Main menu

Background

Tuesday, 23 Nov 2010

နှမ်းပြည်ပ အဝယ်ရှိသလောက် မတင်နိုင်    ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုဟာ တန်ချိန် ၄ဝဝ ကျော်ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၈၅ဝ ကျော်ကို ပြန်တိုးတင်လာနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ နှမ်းကုန်သည်ကြီးတစ်ဦး ပြောတာ ကတော့ ပြည်တွင်းလက်ကျန်နည်းနေတာကြောင့် ပြည်ပအဝယ်တွေရှိသလောက် မတင်ပို့နိုင်ဘူးလို့ ဆိုပါတယ်။ ယခင်လတွေက တရုတ်က ဈေးမြင့်ပေးဝယ်ယူ ခဲ့တာကြောင့် ပြည်တွင်းဈေးက မြောက်နေတဲ့ အတွက် ပြည်ပဝယ်လက်ကပေးတဲ့ ဈေးနဲ့ သိပ်မကိုက်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ယခုရက်ပိုင်းမှာတော့ တရုတ်ကလည်း အဆွဲအေးနေတယ်လို့ ဆိုပါတယ်။ ရန်ကုန် FOB  ဈေးမှာလည်း ယခင် တစ်ပတ် အတိုင်း ပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၉၈ဝ- ၂ဝဝဝ ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၆၅ဝ-၁၇ဝဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၄၅ဝ-၁၅ဝဝ အသီးသီး ဖြစ် တယ်လို့ သိရပါတယ်။ MIRT - MAPT

Tuesday, 23 Nov 2010

စားအုန်းဆီဈေးနှုန်းများ(၁၅-၁၁-၂ဝ၁ဝ မှ ၁၉-၁၁-၂ဝ၁ဝ နေ့ထိ)                                                                             ရေတွက်ပံုံ - ဒေါ်လာစဉ်      နေ့စွဲ                 CIF(ရန်ကုန်)(၁) ၁၅-၁၁-၂ဝ၁ဝ             ၁၁၅ဝ(၂) ၁၆-၁၁-၂ဝ၁ဝ              ၁၁၅ဝ(၃) ၁၈-၁၁-၂ဝ၁ဝ              ၁ဝ၉၅(၄) ၁၉-၁၁-၂ဝ၁ဝ             ၁၁၃ဝ                                                                                           Source: ဆီကုန်သည်များအသင်း

Tuesday, 23 Nov 2010

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၉-၁၁-၂ဝ၁ဝ                                                                                                           US$/Ton                            နိုဝင်ဘာလဒုတိယပတ်                  နိုဝင်ဘာလတတိယပတ်                 နှိုင်းယှဉ်ချက်RBD P.Oil                       ၁ဝ၄၂ .ဝဝ                              ၁၁၂၁ .ဝဝRBD P.Oilen                   ၁ဝ၅၉ .၅ဝ                               ၁၁၂၄ .ဝဝRBD P.Strarin                  ၁ဝဝ၂ .၅ဝ                               ၁ဝ၈၄ .ဝဝ                                                                                                                  Source: econ.mpob

