မော်တော်ကားရောင်းဝယ်ရေး(ရန်ကုန်)လူမှုရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
လတ်တလောပြည်တွင်းဈေးကွက်တွင် လောင်စာဆီသုံးအင်ဂျင်ကား (ICE Vehicle) ဈေးနှုန်းများ တက်ရိပ်ပြလျက်ရှိသည်။ တစ်ဆက်တည်းပင် ရန်ကုန်မြို့အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လောင်စာဆီ ပြည်ပမှဝယ်ယူတင်သွင်းနေရသည့် နိုင်ငံခြားငွေသုံးစွဲရမှု လျော့နည်းပပျောက်စေခြင်း၊ ဈေးကြီးသည့် နိုင်ငံခြားဖြစ် စက်သုံးဆီအပြင် ယာဉ်များမောင်းနှင်အသုံးပြုရာတွင် မလိုအပ်တော့သဖြင့် ကုန်ကျစရိတ်များစွာ သက်သာစေခြင်းများကြောင့် လျှပ်စစ်ကား EV (Electric Vehicle) များအား ဝယ်ယူသုံးစွဲသူများပြားလာလျကရ် သှိ ည။် သြို့ဖစရ် ာ အးီ ဗလွီ ျှပစ် စက် ားများအပေါ် ဝယယ် စူ းီ နငး် မအှု ခြေအနေ မညသ် ရို့ ှေိ နပါသလ။ဲ လောင်စာဆီ အင်ဂျင်ကားဈေးကွက်အခြေအနေ မည်သို့ဖြစ်ပေါ်နေပါသလဲဆိုခြင်းနှင့်စပ်လျဉ်း၍ မော်တော်ကားရောင်းဝယ်ရေး (ရန်ကုန်) လူမှုရေးအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
လတ်တလော ပြည်တွင်းကားဈေးကွက်အခြေအနေလေး သုံးသပ်ပြောကြားပေးပါဦး။
ပြီးခဲ့တဲ့ သြဂုတ်လပိုင်းလောက်ကစပြီး အီးဗွီကားတွေကို စိတ်ဝင်စားမှု ပိုပြီးများလာတယ်။ လက်ရှိမှာလည်း အီးဗွီကားတွေကိုအလုအယက်ဝယ်နေကြတာတွေ့ရပါတယ်။ အီးဗွီကားရောင်းတဲ့ှ့သတမသသာ တွေမှာ ဝယ်လိုအား မြင့်တက်လာတာကြောင့် ကားကမရှိသလောက် ဖြစ်သွားတယ်။ လောင်စာဆီသုံး ှုဃန ကားအနေနဲ့ကတော့ လူတွေက အခုချိန်မှာ ကားကို ကားကောင်းတာမကောင်းတာ ရွေးမနေတော့ဘဲနဲ့ လုပ်ငန်းအဆင်ပြေဖို့လောက်ပဲ
ဝယ်စီးတဲ့အတိုင်းအတာ အနေအထားဖြစ်သွားတယ်။ တချို့ကအသစ်မှ စီးချင်တဲ့သူကျတော့လည်း အသစ်ဝယ်စီးတဲ့ အနေအထားတွေ့ရပါတယ်။လက်ရှိမှာ အီးဗွီကားတွေအပေါ် စိတ်ဝင်စားမှုအခြေအနေ ဘယ်
လိုရှိပါသလဲ။အီးဗွီကားတွေကိုတော့ ကြိုက်တဲ့သူ၊ မကြိုက်တဲ့သူလည်း ရှိနိုင်ပေမယ့် စိတ်ဝင်စားလို့ဝယ်ယူတဲ့သူတွေများလာတယ်။ အီးဗွီကားမှာ အဓိကတော့ ဘက်ထရီပါပဲ။ ဘက်ထရီရဲ့သက်တမ်း ကာလကြာရှည်မှုအပေါ် ကြည့်ရတာပါပဲ။ ဘက်ထရီသက်တမ်းက ခုနစ်နှစ် (ကနေ) ၁၀ နှစ်ရှိမယ်ဆို ပြန်လဲတဲ့အခါကျ သူရဲ့တန်ဖိုးကိုတချို့က ချိန်ကြတာပေါ့။ အီးဗွီကားမစီးချင်ဘူးဆိုလည်း အရင်တုန်းက ဓာတ်ဆီ၊ ဒီဇယ်ကားတွေ ဝယ်စီးဖို့ပဲရှိ တယ်။ အသစ်ကား
တွေ ဈေးက အနားတောင်မကပ်နိုင်ဘူး။ သိန်းထောင်နဲ့ချီရှိတယ်။အီးဗွီကားဈေးက ဒီထက်ပိုပြီး ပေါလာရင်တော့ ပိုပြီးစီးတဲ့သူများလာမယ်လို့ ထင်ပါတယ်။
လောင်စာဆီသုံး အင်ဂျင်ကား ICE Vehicle) ဈေးကွက်အခြေအနေလည်း သိပါရစေ။
