Main menu

Background

အသေးစား၊ အလတ်စား လုပ်ငန်းတွေ ဒီထက်မက ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဆောင်ပေးဖို့ အကြံပြု ပြောကြားလိုပါတယ်

Thu, 09/04/2025 - 15:01 -- journal_editor

သဘာဝ သက်သတ်လွတ် စားသောက်ကုန်လုပ်ငန်းတည်ထောင်သူ ဒေါ်သင်ဇာနှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံး ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ အသေးစား၊ အလတ်စားလုပ်ငန်းများ၏ ရပ်တည်မှုအခြေအနေများ၊ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်တွင်းဈေးကွက်ထဲတွင် သက်သတ်လွတ် စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် သဘာဝ သက်သက်လွတ် စားသောက်ကုန်လုပ်ငန်း တည်ထောင်သူ ဒေါ်သင်ဇာ နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

သဘာဝ သက်သတ်လွတ် စားသောက်ကုန်လုပ်ငန်း စတင်တည် ထောင်ဖြစ်ပုံလေး ပြောပြပေးပါဦး။
ဒီလုပ်ငန်းကို ၂၀၁၉ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါ တယ်။ ကိုဗစ်ကာလမတိုင်ခင်ကတည်းက မှိုနဲ့ပတ်သက်တာလေး တွေကို စတင်လုပ်ကိုင်ခဲ့တာပါ။ ကိုဗစ်ကာလမှာကျတော့ ထုတ် ကုန်အပိုင်းမှာ မှိုနဲ့ပတ်သက်ပြီး ခက်ခဲခဲ့တယ်။ ဒီအတိုင်း ကုန် ကြမ်းကိုချည်းပဲ ရောင်းနေလို့တော့မရဘူး။ ဠေူကန-ဗိနိ လုပ်ရ မယ်ပေါ့နော်။   အဲဒီ မှာ  မှိုလေးတွေကို စပြီးလုပ်ကိုင်ဖြစ်တာပေါ့။ ကိုဗစ်ကာလမှာလည်း ကျွန်မက သက်သတ်လွတ်ပဲ စားတယ်။ အဲဒါနဲ့ ကျွန်မလိုမျိုး သက်သတ်လွတ်စားတဲ့သူတွေအတွက် ရယ်ဒီ မိတ်လုပ်ပေးဖြစ်ရင် ကောင်းမယ်ဆိုပြီးတော့ ထုတ်ကုန်လေးတွေ ကို စပြီးထုတ်ဖြစ်တာပေါ့။ စလုပ်တုန်းကတော့ မှိုနဲ့ပတ်သက်ပြီး မှိုအြွကပ်ကြော်ဆိုပြီး နှစ်မျိုးလောက်တော့  လုပ်လိုက်တယ်။နောက်ပိုင်းကျတော့ အရသာတွေ ပိုပြီးရလာအောင်ဆိုပြီး တိုးပြီး လုပ်လာတာ မှိုနဲ့ပတ်သက်ပြီး ထုတ်ကုန် ၁၀ မျိုးလောက်ထိဖြစ် သွားတယ်။ နောက် မုန့်ဟင်းခါး၊ ဆီချက်၊ အုန်းနို့ခေါက်ဆွဲတို့ထိ တိုးပြီးတော့ လုပ်ကိုင်လာတာ ယနေ့အထိပါပဲ။

ဒီလိုမျိုး  သက်သတ်လွတ် စားသောက်ကုန်တွေ ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။
အဓိက ရည်ရွယ်ချက်က ကျွန်မလိုမျိုး သက်သတ်လွတ် စား တဲ့သူတွေကို အဆင်ပြေစေချင်တယ်။ ကျွန်မအနေနဲ့ ကုန်ကြမ်းကို ကုန်ချောပုံစံ  လုပ်သွားချင်တယ်။  ထုတ်ကုန်တွေဆိုရင်လည်း အရည် အသွေး ကောင်းကောင်းလေးဖြစ်စေချင်တယ်။ ထုတ်ကုန် တွေမှာ စားအုန်းဆီမသုံးထားဘူး။ အချိုမှုန့်မပါဘူး။ သဘာဝအရ သာကို ရိုးရိုးလေးသုံးထားတာပေါ့နော်။ ထုပ်ပိုးမှုပုံစံနဲ့ပတ်သက်ပြီး တော့လည်း အကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်။

