Background
ဘဏ်လုပ်ငန်းမဟုတ်သော နည်းပညာလုပ်ငန်းများ၏ ပြိုင် ဆိုင်မှုနှင့်အတူ ဒီဂျစ်တယ်ငွေပေးချေမှုများ တိုးတက်လာခြင်း ကြောင့် ၂၀၂၅ ခုနှစ်ခန့်တွင် အာဆီယံဒေသတွင်းရှိ ဘဏ်လုပ်ငန်း များသည် ၎င်းတို့၏ငွေပေးချေခြင်း ဝန်ဆောင်မှုမှ ဝင်ငွေ၏ ၁၄ ဒသမ ၃ ရာခိုင်နှုန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ အထိ ဆုံးရှုံးရဖွယ်ရှိနေကြောင်း Accenture ၏ လေ့လာမှု အစီရင်ခံစာအရ သိရှိရသည်။ အာဆီယံတွင် ငွေပေးချေမှုများမှ ဝန်ဆောင်ခရငွေသည် တစ်နှစ်လျှင် ၆ ဒသမ ၁ ရာခိုင် နှုန်းဖြင့် ဆက်လက်တိုးတက်လာ ဖွယ်ရှိပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံမှ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံအထိ တိုးတက် လာနိုင်ကြောင်း၊ သို့သော်ယင
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တရားဝင် ရာနှုန်းပြည့်လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးနောက် အာမခံ ဝန်ဆောင်မှုကို ပထမဦးဆုံး ဝယ်ယူသူရရှိခဲ့ကြောင်း နိုင်ငံ ခြားအသက်အာမခံကုမ္ပဏီ AIA Myanmar မှ နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ပြည်တွင်းဈေးကွက်တွင် အာမခံလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုရေးအတွက် နိုင်ငံခြားသားရာနှုန်းပြည့် ပိုင် အသက်အာမခံကုမ္ပဏီငါးခု၊ အသက်နှင့် အထွေ ထွေ အာမခံလုပ်ငန်းဖက်စပ်ကုမ္ပဏီခြောက်ခုတို့ကို နိုဝင်ဘာ၂၈ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ် တွင် လုပ်ငန်းလိုင်စင်ပေးအပ်ခဲ့သည်။
ပြည်တွင်း၌ အဓိကမွေးမြူသည့် ငါးသုံးမျိုး၏ ဈေးကွက်တည်ငြိမ်မှု အား နည်းရခြင်းမှာ ညီနောင်အသင်း အချင်း ချင်း ညှိနှိုင်းဆောင်ရွက်မှု အားနည်းနေ ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်လင်းက ပြောသည်။ နိုဝင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ယင်းသို့ပြောဆိုခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ ငါး သုံးမျိုးမှာ ငါးမြစ် ချင်း၊ ငါးတန်၊ ငါးမုတ်တို့ဖြစ်ပြီး ယင်းငါး များသည် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်း စားသုံးမှုတို့တွင်များစွာ အရောင်းအဝယ် ဖြစ်သော်လည်း ငါးဈေးကွက်မှာ မတည် ငြ
ဗီယက်နမ် စီးပွားရေးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲရေးနှင့် ကိုက်ညီမှုမရှိသော စီးပွားရေးလုပ် ငန်းများ၏ ပါဝင်မှုအချိုးအစားမှာ ကမ္ဘာ့ပျမ်းမျှပါဝင်မှု အချိုးအစားထက် ၁ ဒသမ ၅ ဆ ပိုမိုမြင့်မားနေကြောင်း ဗီယက်နမ်နယူးအေဂျင်စီ၏သတင်းတွင် ဖော်ပြသည်။ စီးပွားရေးလုပ်ငန်းများအတွက် အကြီးမားဆုံးသော ပြဿနာမှာ ပြုပြင်ပြောင်းလဲမှုကို မည်သည့်နေရာမှ စတင် ရမည်ကို မသိခြင်းဖြစ်ကြောင်း ]၂၀၁၉ ခုနှစ် သက်မွေးဝမ်း ကျောင်းနှင့် နည်းပညာလေ့ကျင့်ရေးနေ့ အခမ်းအနားတွင် FPT ညွှန်ကြားရေးမှူးချုပ် ငုယင်ဗန်ခိုအာက ပြောသည်။ စီးပွားရေးလုပ်ငန်းများသည် ပြောင်းလဲမှုမရှိပါက နောက်ကျကျန်လိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောသည်
ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးထုတ် ကုန် များ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဌာနခွဲ၏ ပြောပြချက်အရ ဗီယက်နမ် ဆန် ထုတ်လုပ်သူများနှင့် ပြည်ပသို့ ဆန် တင်ပို့သူများသည် ဆန်အရည်အသွေး အပေါ် အာရုံစိုက်ရန် လိုအပ်ကြောင်း သိရှိရသည်။ ယခုနှစ်၏ ပထမ ၁၀ လအတွင်း ပြည်ပသို့ ဆန်တင်ပို့ခဲ့သော စုစုပေါင်း ပမာဏမှာ တန်ချိန် ၅ ဒသမ ၅၆ သန်း နှင့် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃ ဘီလီယံ အသီးသီးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် အလားတူကာလနှင့် နှိုင်း ယှဉ်ပါက ပမာဏအားဖြင့် ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးအား ဖြင့် ၉ ဒသမ ၁ ရာခိုင်နှုန်း
ဂလောင်ဂလင်ဆိုတဲ့ ခလောက်သံလေးနဲ့ အတူ ယခင်ကတောင်ပေါ်လမ်းကနေ တရားမဝင် သွားနေတဲ့ ကျွဲ၊ နွား (အရှင်)တွေဟာ လယ်ယာမြေ တွေစိုက်ပျိုးထွန်ယက်ရာမှာ လိုအပ်မှုအခြေအနေ တွေအရ တားမြစ်ပိတ်ပင်ထားခဲ့တော့ အဲဒီအခွင့် အရေးကိုအရယူပြီး ဈေးကွက်ရှိရာ တစ်ဖက်နိုင်ငံ သို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မှောင်ခို တင်ပို့ရင်း အကျိုးအမြတ်တွေရ၊ တစ်ဖက်နိုင်ငံက လည်း ဈေးကွက်နှိမ်ဝယ်ရင်း အကျိုးတွေဖြစ်ထွန်း နေလိုက်တာ စားကွက်တစ်ခုလို အချိန်အတော် ကြာခဲ့သည်။ ဒီလိုအခြေအနေတွေ ပြောင်းလဲပြီး ယခု အစိုးရ သက်တမ်းကာလမှာ နိုင်ငံတော်က ရသင့် သည့် အခွန်အခ များရရှိစေရန်၊ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန်၊ ပြည်သူများ အနေဖြင့်
စင်ကာပူ စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီ Yoma Strategic Holdings Ltd နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီ First Myanmar Inve-stment Public Co.Ltd.
ပြည်ပနည်းပညာကိုအခြေခံ၍ ဒေသတွင်းရှိ ဖားများအား စမ်းသပ်မွေး မြူခြင်းနှင့် နည်းလမ်းများ မျှဝေခြင်းတို့ ကို လုပ်ဆောင်နေကြောင်း ဖားသား ပေါက် စမ်းသပ်မွေးမြူထုတ်လုပ်သူ ဦးမိုးရဲဝင်းက ပြောသည်။ ထိုကဲ့သို့ မွေးမြူခြင်းနှင့် နည်း လမ်းမျှဝေခြင်းတို့ ပြုလုပ်ရခြင်းမှာ ဈေး ကွက်မပျောက်စေရန်၊ ဈေးကွက်ပျက် ခြင်းမှ ကာကွယ်နိုင်စေရန်နှင့် ပြည်ပမှ တင်သွင်းစားသုံးနေသည်ကို ပြည်တွင်း ၌ မွေးမြူ၍ ဈေးကွက်တစ်ခုဖြစ်လာစေ ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းမည်ဆိုသည့် သတင်းထွက် ပေါ်လာသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းမည်ဟူသော သတင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက တာဝန်ပေးချက်အရ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယင်းဝန်ကြီး ဌာနနှစ်ခုပူးပေါင်း ဖွဲ့စည်းမည်ကို ပြည်ထောင်စုလွှတ်တော်တွင် နိုဝင် ဘာ ၁၅ ရက်ပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ရှင်းလင်းတင်ပြခဲ့ သည်။ ရှင်းလင်းတင်ပြရာတွင် လက်ရှိစက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ သည် နိုင်ငံပို
ပြည်တွင်းရွှေဈေးသည် ယခုရက်သတ္တပတ်အတွင်း အတက်အကျများဖြစ်ပေါ် ခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်ပြန် တက်လာခဲ့ ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာဒုတိယပတ်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၈၂၀ဝ၀ ဖြင့် ဈေးပိတ်ခဲ့သော်လည်း ယခုရက် သတ္တပတ်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၈၅၀ဝ၀ ထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ ရွှေကတော့ ပြည်တွင်းမှာနည်းနည်းတက်သွားပေမယ့်ကမ္ဘာ့ရွှေကတော့တည်ငြိမ်နေပါတယ်။ ဈေးကွက်ထဲမှာ တော်တော် များများကလည်း ပြောနေကြတာ ရှိတယ်။ ရွှေဈေးက ထပ်ကျဦးမယ်ဆိုပြီး ပြောနေကြတယ်။ အဲဒါကြောင့်လည်း ဝယ်မယ့်သူတွေက အခြေအနေပေါ်ကြည့်ပြီး တက်လိုက်ကျလိုက်ဖြစ်နေတာပါမယ်။ အဝယ်တအား