Tuesday, 23 Nov 2010

 စားအုန်းဆီဈေး ဆက်လက် မြင့်တက်ဖွယ်ရှိ         ဈေးကွက်အသီးသီးက ဝယ်လိုအားကောင်းလာတာရယ်၊ ရောင်းချနိုင်မှု လျော့နည်းနိုင်တာရယ်ကြောင့် လာမယ့်နှစ်မှာ စားအုန်းဆီဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၆ဝဝ (ကန်ဒေါ်လာ ၁၅ဝဝ ) ထိမြင့်တက်နိုင်တယ်လို့ လေ့လာဆန်းစစ် သူများက ဆိုပါတယ်။ မလေးရှားနိုင်ငံရဲ့ ဇန်နဝါရီပို့ရမယ့်စားအုန်းဆီကြမ်း ကြိုပွိုင့် ဈေးဟာ နိုဝင်ဘာလ ၁၁ ရက်က တစ်တန်ကို ရင်းဂစ် ၃၃၉၆ (ကန်ဒေါ်လာ ၁ဝ၈၅) ဈေးကို ၂ နှစ်ကျော်အတွင်း မကြုံဘူးတဲ့ ဈေးဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်မှာ တော့ ရင်းဂစ် ၃၂၇ဝ (ကန်ဒေါ်လာ ၁ဝ၄၅) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။          Bloomberg စာရင်းများအရ စားအုန်းဆီဈေးဟာ စက်တင်ဘာလ အစောပိုင်းကစပြီး ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာမှာ ဒုတိယမြောက် အများဆုံး ထုတ်လုပ်တဲ့ မလေးရှားမှာ မိုးရွာသွန်းမှုများလို့ စားအုန်းဆီ ရောင်းချမှုနည်းသွားတာကြောင့် ဈေးမြင့်တက်ခဲ့ခြင်းဖြစ်တယ်လို့ ကျွမ်းကျင်ရှင် များက ဆိုပါတယ်။ ကာလတိုအတွင်း တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၅၉) ဈေးနဲ့ ရှိနိုင်တယ်လို့ Kim Eng သုတေသနမှ လေ့လာဆန်းစစ်ပညာရှင် Rohan Suppiah   က ပြောကြားပါတယ်။           လာမယ့်နှစ် ဈေးနှုန်းစံချိန်တင်ဖွယ်ရှိခြင်းဟာ ဆီသန့်စင်သူများကို ထိခိုက် စေနိုင်တယ်လို့ စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်အထူးပြုပညာရှင်  Mr Leon Perera က ပြောကြားပါတယ်။ ဘာကြောင့်လည်းဆိုရင် ထုတ်လုပ်စရိတ်က ဈေးမြင့် နေပြီ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ တရုတ်နဲ့ အိန္ဒိယက စားအုန်းဆီကြမ်း ဝယ်လိုအား ဆက်ကောင်းနိုင်ဦးမယ်လို့ ဆိုပါတယ်။ ယုဇန၊Sources: oilworld

Thursday, 18 Nov 2010

 တရုတ်နိုင်ငံက ဝယ်လိုအားကျဆင်းနိုင်တဲ့ အလားအလာကြောင့် ပဲပုပ်ဈေးနှုန်း မြင့်တက်နေရာမှ ပြန်အေးလာ             တရုတ်နိုင်ငံက စားနပ်ရိက္ခာ ဈေးနှုန်းတည်ငြိမ်အောင် ကြိုးပမ်းနေ ခြင်းနဲ့ပတ်သက်လို့ စားဆီဝယ်လိုအား လျော့ကျမယ့် အရိပ်အရောင်ရှိလာတဲ့ အတွက် ပဲပုပ်ကြိုပွိုင့်ဈေးဟာ အစောပိုင်းက မြင့်တက်ခဲ့ရာမှ ပြန်အေးလာ တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်များက အမေရိကန်အစိုးရရဲ့ ပဲပုပ်တင်ပို့မှု ၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ပြောကြားပြီးနောက် ချီကာဂို မှာ ပဲပုပ်ဈေးဟာ ၂၅ လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ၆၈ ရာခိုင်နှုန်းခန့်ဟာ တရုတ်ကိုရောင်းချခဲ့ တယ်လို့ဆိုပါတယ်။              အစောပိုင်းက ဇန်နဝါရီလ အတွက် ပဲပုပ်ကြိုပွိုင့်ဈေး တစ်ဘူရှယ် ကို ကန်ဒေါ်လာ ၁၂ ဒသမ ၄၈၇၅ (တစ်တန်ကို ကန်ဒေါ်လာ ၄၆၂ ) ဈေး ရှိခဲ့ရာမှ အောက်တိုဘာလ ၂၈ ရက်မှာကန်ဒေါ်လာ ၁၂ ဒသမ ၃၆ (တစ်တန် ကို ကန်ဒေါ်လာ ၄၅၇ ) ကိုကျဆင်းပြီး၊ ၎င်းဈေးနဲ့ငြိမ်နေတယ်လို့သိရပါတယ်။ အောက်တိုဘာ ၂၁ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အမေရိကန် တင်ပို့ သူများမှ တန်ချိန် ၂ ဒသမ ဝ၂၆ သန်း ရောင်းချခဲ့တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောကြားပါတယ်။ ပဲပုပ်ဟာ အမေရိကန်ရဲ့ ဒုတိယအများဆုံး တင်ပို့တဲ့သီးနံှဖြစ်ပြီး ယခင်နှစ်က ကန် ဒေါ်လာ ၃၁ ဒသမ ၈ ဘီလီယံဖိုး တင်ပို့ခဲ့တယ်လို့သိရပါတယ်။                                                                         ယမင်းခင်၊ Source: bloomberg.net

