Main menu

Background

Sunday, 2 Jan 2011

ပြည်ဈေးကွက်ကို ပဲပုပ်အသစ်များ ဝင်လာသော်လည်း အရောင်းအဝယ်အေး                  ပြည်ဈေးကွက်ကို ပဲပုပ် အသစ်များ ဝင်လာခြင်းကြောင့် အသစ်ဈေး၊ အဟောင်းဈေး နှစ်မျိုးဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲပုပ်အသစ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅ဝဝဝ ကျပ်၊ အဟောင်း မှာ ၁၆၅ဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က လက်လီ ဝယ်ယူသူများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို ပေါက်ခေါင်း၊ ကံမမြို့နယ်များမှ ပဲပုပ် အသစ်များ အနည်းငယ်အဝင်ရှိလာတယ်လို့သိရပါတယ်။ဆုမွန်ဆွေ 

Sunday, 2 Jan 2011

ဟင်္သာတ ဈေးကွက်သို့ ပဲပုပ်သစ်များ စဝင် ယခင်နှစ် အဖွင့်ဈေးထက်ပို                  ဟင်္သာတ ဈေးကွက်သို့ ပဲပုပ်သစ်များ ဒီဇင်ဘာလ စတုတ္ထပတ် ကစပြီး ဝင်လာပါပြီ။ ယခင်နှစ်က ပဲပုပ် တစ်တင်းကို ၁၄ဝဝဝ ကျပ်နဲ့ ဈေးဖွင့် ခဲ့ပြီး၊ ယခုနှစ်မှာ ၁၆ဝဝဝ ကျပ်နဲ့ ဈေး စဖွင့်ခဲ့တယ်လို့သိရပါတယ်။ ယခု တစ်ပတ် မှာတော့ ပိဿာ ၂ဝ ဝင်တစ် တင်းကို ၁၄၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ပျမ်းမျှတစ်တင်းခွဲဝင် အိတ် ၅ဝဝ ခန့် တင်ပို့ခဲ့တယ်လို့သိရပါ တယ်။                                                                                       အေးအေးခိုင် 

Sunday, 2 Jan 2011

တရုတ်နိုင်ငံရဲ့ ဇန်နဝါရီ ပဲပုပ်တင်သွင်းမှုကျဆင်းနိုင်တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက ခန့်မှန်း                  ဇန်နဝါရီလမှာ တရုတ် နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ယခုလ တင်သွင်းတန်ချိန် ၅ ဒသမ ၄ သန်း ထက်လျော့ပြီးက တန်ချိန် ၃ ဒသမ ၄ သန်းကို ကျဆင်းနိုင်တယ်လို့ စီးပွား ကူးသန်းဝန်ကြီးဌာနက တင်သွင်းမှု အစီရင်ခံစာများ အပေါ်အခြေခံပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ခန့်မှန်း ဖော်ပြထားပါတယ်။ ပဲပုပ်ဆီတင်သွင်း မှုဟာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလမှာ စုစုပေါင်း တန်ချိန် ၁၄၆၃ဝဝ နဲ့ ၁၆၈ဝဝဝ ထိ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ အစောပိုင်းက ဒီဇင်ဘာလ အတွက် ပဲပုပ်ဆီတင်သွင်းမှုကို တန်ချိန် ၁၉၅ဝဝဝ ရှိမယ်လို့ခန့်မှန်းထားပါတယ်။ ဒီဇင်ဘာလအတွင်း စားအုန်းဆီ တင်သွင်းမှု တန်ချိန် ၄၁၂၉ဝဝ ရှိပြီး ဇန်နဝါ ရီလမှာ တန်ချိန် ၁၄၁၄ဝဝ ရှိနိုင်တယ် လို့လည်း ဝန်ကြီးဌာနက ခန့်မှန်း ထားပါတယ်။ ယမင်းခင်၊ Source: Bloonberg. com 

