Main menu

Background

Tuesday, 5 Oct 2010

နှမ်းအဆွဲကောင်းဆဲ       စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ နှမ်းဖြူ ၁၄ဝ၅ တန်၊ နှမ်းဖြူ အခွံချွတ် ၁၅၅ တန်၊ နှမ်းနက် ၁၂၈၅ တန်ကျော်တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃ ဒသမ ၇၅၇ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ ၆၈ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းဖိုးတင်ပို့ နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ်နယ်စပ်မှ နှမ်းရောင်စုံ ၂၉၁၄ တန်နီးပါး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၇ သန်းဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၇၄၂ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၁၇၂ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းမြေပြင် ပေါက်ဈေးများကို ဖော်ပြပေး လိုက်ပါတယ်                      မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု         ယခင်        ပြောင်းလဲမှု     %      ယခု      ယခင်      ပြောင်းလဲမှု       %နှမ်းဖြူ     ၁၁၆ဝဝ၉၁   ၁၁၁၄၄ဝ၈   ၄၅၆၈၃          ၄     ၁၂၂၅    ၁၃၇၁       ၁၄၆               ၁၂နှမ်းနက ် ၁၃ဝ၆၂၅ဝ  ၁၂၉၅၅၅၄     ၁ဝ၆၉၆         ၁     ၁၃၇၅    ၁၄၃ဝ         ၅၅                 ၄MIRT (DOBT)

Tuesday, 5 Oct 2010

သီတင်း ၅ ပတ် အတွင်း အများဆုံးကျဆင်းပြီးနောက် မလေးရှား စားအုန်းဆီ ဈေးပြန်တက်လာ    အမေရိကန် သိုလှောင်ပဲပုပ်များကို ဆီထုတ်လုပ်လာမှုကြောင့် သီတင်း ၅ ပတ်အတွင်း စားအုန်းဆီဈေး အများဆုံးကျဆင်းခဲ့ ရာမှ ပြန်လည်မြင့်တက်လာခဲ့ တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ပို့ရမယ့် စားအုန်းဆီ ဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၇၆ ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်က ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ သြဂုတ်လ ၂၄ ရက်နောက်ပိုင်း အများဆုံး ကျဆင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။       ချီကာကိုမှာ ပဲပုပ်ဈေးနှုန်းကလည်း ၃ ရက်အတွင်း ပထမအကြိမ်အနေနဲ့ ဝ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ဝ၄၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၄ဝ၈) ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ အမေရိကန် ပဲပုပ်အရန် သိုလှောင်မှုဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ဘူရှယ်ပေါင်း ၁၅၁ သန်း (တန်ချိန်၄ ဒသမ ဝ၈သန်း) ရှိလို့ ယခင်နှစ်ကာလ တူပမာဏ ဘူရှယ် ၁၃၈ သန်း (တန်ချိန် ၃ ဒသမ ၇၃ သန်း) ထက် ပိုမိုတယ်လို့ လေ့လာဆန်းစစ်သူများရဲ့ စစ်တမ်းအရ သိရပါတယ်။       ယခု ၃ လအတွင်း ပွဲတော်မတိုင်မီ ဝယ်လိုအားကောင်းခဲ့တာကြောင့် စားအုန်းဆီဈေး ၁၅ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရိတ်သိမ်းမှုကို ထိခိုက်ခဲ့တဲ့အတွက် ဇူလိုင်လအထိ ၇ လ အတွင်း လက်ကျန်ကျဆင်း ခဲ့ပါတယ်။ ဒါပေမဲ့ သြဂုတ်လမှာတော့ မလေးရှားစားအုန်းဆီ အရန်သိုလှောင်မှုဟာ ဇူလိုင်လထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၇၂ သန်းရှိတယ်လို့စက်တင်ဘာလ ၁၅ ရက်မှ စားအုန်းဆီအဖွဲ့က ပြောကြားပါတယ်။     CME Group မှာ ဒီဇင်ဘာစားအုန်းဆီ မလေးရှားအခြေခံဈေးနှုန်းဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၈၁ ဒသမ ၅ဝ ရှိပြီး တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ မေလပို့ရမယ့် စားအုန်းဆီ ဈေးဟာ ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၅ဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊ Sources: bloomberg ,net