Thursday, 18 Nov 2010

 အသစ်ဝင်လာတဲ့ ဈေးကောင်းရနေတဲ့ ပဲပုပ်        ပြည်ပဲပုပ်မှာ ယခုတစ်ပတ် တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးထက် တစ်တင်းကို ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ ပါတယ်။ ဈေးကွက်တွင်းသို့ ပဲပုပ်သစ် များ ဝင်ရောက်လာသော်လည်း ဈေး နှုန်းကျဆင်းမှု မရှိဘဲ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် လက်လီသမားများနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ဇီးကုန်း၊ နတ်တလင်းနဲ့ လက်ပံတန်းမြို့ နယ်များတွင် ပဲပုပ်ဧက ၄ဝဝဝ ကျော် စိုက်ပိုျးထားကြောင်း သိရပါတယ်။                                                                                                ဆုမွန်ဆွေ

Thursday, 18 Nov 2010

 အသစ်ဝင်လာတဲ့ ဈေးကောင်းရနေတဲ့ ပဲပုပ်        ပြည်ပဲပုပ်မှာ ယခုတစ်ပတ် တွင် ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးထက် တစ်တင်းကို ၅ဝဝ ကျပ်ဈေးမြင့်လာခဲ့ ပါတယ်။ ဈေးကွက်တွင်းသို့ ပဲပုပ်သစ် များ ဝင်ရောက်လာသော်လည်း ဈေး နှုန်းကျဆင်းမှု မရှိဘဲ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် လက်လီသမားများနဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ဇီးကုန်း၊ နတ်တလင်းနဲ့ လက်ပံတန်းမြို့ နယ်များတွင် ပဲပုပ်ဧက ၄ဝဝဝ ကျော် စိုက်ပိုျးထားကြောင်း သိရပါတယ်။                                                                                                ဆုမွန်ဆွေ

