Main menu

Background

Wednesday, 17 Jan 2018

   ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ ပဲစင်းငုံစိုက်ပျိုးရန် လျာထားဧက ၅၅၀၀၀၀ကျော်အနက် ဧကခြောက်သိန်းကျော်စိုက်ပျိုးပြီးဖြစ် ၍ ရာခိုင်နှုန်းအားဖြင့်၁၀၈ ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ပါတယ်။  ကန့်ဘလူ ခရိုင်၌ ဧက၁၅၀၀၀၀ကျော်ဖြင့် အများဆုံးစိုက်ပျိုးနိုင်ခဲ့ပြီး မုံရွာခရိုင်၌ ဧက၁၃၀၀၀၀ ကျော်ဖြင့် ဒုတိယအများဆုံး စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ အရာ တော်မြို့နယ်ဘက်မှပဲစင်းငုံ ၁၅တင်းမှတ င်း၂၀ခန့်ဝင်ရောက် လျက်ရှိေ ကြာင်း၊ အသစ်တစ်တင်းလျှင် ကျပ် ၁၃၀၀၀ မှ ကျပ် ၁၃၅၀၀ ကြား၊ အဟောင်းတစ်တင်း လျှင် ကျပ် ၁၁၀၀၀ မှ ကျပ် ၁၁၆၀၀ကြားဈေးပေါက်ကြောင်း  ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ ပဲစင်

Wednesday, 17 Jan 2018

        ကြက်သွန်နီစိုက်ပျိုးရာ ဒေသများဖြစ်သော ဆိပ်ဖြူနှင့် ပေါက်မြို့နယ်တို့တွင် မိုးများစွာ ရွာသွန်းပြီး ကြက်သွန်နီစိုက်ခင်းများ  ရေကြီးနစ်မြုပ်၍ အဝင်နည်းခြင်းတို့ ကြောင့် ကြက်သွန်ဈေးများ မြင့်တက်လျက်ရှိပါတယ်။ ဇန်နဝါရီ    ပထမပတ်တွင် ကြက်သွန်နီ လက်ကားဈေးနှုန်းများမှာ အရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာ လျှင် ကျပ် ၃၁၅၀၊ အလတ်စတစ်ပိဿာလျှင်ကျပ် ၂၀၀၀မှ ၂၅၀၀ထိ၊ အနိမ့်စ တစ် ပိဿာလျှင်ကျပ် ၈၀၀မှ ၁၅၀၀၊ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင်ကျပ် ၃၅၀၀၊ လတ်စတစ်ပိဿာလျှင်ကျပ် ၂၈၀၀၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဈေးရှိ ကြောင်းသိရပါတယ်။ ဇန်နဝါရီ ဒုတိယအပတ်တွင် ကြက်သွန်နီဈေးများ တဖြည်း ဖြည်း ကျဆင်းခဲ့ပါတယ်။ ကြက်သွန်နီအဝယ်

Tuesday, 16 Jan 2018

    အိန္ဒိယနိုင်ငံ၏ အကောက်ခွန် ပေးဆောင်ရသော   ရွှေတင်သွင်းမှု သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တန် ချိန် ၆၅၀ ရှိပြီး ပျမ်းမျှဈေးနှုန်းမှာ တစ်  အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၂၈၀ မှ ၁၃၀၀ နှုန်းအထိ ရှိမည်ဖြစ် ကြောင်း ဟိန္ဒူဘိဇနက်လိုင်းသတင်း တွင် ဖော်ပြသည်။၂၀၁၃-၂၀၁၄   ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရွှေဈေးနှုန်း သည်ကျဆင်းနေ သည့်အတွက်  ဤပမာဏ အတိုင်း တင်သွင်းမည်ဆို ပါက  ပြည်ပ ငွေပေး  ငွေယူ ရှင်းတမ်း  လိုငွေပြမှုကို ထိန်းထားနိုင်မည့်    အခြေအနေရှိ ကြောင်း  လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်း ကျင်သူတို့က ပြောသည်။  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရွှေတင်သွင်းမှုမှာ တန် ချိန် ၆၅၀  ရှိမည်ဖြစ်သည့်အတွက် ယမန်နှစ်က  ပမာဏ နီး