ထုတ်ကုန်တွေရဲ့ ကုန်ကြမ်းရရှိမှုအခြေအနေ ဘယ်လိုရှိပါသလဲ။
စလုပ်တုန်းကတော့ မှိုကို ရောစပ်(ငြထ)  လုပ်ပြီးတော့ စလိုက်တယ်။ ထုတ်ကုန်တွေရဲ့ ကုန်ကြမ်း တော်တော်များများက ပြည်တွင်းက  ရတာချည်းပဲ။  ပြည်ပက  ရတာ နည်းနည်းပါးပါး လောက်ပဲရှိပြီး ကျန်တဲ့ဟာတွေကတော့ ပြည်တွင်းကချည်းပဲ။ ကြက်သွန်၊ အာလူး၊ငရုတ်သီး၊ မုန့်ဟင်းခါးဆို၊ ခေါက်ဆွဲ အကုန် လုံးပြည်တွင်းကချည်းပဲ။ ဆိုတော့ ပြည်တွင်းက ကုန်ကြမ်းတွေကို အခြေခံပြီး ထုတ်ကုန်တွေကို သုံးထားတယ်။ တတ်နိုင်ရင် ကိုယ့် ပြည်တွင်းက  ဟာတွေကိုပဲ အဓိကထားပြီး သုံးဖို့ရည်ရွယ်ထား တယ်။ ထုပ်ပိုးမှုပုံစံနဲ့ပတ်သက်ပြီး သက်သတ်လွတ် ထုတ်ကုန်တွေ သည် သက်သက်လွတ်စားတဲ့တော်တော် များများက ကိုယ်ချင်းစာ တရားနဲ့စားကြတယ်။ ဘာသာရေးအရ စားကြတယ်။ ဒီလိုမျိုး စား တာနဲ့ပတ်သက်ပြီး ပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်မထိခိုက်အောင် စဉ်းစားလိုက်တဲ့အခါကျတော့ ထုပ် ပိုးမှုမှာ စက္ကူကို အခြေခံပြီးထုပ်ပိုးထားပါတယ်။ 

ပြည်တွင်းဈေးကွက်ထိုးဖောက်မှု အခြေအနေ ဘယ်လိုရှိပါသလဲ။
စပြီး ဈေးကွက်ကို ထိုးဖောက်တုန်းကတော့ ဈေးကွက်က မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်သတ်လွတ်စားတဲ့ သူတွေက နည်းတာလည်းပါတယ်။  ကျွန်မတို့က တေမေနညနျ လုပ်နိုင်တာ နည်းတာလည်းပါတော့ သက်သတ်လွတ်ဆိုရင် စားရတာ ခက် တယ်လို့မြင်ကြတာပေါ့။ နောက်ပိုင်း တဖြည်းဖြည်း သိလာတဲ့အခါ ကျတော့ တွင်ကျယ်လာတာပေါ့။ အသေးစား၊ အလတ်စားလုပ်ငန်း  တွေအခြေအနေမှာက အိမ်ရှင်မတွေက ချက်ရေးပြုတ်ရေးနဲ့အချိန် ကုန် တော့ အိမ်မှာ ငံပြာရည်ကြော်လည်း ကောင်းကောင်းကြော် တတ်တော့ ကြော်လိုက်တယ်။ အဲလိုကြော်ရင်း နီးစပ်ရာကို ရောင်း တယ်။ အဲဒီကတော့ တဖြည်းဖြည်းနဲ့ အသေးစား၊ အလတ်စားလုပ် ငန်းလေးတွေဖြစ်လာကြတာပေါ့။ ကျွန်မတို့အနေနဲ့လည်း ဒီလိုပုံစံ မျိုး သွားနေကြတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားလာတယ်။ ကိုယ့်ကိုယ်ကိုလည်း ခေအငလန ဖြစ်အောင် လုပ်တယ်။ ှေ်နအပ ကို လိုက်နာတယ်။ စားသောက်ကုန်ဆိုတာ ှေ်နအပ ကို ကောင်းကောင်း လိုက်နာရတယ်။

