလုံးဆန်တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀  မြေပဲ ဖြူလုံးဆန် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀

Monday, 25 Nov 2019

      ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပ ခဲ့သည်။   တန်ဆောင်တိုင်ပွဲတော်သို့ အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်များလာရောက် လည်ပတ်ကြည့်ရှုခဲ့ ကြပြီး အိမ်အပြန်ဒေသလက်ဆောင်အဖြစ် ထောပတ်သီးများ ဝယ်ယူသွားကြရာ ထောပတ်သီးများ ဈေး ကွက်မှာ အရောင်းသွက်ခဲ့ကြောင်း သိရသည်။ ထောပတ်သီးကို အောက်တိုဘာလမှ စတင်ပေါ်ခဲ့ရာ ယခုအချိန်တွင် လှိုင်လှိုင်ပေါ်ထွက်နေပြီးဖြစ်သည်။ ထောပတ် သီးဈေးကွက်ဈေးနှုန်း များမှာ အသီးအမျိုးအစားနှင့် အရွယ်အစားလိုက်၍ ကျပ် ၂၀ဝ မှ ၁၅၀ဝ အထိ ရောင်းချခဲ့ရသည်။

 

စောမောင်(တောင်ကြီး)

Monday, 25 Nov 2019

       ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင်  ဧည့်မထမိုးကောက်စောစပါးသစ် မြို့နယ် ၂၀ ခန့်နှင့် ပေါ်ဆန်းစပါးသစ်လေးမြို့နယ်ခန့် ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း ဆန်စပါးသတင်းများအရ သိရသည်။ လက်ရှိတိုင်းဒေသကြီးအတွင်း မိုးဧည့်မထကောက်စောစပါးသစ်ဈေးမှာ ၄၆ ပေါင်တင်း ၁၀ဝ ကို  ကျပ် ၄၇၀ဝ၀ဝ/ ၅၀ဝ၀ဝ၀ ဈေးအတွင်းနှင့် ဧည့်မထမိုးဆန်သစ်တစ်အိတ်ကို  ကျပ် ၁၇၅၀ဝ/၁၈၅၀ဝ ဝန်းကျင်ရှိပြီး ပေါ်ဆန်း စပါးသစ်၄၆ ပေါင်တင်း ၁၀ဝ ကို ကျပ် ၆၂၀ဝ၀ဝ/ ၇၇၂၈၀ဝ ဈေးအတွင်းတွင် ရောင်းဝယ်လျက်ရှိသည်။   စပါးသစ်ဈေးနှုန်းမှာ စပါး အရည် အသွေးဈေးကွက်ဖွံ့ဖြိုးမှုပေါ် မူတည်၍  မြို့နယ်တစ်ခုနှင့်တစ်ခု တူညီမှုမရှိဘဲ ဈေးနှုန်းအပြေ

Friday, 22 Nov 2019

         မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင် ပထမအကြိမ်  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်  မွန်းလွဲ ၁ နာရီတွင်  နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စုပေါင်းခန်းမ၌  ကျင်းပရာ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြားသည်။ ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု မြှင့်တင် ရေး၊ ကုန်သွယ်မှုလွယ်ကူချော မွေ့စေရေး၊  ကုန်သွယ်မှု  စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးရေး၊ ကုန

Friday, 15 Nov 2019

       ကုန်သွယ်ရေး  သဘောတူညီချက် အဆင့်(၁)အဖြစ် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ရရှိထားသော သဘောတူညီချက်အရ လက်ရှိ ကောက်ခံနေသော အကောက်ခွန်များအားပြန်လည် ရုပ်သိမ်းခြင်းကို အိမ်ဖြူတော်နှင့် ပြင်ပ အကြံ ပေးများ၏ ပြင်း ပြင်းထန်ထန် ဆန့်ကျင်မှုနှင့်  ရင်ဆိုင်နေရကြောင်း ဤဆွေးနွေးမှုနှင့် နီးစပ်သောသတင်း ရင်းမြစ်များ၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ကိုးကားဖော်ပြသည်။ အကောက်ခွန် ပြန်လည်ရုပ်သိမ်းရေးသည်  တရုတ် ဒုတိယဝန်ကြီးချုပ် လျူဟီနှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့  အောက်တိုဘာက  တွေ့ဆုံ ဆွေးနွေးစဉ်က  ပါဝင်ခြင်းမရှိကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြော သည်။  အကောက်ခွန်  လျှော့ချရေးကို သဘောတူထားပြီးဖြစ

Friday, 15 Nov 2019

       အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံနှင့် စပ်လျဉ်းသည့် သွင်းကုန် မူဝါဒများအပေါ် ျွှွှဥ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နှင့် ရုရှားတို့က မေးခွန်းများ ထပ်မံ မေးမြန်းထားကြောင်း ွှ့န့ငညိက ဘကျငညနျူငညန သတင်းစာ တွင် ဖော်ပြထားသည်။ WTO ၏ စိုက်ပျိုးရေးကော်မတီအစည်းအဝေးကို အောက်တိုဘာလက ကျင်းပခဲ့ရာ အိန္ဒိယအနေဖြင့် ပဲတင် သွင်းမှုနှင့်စပ်လျဉ်း၍ ယာယီခွဲတမ်းသတ်မှတ်ချက်များကို သတ်မှတ် ဖော်ဆောင်ခဲ့သည်မှာ နှစ်နှစ်အထက် ကျော်လွန် လာပြီဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းအရ မည်သို့ ဆောင်ရွက်သည်ကို အကျိုးသင့်အကြောင်းသင့် ရှင်းလင်းစေလိုပြီး လာမည့် ၂၀၂၀ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးသည်နှင်

Pages