Thursday, 18 Nov 2010

 မန်းဈေးကွက်ကိုဒေသစုံကဝင်တဲ့ မြေပဲဆီဆံ            မန်းဈေးကွက်အတွင်းသို့ ပြည်မကွေး၊ အောင်လံ၊ ရွှေဘို၊ မြင်းမူ၊ ကျောက်ပန်းတောင်းစတဲ့ ဒေသတွေက ယခုတစ်ပတ်အတွင်း မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ အောက်တိုဘာ တတိယပတ်အတွင်း ဆီဆံ တစ်ပိဿာ ဈေးနှုန်းအနေနဲ့ နွားထိုးကြီးဆီဆံ ၁၆ဝဝ ကျပ်၊ မြင်းမူဆီဆံ ၁၅၇ဝ ကျပ်၊ ပြည်ဆီဆံ ၁၄၅ဝ ကျပ်၊ ကျွန်းဆီဆံ ၁၄၂၅ ကျပ်၊ ဝက်လက်ဆီဆံက ၁၅၁ဝ ကျပ်ဈေးနဲ့ ရောင်းဝယ်ခဲ့ကြပြီး စတုတ္ထပတ်မှာတော့ နွားထိုးကြီး ဆီဆံ ၁၆၅ဝကျပ်၊ ပြည်ဆီဆံက ၁၅၂၅ ကျပ်၊ မကွေးဆီဆံက ၁၅ဝဝ ကျပ်၊ မြင်းမူဆီဆံက ၁၅၈၅ ကျပ်၊ ရွှေဘိုဆီဆံက ၁၅၅ဝ ကျပ်ဈေးတို့နဲ့ ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် အတွင်း ရာသီဥတုအခြေအနေကြောင့် မြေပဲဆီဆံများ ဝင်ရောက်မှု အားနည်းခဲ့ပြီး ဈေး အနည်းငယ်မြင့်တက်နေတာကို တွေ့ရပါတယ်။ ပဲဆီဈေးက တစ်ပိဿာ ၂၈ဝဝ ကျပ်၊ ၃ဝဝဝ ကျပ်၊ ပဲဖတ်တစ်ပိဿာ ၈၇ဝ ကျပ်၊ ၈၈ဝ ကျပ်ဈေးနဲ့ ရောင်းဝယ် နေကြပြီး ပုံမှန်အတိုင်း စီးဆင်းမှု ကောင်းနေရင်တော့ ဈေးနှုန်းက သိပ်မတက်ဘဲ ပုံမှန်အနေအထားနဲ့ ရောင်းဝယ်နေကြမှာပါလို့ သိရပါတယ်။                                                                  တင်ဇာမျိုး

Thursday, 18 Nov 2010

 အိတ်စပို့ နှမ်းဈေးအေးပေမဲ့ ပြည်တွင်းသုံး နှမ်းဈေးကောင်း အရောင်းသွက်နေတဲ့ အောင်လံနှမ်းဈေးကွက်         အောင်လံ စမုံနှမ်းနက်ဟာ အောက်တိုဘာလ တတိယပတ်က ၄၅ ပိဿာ တစ်အိတ်ကို ၁၂၅ဝဝဝ ကျပ် ဖြစ်ပေါ်နေရာက စတုတ္ထပတ်မှ ၁၁၅ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ ရိုးရိုးနှမ်းနက်ကလည်း သိပ္ပံနှမ်းနက်လိုဘဲ ယခင်အပတ် ၁ဝ၃ဝဝဝ ကျပ်က ယခုအပတ်မှာ ၉၅ဝဝဝ ကျပ်ကို ဈေးအေးလာပါတယ်။ နှမ်းဖြူ မှာလည်း ပြည်ပငွေလဲနှုန်းဈေးအေးလာခြင်း၊ ပြည်ပသီးနံှဈေးကျဆင်းလာခြင်းပေါ် မူတည်ပြီး၊ တစ်အိတ် ၇၃ဝဝဝ ကျပ်ဖြင့် အဝယ်ရှိသော်လည်း၊ ရောင်းလက်များက ဈေးစောင့်ကြလို့ အရောင်းအေးနေပါတယ်။ ပြည်တွင်းသုံးနှမ်းနီက ကုန်ကြမ်း လိုအပ်မှု မြင့်တက်လာတာနဲ့အမျှ မြို့ခံဆီစက်လုပ်ငန်းရှင်နဲ့ ပြည်မြို့လုပ်ငန်းရှင်တို့ ဝယ်ယူမှုအားကောင်းလာလို့ ယခင်အပတ်က ဈေးမာနေတဲ့ ၇၃၅ဝဝ ကျပ်မှ ယခု အပတ်မှာ ၇၅ဝဝဝ ကျပ်ထိ တရိပ်ရိပ်ဈေးမြင့်လာတာ တွေ့ရသလို နှမ်းဆီဈေးမှာ လည်း တစ်ပတ်အတွင်း တစ်ပိဿာကို ၃ဝဝဝ ကျပ်မှ ၃၃ဝဝ ကျပ်ထိဈေးမြင့်လာတယ်လို့ သိရပါတယ်။ အောင်လံနှမ်းဈေးကွက်ရဲ့ ယခုတစ်ပတ်ရောင်းဝယ်မှုက အိတ်စပို့ နှမ်းများက ဈေးအေး အရောင်းအေးနေပေမဲ့ ပြည်တွင်းသုံး နှမ်းနီကတော့ ယခင်အပတ်ထက် တစ်ဆတိုးပြီး တစ်ပတ်အတွင်း အိတ် ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။                                                                    ကျော်မင်း

