Main menu

Background

Wednesday, 22 Sep 2010

 အထွက်မြင့်တက်ခြင်းနဲ့ သြဂုတ်လ လက်ကျန်များခြင်းကြောင့်မလေးရှား စားအုန်းဆီကြမ်း ဈေးကျဆင်း         စားအုန်းဆီလက်ကျန် သိသိသာသာမြင့်တက်ခြင်းနဲ့ နောက်လများမှာ ပြည်ပတင်ပို့မှု လျော့ကျမယ့်အခြေအနေ တွေကြောင့် စက်တင်ဘာလ၁၅ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးကျဆင်းခဲ့ပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုရောင်း နိုဝင်ဘာလ စာခုျပ်အခြေခံ ဈေးဟာတစ်တန်ကို ရင်းဂစ် ၂၈ လျော့ကျပြီး ရင်းဂစ် ၂၆၁၅ (ကန်ဒေါ်လာ ၈၃၉) ဖြစ်ခဲ့လို့စက်တင်ဘာလ ၃ ရက်နေ့မှာ အနိမ့်ဆုံးကို ကျဆင်းခဲ့တဲ့ ရင်းဂစ် ၂၆ဝ၅ (ကန်ဒေါ်လာ ၈၃၆) နီးပါးဖြစ်လာတယ်လို့ သိရပါတယ်။     အစိုးရစာရင်းများအရ လက်ကျန်များခြင်းနဲ့ ပြည်ပတင်ပို့မှု လျော့ကျမယ့်အခြေအနေများကြောင့် လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း တစ်တန်ကိုရင်းဂစ် ၂၅၉ဝ (ကန်ဒေါ်လာ ၈၃၁) ထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သြဂုတ်လကုန် စားအုန်းဆီကြမ်း သိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၇၂သန်းထိမြင့်တက်ခဲ့လို့ ဇူလိုင်လ လက်ကျန် တန်ချိန် ၁ ဒသမ ၄၁ သန်းထက် ပိုမိုလာတယ်လို့ မလေးရှား စားအုန်းဆီအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။ အထွက်နှုန်း မြင့်တက်နေခြင်းနဲ့ သြဂုတ်လ သိုလှောင်လက်ကျန် များခြင်း တို့ကြောင့် မကြာမီလက်ကျန်ဟာ တန်ချိန် ၂ သန်းအထိ မြင့်တက်နိုင်တယ်လို့ ကွာလာလမ်ပူ အခြေစိုက် ပွဲစားတစ်ဦးက ခန့်မှန်းထားပါတယ်။ သြဂုတ်လ စားအုန်းဆီ ထွက်ရှိမှု က ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၆၁ သန်းရှိခဲ့ကာတင်ပို့မှုအနေနဲ့ ၁၈ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၁ ဒသမ ၂၁ သန်းသာရှိတယ်လို့ ဆိုပါတယ်။               အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ စားအုန်းဆီဟာ ပုံမှန်အားဖြင့် ဒုတိယနှစ်ဝက်အတွင်း အထွက်နှုန်း ပိုမြင့်တက် လေ့ရှိလို့ ယခုလနဲ့ နောက်လမှာ အထွက်ပိုမိုမြင့်တက်ဖွယ်ရှိပေမဲ့ ဝယ်လိုအားက တိုးတက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဇန်နဝါရီ၊ဖေဖော်ဝါရီနဲ့ မတ်လပို့ရမယ့် စားအုန်းဆီခဲ ဈေးနှုန်းဟာ မလေးရှား FOB တစ်တန်ကို ကန်ဒေါ်လာ ၁ဝ လျော့ကျ ပြီး ကန်ဒေါ်လာ ၈၇ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးနှုန်းဟာ ရင်းဂစ်၅ဝ (ကန်ဒေါ်လာ ၁၆) လျော့ကျကာရင်းဂစ် ၂၇၅ဝ ( ကန်ဒေါ်လာ ၈၈၂)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                       ယုဇနSources: palmoil hq. com

Wednesday, 22 Sep 2010

 ဒေါ်လာတန်ဖိုးကျဆင်းလို့ တရုတ်နိုင်ငံရဲ့စားဆီဝယ်လိုအားမြင့်တက်မဲ့အလားအလာကြောင့် ပဲပုပ်ဈေးမြင့်တက်      ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကကုန်စည် ဝယ်လိုအားကို မြင့်တက်စေတာကြောင့် ကမ္ဘာ့အကြီးဆုံးပဲပုပ် သုံးစွဲတဲ့ တရုတ်နိုင်ငံက ပဲပုပ်ပိုမိုဝယ်ယူမယ့်ခန့်မှန်းချက်များအရ ပဲပုပ်ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က ချီကာကိုမှာနိုဝင်ဘာလပို့ရမယ့် ပဲပုပ်ကြိုပွိုင့်ဈေးဟာဝ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်ဘှူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ၃၄၅ (တစ်တန်ကိုကန်ဒေါ်လာ ၃၈၃)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က ယခုနှစ် အမေရိကန်ပဲပုပ်အထွက် စံချိန်တင်မြင့်တက်မယ့် ခန့်မှန်းချက်ကြောင့် ပဲပုပ်ဈေး ဝဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ် ်လို့သိရပါတယ်။ ရုရှားက ကောက်ပဲသီးနံှတင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာ လ ၈ ရက်နေ့မှာ ပဲပုပ်တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝဒသမ၅၇ (တစ်တန်ကိုကန်ဒေါ်လာ၃၉၁) ဈေးထိရှိခဲ့လို့ ဇန်နဝါရီ၇ ရက်နေ့နောက်ပိုင်းအမြင့်ဆုံးဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ စက်တင်ဘာလမှာ ပဲပုပ်တန်ချိန် ၄ ဒသမ ၇၃ သန်းခန့်တင်သွင်းဖွယ်ရှိလို့ ၂ဝ၁ဝ ခုနှစ် ပထမ၈ လအတွက် ပျမ်းမျှတင်သွင်းမှုပမာဏထက် မြင့်တက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ အတွင်း မုန်ညှင်းစေ့၊ ပဲပုပ်ဆီနဲ့ ပဲပုပ်ဖတ်တင်သွင်းမှုကိုလည်း တန်ချိန်၁၁၅၄ဝဝ၊ ၂၇၃၆ဝဝ နဲ့ တန် ၆ဝဝဝအသီးသီးရှိမယ်လို့ ဆိုပါတယ်။အကောက်ခွန်ဌာန စာရင်းအရသြဂုတ်လအတွင်း ပဲပုပ်တန်ချိန် ၄ဒသမ ၇၇ သန်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။ယမင်းခင်၊ှ  Source: riceonline

Wednesday, 22 Sep 2010

 နယ်စပ်အပို့ ပုံမှန်     စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ပဲပုပ်စေ့၁၄၃ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၁ရက်မှ ၇ ရက်ထိကာလအတွင်း ပဲပုပ်စေ့ ၁ဝ၈ တန် တင်ပို့ခဲ့တဲ့အတွက်ယခုအပတ်မှာ ၃၅ ဒသမ ၅ တန်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲပုပ်စေ့များဖြစ်ပြီးမိမိဘက်ပေါက်ဈေးမှာ ၅၂၃၈၄၅ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံဈေးမှာ ဒေါ်လာ၅၉ဝ ရှိတယ်လို့ သိရပါတယ်။ MIRT (DOBT)

Wednesday, 22 Sep 2010

 ပြည်ဈေးကွက်တွင် မိုးမြေပဲလှိုင်ချိန် ဆီဈေးငြိမ်    ပြည်ဈေးကွက်သို့ မိုးမြေပဲများ တိုင်းအတွင်းမြို့နယ်များနဲ့ မင်းတုန်း၊ကံမဘက်မှ တစ်နေ့ကို အိတ် ၂ဝဝဝ-၂၅ဝဝ ခန့်ဝင်ရောက် လာတာတွေ့ရပါတယ်။ ဈေးကွက်မှာ မိုးမြေပဲများလှိုင်ချိန်နဲ့ ဆီဈေးငြိမ်နေချိန်မှာ သီးနံှဈေးအနည်းငယ်ကျဆင်းလာ တာတွေ့ရပါတယ်။ ဆီစက်များမှလည်း ဝင်သလောက် အဝယ်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို စက်တင်ဘာ ဒုတိယပတ်က ၁၄၇၅ကျပ်ရှိသော်လည်း စက်တင်ဘာ တတိယပတ်တွင် ၁၃၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို စက်တင်ဘာ ဒုတိယပတ်မှာ ၁၆ဝဝကျပ်ထိဖြစ်နေသော်လည်း စက်တင်ဘာတတိယပတ်မှာ ၁၅၇၅ကျပ်အထိ ဈေးအနည်းငယ် ကျသွားပါတယ်။ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၂၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။မြေပဲဆီ တစ်ပိဿာကိုတော့ ၄ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ဝေဝေမင်း

Wednesday, 22 Sep 2010

 နှမ်းသစ်ပေါ်လို့ နှမ်းနဲ့နှမ်းဆီဈေးကျ     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးနှမ်းအသစ်များလှိုင်လှိုင်ပေါ်ထွက်ပြီးမုံရွာဈေးကွက်အတွင်း ဝင်ရောက် လာပြီဖြစ်လို့ နှမ်းဈေးအနည်းငယ်အေးလာတယ်လို့ သိရပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်၊ ကလေး၊ တမူးမြို့နယ်များမှ နှမ်းသစ်များမုံရွာမြို့သို့ နေ့စဉ်ပျမ်းမျှတင်း ၅ဝဝ ခန့်ဝင်ရောက်လာ ပါတယ်။ ၂ဝဝ၉ ခုနှစ်သြဂုတ်လမှာ နှမ်းတစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ နှမ်းညို ၁၃၃၃ ကျပ်-၁၅၆၇ကျပ်၊ နှမ်းနီ ၁၄၆၇ ကျပ် -၁၅၁၃ ကျပ်၊ နှမ်းဝါ ၁၄ဝဝ ကျပ်-၁၅၆၇ ကျပ်၊ နှမ်းဖြူ၁၆၃၃ ကျပ်-၁၈၆၇ ကျပ်၊ ယခု ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်အတွင်းနှမ်းညို ၁၂၃၃ ကျပ်-၁၃၃၃ ကျပ်၊ နှမ်းနီ ၁၄၁၃ ကျပ်-၁၄၃၃ ကျပ်၊ နှမ်းဝါ ၁၃၆၇ ကျပ် -၁၄ဝဝ ကျပ်၊ နှမ်းဖြူ ၁၆ဝဝ ကျပ်-၁၇ဝဝ ကျပ်ဈေးအသီးသီးနဲ့အရောင်းအဝယ်ပြုလုပ်ခဲ့ကြပါတယ်။ ယခုလမှာ ဈေးအနည်းငယ် ကျသွားသော်လည်း အရောင်းအဝယ်သွက်လျက်ရှိပြီး မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း၁၈ဝဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ယခုလ စက်တင်ဘာလ ပထမပတ်နဲ့ဒုတိယပတ် အတွင်းမုံရွာမှ မန္တလေးသို့ တင်း ၁၈ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။နှမ်းဆီ ဈေးနှုန်း အနေနဲ့ မုံရွာမြို့မှာ သြဂုတ်လက တစ်ပိဿာ လက်ကားဈေးနှုန်း၂၆၅ဝ ကျပ်-၂၇ဝဝ ကျပ်မှ ယခုစက်တင်ဘာလမှာ ၂၄ဝဝ ကျပ်-၂၆ဝဝ ကျပ်သို့ကျသွားကြောင်း သိရပါတယ်။သန်းသန်းတင်

Monday, 20 Sep 2010

 နှမ်းတင်ပို့မှု တိုးတက်လာ    ယခုတစ်ပတ် (စက်တင်ဘာလ ၆ ရက်မှ ၁၂ ရက်) အတွင်း ပင်လယ်ရေကြောင်းကနေ နှမ်းစံချိန်တင် တိုးတက်တင်ပို့ လာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်များက အများဆုံးတန် ၅ဝဝ-၆ဝဝ ထိရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာ တန်ချိန် ၁ဝဝဝ တင်ပို့လာခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ ကိုရီးယားနဲ့မလေးရှားဖြစ်ပြီး ပမာဏ များတာကတော့ ဂျပန်နိုင်ငံကို ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်အတိုင်း နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ၁၃ဝဝ-၁၃၅ဝ၊ နှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ နဲ့ သိပ္ပွံနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ အသီးသီးဖြစ်ကြောင်းသိရပါတယ်။MIRT - MAPT

Monday, 13 Sep 2010

 အမေရိကန်ပဲပုပ်က ကမ္ဘာ့ဝယ်လို အားကိုဖြည့်ဆည်းနိုင်မယ့် အလား အလာကြောင့် ပဲပုပ်ဈေးနှုန်းကျလာ    အမေရိကန်ပဲပုပ်ရောင်းချမှုက ပြည်တွင်းသာမက ကမ္ဘာ့လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်မယ့် အလား အလာများကြောင့် စက်တင်ဘာလ ၉ ရက်နေ့ ချီကာကိုမှာ ပဲပုပ်ဈေးဟာ ၈ လအတွင်းအမြင့်ဆုံးကို ရောက်ရှိရာမှ ပြန်လည်ကျဆင်းခဲ့တယ်လို့ သိရပါ တယ်။ လေ့လာဆန်းစစ် သူများနဲ့ ကုန် သည်များရဲ့ လေ့လာ ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံမှ ပဲပုပ်ထွက်ရှိမှုဟာ ၂ဝဝ၉ ခုနှစ်မှာ ဘူရှယ် ၃ ဒသမ ၃၅၉ ဘီလီယံ (တန်ချိန် ၉၁ သန်း) ရှိရာမှ ယခုနှစ်မှာ ဘူရှယ် ၃ ဒသမ ၄၁ ဘီလီယံ (တန်ချိန် ၉၂ သန်း)ထိ တိုးတက်ထွက်ရှိ နိုင်တယ်လို့ ဆိုပါ တယ်။       အရန်သိုလှောင်မှုကို စိုက်ပိုျးရေး ဌာနက ခန့်မှန်းရာမှာ ၂ဝ၁၁ ခုနှစ် ရိတ်သိမ်းချိန်မတိုင်မီ ဘူရှယ် ၃ဝ၃ သန်း(တန်ချိန် ၈ ဒသမ ၁၉သန်း) ရှိမှာ ဖြစ်လို့ ယခုနှစ် အရန်သိုလှောင်မှု ဘူ ရှယ် ၁၆ဝ သန်း (တန်ချိန် ၄ ဒသမ ၃၂ သန်း) ထက်မြင့်တက်မယ်လို့ ဆိုပါ တယ်။ဒါကြောင့်မြင့်တက်နေတဲ့ ကမ္ဘာ့ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်လိမ့် မယ်လို့ ခန့်မှန်းကြခြင်း ဖြစ်ပါတယ်။       စက်တင်ဘာလ ၉ ရက်နေ့ ချီကာ ကိုမှာ နိုဝင်ဘာလ သင်္ဘောတင်ပဲပုပ် ကြိုပွိုင့်ဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ် လာ ၁ဝ ဒသမ ၄၆  (တစ်တန်ကို ကန်ဒေါ်လာ ၃၈၇ ) ဈေးနဲ့ ပိတ်ခဲ့ပါ တယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၅၇  (တစ်တန်ကို ကန်ဒေါ်လာ ၃၉၁ )ဈေးရှိခဲ့လို့ ဇန်နဝါရီလ  ၇ ရက်နောက်ပိုင်း အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                              ယမင်းခင်၊                                                                                                                 Sources: bloomberg.com

Monday, 13 Sep 2010

 လက်လီထက် လက်ကား ဝယ်ယူသူများတဲ့ ပြည်ပဲပုပ်     ပြည်ဈေးကွက်ရဲ့ စက်တင်ဘာ ဒုတိ ယပတ် ပဲပုပ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို လက်ကား ၁၆ဝဝဝ ကျပ်၊လက်လီ ၁၆၅ဝဝကျပ်နဲ့ယခင် တစ် ပတ် ဈေးအတိုင်း အပြောင်းအလဲမရှိ အရောင်းအဝယ်ဖြစ်ကြောင်း သိရ ပါတယ်။ လက်လီထက် လက်ကား ဝယ်ယူသူများပြီး တစ်ရက်ကို အိတ် ၁ဝဝ ကျော်အရောင်းအဝယ် ဖြစ် ကြောင်းသိရှိရပါတယ်။ အရောင်းအ ဝယ် ဖြစ်သော်လည်း ရေသွင်းစိုက်ပိုျး တဲ့ မိုးပဲပုပ်အသစ်များ ဈေးကွက်တွင်း ဝင်ရောက်မှုရှိလာတဲ့အတွက် ဈေးငြိမ် နေခြင်းဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Monday, 13 Sep 2010

 မိုးမြေပဲဆီဆံဈေးခပ်အေးအေး     မန်းဈေးကွက်အတွင်းသို့ မြေပဲဆီဆံအသစ်များ တဖြည်းဖြည်းနဲ့ လှိုင်လှိုင်ဝင်ရောက်လာပါတယ်။ အသစ်ဝင်ရောက်မှုရှိလာပေမဲ့ လည်း မြေပဲဆီဆံ ဈေးကွက်ဟာ ဆီစက်လုပ်ငန်းရှင်များမှ လိုဝယ်အဆင့်သာ ရှိနေတဲ့အတွက် ဈေး တဖြည်းဖြည်းအေးလာခဲ့ပါတယ်။ အသစ်ဝင်လာတဲ့ မကွေးဆီဆံက တစ်ပိဿာ ၁၃ဝဝ ကျပ်-၁၄၅ဝ ကျပ်၊ ကျောက်ပန်းတောင်း S1ဆီဆံက ၁၄၃၅ ကျပ်၊ ပြည်ဆီ ဆံက ၁၄ဝဝ ကျပ်၊ ကောလင်း၊ ဝန်းသို၊ ဇီးကုန်းဒေသထွက်ရှိတဲ့ သံလမ်းဆီဆံ (အဟောင်း)က ၁၅ဝဝ ကျပ်၊ ထီးခိုျင့်၊ ကသာ၊ ဗန်းမော်ဒေသ ကထွက်တဲ့ အညာ ဆီဆံက ၁၇၅ဝ ကျပ်ဝန်းကျင်တို့ဖြင့် ရောင်းဝယ်နေကြပါတယ်။  ဈေးကွက်အတွင်း ပစ္စည်းအသစ်ရော၊ အဟောင်းပါရှိနေသော်လည်း ဆီစက်လုပ်ငန်းရှင်များ ဝယ်လို အားနည်းနေတဲ့အတွက် တဖြည်းဖြည်း ဈေးအေး လာနိုင်တယ်လို့ ရောင်းဝယ် ကြတဲ့ ကုန်သည် တခိုျ့မှ ပြောကြားပါတယ်။ ပဲဆီဈေးကတော့ တစ်ပိဿာ ၃၂ဝဝ ကျပ်-၃၄ဝဝ ကျပ်၊ ပဲဖတ်က ၇၅ဝ ကျပ်-၈၈ဝ ကျပ်ဝန်းကျင်ဖြင့်သာ အရောင်း အဝယ် ဖြစ်နေကြောင်း သိရှိရပါတယ်။                                                                                                                                                 ကျော်ကျော်မိုး

Pages