Main menu

Background

"စားသုံးသူတွေကို သန့်ရှင်းလတ်ဆတ်တဲ့ အော်ဂဲနစ် စစ်စစ်တွေကို ပေးအပ်ချင်တာပါ"

Thu, 08/07/2025 - 09:40 -- journal_editor

Chilli Khaing ငရုတ်သီးမှုန့်လုပ်ငန်း တည်ထောင်သူ ဒေါ်မြင့်မြင့်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံး ပါဝင်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်း ဈေးကွက်ထဲတွင် သဘာဝငရုတ်သီးမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ငရုတ်သီးခွဲကြမ်းဖတ်၊ ငရုတ်သီးအလှော်မှုန့်အစပ်၊ ငရုတ်သီးအလှော်မှုန့်ရိုးရိုး၊ နနွင်းမှုန့်များအား သဘာဝနည်းဖြင့် ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စား ငရုတ်သီးမှုန့်လုပ်ငန်းတည်ထောင်သူ ဒေါ်မြင့်မြင့်ခိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

အသေးစား အလတ်စား ငရုတ်သီးမှုန့်လုပ်ငန်း စတင်တည်ထောင် ဖြစ်ပုံလေး ပြောပြပေးပါဦး။
ကျွန်မကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်တစ်ဖက် ကမ်း နန်းတော်ကျွန်းမှာ စိုက်ခင်းတွေ ရှိပါတယ်။ အဲဒီမှာ ကိုယ် တိုင်စိုက်ပျိုးပြီးတော့ မိရိုးဖလာနည်းအတိုင်း  ကိုယ်တိုင်ထုတ်လုပ် တာဖြစ်ပါတယ်။ ငရုတ်သီးကို ကိုယ်တိုင်ပဲ ကြိတ်တယ်။ထောင်း တယ်ပေါ့။ ခွဲကြမ်းဖတ်တွေကျတော့ လက်ထောင်းရှိတယ်။ စက်နဲ့ ကြိတ်တာလည်း ရှိတယ်။ အဲလိုမျိုးကြိတ်ပြီး ပါကင်ထုပ်ပိုးပြီးတော့ ပြန်ရောင်းတာပေါ့။  အဓိကတော့ အော်ဂဲနစ်စစ်စစ် နွားချေးကို အခြေခံပြီးလုပ်ထားတာပေါ့နော်။ အဓိကတော့ ကျန်းမာရေးနဲ့ညီ ညွတ်တဲ့ သဘာဝထုတ်ကုန်တွေကို  လူတွေကို စားစေချင်တာ ကြောင့်ပါ။ အဲဒီအတွက် အားလုံးကို သေချာစစ်ဆေးပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ သင်တန်း တွေ တက်ထားပြီးတော့ မှိုမတက်အောင် ဘယ်လိုထိန်းသိမ်းရ မလဲ။အစိုဓာတ်မဝင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ အကုန် လုံးပြီး လေ့လာပြီးတော့ ဒီထုတ်ကုန်တွေကို ထုတ်လုပ်နေတာဖြစ် ပါတယ်။ အဓိကတော့ ယုံကြည်မှုပေါ့။ အဲဒီအတွက်နောက်ပိုင်း လူတွေက ဒီထုတ်ကုန်တွေအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ စား သုံးလာကြတယ်။ 

ဒီလုပ်ငန်းကို ဘယ်တုန်းကစတင်ပြီးတော့ လုပ်ကိုင်ခဲ့တာပါလဲ။
ဒီလုပ်ငန်းကို ဘိုးဘွားတွေ ရှိစဉ်ကတည်းက လုပ်လာခဲ့တာ ကြာပြီပေါ့လေ။ ဒါပေမယ့် ကျွန်မကကျတော့ ဈေးကွက်ထဲမှာ မှို တွေအကြောင်း အသံတွေကြားနေရတော့ ဒီဟာကို မှိုကင်းစင်ပြီး အော်ဂဲနစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ပြီး တော့လုပ်ဖြစ်တာပါ။ ၂၀၁၉ ခုနှစ်ကတည်းက လုပ်ကိုင်လာခဲ့တာ ဖြစ်ပြီး အခုမှ လူတော်တော်များများ သိလာတာ ဖြစ်ပါတယ်။အစိုးရဌာနအဖွဲ့အစည်းတွေ၊ အသေးစား၊ အလတ်စား  အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့မှ တဖြည်းဖြည်း သိရှိလာတာ ဖြစ် ပါတယ်။ နောက်ပြီး အသေးစား၊ အလတ်စားအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဈေးကွက်ပိုမိုရရှိလာတယ်။ ထုတ်ကုန်တွေကိုလည်း လူတွေပိုသိလာစေပါတယ်။