လက်ရှိမှာက လူဦးရေက ပိုပြီးတိုးလာနေပြီးတော့ လူဦးရေနဲ့ ကားအစီးရေ က မမျှတဘူး ဖြစ်နေတယ်။ ဖြစ်စေချင်တာကတော့ှုဃန ကားနဲ့ပတ်သက်လာရင် တရုတ်ကားကို ၁၀ နှစ်စီးရင် ဂျပန်ကားကို အနိမ့်ဆုံး အနှစ် ၂၀ လောက်စီးရတယ်။ ဈေးကျတော့လည်း အများကြီးကွာတယ်။ ဂျပန်ကားက အသုံးပြုပြီးတစ်ပတ်ရစ်ကားပေမယ့် အများကြီးခံတယ်။ ဈေးလည်း သက်သာတယ်။ကျွန်တောတို့နိုင်ငံ မှာ ၉၀ ရာခိုင်နှုန်း လောက်က ညာကိုင်းတွေများတယ်။ ညာကိုင်းတင်သွင်းပြုတယ်ဆိုရင် ကားက အကြာကြီးလည်းခံတယ်။ အပိုပစ္စည်း အစိတ်အပိုင်းလည်းပေါတယ်။ လက်ရှိမှာတော့ ဓာတ်ဆီ၊ ဒီဇယ်ကားကတော့ ဆယ်နှစ်ပဲခံခံ၊ ငါးနှစ်ပဲခံခံလိုအပ်တဲ့သူတွေ ဝယ်စီးတာတွေ့ရတယ်။ ဆိုတော့ ဈေးကွက်ထဲမှာ သူဟာနဲ့သူ အထိုက်အလျောက်တော့ ဝယ်လိုအားရှိတယ်။
အခုချိန် လောင်စာဆီသုံး အင်ဂျင်ကား ဝယ်စီးမယ်ဆို ဘယ်လောက်ထိ ကုန်ကျနိုင်ပါသလဲ။
လက်ရှိကတော့ တကယ့်ကို ရိုးရိုးညာကိုင်း ၁၅ နှစ် အနှစ်၂၀ ရှိတဲ့ကားတွေ သုံးနေကြတာပေါ့။ တကယ်တမ်း ကားကောင်းကောင်းမွန်မွန်စီးမယ်ဆိုရင်တော့ ကျပ်သိန်း ၅၀ဝ၊ ၆၀ဝ အနည်းဆုံးပေးရမှာပဲ။ ဒါတောင် အကောင်းစားကြီးမဟုတ်သေးဘူးနော်။အောက်ကားအနေအထားနဲ့ ပြောပြတာပါ။ ပိုက်ဆံတတ်နိုင်တဲ့သူတွေကျတော့လည်း ကားကောင်းတွေ ဝယ်စီးကြတာပေါ့။ ကားဈေးကတော့ ကျဖို့ အလားအလာတော့သိပ်မရှိဘူး။ ဒါပေမယ့်ရွှေဈေး၊ ဒေါ်လာဈေး ကျတဲ့အနေအထားဆိုတော့ ကားဈေးကွက်
က နည်းနည်းလေး အေးသွားတယ်။ အီးဗွီကားတွေကိုတော့လူတွေက စိတ်ဝင်စားမှု ပိုများလာသလို ဝယ်စီးတဲ့သူလည်း ပိုပြီးများလာတာတွေ့ရတယ်
အွန်လိုင်းလူမှုကွန်ရက်တွေပေါ်က ကားအရောင်းအဝယ်တွေကစိတ်ချရမှု ရှိနိုင်ပါသလား။
အဓိကကတော့ အွန်လိုင်းပေါ်မှာ ရောင်းတာတွေနဲ့ ပတ်သက်ပြီး ပြဿနာပေါင်းစုံရှင်းပေးနေရတယ်။ အွန်လိုင်းပေါ် တင်ရောင်းပြီးတော့ ပျောက်သွားတာတွေများတယ်။ မှန်မှန်ကန်ကန်ရောင်းတဲ့သူတွေလည်း ရှိပါတယ်။ မမှန်မကန် ရောင်းတဲ့သူတွေကတော်တော်လေးများလာတယ်။ တကယ်လို့ အွန်လိုင်းပေါ်ကနေဝယ်မယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ သေချာတိုင်ပင်ပြီး ကိုယ်တိုင်သေချာကြည့်ပြီးမှ ရွေးချယ်ဝယ်ယူ သင့်တယ်လို့အကြံပြုချင်ပါတယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ပြည်တွင်းမှာ အရောင်းအဝယ်ဖြစ်တာကတော့ ဘယ်ကိုင်းဖြစ်ဖြစ်၊ ညာကိုင်းဖြစ်ဖြစ် ဂျပန်ကနေ သွင်းလာတဲ့ တစ်ပတ်ရစ်ကားတွေကတော့ အရောင်းအဝယ်အဖြစ်များပါတယ်။ အီးဗွီကားကတော့ အရောင်းပြခန်းတွေမှာ စိတ်ဝင်စားလို့ ဝယ်ကြတာများပါတယ်။
တိဗ္ဗ