Main menu

Background

Sunday, 3 Apr 2011

ဈေးကောင်းမျှော်နေတဲ့ ပြည်ပဲပုပ်                ပြည်ပဲပုပ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆ဝဝဝ ကျပ်ဖြင့် ယခုတစ်ပတ်ထိ ဆက်လက်ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ကလိုပဲ လက်လီသမားများသာ အဝယ် ရှိနေတာကြောင့် ဈေးငြိမ်ပြီး အရောင်း အဝယ် အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်မတ်လက တစ်တင်း ကို ၁၆ဝဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး အရောင်းအဝယ် ကောင်းခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ် မှာတော့ မတ်လယခုပတ်ထိ ၁၆ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ယခင်နှစ်ကလို ဈေးကောင်းရမယ့်အချိန်ကို စောင့်နေ ကြကြောင်း သရိ ပါတယ။် ဆုမွန်ဆွေ

Sunday, 3 Apr 2011

သြင်္ကန်အခါနီး၍ ဈေးပြန်မြင့်လာတဲ့ ပြည်မြေပဲဆံ                 ပြည်ဈေးကွက်သို့ မြေပဲဆံအိတ်များ ကံမ၊ မင်းတုန်းနဲ့ အောင်လံဘက်မှ တစ်နေ့လျှင် အိတ် ၁၅ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဆီစက်များမှ လည်း သြင်္ကန်ကျခါနီးလာပြီဖြစ်သဖြင့် ဆီကြိတ်ရန် အဝယ်လိုက်လာ သဖြင့် ဈေးပြန်မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာလျှင် ၁၇ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာလျှင် ၁၉ဝဝ ကျပ်ဈေးဖြင့် တစ်နေ့လျှင် အိတ် ၁၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီတစ်ပိဿာကို ၄ဝဝဝ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                      ဝေဝေမင်း

Sunday, 3 Apr 2011

အောင်လံနှမ်းဈေးကွက်အေးစက်စက်             ၂ဝ၁၁ ခုနှစ် မတ်လကုန် အောင်လံနှမ်းဈေးကွက်ကို ကြည့်ရင် သိပ္ပံ နှမ်းနက် တစ်ပိဿာ ၂၄၄၅ ကျပ်နဲ့ တစ်ပတ်အတွင်း အိတ် ၅ဝဝ ခန့် မြို့ပေါ် ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မန္တလေး ဝယ်လက်အေးသလို ရန်ကုန် ဝယ်လက်ကလည်း ပုံမှန်သာဝယ်တယ်လို့ ပြောရပါမယ်။ ရိုးရိုးနှမ်းနက်တစ်ပိဿာ ၁၇၇၈ ကျပ်နဲ့ တစ်ပတ်အတွင်း အိတ် ၆ဝဝ ခန့်ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကာ ရန်ကုန်ကို ဆက်လက်တင်ပို့တယ်လို့ သိရပါတယ်။ နှမ်းနီဈေးကွက်မှာလည်း ယခင်အပတ်ဈေးအတိုင်း တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်ကို ဒေသခံစက်သမားနဲ့ ပြည်ဆီစက်လုပ်ငန်းရှင်တို့ ပုံမှန်အဝယ်ရှိ နေပါတယ်။ မြို့ပေါ်လှောင်လက် လက်ကျန်မှာ သိပ္ပံနှမ်းနက် တစ်တင်းခွဲ အိတ် တစ်သောင်းခန့်၊ ရိုးရိုးနှမ်းနက် တစ်တင်းခွဲအိတ် ၄ဝဝဝ ခန့်၊ နှမ်းနီလက်ကျန် အိတ် နှစ်သောင်းနဲ့ နှမ်းဖြူ လက်ကျန်အိတ် တစ်သောင်းခွဲခန့် ကျန်ရှိနိုင်ကြောင်း အောင်လံနှမ်းဈေးကွက်က ခန့်မှန်းတယ်လို့ သိရပါတယ်။ ကျော်မျိုးမင်း