Tuesday, 28 Sep 2010

ဒေါ်လာတန်ဖိုးကျပြီး ပဲပုပ်ဝယ်လိုအား ကောင်းတာကြောင့်ကြိုပွိင့်ဈေးမြင့်တက်      ပဲပုပ်ထုတ်လုပ်မှုနဲ့ တင်ပို့မှုအများဆုံးဖြစ်တဲ့ အမေရိကန်ပဲပုပ်ကို ဝယ်လိုအားကောင်းနေတဲ့ လက္ခဏာကြောင့် ပဲပုပ်နဲ့ပြောင်း ကြိုပွိင့်ဈေးနှုန်း ဟာ ၃ ကြိမ်ဆက်တိုက်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကိုအမေရိကန်ပဲပုပ်တန်ချိန် ၂၂၆ဝဝဝ  တင်ပို့ ရောင်းချခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက် ရောင်းချမှု အပါအဝင် ယခုတစ်ပတ် အတွင်း တန်ချိန်     စုစုပေါင်း ၆၂၁ဝဝဝတင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်အမေရိကန်ဒေါ်လာ တန်ဖိုး က အခြားအဓိကငွေကြေး ၆ မျိုးနဲ့ နှိုင်း ယှဉ်ရင် ၆ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခြင်းက ပြည်ပဝယ်လက် များ အနေနဲ့ အမေရိကန်သီးနံှများကို ပိုမိုဝယ်ယူစေခဲ့ပါတယ်။      ချီကာကိုမှာ နိုဝင်ဘာလပို့ရမယ့် ပဲပုပ်ကြိုပွိင့်ဈေးဟာ ဝ ဒသမ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဘူရှယ်ကိုကန်ဒေါ်လာ ၁ဝဒသမ၈၆၅ (တစ်တန်ကန် ဒေါ်လာ ၄ဝ၂) ဈေးဖြစ်ခဲ့ပြီး ဒီဇင်ဘာလပို့ရမယ့် ပြောင်းကြိုပွိင့်ဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၅ ဒသမ ဝ၇၅ (တစ်တန်ကို ကန်ဒေါ်လာ၂ဝ၃) ဈေး ဖြစ်ခဲ့ပါတယ်။                                                                                                          ယမင်းခင်၊                                                                                                     Sources:L bloomberg ,net

Tuesday, 28 Sep 2010

 နယ်စပ်ပဲပုပ်အတင် စက်တင်ဘာမှာတိုးတက်      မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့်တစ်ဖက်နိုင်ငံသို့ ပဲပုပ်စေ့ ၁၂၄ ဒသမ ၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်က ၁၄၃ ဒသမ ၅ တန် တင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လ အထိ ကာလအတွင်း ဇွန်လမှာ ၃၆ တန်နဲ့ ဇူလိုင်လမှာ ၂ တန် စုစုပေါင်း ၃၈ တန်သာ နယ်စပ်မှ တင်ပို့နိုင်ခဲ့တဲ့ အတွက် စက်တင်ဘာလအတွင်းမှာ တင်ပို့မှု အရှိန် ရလာတယ် လို့ သိရပါတယ်။ ယခုအပတ်မှာ ယခင် အပတ်ကထက် မိမိဘက်မှာ ပဲပုပ်စေ့ဈေး အနည်းငယ် လျော့ကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှု မရှိဘူးလို့လည်း သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ ပေါက်ဈေး များကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။    ပဲပုပ်         မိမိဘက် (ကျပ်/တန်)   ယခု        ယခင်     ပြောင်းလဲမှု    % ၅၂ဝ၄၃၉  ၅၂၃၈၄၅   ၃၄ဝ၆       ဝ .၆၅  ပဲပုပ်         တစ်ဘက်နိုင်ငံ (ယွမ်/တန်)  ယခု          ယခင်       ပြောင်းလဲမှု    % ၄ဝဝဝ          ၄ဝဝဝ                        -MIRT(DOBT)