Thursday, 18 Nov 2010

 ချင်းရွှေဟော်မှလည်း နှမ်းဖြူတင်ပို့            နှမ်းကို မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဘက်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိရာမှ ယခုအပတ်မှာ ချင်းရွှေဟော် နယ်စပ်မှလည်းနှမ်းဖြူအနည်းငယ်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် နှမ်းရောင်စုံ ၂၉၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၉၄၁ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ ၁၈ တန်၊ ကန်ဒေါ်လာ ၂၃၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှာ နှမ်း ၂၉၇၈ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃ ဒသမ ၉၆၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နယ်စပ်မှ ၂ဝ၁၈တန် တင်ပို့နိုင် ခဲ့တာမို့ ယခုအပတ်မှာတန်ချိန် ၉၆ဝ ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ နှမ်းဖြူမှလွဲပြီး နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ်များတင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ နှမ်းအနိမ့်ဈေးမှာ ယွမ် ၁ဝဝ မှ ၁၅ဝ (၁၅ ဒေါ်လာမှ ၂၃ ဒေါ်လာ) ခန့်ထိ တက်လာသော်လည်း             အမြင့်ဈေးမှာတစ်တန်ကို ယွမ် ၁ဝဝ(၁၅ ဒေါ်လာ)ခန့်ကျဆင်းလျက်ရှိတာ တွေ့ ရပါတယ်။ယခုအပတ်မူဆယ်မှနှမ်းဖြူတင်ပို့မှုမှာ ၆၆၅ တန်၊ နှမ်းနက်တင်ပို့မှုမှာ ၁၉၈၈ တန်နဲ့ နှမ်းအခွံချွတ် ၃ဝ၇ တန် အသီးသီးဖြစ်ပါတယ်။ မကွေးနဲ့မန္တလေးတိုင်းဒေသကြီးကထွက်ရှိတဲ့ နှမ်းဖြူများကို ချင်းရွှေဟော် နယ်စပ်မှ တင်ပို့ခြင်းဖြစ်ပြီး မိမိဘက်မြေပြင်ပေါက်ဈေးမှာ ၁၁၅ဝဝဝဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံပေါက်ဈေးက ၉၃၅ဝ ယွမ် ဒေါ်လာ ၁၄ဝဝ ဝန်းကျင်ရှိတယ်လို့ ချင်းရွှေဟော်မှ နှမ်းတင်ပို့သူထံမှ သိရပါတယ်။ တရုတ်ဈေးကွက်သို့ ချင်းရွှေဟော် ဘက်မှ စမ်းသပ်တင်ပို့ကြည့်တာပါလို့ သူက ဆိုပါတယ်။ မူဆယ်နယ်စပ်ရှိ ယခုအပတ်နဲ့ ယခင်အပတ်နှမ်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                                      မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                         ယခု               ယခင်           ပြောင်းလဲမှု  %        ယခု         ယခင်    ပြောင်းလဲမှု    %နှမ်းဖြူ           ၁၂၉၁၃၂ဝ       ၁၁၈ဝ၆ဝ၇       ၁၁ဝ၇၁၃      ၉       ၁၃ဝ၆      ၁၃၁၈         ၁၂           ၁နှမ်းနက်         ၁၃၃၅၂၉၇       ၁၅၁၈ဝ၆၈       ၁၈၂၇၇၁     ၁၄      ၁၄၂၇      ၁၅၃၄       ၁ဝ၇          ၈MIRT (DOBT)

Pages