Background
စားအုန်းဆီဈေးနှုန်းများ(၁ဝ-၁-၂ဝ၁၁ မှ ၁၄-၁-၂ဝ၁၁ နေ့ထိ) ရေတွက်ပုံ-ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်)(၁) ၁ဝ-၁-၂ဝ၁၁ ၁၂၉၅(၂) ၁၁-၁-၂ဝ၁၁ ၁၂၉ဝ(၃) ၁၂-၁-၂ဝ၁၁ ၁၂၈ဝ(၄) ၁၃-၁-၂ဝ၁၁ ၁၂၈ဝ(၅) ၁၄-၁-၂ဝ၁၁ ၁၂၉ဝSource: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၄-၁-၂ဝ၁၁ US$/Ton ဇန်နဝါရီပထမပတ် ဇန်နဝါရီဒုတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၂၂၂ .ဝဝ ၁၂၅၂ .၅ဝRBD P.Oilen ၁၂၃၆ .ဝဝ ၁၂၆၃ .၅ဝRBD P.Strarin ၁၂ဝဝ .၅ဝ ၁၂၂၁ .၅ဝSource: econ.mpob
အရောင်းအေး ဈေးအေးနေတဲ့ ဟင်္သာတ ပဲပုပ် ဟင်္သာပဲပုပ်တစ်တင်းလျှင် ၁၅၅ဝဝ ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ပြီး၊ ယခုဇန်နဝါရီလ ဒုတိယပတ် တွင်လည်း ၁၅၅ဝဝ ကျပ်ဖြင့် ဈေးငြိမ် နေပါသည်။ အရောင်း အဝယ်ဖြစ်မှု အနေနဲ့ ဒေသတွင်း အိတ် ၃ဝဝ ခန့်သာ ရှိပြီး၊ ယခင်အပတ်ထက် အရောင်းအေး သွားပါတယ်။ တင်ပို့မှုအနေနဲ့ ရန်ကုန် ဈေးကွက်သို့ ပျမ်းမျှတစ်တင်းခွဲဝင်အိတ် ၃ဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။အေးအေးခိုင်
ပဲပုပ်လက်လီသမားများဖြင့်ပြည်ပဲပုပ် အရောင်းအဝယ်ဖြစ် ပြည်ပဲပုပ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၁၅ဝဝဝ ကျပ်ဖြင့် ဈေးငြိမ် အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပဲပုပ်ကိုကံမ၊ ပန်းတောင်း၊ ဥသျှစ်ပင်နဲ့ ပေါက်ခေါင်းမြို့နယ်များမှ တစ်နေ့ကို အိတ် ၂ဝ ကျော် အဝင်ရှိ ကြောင်း သိရပါတယ်။ ပြည်ပဲပုပ်မှာ လက်လီသမားဖြင့် နေ့စဉ်အိတ် ၂ဝ- ၃ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်မွန်ဆွေ
ဆောင်းမြေပဲအတွက် အားတက်ဖွယ် ပြည်ဈေးကွက်တွင် မိုးမြေပဲတွေပြီးစီးလို့ ဆောင်းမြေပဲတွေ စတင်ထွက်ရှိလာပြီဖြစ်ပါတယ်။ လတ်တလောမှာတော့ ကုန်သည်တွေအနေနဲ့ မြေပဲအတောင့်တွေကို (ပြည်) တင်းအလိုက် ရောင်းချလျှက် ရှိပါတယ်။ ဆီထွက်နှုန်းမကောင်းတဲ့ မြေပဲကိုပြုတ်စားရန်အတွက်ရောင်းချကြပါတယ်။ ဆောင်းမြေပဲ အထွက်စောစောရရှိတဲ့ တောင်သူတွေအနေနဲ့ ဆီစက်တွေ၊ ပွဲရုံတွေကိုတင်ပို့ရောင်းချလျက် ရှိပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ မှာ ဆောင်းမြေပဲစိုက်ပျိုးမှုဟာ ၉၄၆၄၄ ဧကရှိတဲ့အတွက် အားတက် ဖွယ်ဖြစ်ပြီး၊ တိုင်းတွင်းစားသုံးမှု အတွက်လည်း ပိုလံျှမှာဖြစ်ပါတယ်။ ပြည်ဈေးကွက်မှာ မြေပဲတောင့် တစ်တင်းကို ၆၅ဝဝ ကျပ်ရှိပြီး၊ မြေပဲဆီတစ်ပိဿာကို ၃၅ဝဝ ကျပ်၊ မြေပဲဆံတစ်ပိဿာကို ၁၅ဝဝ ကျပ်ရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းကို မကွေးတိုင်း၊ အောင်လံမြို့မှ မြေပဲဆံအိတ်များ တင်ပို့လျက် ရှိပါတယ်။ မကွေးတိုင်းမှ ဝင်လာသော မြေပဲတွေကိုတော့ ပြည်မြို့ရှိဆီစက်များနဲ့ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါတယ်။ အိအိခိုင်
