Background
စားအုန်းဆီဈေးနှုန်းများ(၂၄-၁-၂ဝ၁၁ မှ ၂၈-၁-၂ဝ၁၁ နေ့ထိ) ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ CIF(ရန်ကုန်)(၁) ၂၄-၁-၂ဝ၁၁ ၁၃၂၅(၂) ၂၅-၁-၂ဝ၁၁ ၁၃ဝ၅(၃) ၂၆-၁-၂ဝ၁၁ ၁၂၉ဝ(၄) ၂၇-၁-၂ဝ၁၁ ၁၃ဝဝ(၅) ၂၈-၁-၂ဝ၁၁ ၁၃ဝဝSource: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၂၈-၁-၂ဝ၁၁ US$/Ton ဇန်နဝါရီလတတိယပတ် ဇန်နဝါရီစတုထ္ထပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၂၃၃ .ဝဝ ၁၂၄၃ .ဝဝRBD P.Oilen ၁၂၃၄ .ဝဝ ၁၂၄၇ .ဝဝRBD P.Strarin ၁၁၉၁ .၅ဝ ၁၂၁၄ .၅ဝSource: econ.mpob
ယခင်နှစ်ထက် ဈေးကောင်းရနေတဲ့ပြည်ပဲပုပ် ပဲပုပ်သီးနံှမှာ ယခင်နှစ် ဇန်နဝါရီလတွင် တစ်တင်းကို ၁၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုနှစ်မှာတော့ ပဲပုပ်ပိဿာ ၂ဝ တစ်တင်းကို ၁၅၅ဝဝ ကျပ်ဖြင့် ပြည်ဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီ လဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင် ဈေးကောင်း ရနေသလို ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင်လည်း တစ်တင်းကို ၅ဝဝ ကျပ် မြင့်တက်လာပါတယ်။ တိုင်းအတွင်းရှိ ပေါက်ခေါင်း၊ ပန်းတောင်း မြို့နယ်များမှ နေ့စဉ်အဝင်ရှိပြီး၊ ပြည်ဈေးကွက်မှာ ပဲပုပ်အရောင်း အဝယ်ပါးကာ အိတ် ၄ဝ-၅ဝ ဝန်းကျင် သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရ ပါတယ်။ ဆုမွန်မွန်ဆွေ
ကလေး ပဲပုပ် မန္တလေး တိုက်ရိုက်သွား ကျွန်းလှ၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့ နယ်များမှ ပဲပုပ်များ မုံရွာမြို့သို့ ဝင် ရောက်လာပါတယ်။ မုံရွာကုန်စည် ဒိုင်မှာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ပထမ ပတ်မှာ ပဲပုပ်တစ်ပိဿာ ၇၃၉ ကျပ်မှ ဇန်နဝါရီလ တတိယပတ်မှာ ၈ဝ၆ ကျပ် ထိဈေးစွာလာကြောင်း သိရပါတယ်။ ယခုလအတွင်း မုံရွာမှ မန္တလေးသို့ ပဲပုပ် တင်း ၃ဝဝ ကျော်စီးထွက်ခဲ့သလို ကလေးမြို့မှ မန္တလေးမြို့သို့ တိုက်ရိုက် တင်း ၁၂ဝဝ ကျော်စီးထွက်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ ပဲပုပ်တင်း ၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။ သန်းးသန်းးတင်
ဈေးအေးပြီး အရောင်းအဝယ် သွက်နေတဲ့ ဟင်္သာတပဲပုပ် ဟင်္သာတ ပဲပုပ်ဈေးကွက် ဟာ ဇန်နဝါရီလတတိယပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅၇ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုဇန်နဝါရီ နောက်ဆုံးပတ်မှာ တစ်တင်းကို ၁၅၄ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ ဈေး အေးပေမဲ့ ဒေသတွင်းအရောင်း အဝယ် ဖြစ်မှုမှာ ယခင်အပတ်ထက် နေ့စဉ် အိတ် ၂ဝဝ-၃ဝဝ ခန့် တိုးလာကာ ပဲပုပ် တစ်တင်းခွဲအိတ် ၅ဝဝ ဝန်းကျင် အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန်ဈေး ကွက်ကို နေ့စဉ် တစ်တင်းခွဲဝင်အိတ် ၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အေးအေးခိုင်