Sunday, 2 Jan 2011

လက်ကျန်နည်းလာတဲ့ ရှမ်းမြေပဲ                     ဈေးကွက်အတွင်းမှာတော့ မြေပဲဈေးကောင်းနေပါတယ်။ မြေပဲတစ် ပိဿာ ၁၄၅ဝ ကျပ်၊ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဈေးကွက်အတွင်း မြေပဲနည်း လာလို့ လှောင်လက်နဲ့ ဆီစက်များကဝယ်ယူနေကြတယ်လို့ သိရပါတယ်။ တစ်ပတ် အတွင်းကို ပိဿာချိန် ၁ သိန်းခွဲခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ မြေပဲဆီ တစ်ပိဿာအသန့် ၃၅ဝဝ ကျပ်၊ အရော တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပဲဖတ် တစ်ပိဿာ ၇ဝဝ ကျပ်၊ ၇၂ဝ ကျပ်ဈေးရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်များထံမှ သိရပါတယ်။                       စောယုထွေး

Sunday, 2 Jan 2011

အဝင်နည်းလို့ ဈေးမြင့်လာတဲ့ ပြည်မိုးနှမ်း                ပြည်ဈေးကွက်မှာ နှမ်းပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ မင်းတုန်း၊ ကံမနဲ့ အောင်လံ ဘက်မှ မိုးနှမ်းများ လှိုင်ချိန်က တစ်နေ့ အိတ် ၁၅ဝဝ ခန့် အဝင်ရှိပေမဲ့ မိုးနှမ်းတုံးလို့ ဆောင်းနှမ်းများ စိုက်ပျိုးနေချိန်မှာ တစ်နေ့အိတ် ၄ဝဝ မှ ၅ဝဝ သာ အဝင်ရှိတာကြောင့် နှမ်းအဝင်နည်းပြီး ဈေးအနည်းငယ်တက် လာခဲ့ပါတယ်။ နှမ်းနီကို မြို့ခံဆီစက်သမားများမှ ဆီကြိတ်ဖို့ အဝယ်ပုံမှန်ရှိနေလို့ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၇၂ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးမြင့် လာပါတယ်။ နှမ်းနက်ကို ရန်ကုန်တိုင်းဒေသကြီးသို့ ဒီဇင်ဘာလ အတွင်း နှမ်းအိတ် ၁ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၈ဝဝဝဝ ကျပ်ဈေး ဖြင့် ယခင်အပတ်ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။                                                                  ဝေဝေမင်း

Sunday, 2 Jan 2011

အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းကနှမ်း                  ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြင်းမူ၊ မြောင်မြို့နယ်များမှ နှမ်းအသစ်များ မုံရွာမြို့သို့ အများအပြားဝင်ရောက်လာပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်မှာ နှမ်းတစ်ပိဿာ အနိမ့်၊ အမြင့်ဈေးများမှာ နှမ်းညို ၁၂၆၇ ကျပ်၊ ၁၄၆၇ ကျပ်၊ နှမ်းနီ ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်၊ နှမ်းဖြူ ၁၅ဝဝ ကျပ်၊ ၁၆၆၇ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးမြို့သို့ နှမ်း ၉၆ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူ၊ နှမ်းနီ တစ်ရက်ကို ပျမ်းမျှတင်း ၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ နှမ်းဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကားဈေး ၂၈၅ဝ ကျပ်၊ လက်လီဈေး ၃၁ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ သန်းးသန်းးတင်