Sunday, 3 Apr 2011

ဈေးငြိမ်နေတဲ့ ပြည်နှမ်းဈေးကွက်               ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ ယခင်အပတ်အတိုင်း ဈေးငြိမ်နေပြီး ဆီဈေးမှာ ယခင်အပတ်ထက် ဈေးပြန်ကျလာတာတွေ့ရပါတယ်။ အဝင်မှာလည်း နွေနှမ်းစိုက်ချိန်ဖြစ်သဖြင့် အဝင်မရှိသလောက် နည်းသွားတာ တွေ့ရပါတယ်။ မြို့ခံဆီစက်များမှ လှောင်နှမ်းများကိုထုတ်၍ ဆီကြိတ်ပေမယ့် ဆီဈေးမှာ တစ်ပိဿာလျှင် ၃၆ဝဝ ကျပ်ဈေးဖြင့် ယခင်အတိုင်း ဈေးပြန်မှန်သွားတာ တွေ့ရပါ တယ်။  ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ်အိတ်လျှင် ၈၂ဝဝဝ ကျပ်နဲ့ ဆောင်းနှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၇၄ဝဝဝ ကျပ်ဈေးဖြင့် တစ်နေ့လျှင် အိတ် ၆ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝေဝေမင်း

Sunday, 3 Apr 2011

နယ်စပ်မှ ယခုအပတ် နှမ်းရောင်စုံ အနည်းငယ်သာ တင်ပို့နိုင်                မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ စစ်ကိုင်း၊ မန္တလေးနဲ့မကွေးတိုင်း ဒေသကြီးထွက် နှမ်းဖြူ၊ နှမ်းနက်များတင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ ၂၂ဝဝဝ တန်ဖိုးရှိ နှမ်းဖြူ ၁၆ တန်ကျော် နဲ့ ကန်ဒေါ်လာ ၂၉၆ဝဝ တန်ဖိုးရှိ နှမ်းနက် တန် ၂ဝကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက နှမ်းဖြူ ၄ တန်နီးပါး ၊နှမ်းနက် ၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပြီး ယခုအပတ်မှာ နှမ်းအခွံချွတ် တင်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း မိမိဘက် နှမ်းဖြူပြည်တွင်းဈေးမြင့်နေပြီး တစ်ဘက်နိုင်ငံ ဝယ်ဈေးမှာပြောင်းလဲမှု မရှိခြင်း။ တရားဝင်တင်ပို့မှု လျော့နည်းခြင်းကြောင့် နှမ်းတင်ပို့မှု လျော့နည်းရခြင်း ဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းနယ်စပ်မှ နှမ်းရောင်စုံတင်ပို့နိုင်မှုမှာ ၆၄၄ဝဝ တန်ကျော် ရှိပြီလို့ သိရှိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံနှမ်းဈေးများ အား နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                            မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု             ယခင်      ပြောင်းလဲမှု     %      ယခု       ယခင်   ပြောင်းလဲမှု       %နှမ်းဖြူ       ၁၁၇ဝ၉၃၂     ၁၁၆၃၉၇၂       ၆၉၆ဝ     ဝ .၆    ၁၃၃၈     ၁၃၃၇           ၁            ဝ .ဝ၇နှမ်းနက်     ၁၄၄၄၃၃၁၇   ၁၄၄၄၃၃၁၇        -          -        ၁၆၇၅     ၁၆၇၅           -               -MIRT (DOBT)