လက်ကျန်နည်းလာလို့ ဈေးမာလာတဲ့ ရှမ်းမြေပဲ ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြေပဲဈေးအနည်းငယ်တက်လာပါတယ်။ ဈေးကွက်အတွင်းမှာလည်း မြေပဲများလက်ကျန်နည်းလာပါတယ်။ လက်ကျန်နည်း လာတဲ့အတွက် ဆီစက်များကလည်း အဝယ်လိုက်လာလို့ ဈေးတက်လာတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က မြေပဲဆီဆံ တစ်ပိဿာကို ၁၅၆ဝ ကျပ်မှ ယခုတစ်ပတ်မှာတော့ မြေပဲဆီဆံတစ်ပိဿာ ၁၆၈ဝ ကျပ်ဖြစ်လာပါတယ်။ မြေပဲဆီ တစ်ပိဿာကို ယခင်တစ်ပတ်က တစ်ပိဿာ ၃၅ဝဝ ကျပ်မှ ယခုတစ်ပတ်အတွင်း တစ်ပိဿာ ၃၆ဝဝ ကျပ်ဈေးရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်များမှ သိရှိရပါတယ်။ စောယုထွေး
ဈေးမြင့်လာတဲ့ ပြည်ဆောင်းနှမ်း ပြည်ဈေးကွက်သို့ ဟင်္သာတနဲ့ အောင်လံဘက်မှ ဆောင်းနှမ်း အသစ်များ တစ်နေ့လျှင် အိတ် ၁ဝဝဝ နေ့စဉ်ဝင်ရောက်လာသော်လည်း မိုးနှမ်း လက်ကျန် နည်းနေချိန်ဖြစ်လို့ ဆောင်းနှမ်းအသစ်များကို ဆီစက်သမားများအဝယ်ရှိပြီး၊ နှမ်းဈေး မှာ ယခင်အပတ်ထက် ဈေးမြင့်တက်လာတာ တွေ့ရပါတယ်။ နွေနှမ်းကြားများ လည်း အနည်းငယ်ဝင်ရောက်လာသဖြင့် နှမ်းဈေးမှာ နှမ်းနက်အသစ် ၄၅ ပိဿာ တစ်အိတ်လျှင် ၇၅ဝဝဝ ကျပ်၊ အဟောင်း ၄၅ ပိဿာတစ်အိတ်လျှင် ၈ဝဝဝဝ ကျပ်နဲ့ ဆောင်းနှမ်းနီအသစ် ၄၅ ပိဿာ တစ်အိတ်လျှင် ၇၅ဝဝဝ ကျပ်၊ နွေနှမ်း ကြားအသစ် ၄၅ ပိဿာတစ်အိတ်လျှင် ၇ဝဝဝဝ ကျပ်ဈေးဖြင့် ပြည်နှမ်းဈေးကွက် တွင် ဈေးမြင့်လာပေမဲ့ တစ်နေ့လျှင်အိတ် ၆ဝဝ-၇ဝဝ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာလည်း တစ်ပိဿာလျှင် ၃၃ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက်ဈေးမြင့်လာတာ တွေ့ရပါတယ်။ ဝေဝေမင်း
ယခုအပတ် နယ်စပ်မှနှမ်းရောင်စုံ တင်ပို့မှုလျော့ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ နှမ်းဖြူ ၁ဝ၂ တန်၊ နှမ်းနက်၇၃၆ တန်ကျော်နဲ့နှမ်းအခွံချွတ် ၂၅၃ တန်ခန့် စုစုပေါင်းတန် ၁ဝ၉ဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ၆၂၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှမ်းရောင်စုံ တန် ၂ဝဝဝ ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တန်ချိန် ၉ဝဝ ကျော် လျော့နည်းတင်ပို့ ခဲ့တာ တွေ့ရပါတယ်။ နှစ်ကူးကာလနီးတဲ့အတွက် နှမ်းနက်တင်ပို့မှုများပေမဲ့ ယာဉ် တန်ချိန် ကန့်သတ်ချက်များကြောင့် သယ်ယူစရိတ် နှုန်းထားမြင့်တက်ပြီး နှမ်းအဝင် နည်းတယ်လို့သိရပါတယ်။ ပြည်တွင်းနှမ်းဈေးမြင့်တက်လျက်ရှိပြီး နှမ်းဖြူတစ်တန် (အလတ်စား)ကို ကျပ် ၉ သိန်းခွဲမှ ၁ဝ သိန်းကျော်ထိ၊ နှမ်းနက်ဈေး (အညံ့) တစ် တန် ကျပ် ၁၁ သိန်းခန့်နဲ့ အကောင်းတစ်တန် ကျပ် ၁၃ သိန်း ဝန်းကျင်ခန့်မှာရှိနေပြီး တစ်ဖက်နိုင်ငံရွှေလီမှာ နှမ်းဖြူ တစ်တန် ယွမ် ၈၆ဝဝ မှ ၁ဝဝဝဝ နဲ့ နှမ်းနက်တစ်တန် ယွမ် ၁ဝ၅ဝဝ မှ ၁၂၅ဝဝ ဈေးပေါက်လျက်ရှိနေပါတယ်။ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ တင်ပို့နေသော နှမ်းရောင်စုံများဟာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်း ဒေသကြီးများက ထွက်ရှိတာပဲဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၂၁၉ဝ၈၂ ၁၁၄၁၆၂၂ ၇၇၄၆ဝ ၆ ၁၃၇၇ ၁၃၄၆ ၃၁ ၂နှမ်းနက် ၁၅၉၁၃၁၄ ၁၄၂၆၃၃၈ ၁၆၄၉၇၆ ၁ဝ ၁၇၈၇ ၁၇ဝ၉ ၇၈ ၄MIRT (DOBT)