Sunday, 2 Jan 2011

နှမ်းနက်နဲ့ နှမ်းအခွံချွတ်တင်ပို့မှု ပိုမိုဆဲ               ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၄၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၃၂၈ တန်ကျော် နဲ့ချင်းရွှေဟော်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၇ သန်းတန်ဖိုးရှိ နှမ်းဖြူ တန် ၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်းမှာ နှမ်းရောင်စုံ တန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်များမှ နှမ်းရောင်စုံတင်ပို့မှုတန်ချိန် ၃၆ဝ ကျော် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က နှမ်းနက် ၅၃၃ တန်နဲ့ နှမ်းအခွံချွတ် ၆၉ တန် တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာတော့ နှမ်းနက် ၇ဝ၉ တန်နဲ့ နှမ်းအခွံချွတ် ၃၁၆ တန် တင်ပို့ခဲ့တာမို့နှမ်းနက် ၁၇၆ တန်နဲ့နှမ်းအခွံချွတ် ၂၄၆ တန် ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နှမ်းဖြူတင်ပို့မှုက ၃ဝ၃ တန်သာရှိပြီး ယခင်အပတ်ကထက် တန် ၁ဝဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ နယ်စပ်မှ နှမ်းရောင်စုံ ၂၉၉၂၃ တန် တင်ပို့ ထားပြီးဖြစ်ပါတယ်။ ယခင်အပတ်က ထက် နှမ်းနက်ဈေးမြင့်တက် လျက်ရှိပြီး နှမ်းဖြူဈေး လျော့လျက်ရှိ တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံနှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                              မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု             ယခင်           ပြောင်းလဲမှု      %        ယခု          ယခင်         ပြောင်းလဲမှု        %နှမ်းဖြူ            ၁၁၅၅၁ဝ၂      ၁၂ဝဝ၄၄၆          ၄၅၃၄၄         ၄         ၁၃၁၅       ၁၃၂၃               ၈              ဝ .၆နှမ်းနက်           ၁၅၂၇၅၇၄     ၁၄၇၅၉၃၇          ၅၁၆၃၇         ၃         ၁၅၈၇       ၁၅၇၉               ၈              ဝ .၅MIRT (DOBT)

Sunday, 2 Jan 2011

ယခုတစ်ပတ် နှမ်းတင်ပို့မှု လျော့ကျ                        ပင်လယ်ရေကြောင်းက နှမ်းတင်ပို့ရာမှ ယခင်သီတင်းပတ်တွေက တန်ချိန် ၁ဝဝဝ ကျော်စီတင်ပို့မှုရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၃ဝဝ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ နှမ်းဟောင်းလက် ကျန် နည်းပြီး နှမ်းအသစ်တွေ ဝင်လာပေမဲ့ အရောင်းအဝယ်အေး ဈေးအေးနေ တယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုးကျဆင်းတာကြောင့် လက်ရှိ ပြည် တွင်းဈေးနဲ့ မကိုက်တဲ့အတွက် ဒီတစ်ပတ်မှာ တင်ပို့မှုလျော့ကျသလို ရန်ကုန်  FOB ဈေးအနေနဲ့ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ-၁၈၉ဝ ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။                                       MIRT - MAPT

Sunday, 2 Jan 2011

စားအုန်းဆီဈေးနှုန်းများ(၂၇-၁၂-၂ဝ၁ဝ မှ ၃ဝ-၁၂-၂ဝ၁ဝ နေ့ထိ)ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ                   CIF (ရန်ကုန်)(၁) ၂၇-၁၂-၂ဝ၁ဝ            ၁၂၈၅(၂) ၂၈-၁၂-၂ဝ၁ဝ            ၁၂၉ဝ(၃) ၂၉-၁၂-၂ဝ၁ဝ            ၁၂၈ဝ(၄) ၃ဝ-၁၂-၂ဝ၁ဝ            ၁၂၇၅Source:ဆီကုန်သည်များအသင်း

Sunday, 2 Jan 2011

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၃၁-၁၂-၂ဝ၁ဝ          US$/Ton                       ဒီဇင်ဘာတတိယပတ်                  ဒီဇင်ဘာစတုတ္ထပတ်              နှိုင်းယှဉ်ချက်RBD P.Oil                     ၁၁၉၁ .၅ဝ                      ၁၂၁ဝ .ဝဝRBD P.Oilen                  ၁၁၉၈ .ဝဝ                     ၁၂၂၂ .၅ဝRBD P.Strarin                ၁၁၇၆ .ဝဝ                     ၁၁၈၆ .၅ဝSource: econ.mpob

Pages