ထုတ်ကုန်အမျိုးအစားတွေအကြောင်း ရှင်းပြပေးပါဦး။
ထုတ်ကုန်တွေမှာတော့ သဘာဝငရုတ်သီးမှုန့်စစ်၊ ငရုတ် သီးအစိမ်းမှုန့်၊ ငရုတ်သီးခွဲကြမ်းဖတ်၊ ငရုတ်သီးအလှော်မှုန့်အစပ်၊ ငရုတ်သီးအလှော်မှုန့်ရိုးရိုး၊ နနွင်းမှုန့်တွေ  ထုတ်လုပ်ပါတယ်။ အလှော်မှုန့်ကျတော့ သုံးမျိုးခွဲခြားလိုက်တယ်။ ပုံမှန်ရယ်၊ နည်း နည်းစပ်တာရယ်၊ အရမ်းစပ်တာရယ်ပေါ့။ အရမ်းစပ်ဖို့အတွက် ကျတော့ ငရုတ်သီး မိုးမျှော်တောင့်ကို သပ်သပ်စိုက်ပျိုးထားပါတယ်။ မိုးမျှော်တောင့်ကကျတော့ အညှာကို ြွေခပြီးတော့ ကြိတ်တာ။အဓိက အညှာကနေ ဝင်တာဆိုတော့ အညှာကို ခြွေလိုက်တယ်။ အဲတော့  အရသာက ပိုကောင်းတယ်။  အလုပ်အကိုင် အခွင့် အလမ်းနဲ့ပတ်သက်ပြီးတော့လည်း ရွာက အသက်ကြီးတဲ့သူတွေ၊ အိမ်ရှင်မတွေ တော်တော်များများ နေပူထဲ ထွက်မလုပ်နိုင်ဘူး။ အဲခါကျနေရိပ်ထဲမှာပဲ အညြွှောခပေါ့။ သူတို့လည်း လုပ်အားခ တွေရတာပေါ့။ အဲဒီအတွက် အမျိုးသမီးတွေ တော်တော်များများ အလုပ်ရတယ်။ အဓိကတော့ ငရုတ်သီးနဲ့ ပတ်သက်လာရင် အစို ဓာတ်များမှ မှိုကပေါက်တာဆိုတော့ အစိုဓာတ်မရှိအောင် သေချာ ဂရုစိုက်တယ်။ နှစ်တစ်နှစ်ရဲ့ မတ်လဆို နေပူပြီပေါ့။ ဧပြီ ပထမ၊ ဒုတိယအပတ်ဆို အကုန်လုံးကို သိမ်းပြီးပြီ။ အဲလိုမျိုး နေအရမ်း ပူတဲ့အချိန်မှာ ငရုတ်တွေကို စက်ထဲကိုထည့်တာ။ နေလှန်းတယ်။ အညြွှောခတယ်။ ပြီးရင် တစ်ခါပြန်လှန်းဆိုတော့ မှိုပေါက်စရာ တော့ အကြောင်းမရှိဘူး။ နောက် သိမ်းဆည်းတဲ့နေရာမှာလည်း လေမဝင်အောင် သေချာသိမ်းဆည်းပါတယ်။ နောက်ပြီးကိုယ့်မှာ စိုက်ခင်းရှိတဲ့အတွက် ကုန်ကြမ်းအတွက် လည်း ယုံကြည်ရတယ်။ကိုယ့်ဟာဆိုတော့ ဘယ်ငရုတ်သီးက ဘယ်နေရာမှာ ထားမယ်ဆို တာ အကုန်လုံးကို ခွဲထားပြီးသား။ သူများဆီက ယူရတာမဟုတ်ဘဲ နဲ့ ကိုယ့်စိုက်ခင်းက ထွက်တာဆိုတော့ ကုန်ကြမ်းအခက်အခဲတော့ မရှိပါဘူး။
ပြည်တွင်းဈေးကွက် ထိုးဖောက်မှုအခြေအနေလည်း သိပါရစေ။ 
ထုတ်ကုန်တွေကိုတော့ မုန့်ဟင်းခါးဆိုင်တွေကို ဖြန့်ဖြူး တယ်။ နောက် စတိုးဆိုင်တွေမှာလည်း သွင်းတယ်။ စူပါဝမ်း၊ စီးတီးမော်လ်တွေမှာလည်း တင်တယ်။ အခုတော့ လှည်းတန်းစိန် ဂေဟာမှာလည်း တင်ထားပြီးတော့ ဈေးကွက်ကို ဆက်လက်ထိုး ဖောက်လျက်ရှိပါတယ်။ ဈေးကွက်  တွင်ကျယ်လာတာနဲ့  အမျှ ငရုတ်စိုက်ခင်းတွေကိုလည်း ဆက်လက်တိုးချဲ့သွားမှာဖြစ်ပါတယ်။ငရုတ်သီးထုတ်ကုန်တွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပြင် အနယ်နယ်အရပ်ရပ်က မှာယူကြပါတယ်။ ပြည်ပကနေလည်း မှာယူတာ တွေရှိပါတယ်။ ဒီသြဂုတ်လထဲမှာဆိုရင် နွားချေးနဲ့ ပျိုး တော့မယ်။ ကျွန်မတို့ဘက်မှာက ဒီအချိန် ရေမြုပ်တော့ စိုက်လို့မရ သေးဘူး။ နွားချေးနဲ့ ပျိုးထားပြီး ရေပြန်ကျပြီဆိုရင်တော့ နုန်းမြေ တွေ ကျန်တယ်။ အဲဒီအချိန်မှာ ကျွန်မတို့က ပြန်စိုက်တယ်။ နှစ်စဉ် ဇန်နဝါရီ၊ ဖေဖော်ဝါရီဆိုရင် ငရုတ်သီးတွေ စပြီ။ အဲခါကျ အလုပ် တွေ အရမ်းလုပ်ရပြီ။ နေအရမ်းပူတဲ့အချိန် ငရုတ်တွေ စလှန်းပေါ့။ ကျွန်မတို့ ဒေသဘက်က ငရုတ်သီးတင်မဟုတ်ဘဲ အခြားသော အသီးအနှံတွေလည်း ထွက်ပါတယ်။ 

ထုပ်ပိုးမှုပုံစံနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး လုပ်ဆောင်လျက်ရှိပါသလဲ။
ထုပ်ပိုးမှုပုံစံတွေဆိုရင်လည်း သေချာထုပ်ပိုး ပြင်ဆင်ထား ပါတယ်။ လူတစ်ယောက်က ငရုတ်သီးကို ဘာမှမမြင်ရတဲ့ ထုပ်ပိုး မှုပုံစံသုံးတဲ့အခါကျရင် ဝယ်သာဝယ်သွားတယ်။ အထဲက ငရုတ် သီးက ဘာအရောင်မှန်းမသိဘူး။ စားသောက်ကုန်ဆိုတာကလည်း မျက်စိနဲ့ အရင်ဝယ်ကြတာ။ ဒါလေးက လတ်ဆတ်တယ်။အရောင် လှတယ်ဆိုပြီး ဝယ်ကြတယ်။ ပြီးကျမှ ထုတ်ကုန်ရဲ့ တန်ဖိုးကို သိတာ။ အဲဒါ ကြောင့် မို့ ထုတ်ကုန်တွေကို သေချာထုပ်ပိုးပြီးတော့ စားသုံးသူတွေအတွက် ရောင်းချပေးတာ ဖြစ်ပါတယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
အခုချိန်မှာ စီးတီးမတ်လ်တို့ မက်ခရိုတို့တွေမှာလည်း ထုတ် ကုန်တွေကို တင်ချင်တယ်။အဲဒီအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ စားသုံးသူတွေကို သန့်ရှင်းလတ်ဆတ်တဲ့ အော်ဂဲ နစ်စစ်စစ်တွေကို ပေးအပ်ချင်တာပါ။ ဒီလိုမျိုး အော်ဂဲနစ် စစ်စစ် ထုတ်ကုန်တွေကိုလည်း ဆက်လက်ထုတ်လုပ်သွားမှာဖြစ် ကြောင်း ပြောကြားလိုပါတယ်။ 

တိဗ္ဗ