Main menu

Background

Thursday, 18 Feb 2016

           မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်လာ ၃၈၅၀၁၄ တန်ဖိုးရှိ ငါးစုံလေးခြောက် ၄၆၀၉၀၂ ကီလို၊ ငါးနီတူခြောက် ၉၀၀၀၀ ကီ လိုနဲ့ ငါးကုန်းညိုခြောက်ကီလို  ၈၀၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှာ ယခင်လထက် ငါးခြောက် ၅၉၉၉၈ ဒေါ်လာဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိတဲ့ ပို့ကုန်များမှာ မိုးတွင်းကာလတွင် ရေငန်ပုစွန်အများဆုံး တင်ပို့သော်လည်း ဆောင်းတွင်းနဲ့နွေရာသီတွင်ငါးခြောက်မျိုးစုံကိုသာ ပိုမိုတင်ပို့လျက်ရှိတယ်လို့  မောင်တောနယ်စပ် ငါးခြောက်ကုန်သည်များထံမှ သိရ

Friday, 13 Nov 2015

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ဆီထွက်သီးနှံများဝယ်လက်ပျောက်၍ ဈေးအေးနေပါတယ်။ နှမ်းနဲ့ မြေပဲဆန်ဈေးမှာ အဝယ်သိပ်မရှိသဖြင့် ဈေးကျ နေတာတွေ့ရပါတယ်။ နှမ်းအဝင်မှာ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် သာရှိ ပြီး ဆီစက်သမားများသာ အနည်းငယ်အဝယ်ရှိပါတယ်။ မြေပဲဆန်မှာလည်း တစ်နေ့ကို အိတ် ၅၀၀ သာအဝယ်ရှိကာ လုံးဆန်ကို မကွေးနဲ့ မန္တလေးဝယ်လက် များက အဝယ်ရှိသော်လည်း ဈေးမတက်ဘဲ အရောင်းအဝယ်အနည်း ငယ် သာ ဖြစ်ပါတယ်။ ဝယ်လက်အဝယ်ပျောက်နေလို့ ပြည်ဈေးကွက်မှာ ယခုအပတ်၌ ဆီထွက်သီးနှံဈေးကျလာပါတယ်။ နှမ်းဈေးမှာ နှမ်းနီတစ်တင်း ၃၁၆၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၄၁၆၀၀ ကျပ်နဲ့ စမုံနှမ်းနက် တစ်တင်း ၆၃၀၀၀ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးလျော့သလို မြေပဲဆန်ဈေးမှာလည

Friday, 13 Nov 2015

မုံရွာကုန်စည်ဒိုင်ဆီဈေးကွက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက တစ် ပိဿာ ၄၇၀၀ ကျပ်အထိ ဈေးအမြင့်ဆုံး ဖြစ်ခဲ့ရာက   ဒိုင်မှာမြေပဲဆန် လှိုင်လှိုင် ဝင်ခဲ့လို့ ပဲဆီဈေးလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့ရာ နိုဝင်ဘာ ပထမပတ် ထဲ တစ်ပိဿာ ၄၄၀၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ နယ်အသီးသီးမှာ  နှမ်းအထွက် ပုံမှန်သာရှိပြီး   ဒိုင်ကို ပုံမှန်အဝင်ရှိတဲ့ နှမ်းဈေးတည်ငြိမ်မှုကြောင့် နှမ်းဆီက လည်း တစ်ပိဿာ ၃၉၀၀ ကျပ်မှာ ဈေး တန့်နေတာ တွေ့ရပါတယ်။ ဒိုင်ပြင်ပ လက်လီဈေးကွက်မှာတော့   ပဲဆီသန့် တစ်ပိဿာ ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျပ် နဲ့ နှမ်းဆီသန့် တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၅၅၀၀ ကျပ်ကြား ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။နေကြာဆီ ကတော့    မနှစ်က ဆီထွက်သီးနှံပေါ်ချိန