Sunday, 3 Apr 2011

ယခုတစ်ပတ် ဂျပန်ကို အတင်ရှိလို့ နှမ်းတင်ပို့မှုနည်းနည်းပိုလာ               ယခင်သီတင်း ၂ ပတ်ခန့်က ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ ဂျပန်ကို တင်ပို့မှုနည်းလို့ တန် ၂ဝဝ ကျော်သာ ရှိခဲ့ရာက ယခုတစ်ပတ် မတ်လ ၂၂ ရက်မှ ၂၈ ရက်အတွင်းမှာတော့ တန်ချိန် ၃၇ဝ ခန့်အထိ တင်ပို့လာနိုင်ခဲ့ပါ တယ်။ ယခုတစ်ပတ်မှာတော့ ဂျပန်နိုင်ငံကို တန် ၁ဝဝ နီးပါးတင်ပို့ခဲ့လို့ အနည်းငယ် ပိုတင်လာနိုင်တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် အတွင်းမှာတော့ ပုံမှန် အရောင်းအဝယ်ရှိနေလို့ နှမ်းဈေးငြိမ်နေပြီးရန်ကုန် FOB  ဈေးကတော့ ယခုတစ်ပတ် မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၈၅-၁၉၃၅၊ ရိုးရိုးနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၅၃၅-၁၅၆ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃၆ဝ- ၁၄ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။               MIRT - MAPT

Sunday, 3 Apr 2011

ပဲပုပ်ဆီဈေးအနည်းငယ်မြင့်လာပြီး အဝယ်ပုံမှန်ရှိလို့ စားအုန်းဆီကြမ်းဈေး အမြင့်နဲ့ပိတ်                   ချီကာကို ပဲပုပ်ဆီဈေးအနည်းငယ်မြင့်လာပြီး ဝယ်လိုအားပုံမှန်ရှိတဲ့ အလား အလာကြောင့် မတ်လ ၃ဝ ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ဘာဆာကုန်စည်ဒိုင်မှာ ဇွန်လစာချုပ်ဈေးက တစ်တန်ကို ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉ ဒသမ ၈) မြင့်တက်ပြီး ရင်းဂစ် ၃၃၁၅ (ကန်ဒေါ်လာ ၁ဝ၉၄) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်လ စားအုန်းဆီ တင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ဝ၉ သန်းနဲ့ ၁ ဒသမ ၁၁ သန်း အတွင်းရှိတယ်လို့ ကွာလမ်လာပူမှ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မတ်လ တင်ပို့မှုက ဖေဖော်ဝါရီလတင်ပို့မှု ပမာဏနဲ့ ကွာခြားမှုမရှိပေမဲ့ ဝယ်လိုအားတိုးတက်လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ချီကာကိုမှာ မေလပဲပုပ် ဆီဈေးက တစ်ပေါင်ကို ၅၇ ဒသမ ၁၈ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၅၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လေ့လာဆန်းစစ်သူများက ဒုတိယနှစ်ဝက် အတွင်း ထုတ်လုပ်မှု တိုးတက်ဖွယ်ရှိလို့ စားအုန်းဆီဈေး ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားနိုင်ငံဟာ ၂ နှစ်ဆက်တိုက် စားအုန်းဆီထုတ်လုပ်မှု ကျဆင်းခဲ့ရာမှ ယခုတစ်နှစ်လုံးမှာ တန်ချိန် ၁၈ သန်းဝန်းကျင်ကို မြင့်တက်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လည်း မလေးရှားအခြေစိုက် Intercontinental Specialty Fats Sdm. Bhd မှ  အမှုဆောင်အရာရှိ Tsutomy Usui  ခန့်မှန်းပြောကြားတာတော့ ထုတ်လုပ်မှု မြင့်တက်ပေမဲ့ ဝယ်လိုအားတက်နေတာ ကြောင့် စားအုန်းဆီ တစ်တန်ရင်းဂစ် ၂၈ဝဝ (ကန်ဒေါ်လာ ၉၂၅) ကိုကျဆင်းနိုင် ဖွယ်မရှိဘူးလို့ ဆိုပါတယ်။                    စားအုန်းဆီက ဈေးသက်သာပြီး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ခြင်း၊ အခြားထုတ်ကုန်မျိုးစုံ အသုံးပြု ထုတ်လုပ်နိုင် ခြင်းတို့ကြောင့် ဝယ်လိုအား ဆက်လက် တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်မှာ ဧပြီလအတွင်း စားအုန်း ဆီ (Palm Olein )ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၁၆၅ မှ ၁၁၇၅ ဈေးဖြစ်ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၁၆) ဈေးဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ယုဇန၊Soucce: palmoilhq .com

Pages