Tuesday, 16 Jan 2018

ပိုးသတ်ဆေးင်း အမြင့်ဆုံးပါဝင်ခွင့်သတ် မှတ်ချက်(Maximum Residue Limit- MRLs)ဆိုသည်မှာ စားသောက်ကုန်များ စိုက်ပျိုးထုတ်  လုပ်စဉ် အခါကသုံးစွဲခဲ့သော ပိုးသတ်ဆေးများ ကြွင်းကျန်မှုကန့်သတ်ချက်ဖြစ်ပြီး ယင်း ပမာဏ သည် စားသုံးသောအခါ ကျန်းမာရေးကို မထိခိုက်  စေသည့် ပမာဏကို တရားဝင် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ CODEX အဖွဲ့မှ သတ်မှတ်ခြင်းဖြစ် ပါသည်။ CODEX သည်  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) နှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) တို့မှ ပညာရှင်များနှင့် ပူးပေါင်းဖွဲ့စည်းထားသောအဖွဲ့ ဖြစ်ပြီး၊  ပိုးသတ်ဆေးကြွင်း အမြင့်ဆုံးပါဝင်ခွင့်ကန့် သတ်ချက(MRLs)  ကို သတ်မှတ်ပေးထားပြီး အခါအားလျော်စွာ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း များ 

Thursday, 28 Dec 2017

       ဗီယက်နမ်နိုင်ငံက ထုတ်လုပ် သည့်  ပင်လယ်စာထုတ်ကုန်များကို တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ် ပထမရှစ်လအတွင်း   အမေရိကန် ဒေါ်လာ ၄၇၅ သန်းဖိုး တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၂၇ ရာခိုင် နှုန်း ပို မိုတင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ် နယူးစ်တွင်ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပင်လယ်စာထုတ်ကုန်များ တင်ပို့လျက်ရှိသည့် ဗီယက်နမ်နိုင်ငံမှ Nha Trang Seafood (F17) ကော်ပိုရေးရှင်းသည် ယခုနှစ် ပထမခြောက် လအတွင်း တောင်ကို ရီးယားနိုင်ငံသို့ တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်  ရရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၅ သန်းရရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော

Thursday, 28 Dec 2017

        ဗီယက်နမ်နိုင်ငံ၏ စပါးကျီဟု တင်စား ခေါ်ဝေါ်လျက်ရှိသည့် မဲခေါင်မြစ်ဝှမ်းဒေသ သည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ကြောင့် မဲခေါင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စက်ရုံ များတွင် ရေများနည်းပါးနေပြီဖြစ်၍  မဲခေါင် မြစ်ဝှမ်းဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားစွာ စိန်ခေါ် လျက်ရှိကြောင်း၊ မဲခေါင်မြစ်ဝှမ်း  ဂေဟဗေဒ ပညာရှင် ငုယင်ဟူသိမ်က ပြောကြားခဲ့သည်။ မဲခေါင်မြစ်ဝှမ်းတွင်  ဖြစ်ပေါ်လျက်ရှိ သည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် ဗီယ က်နမ်ပြည်သူများ၏  နေထိုင်မှုဘဝနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အကျိုးသက် ရောက်မှုရှိလာနိုင်သည်ဟုဆိုသည်။ အပူချိန်များမြင့်တက်လာပြီး ရာသီဥတု ပူပြင်းခြောက်သွေ့လာမှုကြောင့် အချိန်