Friday, 30 Oct 2015

           အရွယ်ရောက်ပြီးဖြစ်တဲ့ စားအုန်းဆီပင်တွေရဲ့ အထွက်နှုန်းမြင့်တက်ခဲ့ပေမယ့် အယ်နီညို ခြောက်သွေ့ရာသီဥတုပုံစံကြောင့် အထွက်နှုန်းတွေ ပြန်ကျဆင်းမယ့်လက္ခဏာတွေရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာမှာ စားအုန်း ဆီ အများဆုံးထုတ်လုပ် နေတဲ့ အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ်မှာ စားအုန်းဆီအထွက် နှုန်းကျဆင်းမယ်လို့ ခန့်မှန်းခဲ့တဲ့အတွက် မလေးရှားစားအုန်း ဆီကြိုရောင်းကြိုဝယ်ဈေးက အောက်တိုဘာ ၂၁ ရက်နေ့မှာ သီတင်းနှစ်ပတ် အတွင်း အမြင့်ဆုံးနှုန်းကိုရောက်ရှိခဲ့ကြောင်း dawn ဝက်ဘ်ဆိုဒ်သတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှား  ကုန်စည်ဒိုင် (Barsa Malaysia Derivatives Exchange)  မှာ ဒီဇင်ဘာလအတွက် စား အုန်းဆီရဲ့ အခြေခံစံထားေ ဈးနှုန

Thursday, 15 Oct 2015

         မလေးရှားနိုင်ငံသုံးငွေကြေး  ရင်းဂစ်တန်ဖိုးမြင့်တက်လာခြင်းကြောင့်လည်းကောင်း၊ ယခင်လက ရင်းဂစ်တန်ဖိုး မြင့်တက်မှုကြောင့် စားအုန်းဆီဝယ်လိုအားက အင်ဒိုနီးရှား နိုင်ငံဘက်သို့ ပြောင်းရွှေ့သွားခြင်းကြောင့် လ ည်းကောင်း၊ မလေးရှား စားအုန်းဆီကြိုရောင်းဈေးက အောက်တိုဘာ ၈ ရက်နေ့မှာ ဒုတိယနေ့အဖြစ် ဆက်လက်မြင့်တက်ခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ ဒီဇင်ဘာအတွက် စားအုန်းဆီကြို ရောင်းဈေးက အောက်တိုဘာ ၈ ရက် နေ့လယ်ဈေးကွဲချိန်မှာ ၂ ဒသမ ၂၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၃၁၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၅၀ ဒသမ ၁၈) နှုန်းရှိခဲ့ပါတယ်။ ဒါပေ

Friday, 9 Oct 2015

        မလေးရှားပို့ကုန်လုပ်ငန်းနဲ့ပတ်သက်တဲ့ ကိန်းဂဏန်း တွေက မူလခန့်မှန်းချက်ထက်ပိုမိုကျဆင်းခြင်းနဲ့ မကြာသေးမီက ဈေးနှုန်းမြင့်တက်မှုကို အခွင့်ကောင်းယူပြီး စားအုန်းဆီကို ကုန်သည်တို့က ပြန်လည်ရောင်းချခြင်းစတဲ့ အခြေအနေများကြောင့် မလေးရှားစားအုန်းဆီကြိုရောင်းဈေးက စက်တင်ဘာ ၃၀ရက်မှာ ဆက်လက်ကျဆင်းလာတာကို တွေ့ရကြောင်း ဘီရီကော်ဒါသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia  Derivatives Exchange) ရဲ့ ဈေးပိတ်ချိန်မှာ ဒီဇင်ဘာလအတွက် ကြိုတင်ချုပ်ဆိုတဲ့စာချုပ်ဈေးက ၃ ဒသမ ၁ ရာခိုင် နှုန်းကျဆင်းပြီး တစ်စည်ကို ၂၃၇၄ ရင်းဂစ်  (အမေရိကန် ဒေါ်လာ ၅၄၀) နှုန်းထိရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၂၉ ရ

