Background
အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းကနှမ်း ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ အရာတော်၊ ချောင်းဦး၊ မြင်းမူ၊ မြောင်မြို့နယ်များမှ နှမ်းအသစ်များ မုံရွာမြို့သို့ အများအပြားဝင်ရောက်လာပါတယ်။ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်မှာ နှမ်းတစ်ပိဿာ အနိမ့်၊ အမြင့်ဈေးများမှာ နှမ်းညို ၁၂၆၇ ကျပ်၊ ၁၄၆၇ ကျပ်၊ နှမ်းနီ ၁၄၃၃ ကျပ်၊ ၁၅၆၇ ကျပ်၊ နှမ်းဖြူ ၁၅ဝဝ ကျပ်၊ ၁၆၆၇ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုလအတွင်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မန္တလေးမြို့သို့ နှမ်း ၉၆ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ နှမ်းဖြူ၊ နှမ်းနီ တစ်ရက်ကို ပျမ်းမျှတင်း ၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ နှမ်းဆီပေါက်ဈေးမှာ တစ်ပိဿာ လက်ကားဈေး ၂၈၅ဝ ကျပ်၊ လက်လီဈေး ၃၁ဝဝ ကျပ်ဈေး ရှိကြောင်း သိရပါတယ်။ သန်းးသန်းးတင်
နှမ်းနက်နဲ့ နှမ်းအခွံချွတ်တင်ပို့မှု ပိုမိုဆဲ ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၄၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၃၂၈ တန်ကျော် နဲ့ချင်းရွှေဟော်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၇ သန်းတန်ဖိုးရှိ နှမ်းဖြူ တန် ၅ဝ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလ အတွင်းမှာ နှမ်းရောင်စုံ တန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ နယ်စပ်များမှ နှမ်းရောင်စုံတင်ပို့မှုတန်ချိန် ၃၆ဝ ကျော် ပိုမိုခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က နှမ်းနက် ၅၃၃ တန်နဲ့ နှမ်းအခွံချွတ် ၆၉ တန် တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာတော့ နှမ်းနက် ၇ဝ၉ တန်နဲ့ နှမ်းအခွံချွတ် ၃၁၆ တန် တင်ပို့ခဲ့တာမို့နှမ်းနက် ၁၇၆ တန်နဲ့နှမ်းအခွံချွတ် ၂၄၆ တန် ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နှမ်းဖြူတင်ပို့မှုက ၃ဝ၃ တန်သာရှိပြီး ယခင်အပတ်ကထက် တန် ၁ဝဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်အထိ နယ်စပ်မှ နှမ်းရောင်စုံ ၂၉၉၂၃ တန် တင်ပို့ ထားပြီးဖြစ်ပါတယ်။ ယခင်အပတ်က ထက် နှမ်းနက်ဈေးမြင့်တက် လျက်ရှိပြီး နှမ်းဖြူဈေး လျော့လျက်ရှိ တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံနှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၅၅၁ဝ၂ ၁၂ဝဝ၄၄၆ ၄၅၃၄၄ ၄ ၁၃၁၅ ၁၃၂၃ ၈ ဝ .၆နှမ်းနက် ၁၅၂၇၅၇၄ ၁၄၇၅၉၃၇ ၅၁၆၃၇ ၃ ၁၅၈၇ ၁၅၇၉ ၈ ဝ .၅MIRT (DOBT)
ယခုတစ်ပတ် နှမ်းတင်ပို့မှု လျော့ကျ ပင်လယ်ရေကြောင်းက နှမ်းတင်ပို့ရာမှ ယခင်သီတင်းပတ်တွေက တန်ချိန် ၁ဝဝဝ ကျော်စီတင်ပို့မှုရှိခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ တန်ချိန် ၃ဝဝ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ နှမ်းဟောင်းလက် ကျန် နည်းပြီး နှမ်းအသစ်တွေ ဝင်လာပေမဲ့ အရောင်းအဝယ်အေး ဈေးအေးနေ တယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုးကျဆင်းတာကြောင့် လက်ရှိ ပြည် တွင်းဈေးနဲ့ မကိုက်တဲ့အတွက် ဒီတစ်ပတ်မှာ တင်ပို့မှုလျော့ကျသလို ရန်ကုန် FOB ဈေးအနေနဲ့ သိပ္ပံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ-၁၈၉ဝ ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
စားအုန်းဆီဈေးနှုန်းများ(၂၇-၁၂-၂ဝ၁ဝ မှ ၃ဝ-၁၂-၂ဝ၁ဝ နေ့ထိ)ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ CIF (ရန်ကုန်)(၁) ၂၇-၁၂-၂ဝ၁ဝ ၁၂၈၅(၂) ၂၈-၁၂-၂ဝ၁ဝ ၁၂၉ဝ(၃) ၂၉-၁၂-၂ဝ၁ဝ ၁၂၈ဝ(၄) ၃ဝ-၁၂-၂ဝ၁ဝ ၁၂၇၅Source:ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၃၁-၁၂-၂ဝ၁ဝ US$/Ton ဒီဇင်ဘာတတိယပတ် ဒီဇင်ဘာစတုတ္ထပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၁၉၁ .၅ဝ ၁၂၁ဝ .ဝဝRBD P.Oilen ၁၁၉၈ .ဝဝ ၁၂၂၂ .၅ဝRBD P.Strarin ၁၁၇၆ .ဝဝ ၁၁၈၆ .၅ဝSource: econ.mpob
ဇန်နဝါရီလ စားအုန်းဆီကြမ်း တင်ပို့ခွန်ကို အင်ဒိုနီးရှားက ၂ဝ ရာခိုင်နှုန်း တိုးမြင့် အင်ဒိုနီးရှားနိုင်ငံ ပြည်ပ ကုန်သွယ်ရေးဌာနမှ ဇန်နဝါရီလ ပို့မယ့် စားအုန်းဆီကြမ်းတင်ပို့ခွန်ကို ၂ဝ ရာခိုင်နှုန်းထိ တိုးမြင့်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာ စတော့ဈေးကွက်မှာ စားအုန်းဆီကြမ်း ဈေးနှုန်းမြင့်တက်ခြင်းနဲ့ ရေနံဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ဒီဇင်ဘာလမှာ တင်ပို့ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ၂ဝ ရာခိုင်နှုန်းကို တိုးမြင့်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနဲ့အတူ ရေနံဈေးနှုန်း ကလည်း ယခင်နှစ်မေလမှာ အနိမ့်ဆုံး ကျင်းဆင်းခဲ့ရာမှ ၃ဝ ရာခိုင်နှုန်း ပြန်လည် မြင့်တက်လာခဲ့ပါတယ်။ လာမယ့်ကာလတွေမှာ ကမ္ဘာ့ရေနံဈေးဟာ တစ်စည်ကို ကန်ဒေါ်လာ ၁ဝဝ အထိ မြင့်တက်နိုင်တယ်လို့ လစ်ဗျားနိုင်ငံတော် ရေနံကုမ္ပဏီ မှ ခန့်မှန်းထားပါတယ်။ ရေနံဈေးနှုန်း မြင့်တက်ခြင်းနဲ့အတူ နိုင်ငံတကာ ဈေးကွက်မှာ စားအုန်းဆီကြမ်းဈေးနှုန်းလည်း မြင့်တက်လာလိမ့်မယ်လို့ ဆိုပါ တယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနက တွက်ချက်မှုအရ စားအုန်ဆီကြမ်းပျမ်းမျှ ညွှန်းကိန်းဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၁၈၄ ရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: Jones News
စားအုန်းဆီဈေးနှုန်းများ(၂ဝ-၁၂-၂ဝ၁ဝ မှ ၂၄-၁၂-၂ဝ၁ဝ နေ့ထိ) ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ CIF (ရန်ကုန်)(၁) ၂ဝ-၁၂-၂ဝ၁ဝ ၁၂၂၅(၂) ၂၁-၁၂-၂ဝ၁ဝ ၁၂၃ဝ(၃) ၂၂-၁၂-၂ဝ၁ဝ ၁၂၄ဝ(၄) ၂၃-၁၂-၂ဝ၁ဝ ၁၂၅ဝ(၅) ၂၄-၁၂-၂ဝ၁ဝ ၁၂၅၅ Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၂၄-၁၂-၂ဝ၁ဝ US$/Ton ဒီဇင်ဘာဒုတိယပတ် ဒီဇင်ဘာတတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၁၆၇ .ဝဝ ၁၁၉၁ .၅ဝRBD P.Oilen ၁၁၈၂ .၅ဝ ၁၁၉၈ .ဝဝRBD P.Strarin ၁၁၂၃ .ဝဝ ၁၁၇၆ .ဝဝSource: econ.mpob