နှမ်းဈေးတက်ပေမဲ့ ဈေးကွက်ထဲ အဝင်ပါးနေ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ မုံရွာကုန်စည်ဒိုင် ဆီထွက်သီးနံှဈေးကွက်မှာ နှမ်းဈေးအနည်းငယ်မြင့်လာသလို စားဆီ ဈေးလည်းမြင့်တက်လာတဲ့အတွက် နှမ်းတောင်သူတစ်ချို့ ဈေးကွက်ထဲနှမ်းရောင်းချမှုနည်းပါးပြီး ကျေးရွာများရှိ တစ်နိုင် တစ်ပိုင်ဆီစက်များမှာ သွားရောက်ဆီကြိတ်မှုတွေ ရှိခဲ့ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဖြစ်ပေါ်ခဲ့တဲ့ မုံရွာ ကုန်စည်ဒိုင် နှမ်းဈေးကွက်မှာ နှမ်းညိုတစ်တင်း ၂၁၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်၊ နှမ်းနီတစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်၊ နှမ်းဖြူတစ်တင်း ၂၂၈ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ပြီး စားဆီဈေးတွေကလည်း ပဲဆီတစ်ပိဿာ ၃၂ဝဝ ကျပ်မှ ၃၃၅ဝ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၈၅ဝ ကျပ်မှ ၂၉၅ဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၄၆ဝ ကျပ်မှ ၂၅၄ဝ ကျပ်အသီးသီးတက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှမ်းစိုက်ရာသီက မုံရွာနယ်တစ်ဝှမ်း မုန်တိုင်းမိုးမိခဲ့လို့ နှမ်းပင်အများစု အပွင့်ေြွက၊ မှိုကပ်ပြီး နှမ်းအထွက်နည်းခဲ့တယ်လို့ ဆိုပါတယ်။ ယခုလအတွင်း မုံရွာကုန်စည်ဒိုင်မှာ နှမ်းအဝင်ပုံမှန်သာရှိခဲ့ပြီး မန်းအဆွဲလည်း ငြိမ်နေတာ တွေ့ရပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့ထိ မုံရွာဈေးကွက်ကနေ မန္တလေးကို နှမ်းတင်း ၂၅ဝဝ ခန့်သာ စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ မုံရွာနယ်ရဲ့ ဖွံ့ဖြိုးတဲ့ ကျေးလက်တွေမှာ ဆီစက်ငယ်တွေနဲ့ နှမ်းတစ်တင်း ဆီကြိတ်ခ ၁ဝဝဝ ကျပ် (နှမ်းဖတ်ပြန်ပေး) စနစ်နဲ့ လုပ်ငန်း တွင်ကျယ်လျက်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အဝင်နည်း၍ ဈေးမြင့်လာတဲ့ ပြည်ဆောင်းနှမ်း ပြည်ဈေးကွက် နှမ်းအရောင်းအဝယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ မင်းတုန်း၊ ကံမနဲ့အောင်လံဘက်မှ ယခင်မိုးနှမ်းလှိုင်လှိုင်ပေါ်ချိန်တွင် တစ်နေ့လျှင် အိတ် ၁၅ဝဝ ခန့်အထိ အဝင်ရှိသော်လည်း ယခုမိုးနှမ်းကုန်၍ ဆောင်း နှမ်းပေါ်ချိန်တွင် တစ်နေ့လျှင် အိတ် ၄ဝဝ မှ ၅ဝဝ အထိသာ အဝင်ရှိပြီး နှမ်းဈေးမှာ လည်း အနည်းငယ်တက်လျက်ရှိပါတယ်။ နှမ်းနီကို မြို့ခံဆီစက်များမှ ပုံမှန်အဝယ် ရှိနေသဖြင့် နှမ်းနီ ၄၅ ပိဿာ ဝင်တစ်အိတ်လျှင် ၇၄ဝဝဝ ကျပ်ဈေးဖြင့် ယခင် အပတ်ထက် ဈေးမြင့်လာပါတယ်။ နှမ်းနက်ဈေးအနေနဲ့ ကတော့ ယခင်အပတ် အတိုင်း ဈေးငြိမ်နေပါတယ်။ နှမ်းနက်ကို ရန်ကုန်တိုင်း ဒေသကြီးသို့ ဒီဇင်ဘာလအတွင်းက အိတ် ၁၄ဝဝ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဆွေဆွေမင်း