Wednesday, 26 Aug 2015

     မလေးရှားနိုင်ငံရဲ့ ပို့ကုန်ကိန်းဂဏန်းတွေ ယခုရက်သတ္တပတ်အကုန်မှာ ထုတ်ပြန်ကြေညာမှာဖြစ်လို့ ပို့ကုန်အခြေအနေကို မသိရသေးပါဘူး။  ဒါပေမယ့် ရေနံစိမ်းနဲ့ အခြားပြိုင်ဘက် စားသုံးဆီဈေးတွေ ကျဆင်းနေတဲ့အတွက် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်းကြိုဝယ် စာချုပ်ဈေးကလည်း သြဂုတ် ၁၉ ရက်မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာဖော်ပြပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလအတွက် စာချုပ် တဲ့ စားအုန်းဆီရဲ့ အခြေခံစံထားဈေးနှုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်တန်ကို မလေးရှားရင်းဂစ် ၂၀၃၄  (အမေရိကန်ဒေါ်လာ ၄၉၅ ဒသမ ၈၆) နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်း စားအုန်းဆီဈေးက တစ်တန်ကို ၂၀၂၄ ရင်းဂစ်အထိ

Tuesday, 18 Aug 2015

     ပဲပုပ်ဆီဈေးများ ပြန်လည်ဦးမော့လာသဖြင့် အလားတူ သီးနှံဖြစ်တဲ့ စားအုန်းဆီများလည်း အဝယ်လိုက်လာတဲ့ အတွက် သြဂုတ် ၁၃ ရက်တွင် မလေးရှားစားအုန်းဆီ ကြို ရောင်းကြိုဝယ်ဈေးကလည်း ရက်သတ္တပတ်  သုံးပ တ်ကျော် ကာလအတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်မှာ အောက်တိုဘာအတွက် ချုပ်ဆိုတဲ့ စားအုန်းဆီရဲ့ အခြေခံ စံထားနှုန်းက ဈေးပိတ်ချိန်မှာ သုည ဒသမ ၉၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန် ကို ၂၀၁၇ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၀၃ ဒသမ ၂၄ )နှုန်းရှိခဲ့ပါတယ်။ စောစောပိုင်း   စားအုန်းဆီဈေးက ၁၁ လကျော်ကာလ အတွင်း အနိမ့်ဆုံးနှုန်းဖြစ်တဲ့ တစ်တန်ကို ၁၉၅၈ ရင်းဂစ်နှုန်း အထိ ရောက်ရှိခဲ့သော် လည်း နောက်ပိုင်းတွင်တစ်

Thursday, 13 Aug 2015

     မလေးရှားရင်းဂစ်တန်ဖိုး ကျဆင်းမှုနဲ့  ပြိုင်ဘက်ဆီထွက်သီးနှံဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် စားအုန်းဆီတင်ပို့မှုမြင့်တက်စေရန် အထောက်အကူဖြစ်စေခဲ့ပေမယ့် စားအုန်းဆီထုတ်လုပ်မှု  မြင့်တက်လာခြင်းနဲ့ ဝယ်လို အား ကျဆင်းမှုတို့ကြောင့် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်းကြို ဝယ်ဈေးက ၁၁ လအတွင်း  အနိမ့်ဆုံးနှုန်းကိုရောက်ရှိခဲ့ပါတယ်။ ကမ္ဘာ့စားအုန်းဆီဈေးနှုန်းတွေ ကျဆင်းတဲ့အလားအလာကလည်း မလေးရှားစားအုန်းဆီဈေးနှုန်း အပေါ် အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ အိန္ဒိယ၊ ဥရောပသမဂ္ဂနဲ့ တရုတ် နိုင်ငံတို့အပါအဝင် ကမ္ဘာ့အဓိကဝယ်လက်များက ဈေးအကျကို အခွင့်ကောင်းယူပြီး အရန်သိုလှောင်မှုတွေကို မြှင့်တင်ဖို့ ကြိုးပမ်းကြပါတယ်။  အစဉ်အ

Wednesday, 17 Jun 2015

    ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုမှာ ဒုတိယအများဆုံး ဖြစ်တဲ့  မလေးရှားနိုင်ငံရဲ့ စားအုန်းဆီလက်ကျန်အခြေအနေက မေလမှာ ခြောက်လအတွင်း အမြင့်မားဆုံးအခြေအနေကို ရောက်ရှိပြီး၊ လုပ်ငန်းကဏ္ဍမှ ထုတ်ပြန်တဲ့ အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက် မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်း ကြိုဝယ်ဈေးက ဇွန်လ ၁၁ ရက်နေ့မှာ လေးရက်မြောက်နေ့ အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။

Pages