Tuesday, 28 Sep 2010

 ပြည်မြေပဲဆံဈေး ခပ်လှုပ်လှုပ်    ပြည်ဈေးကွက်ရဲ့ မိုးမြေပဲဈေးမှာ ခပ်လှုပ်လှုပ်ဖြစ်လာပါတယ်။ ဆီဆံတစ်ပိဿာလျှင် စက်တင်ဘာ နောက်ဆုံးပတ်က ၁၅၂၅ ကျပ်၊ လုံးဆံ တစ် ပိဿာလျှင် ၁၇ဝဝကျပ်    ဈေးဖြင့်၊ ယခင်အပတ်ထက်စာလျှင် ဈေးအနည်းငယ် လှုပ်ရှားလာတာ တွေ့ရပါတယ်။ အခြားတိုင်းဒေသကြီးများက အောင်လံ၊ ကံမ၊ မင်းတုန်း နဲ့ တိုင်းအတွင်း ပေါက်ခေါင်း၊ ရွှေတောင်နဲ့ ပြည်ဒေသတွင်းရွာများမှ တစ်နေ့လျှင် အိတ် ၂ဝဝဝ-၃ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ စက်တင်ဘာလအတွင်း ပြည်ဈေးကွက်မှ မြေပဲဆံအိတ် ၅ဝဝ ခန့်ကိုမန္တလေးတိုင်းဒေသကြီး၊ကွဲျဆည်ကန်သို့ တင်ပို့နိုင် တာတွေ့ရပါတယ်။ တစ်နေ့လျှင် မြေပဲဆံအိတ် ၃၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ဆီဈေးကလည်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်းဈေးငြိမ်နေတာ တွေ့ရပါတယ်။     ဝေဝေမင်း

Tuesday, 28 Sep 2010

အိတ်စပို့ ဝယ်လက်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်နှမ်းနက်     ပြည်ဈေးကွက်တွင် နှမ်းနက်ကို ရန်ကုန်၊ မန္တလေးဝယ်လက်များမှ အဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ စက်တင်ဘာလဆန်းမှ ယခုတစ်ပတ်ထိရန်ကုန်သို့ ၆၁ဝဝ အိတ်နဲ့ မန္တလေးသို့ အိတ် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ အောင်လံ၊မင်းတုန်းနဲ့ ကံမဘက်မှ တစ်နေ့လျှင်အိတ် ၂ဝဝဝ-၃ဝဝဝ ခန့် ရေလမ်း၊ ကုန်းလမ်းဖြင့် ဝင်ရောက်လာပါတယ်။ နှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၇၇၅ဝဝ ကျပ်ဖြင့်အိတ်စပို့သမားများ အဝယ်ရှိပေမဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်လျှင် ၆၅ဝဝဝ ကျပ်ဖြင့် ဆီစက်သမားများမှ အဝယ်ရှိပါတယ်။ ပြည်ဈေးကွက်မှာ တစ်နေ့ကို နှမ်းအိတ် ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။နှမ်းဆီ တစ်ပိဿာလျှင် ၂ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။                                            ဝေဝေမင်း