ဝယ်လိုအားနည်းလို့ စားအုန်းဆီကြမ်း အနိမ့်ဈေးနဲ့ပိတ်၊ ပဲပုပ်ဆီဈေးပိုမိုလာ မလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ ၂၆ ရက်က ဝယ်လိုအားကျဆင်းလာလို့ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး အကျနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေးက ယခင်ရက်က ဈေးအနည်းငယ်လျော့ကျရာမှ ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလ အခြေခံစာချုပ်ဈေးက တစ်တန်ကို ရင်းဂစ် ၃၃(ကန်ဒေါ်လာ ၁ဝ ဒသမ ၈၁)၊ ဝ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး ရင်းဂစ် ၃၆၇ဝ (ကန်ဒေါ်လာ ၁၂ဝ၉) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ မတ်လပဲပုပ်ဆီကြိုပွိုင့်ဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ၅၆ ဒသမ ၁ဝ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၃၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နှစ်သစ်ကူး နီးလာပြီ ဖြစ်လို့ လာမယ့်ရက်တွေမှာလည်း စားအုန်းဆီဈေးက အပြောင်းအလဲဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဝယ်ယူမှုနည်းပေမဲ့ လာ မယ့်လတွေမှာရောင်းလိုအားနည်းပြီး ပြည်ပဝယ်လိုအားပုံမှန်ရှိနေခြင်းက ဈေးနှုန်း ကို မြင့်တက်စေနိုင်ပါတယ်။ လွန်ခဲ့တဲ့ တစ်လက စားအုန်းဆီတန်ချိန် ၁ ဒသမ ၂၆ သန်း ၁ ဒသမ ၂၉ သန်းရောင်းချခဲ့ရာမှ ဇန်နဝါရီလမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ၃ သန်းထိ ရောင်းချနိုင်လိမ့်မယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ လက်ငင်း ဈေးကွက်မှာ ဧပြီ၊ မေ၊ ဇွန်လ စားအုန်းဆီခဲ FOB ဈေးက တစ်တန် ကို ကန်ဒေါ်လာ ၁၁၉၅၊ ၁၁၉၇ ဒသမ ၅ဝ နဲ့ ၁၂ဝဝ အသီးသီးရှိပြီး ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ကို ရင်းဂစ် ၅ဝ (ကန်ဒေါ်လာ ၁၆ ဒသမ ၃၉) ကျဆင်းပြီး ရင်းဂစ် ၃၇၅ဝ (ကန်ဒေါ်လာ ၁၂၂၉) ဈေးဖြစ် တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com
ပင်လယ်ရေကြောင်း နှမ်းအတင် တန်ချိန် ၅ဝဝ ရှိ ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၆၂ဝ ကျော်ထိ တင်ပို့ခဲ့ပြီး ဇနု်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်အထိ တစ်ပတ်အတွင်းမှာတော့ တန်ချိန် ၅ဝဝ တင်ပို့မှုရှိခဲ့ပါတယ်။တင်ပို့တဲ့ နိုင်ငံတွေက တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ စင်ကာပူ တို့ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက် နှမ်းအသစ်တွေ ဝင်ရောက်နေပြီး ဒေသတွင်း ဆီစက်များက ဝယ်ယူမှုရှိသလို တရုတ်ဘက်ကလည်း အဝယ်ပုံမှန် ရှိနေလို့ ဈေးမြင့် တက်လာတယ်လို့ သိရပါတယ်။ ပင်လယ်ရေကြောင်း တင်ပို့သူတွေ အနေနဲ့ ပြည်ပ အဝယ်ရှိပေမဲ့ ပို့ကုန်တစ်ယူနစ်တန်ဖိုး ကျဆင်းတဲ့အတွက် ဈေးသိပ်မကိုက်လို့ များများမတင်ပို့နိုင်ဘူးလို့ နှမ်းကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၉၅ဝ-၂ဝဝဝ၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ၊ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT
