Main menu

Background

Monday, 18 Oct 2010

တစ်ဖက်နိုင်ငံမှာနှမ်းဈေးတည်ငြိမ်လျက်ရှိ     ယခုအပတ်မှာ တစ်ဖက်နိုင်ငံ နှမ်းဈေးတည်ငြိမ်နေပြီး ယခင်အပတ်က တရုတ်ပြည်မှာ ဘာသာရေး ပွဲတော် မုန့်စားပွဲရှိတဲ့အတွက် နှမ်းအဝယ်လိုက်ခဲ့ပေမဲ့ ယခုအပတ်မှာတော့ အရောင်းအဝယ်အေးနေတယ်လို့ နယ်စပ်မှ နှမ်းတင်ပို့နေသူတစ်ဦးက ပြောပါတယ်။ နှမ်းဖြူ တင်ပို့မှု ယခင်အပတ်ကထက် ကျဆင်းခဲ့ပေမဲ့ နှမ်း နက်နဲ့ နှမ်းအခွံချွတ်တင်ပို့မှုများပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ နှမ်းဖြူ ၁ဝ၄၅ တန်၊ နှမ်းနက် ၁၃၃၉ တန်နဲ့ နှမ်းအခွံချွတ် တန် ၂၉ဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် နှမ်းဖြူ တန်ချိန် ၁၁၈ဝ လျော့နည်း တင်ပို့ခဲ့သော်လည်း နှမ်းနက် ၃၇၉ တန်နဲ့ နှမ်း (အခွံချွတ်) ၁၇၇ တန် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းဖြူဈေးဟာ မိမိဘက်မှာ ယခင်အပတ်ကထက် ၇၂၁၆၄ ကျပ် လျော့နည်းခဲ့ပြီး တစ်ဖက်နိုင်ငံမှာ ယွမ် ၂ဝဝ မြင့်တက်လျက်ရှိပါတယ်။ နှမ်းနက်ဈေးကတော့ မိမိဘက်မှာ ပြောင်းလဲမှု မရှိသော်လည်း တစ်ဖက်နိုင်ငံဈေးက ယွမ် ၂ဝဝ ပိုတယ်လို့သိရပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                    မိမိဘက်(ကျပ်/တန်)                   တစ်ဘက်နိုင်ငံ(ယွမ်/တန်)               ယခု              ယခင်     ပြောင်းလဲမှု     %       ယခု      ယခင်     ပြောင်းလဲမှု       %နှမ်းဖြူ       ၁၁၈ဝ၆ဝ၇    ၁၂၅၂၇၇၁     ၇၂၁၆၄        ၆      ၈၈၁ဝ    ၈၆ဝဝ        ၂ဝဝ            ၂နှမ်းနက်    ၁၂၆၁၅၇၁     ၁၂၆၁၅၇၁        -             -      ၉၃၁၅     ၉၁၁၅       ၂ဝဝ            ၂MIRT (DOBT)

Monday, 18 Oct 2010

ဒီတစ်ပတ် နှမ်းတင်ပို့မှု တန်ချိန် ၁ဝဝဝ ကျော်      ယခုတစ်ပတ် ပင်လယ်ရေကြောင်းကနေ နှမ်းတင်ပို့မှု တန်ချိန် ၁၁ဝဝ ခန့် ရှိတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈ဝဝ ခန့်ရှိရာမှ ယခု တစ်ပတ်မှာ ပိုတင်လာတာတွေ့ရပါတယ်။ ဂျပန်ကို အဓိကတင်ပို့ပြီး ကိုရီးယား၊ တရုတ်၊ မလေးရှားနဲ့ စင်ကာပူတို့ကိုလည်း တင်ပို့မှုရှိတာ တွေ့ရ ပါတယ်။ ရန်ကုန် FOB ဈေးမှာ သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ရှိကြောင်း သိရပါတယ်။                                                                                                                     MIRT - MAPT

Monday, 18 Oct 2010

 ပဲပုပ်ဆီနဲ့ရေနံ ကြိုပွိုင့်ဈေးများခိုင်မာခြင်းကြောင့် စားအုန်းဆီကြမ်း ဈေးမြင့်လာ      ပဲပုပ်ဆီနဲ့ ရေနံကြိုပွိုင့်ဈေး ခိုင်မာခြင်းကြောင့် အောက်တိုဘာလ ၁၃ ရက် က မလေးရှားစားအုန်းဆီ ကြိုပွိုင်ဈေး မြင့်တက်ခဲ့ တယ်လို့သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ ဒီဇင်ဘာစာချုပ်အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၃ဝ (ကန် ဒေါ်လာ ၉ ဒသမ ၇၃) မြင့်တက်ပြီး ရင်းဂစ် ၂၉၃ဝ (ကန်ဒေါ်လာ ၉၅ဝ) ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။        မလေးရှားလက်ငင်းဈေးကွက်မှာ ဒီဇင်ဘာလအတွက် စားအုန်းဆီခဲတစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လအတွက်ဈေးမှာလည်း တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ နဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့အတွက် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉၈ဝ-၉၈၅၊ ဧပြီ၊ မေ၊ ဇွန်လအတွက် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၉၉ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ မလေးရှား စားအုန်းဆီထွက်ရှိမှု ကတော့ စက်တင်ဘာလမှာ တန်ချိန် ၁ ဒသမ ၅၆ သန်းရှိရာမှ အောက်တိုဘာလ မှာ ၅ ရာခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်းအထိ တိုးတက်နိုင် တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။      အချို့ဝယ်လက်များဟာ ယခုလမှာရောင်းချမှု မြင့်တက်နိုင်တဲ့ မျှော်လင့် ချက်များအရ မကြာခင်ဈေးနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းနေကြတယ်လို့သိရပါတယ်။ အကယ်လို့သာ ထုတ်လုပ်မှုလျော့ကျမယ်ဆိုရင် စားအုန်းဆီ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉ဒသမ၇၃ )ထိ မြင့်တက်လာနိုင်တယ် လို့ ကွာလာလမ်ပူ အခြေစိုက် လေ့လာသူများက ဆိုပါတယ်။     ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ တစ်ပေါင်ကို ၄၇ ဒသမ ၃၂ ဆင့် (တစ်တန်ကိုကန်ဒေါ်လာ ၁ဝ၄၃) ရှိခဲ့ပြီး၊ နိုဝင်ဘာလအတွက် ရေနံဈေးဟာ တစ်စည်ကိုကန်ဒေါ်လာ ၁ ဒသမ ဝ၅ မြင့်တက်ပြီး၊ ကန်ဒေါ်လာ ၈၂ ဒသမ ၇၂ ဖြစ်ခဲ့တယ် လို့သိရပါတယ်။ မလေးရှား ၤဥြ ဈေးလက်ငင်း တင်ပို့ရမယ့် စားအုန်းဆီ ကြမ်းဈေးဟာလည်း ရင်းဂစ် ၃ဝ (ကန်ဒေါ်လာ ၉ဒသမ၇၃) မြင့်တက်ပြီး၊ တစ်တန်ကို ရင်းဂစ် ၂၉၄ဝ (ကန်ဒေါ်လာ ၉၅၄ ) ဖြစ်ခဲ့တယ်လို့သိရပါတယ်။ယုဇန၊ ှSource: palmoilhq.com

Tuesday, 12 Oct 2010

 အမေရိကန်ပဲပုပ်ကို ပြည်ပအဝယ်တက်တာကြောင့် ပဲပုပ်ဈေးနှုန်းမြင့်တက်     ကမ္ဘာမှာ ပဲပုပ်အများဆုံးထုတ် လုပ်သူလဲဖြစ် တင်ပို့သူလဲဖြစ်တဲ့ အမေရိကန်ပဲပုပ်ကို ပြည်ပက ဝယ်လိုအား တက်လာတာ ကြောင့် သီတင်းတစ်ပတ် ကျော်အတွင်း ပဲပုပ်ဈေးနှုန်း အမြင့် ဆုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့မှာ စတင်တဲ့  ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံကို တင်ပို့ဖို့ အမေရိကန်တင်ပို့သူများက တန်ချိန် ၂၂၅ဝဝဝ ရောင်းချခဲ့တယ်လို့ စိုက်ပျိုးရေး ဌာနက ပြောကြားခဲ့ပါ တယ်။ အီဂျစ်နိုင်ငံပိုင် စားနပ်ရိက္ခာလုပ်ငန်း ကုမ္ပဏီကလည်း ပဲပုပ်ဆီတန်ချိန် ၂ဝဝဝဝ ဝယ်ယူဖို့ တင်ဒါတစ်ခုခေါ်ယူ ခဲ့ပါတယ်။     အမေရိကန်ပဲပုပ်ကို တရုတ်နိုင်ငံ က အဝယ်ဆက်ရှိနေခြင်းက ဈေးနှုန်း ကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ နိုဝင်ဘာပို့ရမယ့် ပဲပုပ်ကြို  ပွိုင့်ဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၇၁၇၅ (တစ်တန်ကို ကန် ဒေါ်လာ ၃၉၆) ဈေးဖြစ်ခဲ့လို့ စက်တင် ဘာလ ၂၄ ရက်နောက်ပိုင်း အမြင့်ဆုံး ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဒေါ်လာတန်ဘိုးဟာ ယူရိုနဲ့ ယန်း အပါအဝင် အခြားအဓိက ငွေကြေး များနဲ့ နှိုင်းယှဉ်ရင် ဇန်နဝါရီလထဲက အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဒေါ်လာတန်ဖိုး ကျဆင်း ခြင်းက ပြည်ပဝယ်လက်များအတွက် အမေရိကန်ကောက်ပဲသီးနံှ ဝယ်ယူဈေးနှုန်းကို လျော့ကျစေပါတယ်။ စက်တင်ဘာလ ၂၃ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အမေရိကန်ပဲပုပ် တင်ပို့မှုဟာ ယခင် တစ်ပတ်ထက် ၆ဝ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၇၃၈ သန်းရှိတယ်လို့ USDA  စာရင်းအရ သိရပါတယ်။                                                                                                                             ယမင်းခင်၊ှ                                                                                                                 Sources: Bloomberg.com

Tuesday, 12 Oct 2010

လက်လီသမားများ အဝယ်လိုက်တဲ့ ပြည်ပဲပုပ်          ယခုတစ်ပတ် ပြည်ဈေးကွက်တွင် ပဲပုပ်ဈေးအနည်းငယ်တက်လာပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို လက်ကား ၁၇ဝဝဝ ကျပ်၊ လက်လီ ၁၆၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ရောင်းဝယ်မှုအနေဖြင့် လက်လီသမားများ အဝယ်လိုက်နေကြောင်း သိရပါတယ်။ ပဲပုပ်ကို ပဲပြား ပြုလုပ်သူများလည်း အဝယ်ရှိပြီး တစ် နေ့ကို ၁ဝ-၁၅ အိတ်ခန့် အရောင်းအ ဝယ် ဖြစ်လျက်ရှိပါတယ်။                                                                                                                   ဆုမွန်ဆွေ

Tuesday, 12 Oct 2010

ရှမ်းမြေပဲ အနည်းငယ်ဝင်လာပြီ     တောင်ကြီးဈေးကွက်သို့ မိုးမြေပဲများအနည်းငယ် စတင်ဝင်ရောက်လျက် ရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဟိုပုံး၊ မိုင်းရှုး၊ ညောင်ရွှေမြို့နယ်များမှ ထွက်သော မြေပဲများစတင်ဝင်ရောက်လျက်ရှိပါတယ်။ သီတင်းကျွတ်ပြီးရင်တော့ နယ်စုံမှ မြေပဲများ လှိုင်လှိုင်ဝင်တော့မယ်လို့လဲ သိရပါတယ်။ မြေပဲ (ဆီဆံ) တစ် ပိဿာ ၁၄၅ဝ ကျပ်မှ ၁၅ဝဝ ကျပ်ရှိပြီး မြေပဲအစို တစ်ပိဿာ ၁၁၅ဝ ကျပ်ဈေး ရှိပါတယ်။ မြေပဲဆီတစ်ပိဿာ ၃၇ဝဝ ကျပ်ရှိပြီး မြေပဲဖတ်တစ်ပိဿာ ၈၈ဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။စောယုထွေး

Tuesday, 12 Oct 2010

ရှမ်းမိုးနှမ်းများဈေးကွက်စဝင်         ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေး၊ မိုးနဲ၊ နမ့်စန်၊ လဲချားစသည့် မြို့နယ် များမှာ နှမ်းအများဆုံးစိုက်ပျိုးပါတယ်။ စက်တင်ဘာလ နောက်ဆုံးပတ်မှ မိုးနှမ်းများ စတင်ထွက်ရှိလာပြီး တောင်ကြီးဈေးကွက်သို့ စတင်ဝင်ရောက်လျက် ရှိပါတယ်။ လင်းခေးမြို့နယ်မှ ထွက်တဲ့ နှမ်းညို၊ နမ့်စန်နဲ့ လဲချားမြို့နယ်များမှ ထွက်သော နှမ်းဖြူများ ဈေးကွက်သို့ ဝင်ရောက်နေပါတယ်။ နှမ်းဖြူတစ်ပိဿာ ၁၆ဝဝ ကျပ်၊ နှမ်းညို တစ်ပိဿာ ၁၃ဝဝ ကျပ်မှ ၁၃၅ဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး လှောင်လက် များမှ ဝယ်ယူနေတယ်လို့ သိရှိရပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် ၃ဝဝဝ မှ ၄ဝဝဝ အရောင်းအဝယ် ဖြစ်တယ်လို့ တောင်ကြီးကုန်စည်ဒိုင်မှ သိရှိရ ပါတယ်။                                                                                                                                                          စောယုထွေး

Tuesday, 12 Oct 2010

နှမ်းတင်ပို့မှု ပိုမိုဆဲ      စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်ထိ ကာလ အတွင်းမြန်မာ့နှမ်းရောင်စုံ တန်ချိန် ၃၃ဝဝ နီးပါး ကန်ဒေါ်လာ ၄ ဒသမ ၃၃ သန်းဖိုး တရုတ်နိုင်ငံက ဝယ်ယူခဲ့ပါတယ်။လွန်ခဲ့တဲ့ အပတ်ကထက် နှမ်းတန်ချိန် ၄၅၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်မုန့်စားပွဲတော် အရှိန်နဲ့ နှမ်းဝယ်အား ကောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုကတော့ နှမ်းဖြူ ၂၂၂၅ တန်ကျော်၊ နှမ်းဖြူ အခွံချွတ် ၁၁၃ တန်နဲ့ နှမ်းနက်တန်ချိန် ၉၆ဝ ကျော်ဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ စက်တင်ဘာလ တစ်လလုံးနှမ်းတင်ပို့ နိုင်မှုက တန်ချိန် ၇ဝဝဝ ကျော်ရှိပြီး ဧပြီလမှ စက်တင်ဘာလအထိ နှမ်းတန်ချိန် ၂၁၁ဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နှမ်းဖြူဈေးနှုန်းဟာ ယခင်အပတ် ကထက် ၉၂၆၈ဝ ကျပ် မြင့်တက်လာပြီး တစ်ဖက်နိုင်ငံဈေးလည်း ၅၉ ဒေါ်လာ မြင့်တက်ခဲ့ပါတယ်။ နှမ်းနက်ဈေးကတော့ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ဈေးများ လျော့နည်းလျက်ရှိပြီး မိမိဘက်မှာ ၄၄၆၇၉ ကျပ်နဲ့ တစ်ဖက်နိုင်ငံမှ ၁၅ ဒေါ်လာ ကျဆင်းသွားပါတယ်။ ယခုအပတ် မိမိဘက် နှမ်းဖြူပေါက်ဈေးက ၁၂၅၂၇၇၁ ကျပ်နဲ့ နှမ်းနက်ပေါက်ဈေးက ၁၂၆၁၅၇၁ ကျပ်တို့ဖြစ်ပါတယ်-                        မိမိဘက်(ကျပ်/တန်)                              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု          ယခင်      ပြောင်းလဲမှု     %         ယခု         ယခင်           ပြောင်းလဲမှု         %နှမ်းဖြူ    ၁၂၅၂၇၇ဝ  ၁၁၆ဝဝ၉ဝ    ၉၂၆၈ဝ         ၇         ၁၂၈၄      ၁၂၂၅               ၅၉               ၅နှမ်းနက ် ၁၂၆၁၅၇ဝ  ၁၃ဝ၆၂၅ဝ     ၄၄၆၈ဝ        ၄         ၁၃၆ဝ      ၁၃၇၅               ၁၅               ၁MIRT (DOBT)

Tuesday, 12 Oct 2010

နှမ်းတင်ပို့မှု သြဂုတ်လထက် စက်တင်ဘာမှာ ပို      ယခုတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုအနေနဲ့ တန်ချိန် ၈ဝဝ ခန့် ရှိပြီး တင်ပို့မှုပမာဏများကတော့ ကိုရီးယားနဲ့ တရုတ်ကိုဘဲဖြစ်ပါတယ်။ စက်တင်ဘာလတစ်လလုံး နှမ်းတင်ပို့မှုကို ကြည့်ရာမှာ တန်ချိန် ၅ဝဝဝ နီးပါးရှိလို့ သြဂုတ်လ တင်ပို့မှုတန်ချိန် ၂ဝဝဝ ခန့်ထက် ထက်ဝက်ကျော်ပိုမိုသလို ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ တင်ပို့မှုမှာလည်း တန်ချိန် ၂ဝဝဝခန့်သာ ရှိလို့ ကာလတူ တင်ပို့မှုထက် ပိုမိုတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင် သီတင်း ပတ် အတိုင်းပြောင်းလဲခြင်းမရှိဘဲ သိပ္ပံနှမ်း တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ- ၁၈ဝဝ၊ နှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၃၈ဝ-၁၄၈ဝ နဲ့ နှမ်းဖြူ တစ်တန် ကန် ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ရှိကြောင်း သိရပါတယ်။MIRT- MAPT

Tuesday, 12 Oct 2010

ပဲပုပ်ဆီနဲ့ ရေနံဈေးမြင့်လာလို့ စားအုန်းဆီကြမ်းဈေးမြင့်လာ         ပဲပုပ်ဆီနဲ့ ရေနံဈေးနှုန်းမြင့်လာလို့ ရင်းနှီးမြှုပ်နံှသူများ ဝယ်ယူဖို့ စိတ်ဝင်စား လာကြတာကြောင့် အောက်တိုဘာ ၆ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးအမြင့်ဈေးနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ စာချုပ် အခြေခံဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၅ (ကန်ဒေါ်လာ ၈ ဒသမ ဝ၇) မြင့်ပြီး ရင်းဂစ် ၂၇၃ဝ (ကန်ဒေါ်လာ ၈၈၁) ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာလ စားအုန်းဆီ ထုတ်လုပ်မှုက ယခင်လထက် ၂ ရာခိုင်နှုန်း လျော့ကျခြင်းကလည်း ဈေးနှုန်းကို ပိုမိုခိုင်မာ စေတယ်လို့ ကုန်သည်များက ဆိုပါတယ်။     စားအုန်းဆီခဲနဲ့ ပဲပုပ်ဆီဈေးနှုန်းအကြား ကွာခြားမှု ပိုမိုခြင်းကြောင့်လည်း  အောက်တိုဘာလအတွင်း ပြည်ပတင်ပို့မှု ပိုမိုနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားဆိပ်ကမ်းမှာ စားအုန်းဆီခဲ FOB ဈေးဟာ အာဂျင်တီးနားပဲပုပ်ဆီ ဈေးထက် တစ်တန်ကို ကန်ဒေါ်လာ ၄ဝ-၅ဝ ခန့် ဈေးသက်သာတယ်လို့ သိရပါတယ်။ ရင်းဂစ်တန်ဖိုး မာနေချိန်မှာ စားအုန်းဆီလက်ငင်း ဈေးက တစ်တန်ကို ၃ ဒေါ်လာခန့် ဈေးမြင့်ပြီး ကမ်းလှမ်းရတယ်လို့ စားအုန်းဆီ တင်ပို့သူတစ်ဦးက ဆိုပါ တယ်။ ယခုနှစ် လက်ရှိ အချိန်ထိ ကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ရင်းဂစ်တန်ဖိုးဟာ ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။      စားအုန်းဆီထုတ်လုပ်မှု တိုးတက်ခြင်းနဲ့ သိုလှောင်မှုကျဆင်းခြင်းတို့ကြောင့် စားအုန်းဆီဈေးဟာ တစ်တန်ကို ရင်းဂစ် ၂၆၉ဝ -၂၇၅ဝ (ကန်ဒေါ်လာ ၈၆၈- ၈၈၈) အတွင်းမှာ ပြောင်းလဲနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ စားအုန်းဆီခဲ နိုဝင်ဘာပို့ရမယ့် ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၉၂၇ ဒသမ ၅ဝ နဲ့ ၉၃ဝ ဈေးအရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။                                                                                                          ယုဇန၊ Sources: palmoil / hq.com

Pages