ထုတ်ကုန်တွေကို ဘယ်ဒေသတွေက  အများဆုံး ဝယ်ယူလျက်ရှိ ပါသလဲ။
ကျွန်မမှာ လက်လီလည်းရှိသလို လက်ကားလည်းရှိပါတယ်။ အချို့မှုန့်ဆိုလည်း ကျန်းမာရေးအရ မစားကြတဲ့သူတွေရှိတယ်။ ဒီလိုမျိုး သက်သက်လွတ်ထုတ်ကုန်တွေကို တစ်ယောက်နဲ့ တစ် ယောက်ပြောကြရင်းနဲ့ပဲ သိလာကြတာ။ အဲလိုနဲ့ ဈေးကွက်တွင် ကျယ်လာတယ်။ ပြည်ပရောက်နေတဲ့ မြန်မာတွေ တော်တော်များ များကလည်း အစားအသောက်နဲ့ ပတ်သက်ရင် ျနညျငအငလန ဖြစ် တယ်။ အစားအသောက်နဲ့ပတ်သက်လာရင် ှေ်နအပ ပိုင်း၊ အရသာ ပိုင်းတွေ ပိုနားလည်လာတဲ့အခါကျတော့ မြန်မာပြည်တွင်းမှာ ရှိနေတဲ့ ဘမညေိ တွေထဲကနေပြီးတော့ စိတ်ချရတဲ့ အစားအသောက် တွေကို မှာယူကြတယ်။ ကျွန်မရဲ့  ထုတ်ကုန်တွေကလည်း ပြည်ပ ရောက်နေတဲ့ မြန်မာတွေတော်တော်များများ မှာကြတယ်။ ပြည် တွင်းမှာဆိုရင်လည်း သက်သတ်လွတ်စားချင်တဲ့သူရော အရည် အသွေးကောင်းတဲ့ဟာကို စားချင်တဲ့သူရော စားကြတယ်။တချို့ ဆို ကလေးတစ်ဖက်နဲ့ဆိုတော့ မအားကြဘူး။ အဲလိုကျတော့ သက် သတ်လွတ် စားသောက်ကုန်တွေကို အလွယ်တကူ စားလို့ရအောင် ဝယ်ထားကြတယ်။   အလွယ်တကူ ဝယ်လို့လွယ်အောင်လည်း စီတီးမတ်၊ စိန်ဂေဟာ၊ စူပါဝမ်းတို့မှာလည်း တင်ထားပါတယ်။ နောက်ဆို စီးတီးမောလ်တို့ မားကက်ပလေ့စ်တို့မှာလည်း ရတော့ မှာ ဖြစ်ပါတယ်။ 

သက်သတ်လွတ်  စားသောက်ကုန်တွေကို ဘယ်လိုမျိုး ရည်ရွယ် ချက်နဲ့ ထုတ်လုပ်ဖြစ်တာပါလဲ။ 
ကျွန်မအနေနဲ့ကတော့ ကိုယ်စားသလိုပဲ သက်သတ်လွတ် စားစေချင်တယ်။ သက်သတ်လွတ်ဆိုတာထက် သန့်သန့်ရှင်းရှင်း လေး ကျွေးချင်တယ်။ စားတဲ့ဆီကအစ နေကြာဆီပဲ ထည့်ပြီးသုံး တယ်။ နောက်ပြီး ကျွန်မတို့နိုင်ငံမှာ သက်သတ်လွတ်နဲ့ပတ်သက်ပြီး ဈေးကွက်က အများကြီး မရှိသေးဘူး။ ဈေးကွက်က မရှိသေးတဲ့ အခါကျတော့ သိပ်မရောင်းရဲကြသေးဘူး။ စားသုံးတဲ့ဦးရေက လည်း နည်းသလို အလေ့အထလည်း နည်းတာပါတာပေါ့။ သူများ နိုင်ငံမှာကျတော့ သက်သတ်လွတ်ထုတ်ကုန်ဆိုတာ သီးသန့်ကိုရှိ တယ်။ ုင်္ဃ တောင်မှ သက်သတ်လွတ် ဟမ်ဘာဂါရတယ်။ အခု နောက်ပိုင်းလည်း လူတွေက အသားစားတာကို လျှော့လာကြ တယ်။ အနောက်နိုင်ငံတွေမှာဆိုရင်လည်း သက်သတ်လွတ်စားတဲ့ ပုံစံတွေ လုပ်နေကြတယ်။ နောက်ပိုင်း ခေတ်စားလာကြပြီဖြစ်ပါ တယ်။ 

အသေးစား၊ အလတ်စား လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကြုံ တွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
နည်းပညာနဲ့ပတ်သက်ပြီး   လိုအပ်ချက်လေးတွေလည်း အများကြီးရှိတာပေါ့။ တချို့ဟာတွေဆိုလို့ရှိရင်လည်း ထုပ်ပိုးမှုနဲ့ ပတ်သက်ပြီး ကြာရှည်ခံလို့ရအောင်လုပ်လို့ရတဲ့ နည်းပညာတွေ လိုအပ်သေးတယ်။ ဒါပေမယ့် ကိုယ်လက်လှမ်းမီနိုင်လောက်တဲ့ နည်းပညာနဲ့ သွားထားရတာပေါ့။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တော့လည်း အခက်အခဲရှိပါတယ်။

ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
ဘယ်လိုပဲဖြစ်ဖြစ်    ကျွန်မအနေနဲ့  ထုတ်ကုန်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားထုတ်နေတယ်။ အသေးစား၊ အလတ်စားလုပ်ငန်းတွေကလည်း ဒီလိုပဲ တစ်ယောက်နဲ့ တစ် ယောက် မှီခိုပြီးတော့ သွားနေကြတယ်။ အသေးစား၊ အလတ်စား  လုပ်ငန်းတွေ ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးဖို့ အကြံပြု ပြောကြားလိုပါတယ်။ 

 

တိဗ္ဗ