Main menu

Background

Friday, 22 Sep 2017

       စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ   သီတင်းပတ်အတွင်း  မန်ကျည်း   တန်ချိန်    ၁၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့      ပင်လယ် ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က အပို့ ပျောက်ခဲ့တဲ့ မန်ကျည်းက  ဒီတစ် ပတ်မှ ပြန်လည်တင်ပို့ခြင်းဖြစ် ပါတယ်။   မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀၀၀ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)

Friday, 22 Sep 2017

      ဈေးကွက်ဝင်သီးနှံ ပဲပုပ်လည်း ဈေးကွက်မှာအဝင်ရှိလာပါပြီ။ တောင်ကြီး ခရိုင်၊ စောဆီ၊ ကက္ကူ၊ ကျောက်တလုံးကြီးဘက်က ဝင်လာသလို ရပ်စောက်၊ တောင်နီ ဘက်ကလည်း အဝင်ရှိလာပါတယ်။  လင်းခေးခရိုင်၊ လဲချားနဲ့ မိုးနဲမှပဲပုပ်တွေလည်း ထွက်လာပြီလို့သိရပါတယ်။ လဲချားနဲ့ မိုးနဲကတော့ ရှမ်းရိုးရာအစာဖြစ်တဲ့ ပဲပုပ် ချပ်တွေပြုလုပ်ကြတာများပါတယ်။ တောင်ကြီးခရိုင်ဘက်ကထွက်တဲ့ ပဲပုပ်ကိုတော့ ပဲပြား၊ ပဲနို့ရည်၊ ပဲငံပြာရည် အဖြစ်  ပြုလုပ်ဖို့အတွက် ဝယ်ယူပြီး အသင့်စားသုံးလို့ရ တဲ့ ပဲပုပ်လှော်အဖြစ် ပြုလုပ်ဖို့လည်း   ဝယ်ယူမှုရှိလို့ ဒေသတွင်းဈေးကွက်မှာပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။

Friday, 22 Sep 2017

       တောင်ကြီးဈေးကွက်မှာ ရေ သွင်းပြောင်းလို့ခေါ်တဲ့  ရေခြံထွက်တဲ့ ပြောင်းသစ်တွေဝင်လာသလို   ပြောင်း (ဟောင်း) တွေက  ကုန်သွားသလောက် ဖြစ်နေပါပြီ။     ရေခြံပြောင်းတွေက တောင်ကြီး၊ ဆီဆိုင်၊ ရပ်စောက်  စတဲ့ မြို့တွေအပြင် လွိုင်ကော်ကလည်း ဝင် လာပါတယ်။မိုးကလည်းအဆက်မပြတ် ရွာနေတာရယ် ပြောင်းသစ်ကလည်း ရေခြံက ပြောင်းတွေဖြစ်လို့ အစိုဓာတ် တွေကတော့ များနေပါတယ်။ အသစ် ဝင်လာတဲ့ပြောင်းတွေကို တောင်ကြီးမြို့ နယ် တောင်လေးလုံး ကျေးရွာမှာရှိတဲ့ မြနဒီ  အခြောက်ခံစက်မှာ ခြောက် အောင် လှော်ပေးနေပါတယ်။ တစ်ပတ် ကို တောင်ကြီး^လွိုင်ကော်က ဝင်တဲ့ ပြောင်းက အိတ် ၁၅၀၀ ခန့် အဝင်ရှိနေ ပါတယ်။ ရာသီဥတုကြောင့် အစိုဓာတ် များလို့ မြနဒီ အခြ

Friday, 22 Sep 2017

        ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့၌ စက်တင်ဘာလ ဒုတိယပတ် တွင် ဧည့်မထစပါး၊ ဆန် ဈေးနှုန်းများမှာ လဆန်းပိုင်းဈေးထက် အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။ စက်တင်ဘာလပထမပတ်က ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်တို့တွင် ဧည့်မထ မိုးစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၈၀၀၀၀ မှ ကျပ် ၅၀၀၀၀၀ ဈေးတွင် ဆန်တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ မှ ယခုစပါးဈေး ကျပ် ၅၀၀၀၀၀ မှ ကျပ် ၅၂၀၀၀၀ ဈေးရှိသည့်အချိန်တွင် ဆန် တစ်အိတ်လျှင် ကျပ် ၂၁၅၀၀ မှ ကျပ် ၂၁၈၀၀ ဈေးရှိခဲ့ကြောင်း၊ ဧည့်မထနွေ စပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၆၀၀၀၀ မှ ကျပ် ၄၇၀၀၀၀၊  ဆန်တစ် အိတ်လျှင် ကျပ် ၂၀၀၀၀ မှ ယခုစပါး ဈေး ကျပ် ၄၈၀၀၀၀ မ