Tuesday, 28 Sep 2010

ဈေးအေးသော်လည်း အရောင်းသွက်တဲ့ မန်းမြေပဲဆီဆံဈေးကွက်     မန်းဈေးကွက်အတွင်းသို့ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ မကွေး၊ပျော်ဘွယ်၊ ညောင်ဦးစတဲ့ ဒေသများမှ မိုးမြေပဲဆီဆံများ ဝင်ရောက်မှုလှိုင်လာပြီလို့သိရပါတယ်။ ဆီစက်လုပ်ငန်းရှင်များမှ အသင့်အတင့် ဝယ်ယူမှု ရှိလာသော်လည်းယခင်အပတ် ထက် ဈေးအနည်းငယ် အေးလာတာတွေ့ရပါတယ်။ နွားထိုးကြီး S1 ဆီဆံ တစ်ပိဿာ ၁၆ဝဝ ကျပ်၊ ၁၆၅ဝ ကျပ်၊ ကျောက်ပန်းတောင်း  S 1 ဆီဆံက ၁၄၅ဝ ကျပ်၊ မကွေးဆီဆံအဖြူ ၁၄၅ဝ ကျပ်၊ အနီ ၁၅ဝဝ ကျပ်၊ ညောင်ဦးဆီဆံ ၁၅၅ဝ ကျပ်နဲ့ သံလမ်းဆီဆံက ၁၄၄ဝ ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်နေကြပြီး အညာဆီဆံအဟောင်းကို ၁၇၅ဝ ကျပ်ဖြင့် ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ်မှာတော့ မြေပဲဆီဆံ ဈေးကွက်အခြေအနေက ခပ်အေးအေးနဲ့ အရောင်းအဝယ် ဖြစ်နေကြသလို မြေပဲဆီ တစ်ပိဿာ ၃ဝဝဝ ကျပ်မှ ၃၄ဝဝ ကျပ် ရှိပြီး မြေပဲဖတ်က   ၈၈ဝ ကျပ် ဖြင့် အရောင်းအဝယ်သွက်နေကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။                                                                                           ကျော်ကျော်မိုး

Tuesday, 28 Sep 2010

ပခုက္ကူက ယောနှမ်းဈေးကွက်    ပခုက္ကူခရိုင်နဲ့နှိုင်းစာရင် ဂန့်ဂေါခရိုင်ဘက်မှာ ပုံတောင်ပုံညာတောင်တန်းနဲ့မြစ်သာမြစ်လွင်ပြင်တို့က ရာသီဥတုသာတာ ကြောင့် သီးနံှတွေအထွက်ပိုကောင်းတတ်ပါတယ်။ ဒီနှစ်လည်း ပခုက္ကူဝန်းကျင်စိုက်တဲ့ ပြင်နှမ်းတွေထက် ယောဘက် ကဆင်းတဲ့ယောနှမ်း ကပိုများပါတယ်။ တစ်နေ့ကို နှမ်းအိတ်   ၉ဝဝ-၁ဝဝဝ-၁၅ဝဝ   ပခုက္ကူကို ဝင်နေ ပါတယ်။ တရုတ်ဘက်ကို အရောင်းများတဲ့ နှမ်းနက်ကတစ်တင်း ၂၅ဝဝဝ ကျပ်  ရှိပြီး၊ နှမ်းနီနှမ်းဝါက ၂၁ဝဝဝ ကျပ် ပေါက်ပါတယ်။ ယခင်နှစ်ကထက် ယောနှမ်း အထွက်ပို တဲ့အတွက် တောင်သူတွေ ဝင်ငွေကောင်းနေတယ်လို့ သိရပါတယ်။                     MMA - ပခုက္ကူ

