Main menu

Background

Monday, 20 Feb 2017

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတွင် ပို့ကုန်/ သွင်းကုန်လိုင်စင် ထုတ်ပေးမှုအတွက် အွန်လိုင်းကို အပြည့်အဝအသုံးပြုနိုင် သည့် ပို့ကုန်/သွင်းကုန်လိုင်စင်စနစ်  (Fully Online Licensing System) ဖြင့် သတ်မှတ်ကုန်ပစ္စည်း အမယ်အချို့ကို ၂၀၁၆ခုနှစ် ဇွန်လမှ စတင်ခွင့်ပြု ထုတ်ပေးခဲ့ပြီး CMP (အထည်ချုပ်)သွင်းကုန်လိုင်စင်များအား မြန်မာနိုင်ငံအထည်ချုပ်အသင်း နှင့်ချိတ်ဆက်၍ (Fully Online Licensing) စနစ်ဖြင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ စမ်းသပ်ထုတ်ပေးလျက်ရှိသည်။

Monday, 20 Feb 2017

       သီးနှံစတင်ပေါ်ခဲ့သည်မှ ယနေ့အထိ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံတစ်တင်းအနိမ့်ဆုံး ကျပ် ၂၄၀၀၀၊ အမြင့်ဆုံး ကျပ် ၂၇၀၀၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာကို လေ့လာတွေ့ရှိ ရပါတယ်။ ယခင်နှစ်အလားတူကာလဖြစ် တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အနိမ့်ဆုံးတစ်တင်း ၄၆၉၀၀ ကျပ်၊ အမြင့်ဆုံးတစ်တင်း ကျပ် ၅၁၀၀၀၊ ဖေဖော်ဝါရီလမှာ အနိမ့်ဆုံးတစ်တင်း ၄၁၅၀၀ ကျပ်၊ အမြင့်ဆုံးတစ်တင်း ကျပ် ၄၆၀၀၀ ဈေး တွေဆိုတော့ ယခုနှစ်အနေနဲ့  ယှဉ်ကြည့်ရင် တော်တော်ကွာဟနေတာကိုတွေ့ရပါတယ်။ ပဲစင်းငုံသီးနှံအကြောင်းကို လေ့လာကြည့်ရင် ယခင်လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေထွက် ကုန်သွယ်ရေးကော်ပိုရေးရှင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က ကိုယ့်ဌာနက ဝယ်ယူခဲ့တဲ့ပစ္စည်း နို

Friday, 17 Feb 2017

        ပူးတွဲကုန်အမှတ်တံဆိပ်အသုံး ပြုမှုသည် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် အသုံးတွင်ကျယ်လာသော နည်းလမ်းတစ်ခု ဖြစ်လာသည့်အတွက် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများက ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် ဝင် ရော က်ရာတွင် အလွယ်ကူဆုံးနည်းလမ်းတစ်ခု အဖြစ်အသုံးပြုလာကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ဤနည်းလမ်းကို  အသုံးပြုသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းများတွင် ဖိနပ်ထုတ်လုပ်ရေးလုပ်ငန်း Biti နှင့် လ က်ဝတ်ရတနာ ထုတ်လုပ်ရေးလုပ် ငန်း PNJ တို့မှာ ပထမဆုံး ပြည်တွင်း စီးပွားရေးလုပ်ငန်းများဖြစ်ကြသည်။

Friday, 17 Feb 2017

       စည်းမျဉ်းတင်းကျပ်ပြီး ထိပ်ပိုင်းမှ အောက်ခြေအဆင့်သို့သွားသော ကုမ္ပဏီ၏ဆက်ဆံရေးကို ပြုပြင်ရန်အတွက် ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီက လာမည့်လတွင် အလုပ်အကိုင်အဆင့်သတ်မှတ်ချက်ကို ထူးထူးြ ခားခြား ပြုပြင်သွားမည်ဟု ကုမ္ပဏီအရာရှိများက ပြောကြောင်း ယွန်းဟပ်သတင်းတွင်ဖော်ပြသည်။ ဆမ်ဆောင်းကုမ္ပဏီရှိ အလုပ်အကိုင်ရာထူးနေရာများ၏ အမှုဆောင်အဆင့်ရာထူးနေရာများအောက်ရှိ အလုပ်အကိုင် အဆင့်များ ကို မူလကအဆင့် ခုနစ်ဆင့်ထားရှိရာမှ လေးဆင့်သို့ လျှော့ချမည်ဖြစ်ကြောင်း ဆမ်ဆောင်းဂရုပ်က ပြောသည်။ စနစ်သစ် အဆင့်လေးဆင့်ကို သတ်မှတ်ရာ တွင် ဝါစဉ်အလိုက်သတ် မှတ်ခြင်းမဟုတ်ဘဲ အလုပ်အကိုင် စွမ်းဆောင် ရည်အရ သတ်မှတ်ခြင်းဖြစ်သည်။