Friday, 22 Sep 2017

     ကျုံပျော်မြို့နယ်၏  ရေမြေ သဘာဝသည် ပီလောပီနံစိုက်ပျိုးရာတွင် အောင်မြေဖြစ်ထွန်းသော ဒေသတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အများ ဆုံးစိုက်ပျိုးလျက်ရှိသော မြို့နယ်တစ်ခု ဖြစ်၍ ပြည်တွင်းပြည်ပ  ဈေးကွက် ဝင် ပီလော ပီနံလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် ရေးအတွက်     အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့်     စနစ် တကျ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံ တောင်သူများ ဝင်ငွေတိုးပွားလာပြီး မိမိတု့ိဒေသတွင်း   စီးပွားရေး လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည် ရွယ်၍ ယခုလို   သင်တန်းဖွင့်လှစ်ပို့ချ ရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပီလောပီနံအသင်း ဥက္ကဋ္ဌ ဦးကျော်သူရ က ပြောပါသည်။အဆိ

Friday, 22 Sep 2017

       ဆားလင်းကြီးမြို့နယ်၊ ရုံးပင်ရိုးထန်းတောကြီးကျေးရွာတွင် အာဆီယံသပြေ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေသော ကြောင့် သပြေပန်းစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရပါတယ်။နှစ်ရှည်ပင်ဆိုတော့ ပထမနှစ်အရင်းကျေပါတယ်။ နောက်နှစ်တွေကျရင် တော့ အပင်ပြုစုခြင်း၊ အပင်အောက်မှ ရွက်ခြောက်ကောက်ခြင်း၊ ရေဖျန်းခြင်း၊ အရွက်တွေ ပိုးလိပ်ချိန်မှာ ဆေးဖျန်းခြင်းစတာတွေတော့ ပြုလုပ်ပေးရပါတယ်။ အပင် တစ်ပင်နဲ့ တစ်ပင် သုံးပေခန့်ထိခြားစိုက်ရပြီး ပျိုးပင်ကတော့ တစ်ပင်လျှင် ကျပ် ၂၀၀မှ ကျပ် ၈၀၀ထိ ရှိပါတယ်။ နေ့စဉ် ကိုက်ရောင်းချရပြီး တစ်စည်းကို ကျပ် ၃၀၀ နဲ့ တစ်ဆင့်ပြန်ရောင်းချသူများမှ လာရော

Friday, 22 Sep 2017

      ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ဘိုက်သရက်ကျေးရွာမှ ဥယျာဉ် ခြံစိုက်ပျိုးလုပ်ကိုင်သူများသည် ဂန္ဓမာပန်း စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ တိုးပွားလျက်ရှိကြောင်းသိရပါတယ်။ဂန္ဓမာပျိုးပင်များကို ယင်းမာပင် မြို့နယ် ၊ ဇီးတောကျေးရွာမှ မှာယူစိုက်ပျိုး ကြပြီး ပျိုးပင်တစ်ပင်လျှင် ၈ ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးရာတွင် နှစ်ပေ အကျယ်မြေသားများပြုလုပ်၍ ပျိုးပင်တစ်ပင်နှင့် တစ်ပင်ခြောက်လက်မပတ် လည်အကွာတွင် တန်းပေး စိုက်ပျိုးကြသလို မြေဧကအကျယ်ပေါ် မူတည်၍ စိုက်ပျိုး ကြပြီး ညနေတိုင်း ရေဖျန်းပေးရပါတယ်။စတင်စိုက်ပျိုးသည့်အချိန်မှစပြီး လေးလအကြာမှာ ပန်းပွင့်စုံချိန်တွင် ကိုင်း ဖြတ်ရောင်းချက