နှမ်းရောင်စုံတင်ပို့မှု နှမ်းအနည်းငယ်ပို့ မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ သန်းကျော် တန်ဖိုးရှိ နှမ်းရောင်စုံတန် ၁၇ဝဝ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းအမျိုးအစား အလိုက် တင်ပို့နိုင်မှုကတော့ နှမ်းဖြူ ၂ဝ၆ တန်ကျော်၊ နှမ်းနက် ၁ဝ၅၂ တန်ကျော်နဲ့ နှမ်းအခွံချွတ် ၄၄၉ တန်တို့ ဖြစ်ပါတယ်။ ယခင်အပတ်က မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော် နယ်စပ်စခန်းများမှ နှမ်း ၁၅၇ဝ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၁၃ဝ ကျော်တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ပြည်တွင်းနှမ်းဈေးမှာ နှမ်းဖြူ တစ်တန် အလတ် ကျပ် ၉ ဒသမ ၂၅ သိန်းနှင့် အရည်အသွေးကောင်းရင် ကျပ် ၉ ဒသမ ၈ဝ သိန်း၊ နှမ်းနက် အညံ့ကျပ် ၁ဝ ဒသမ ၈၈ သိန်းနဲ့အရည်အသွေးကျပ် ၁၄ ဒသမ ၁ဝသိန်း ဝန်းကျင် ရှိပါတယ်။ ယခုရက်ပိုင်းအတွင်း တရုတ် နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ဝယ်လိုအားရှိပြီး ရွှေလီ မှာတော့ ယွမ် ၁၂၅ဝဝ နဲ့ ဝယ်ယူလာပြီး လဆန်းပိုင်းက ထက် ယွမ် ၅ဝဝ ခန့် ပိုမြင့်တယ်လို့ သိရပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ် နှမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၃၈၆ဝ၂ ၁၁၅၈၂၄၇ ၁၉၆၄၆ ၁ .၇ ၁၂၅၂ ၁၃၁၈ ၆၆ ၅နှမ်းနက် ၁၅၅၁၃၂၂ ၁၅၁၁၅၁၈ ၃၉၈ဝ၄ ၂ .၅ ၁၇၈ဝ ၁၅၉ဝ ၁၉ဝ ၁ဝ MIRT (DOBT)
ဒီတစ်ပတ် နှမ်းတင်ပို့မှုလျော့ကျ ယခုတစ်ပတ် (ဇန်နဝါရီ ၃ ရက်မှ ၉ ရက်) အတွင်း ပင်လယ်ရေ ကြောင်းက နှမ်းတန်ချိန် ၄ဝဝ သာလျော့ကျ တင်ပို့တာတွေ့ရပါတယ်။ ယခင် တစ် ပတ်က နှမ်းတန် ၅ဝဝ ခန့် တင်ပို့ရာမှ ယခုတစ်ပတ်မှာ လျော့ကျလာတာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာတော့ နှမ်းအသစ်တွေ လှိုင်လှိုင်ဝင်ရောက် နေသလို တရုတ်ဘက်ကလည်း အဆွဲသွက်လာလို့ အရောင်းအဝယ်ဖြစ် ဈေးတက် နေတာတွေ့ရပါတယ်။ ဒါပေမဲ့ ပင်လယ်ရေကြောင်း တင်ပို့မှုကတော့ အကျဘက် ဆင်းနေတာတွေ့ရပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်နဲ့ တရုတ်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ သိပ္ပံ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ-၁၈၉ဝ၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန် ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ယခုသီတင်းပတ်အတွင်း စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေး မြင့်တက်ဖွယ်ရှိ ယခုသီတင်းပတ်အတွင်း မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးမြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ယခု သီတင်းပတ်အတွင်း စားအုန်းဆီကြမ်းဈေး တစ်တန် ရင်းဂစ် ၃၈ဝဝ နဲ့ ၄ဝဝဝ (ကန်ဒေါ်လာ ၁၂၄၃-၁၃ဝ၈) အကြား မြင့်တက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယရဲ့ ဝယ်လိုအားကောင်းမွန်ခြင်းက ရေရှည်မှာ စားအုန်းဆီ ကြမ်းဈေးကို တည်ငြိမ်စေပြီး ကာလတိုအတွင်းမှာတော့ ဝယ်လိုအား မြင့်တက် နိုင်ဖွယ် ရှိတယ်လို့ MIDF မှ သုတေသနပြုလုပ် ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွင်း တရုတ်နိုင်ငံက စားသုံးမှု ၈ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး အိန္ဒိယက ၁ဝ ရာခိုင်နှုန်း တိုးတက်နိုင်တယ်လို့လည်း ဆိုပါတယ်။ လာမယ့် ဖေဖော် ဝါရီလ ၃ ရက်မှာ ကျရောက်မယ့်တရုတ်နှစ်သစ်ကူး အတွက် ဝယ်လိုအား ခိုင်မာ လာဖွယ်ရှိလို့ ယခုနှစ် ပထမ ၃ လအတွင်း တစ်တန်ကို ရင်းဂစ် ၄ဝဝဝ(ကန်ဒေါ် လာ ၁၃ဝ၈) ထိမြင့်တက်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်း ပတ်မှာတော့ အခြားကုန်စည်ဈေး ကျဆင်းခြင်းနဲ့အတူ စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးလည်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ယခင်တစ်ပတ်အတွင်း ဇန်နဝါရီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၁၄ (ကန်ဒေါ်လာ ၄ ဒသမ ၅၈) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၃၈ဝဝ (ကန်ဒေါ်လာ ၁၂၄၃) ဖြစ်ခဲ့ပြီး၊ ဖေဖော်ဝါရီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၂ဝ (ကန်ဒေါ်လာ ၆ ဒသမ ၅၄) ကျဆင်းပြီး ရင်းဂစ် ၃၈ဝဝ (ကန်ဒေါ်လာ ၁၂၄၃) ကိုလည်းကောင်း၊ မတ်လဈေးက ရင်းဂစ် ၂၅ (ကန်ဒေါ်လာ ၈ ဒသမ ၁၈)ကျဆင်းပြီး ရင်းဂစ် ၃၇၆၃ (ကန်ဒေါ်လာ ၁၂၃၃) ကိုလည်းကောင်း၊ ဧပြီလကြိုပွိုင့်ဈေးဟာ ရင်းဂစ် ၃၃ (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး ရင်းဂစ် ၃၇၃၅ (ကန်ဒေါ်လာ ၁၂၂၂) ကို လည်းကောင်း ကျဆင်းခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာတော့ ဇန်နဝါရီ စာခုျပ် ဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၈၂ဝဝ (ကန်ဒေါ်လာ ၁၂၅ဝ) နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်Source: Bernama