Thursday, 28 Dec 2017

       တရုတ်နှင့်ထိုင်းသို့ဆက်သွယ်သည့် ပထမဦးဆုံး အဆင့်မြင့်ရထားလမ်း ဖောက်လုပ်မည့်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နာခွန်ရာချတ်စီမာတွင် ကျင်းပခဲ့သည်။ ထိုင်းနိုင် ငံနှင့် ရထားလမ်းဖောက်လုပ်ရန် သဘောတူညီမှုရရှိခဲ့သည့် အတွက် တရုတ်နိုင်ငံဝန်ကြီးချုပ် လီကျင်းပင်က ဂုဏ်ပြုစကားပြောကြားခဲ့သည်။အဆိုပါရထားလမ်းသည် တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့် ရပ်ဝန်း တစ်ခု လမ်းကြောင်းတစ်ခုစီမံကိန်းကို အကျိုးပြုစေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။ အဆိုပါရထားလမ်း၏ ပထမဆုံးလမ်းပိုင်းအဖြစ် ထိုင်းနိုင်ငံ၏ မြို့တော် ဗန်ကောက်နှင့် နာခွန်ရာချတ်စီမာပြည်နယ်ကို ဆက်သွယ်

Wednesday, 27 Dec 2017

            ဒီဇင်ဘာလ ၁၀ ရက်မှ  ၁၆ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၉၃၄၄၅၆တန်ဖိုးရှိမြေသြဇာ၈၁၇၈ဒသမ ၈၆တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်၊ ဗီယက်နမ်၊ ကနေဒါ၊ ကိုရီးယား၊ ပါကစ္စတန်၊ ထိုင်းနဲ့မလေးရှားနိုင်ငံတို့မှ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့အမျိုးအစားများမှာ အမိုးနီးယားဆာလဖိတ်၊ အမိုးနီးယား ကလိုရိုဒ်၊ ကွန်ပေါင်း(၁၅း၁၅း၁၅)၊ ကွန်ပေါင်း (၁၅း၉း၂၀)၊ အာမို၊ ပိုတက်ဆီယမ် ကလိုရိုဒ်၊ ပိုတက်၊ ယူရီးယားတို့တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ မြေသြဇာတန်ချိန် ၁၀၅၀၀ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၂၃၂၀ကျော် တင် သွင်းမှုလျ

Tuesday, 26 Dec 2017

         ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်နှစ်ကြိမ် စလုံးမှာ နယ်မြေချဲ့ထွင်ဖို့အတွက်ချည်းကြောင့် ဖြစ်ခဲ့ပါတယ်။ နယ်မြေချဲ့ထွင်တယ်ဆိုတာလည်း အချုပ်အချာအာဏာ သက်ရောက်ဖို့ဆိုတာထက် သူတို့ရဲ့ ထုတ်ကုန်တွေရော င်းဖို့နဲ့ ကုန်ကြမ်းတွေ သူတို့ဆီကရယူဖို့ဆိုတဲ့ မဟာရည်မှန်းချက်က အဓိကဖြစ်ပါတယ်။ အတိုဆုံးပြောရရင် ကုန်သွယ် ရေးအတွက် စစ်ခင်းခဲ့ကြတာဖြစ်ပါတယ်။ ဒီဘက် ခေတ်သစ်မှာလည်း စစ်အင်အားသုံးပြီး သိသိသာသာ ကြီး နယ်မချဲ့တော့ပေမယ့် နည်းပညာရဲ့ ပံ့ပိုးမှုတွေနဲ့ ကြော်ငြာရဲ့အစွမ်းပကားတွေကြောင့် နယ်မြေတင်မက စားသုံးသူများရဲ့ နှလုံးသားတွေကိုပါ သိမ်းပိုက်တဲ့ခေတ်ကြီးကို ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို  ရွှေနိ

Tuesday, 26 Dec 2017

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ကုန်သွယ်မှု  တိုးတက်မြင့်မားရေး၊ အလုပ်အကိုင် အခွင့် အလမ်းရရှိစေရေးနှင့်  နိုင်ငံတော်အခွန်အခ ရရှိစေရေးတို့ အတွက် တစ်ဖက်နိုင်ငံ ဈေးကွက်ရှိသော သကြားကို Re-export စနစ်ဖြင့် တင်သွင်းတင်ပို့ခြင်းအား ၂၀၁၅ ခုနှစ် စက်တင်ဘာလ မှ စတင်၍ခွင့်ပြုပေးခဲ့ပါသည်။ ခွင့်ပြုပေးစဉ်က Re-export လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ် နည်း စည်းမျဉ်းစည်းကမ်းများအား ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက် စေခဲ့ပါသည်။

Pages