Wednesday, 20 Sep 2017

    ယခုတစ်ပတ်  မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သောမြေပဲလုံးဆန်ဖြူနဲ့အနီကတော့ ယခင် တစ်ပတ်အတိုင်းဈေးငြိမ်လျက်ရှိပြီး  ဆီဆန်ဈေးကတော့ အနည်းငယ်ကျဆင်းလျက်ရှိကာ အရောင်းအဝယ် သွက်လျက် ရှိကြောင်း သိရပါတယ်။အဝင်ရှိသလောက်တော့ ဒေသတွင်းဆားလှော်သမား များနှင့်ဆီစက်သမားများ  ဝယ်ယူလျက်ရှိလို့အရောင်းအဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲဆန်များကို မုံရွာ ကုန်စည်ဒိုင် သို့ နေ့စဉ်အိတ် ၁၀၀၀ ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ (လုံး ဆန်ဖြူ)ကျပ်၂၃၅၀နဲ့အိတ်၃၀၀ခန့်၊ (လုံးဆန်နီ) ကျပ်၂၂၀၀နဲ့ အိတ်၁၅၀ခန့်၊  (ဆီဆန်) ကျပ် ၁၈၅၀နဲ့ အိတ် ၇၀၀/ ၈၀၀ခန့် အသီးသီးအရောင

Wednesday, 20 Sep 2017

      ပြည်ပဲမျိုးစုံဈေးကွက်မှာ မိုးပဲတီစိမ်းသစ်များ အဝင်ဆက်ရှိနေပြီးပန်းတောင်း၊ ပေါက်ခေါင်း၊ ပြည်၊ အောင်လံမြို့နယ်များမှ တစ်ရက်လျှင်အိတ် ၂၅၀ ကျော် ဝင်ရောက်နေခဲ့ပါတယ်။ မန္တလေးလိုင်းသမားဝယ်လိုအား အမြဲရှိခဲ့လို့ ဝင်ရောက်လာ သမျှ အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ပဲဈေးနှုန်းမှာ ဈေးဆက်ငြိမ်နေခဲ့ကာ တစ်တင်း ကျပ် ၂၇၀၀၀ ဖြင့်  အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားရှိတဲ့ သီးနှံများအနက် ပဲတီစိမ်းသီးနှံ သာ အရောင်းအဝယ် ဖြစ်နေခဲ့သလို ပဲဈေးကလည်း မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးပိုရနေခဲ့ပါတယ်။ ယခင်နှစ်ကာလတူက ပဲတီစိမ်းသီးနှံဈေးနှုန်းမှာ တစ်တင်း လျှင် ကျပ် ၂၃၀၀၀ သာရရှိလို့ ယခုနှစ်ဈေးကတော့ ယခင်နှစ်

Wednesday, 20 Sep 2017

       ပြည်ပဲဈေးကွက်မှာ စက်တင်ဘာလလယ်အတွင်း  လက်လီအရောင်း အဝယ်ဖြစ်နေတဲ့ ပဲများကတော့ အိတ်လက်ကျန်အနည်းငယ်ရှိမှုအပေါ်နေ့စဉ် အိတ်အနည်းငယ်စီရောင်းချနေခဲ့ကြပါတယ်။ ပဲလွန်းဖြူသီးနှံဟာ ပြည်ခရိုင် အတွင်း စိုက်ပျိုးမှုလည်းနည်းသလို ပဲဝင်ရောက်မှုမှာ ပဲထွက်ပေါ်ချိန်ကာလ များတွင်သာ အဝင်များပြီး လက်လီ၊လက်ကားရောင်းဝယ်ကြလို့ ဒေသတွင်း သာအရောင်းအဝယ်ဖြစ်ခြင်းမျိုးမဟုတ်ဘဲ ရန်ကုန်ဝယ်လက်များလည်း ဝယ် ယူကြတယ်လို့သိရပါတယ်။  ယခုကာလများမှာတော့   ပဲအဝင်မရှိတော့ဘဲ လက်ကျန်လှောင်ပဲအနည်းငယ်ဖြင့်သာ ရောင်းဝယ်ကြရတာဖြစ်ပါတယ်။ ပဲဈေးမှာ ယခုနှစ်အတွင်း တစ်တင်းကျပ် ၃၇၀၀၀ အထိရရှိလို့ အခြားလက်လီ ပဲများဖြစ်သော ဘိုကိတ်၊ ပဲနီပြား၊  ထောပတ်ပ

Pages