Tuesday, 28 Sep 2010

 ရာသီဥတုအခြေအနေ၊ ပဲပုပ်ဆီဈေးမြင့်တက်မှုတို့ကြောင့်စားအုန်းဆီကြမ်းဈေးမြင့်လာ     ပဲပုပ်ဆီကြိုပွိင့်ဈေးမြင့်လာခြင်းနဲ့ ရင်းနှီးမြုပ်နံှသူများ အဝယ်ရှိလာခြင်းတို့ကြောင့်စက်တင်ဘာလ ၂၂ ရက်နေ့မလေးရှား ကုန်စည်ဒိုင် မှာ စားအုန်းဆီကြမ်း ကြိုပွိင့်ဈေးမြင့်တက်လာခဲ့ပါတယ်။ ဒီဇင်ဘာအခြေခံစာချုပ် ဈေးဟာတစ်တန်ကို ၃ ရင်းဂစ်မြင့် လာပြီး ရင်းဂစ် ၂၆၇၃ (ကန်ဒေါ်လာ ၈၆၅) ဈေးနဲ့ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ မိုးသည်းထန်နေခြင်းကစက်တင်ဘာလ ထွက်ရှိမှုကို လျော့နည်းစေတဲ့ အလားအလာကြောင့် လာမယ့်ရက်တွေမှာ ဈေးထပ်မံမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။       လွန်ခဲ့တဲ့ သီတင်းပတ်များက ပုံမှန်ထက်မိုးပိုမိုရွာသွန်းခြင်းက အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီသယ်ယူမှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ စားအုန်းဆီဒုတိယ အများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ Sabah ပြည်နယ်ရဲ့ စက်တင်ဘာလထုတ်လုပ် မှုဟာ သြဂုတ်လ ထုတ်လုပ်မှုတန်ချိန် ၄၇၉၉၇၃ ထက် ၂ ရာခိုင်နှုန်း -၅ ရာခိုင်နှုန်း ခန့်လျော့ကျနိုင်လို့ ဈေးအတက်ဘက်ကို သွားနိုင်တယ်လို့ စိုက်ပျိုးထုတ်လုပ်သူများက ဆိုပါတယ်။         ဒါ့အပြင် ဟင်းသီးဟင်းရွက်ဆီ အဓိကတင်သွင်းတဲ့ အိန္ဒိယရဲ့ ဝယ်လိုအားပုံမှန်ရှိခြင်းကလည်း ဈေးကွက်အတွက် ဝမ်းမြောက်ဖွယ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။အိန္ဒိယဟာ ယခုနှစ်မှာ စားအုန်းဆီတင်သွင်းမှုတန်ချိန် ၇ သိန်းဝန်းကျင်တိုးတက်နိုင်တယ်လို့ အိန္ဒိယအခြေစိုက် စားဆီတင်သွင်းတဲ့ Dipak Enterprise ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Govindlal G- Patelမှ ပြောကြားပါတယ်။         မလေးရှား FOB ဈေးအနေနဲ့ စားအုန်းဆီခဲ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်လအတွက် ဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ ဖြစ်ပြီး၊ ဧပြီ၊ မေ၊ဇွန်လအတွက် စာခုျပ်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝ၂ ဒသမ ၅ဝ ဈေးဖြစ်တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးမှာတစ်တန်ကို ရူပီး ၂၇၄ဝ (ကန်ဒေါ်လာ ၈၂ဝ) ဈေးဖြစ်တယ်လို့ သိရပါတယ်။ယုဇန Sources: palmoil / hq .com

Tuesday, 28 Sep 2010

 မုန့်စားပွဲတော်ကာလ ဖြစ်လို့ မူဆယ်ဘက်မှ နှမ်းဝယ်အားကောင်း     စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ နှမ်းရောင်စုံ  ၁၇၄၂ဒသမ၅၁ဝတန်၊ တန်ဖိုးအားဖြင့်  ကန်ဒေါ်လာ  ၂ဒသမ၃၁၄သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။   နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုများကတော့ နှမ်းဖြူ ၅၆၈ တန်၊ နှမ်းအခွံချွတ် ၁၇၅ တန်နဲ့ နှမ်းနက် ၉၉၉ ဒသမ ၅၁ တန် ဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံရဲ့မုန့်စားပွဲတော်ကာလဖြစ်တဲ့အတွက် နှမ်းသုံးစွဲမှု ပိုမိုခဲ့၍ ယခုအပတ်မှာ ယခင်အပတ်ကထက် နှမ်းတန် ၅ဝဝ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နဲ့ တစ်ဘက်နိုင်ငံရှိ နှမ်းပါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်။                     မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု         ယခင်          ပြောင်းလဲမှု     %            ယခု       ယခင်        ပြောင်းလဲမှု        %နှမ်းဖြူ    ၁၁၁၄၄ဝ၈   ၁၁၂၇၂၈၆      ၁၂၈၇၈      ၁ .၁၅        ၉၂ဝဝ     ၉၈ဝဝ             ၆ဝဝ           ၆ .၅နှမ်းနက် ၁၂၉၅၅၅၄    ၁၂၇၃၄၄၂    ၂၂၁၁၂         ၁ .၇         ၁၄၃ဝ     ၁၆၈၃             ၂၅၃           ၁၈MIRT (DOBT)

Pages