Thursday, 16 Feb 2017

       ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၄ရက်အထိ သီတင်းပတ်အတွင်း ကန် ဒေါ်လာ ၁၁၁၀၉၂၅တန်ဖိုးရှိ ဘိလပ်မြေ ၁၅၉၃၆ဒသမ ၆၅၅တန်ကို  ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တရုတ်နို င်ငံမှ ၂၂၄ တန်၊ မလေးရှားနိုင်ငံမှ ၈၀၂၅ တန်၊ ထိုင်းနိုင်ငံမှ ၇၆၈၇ဒသမ ၆၅၅ တန်ကိုတင် သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၅၀နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၅၀၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)

Thursday, 16 Feb 2017

       တရုတ်နှစ်သစ်ကူးကာလတွင် ရွှေအရောင်းအဝယ်များအေးခဲ့ပြီး ဈေးကျဆင်း ခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အဝယ်လိုက်လာ မှုများကြောင့် ဈေးများမြင့်တက်ခဲ့ကာ အမြင့်ဆုံးဈေးအဖြစ် ကျပ် ကိုးသိန်းအထိ ရောက်ရှိခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှသိရှိရသည်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့သည့် အခွန်သုံးရာခိုင်နှုန်းကိစ္စ ကြောင့် ပြည်တွင်း၌ ရွှေဝယ်သူများ ယခင်ကထက်ပိုမိုများပြားလာခဲ့ေ ကြာင်း၊ ေ ရွှ ဈေးဆက်လက်မြင့်တက်နိုင်သည်ဟူသည့် သုံးသပ်ချက်ကြောင့်လည်း ရွှေဝယ်သူများ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်း၊ အခွန် သုံးရာခိုင်နှုန်းစနစ်သည် လာမည့် ဧပြီ ၁ ရက်တွင်စတင်မည်ဖြစ်သဖြင့် ယင်းနေ

Thursday, 16 Feb 2017

          ပြီးခဲ့သည့်ရက်သတ္တပတ်များက ကျဆင်းခဲ့သည့် ငွေလဲနှုန်းများသည် ယခု တစ်ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့သည်။ တစ်ပတ်အတွင်း ၁၁ ကျပ်မြင့်တက် ခဲ့သဖြင့် ဈေးကွက်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်။ မြန် မာနိုင်ငံတော် ဗဟိုဘဏ်၏ ရက်သတ္တပတ်တစ်ပတ် အဖွင့်ဈေးမှာ ကျပ် ၁၃၅၀ ဖြစ်သော်လည်း ဖေဖော်ဝါရီ  ၈ ရက်တွင် ကျပ် ၁၃၆၀ သို့ မြင့်တက်ခဲ့သည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းများ မြင့်တက်ခဲ့သဖြင့် ပုဂ္ဂလိကဘဏ် များ နှင့် ပုဂ္ဂလိကငွေလဲစင်တာများ၏ ငွေလဲနှုန်းများလည်းမြင့်တက်ခဲ့ကြောင်း၊ နိုင်ငံ တကာတွင်လည်း အမေရိကန်ဒေါ်လာနှင့်လဲလှယ်နှုန်းများ မြင့်တက်လျက်ရှိသဖြင့် ပြည်တွင်း၌ ယခုကဲ့သို့ မြင့်တက်လာရခြင်းဖြစ်ကြောင်း ငွေ လဲ

Thursday, 16 Feb 2017

        ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ ဆီကြိတ်မြေပဲဆန်ဈေးနှင့် လုံးဆန်အဖြူ ဈေးအနည်းငယ်မြင့်လာပြီး လုံးဆန်အနီဈေးငြိမ်နေတာတွေ့ရပါတယ်။ ယခုရက် ပိုင်းကံမဘက်မှ မြေပဲဆန်အိတ် ၁၅၀၀ လောက်ဝင်ရောက်ခဲ့ပါ တယ်။ ရန်ကုန်၊ မန္တလေးဝယ်လက်များက လုံးဆန်အဖြူကို အဝယ်ရှိနေသဖြင့် ဈေးအနည်းငယ်တက်လာတာတွေ့ရပါတယ်။ ဆီဆန်ဈေးမြင့်လာခြင်းမှာ ထမနဲရာသီဖြစ်တဲ့အတွက် ဆီစက်များက အဝယ်ပြန်လိုက်လာသဖြင့် ဈေးြ မင့် လာတာဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၁၇၀၀၊ လုံးဆန်အနီတစ်ပိဿာလျှင် ကျပ် ၂၁၀၀ နှင့် လုံးဆန်အဖြူတစ်ပိဿာလျှင် ၂၃၇၅ကျပ်ဖြင့် ယခင်တစ်ပတ် ထက် ဈေးအ နည်းငယ် မြင့်လာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်ထက်

Thursday, 16 Feb 2017

      မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးရဲ့ကြက်သွန်နီဈေးနှုန်းမှာ ဖေဖော်ဝါရီလဆန်းက ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။ မိုးကြက်သွန်နီအသစ်များ ဈေးကွက်အတွင်းသို့ နေ့စဉ် ပိဿာ ၂၀၀၀၀ ခန့် ဝင်ရောက်လာခဲ့ သဖြင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း ကြက်သွန်နီပွဲရုံမှသိရှိရပါတယ်။ ယခုတစ်ပတ် မုံရွာပွဲရုံများ၏ ကြက်သွန်နီဈေးနှုန်းမှာလက်ကား တစ်ပိဿာလျှင်(ကြီး)ကျပ်၁၄၀၀၊ (လတ်)ကျပ် ၁၃၀၀၊ (သေး)ကျပ် ၁၂၀၀ နှုန်းရှိပြီး၊ လက် လီဈေးနှုန်းမှာတစ်ပိဿာ လျှင် (ကြီး) ကျပ် ၁၆၀၀၊ (လတ်) ကျပ်၁၅၀၀၊ (သေး) ကျပ် ၁၄၀၀နှုန်းဖြစ်ပါတယ်။ ယခင်တစ်ပတ်က ပွဲရုံဈေးနှုန်းမှာ  တစ်ပိဿာလျှင် (ကြီး) ကျပ် ၁၇၀၀၊ (လတ်) ကျပ်၁၆၀၀၊(သေး)ကျပ်၁၅၀၀၊ လက်လီဈေး

Thursday, 16 Feb 2017

         ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ဆောင်းပဲသစ်များ ဝင်ရောက်လျက်ရှိရာ ပဲစင်းငုံသီးနံှအနေဖြင့် တစ်ရက်အိတ် ၁၀၀၀ ကျော် အထိ ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ပန်းတောင်း၊ ပေါက်ခေါင်း၊ ေ ပါင်းတလည်နှင့်ပြည်အနီးတစ်ဝိုက်နယ်စုံမှဝင်ရောက်လျက်ရှိသလို ကံမဖက် မှလည်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဝယ်လက်ကတော့ ရန်ကုန် ဝယ်လက်ဝယ်လိုအားကောင်းသလို လှောင်သမားများလည်းဝယ်ယူနေတာကြောင့် ပဲဈေးကွက်အတွင်း အရောင်းအဝယ်အသွက်ဆုံးဖြစ်နေတဲ့ ပဲဖြစ်ပါတယ်။ ပဲဈေးမှာတစ်တင်းကျပ် ၂၃၈၀၀ မှကျပ် ၂၄၀၀၀အတွင်း ရရှိခဲ့ကြလို့ လဆန်း ရက်က ဈေးထက်လည်း အနည်းငယ်လျော့နည်းနေခဲ့ကြောင်းသိရပါတယ်။

 

Pages