Background
သြဂုတ်လ နှမ်းအတင် ဇူလိုင်လထက်ပို ပင်လယ်ရေကြောင်းက တရုတ်၊ ဂျပန်၊ ကိုရီးယားတို့ကို နှမ်းတင်ပို့ရာမှာ သြဂုတ်လအတွင်း တန်ချိန် ၁၇ဝဝ ခန့် ရှိခဲ့လို့ ဇူလိုင်လတင်ပို့မှု တန်ချိန် ၁၂ဝဝ ခန့်ထက် ပိုမိုတာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် သြဂုတ်လမှာ တန်ချိန် ၅ဝဝ ခန့်သာ တင်ပို့နိုင်ခဲ့လို့ ယခင်နှစ်ကာလတူထက် တန်ချိန် ၁၂ဝဝ ခန့်ပိုတင်ပို့လာပါတယ်။ ယခုတစ်ပတ် (သြဂုတ်လ ၃ဝ ရက်မှ စက်တင်ဘာ ၅ ရက်) အတွင်းမှာလည်း တန်ချိန် ၅ဝဝ ခန့်တင်ပို့မှုရှိလို့ ယခင်တစ်ပတ်ထက် ထက်ဝက်ကျော် တိုးတက် တင်ပို့ခဲ့ပါတယ်။ ရန်ကုန် FOB ဈေး အနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ နှမ်းဖြူတစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ-၁၃၅ဝ ၊ နှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၃၅ဝ-၁၄၅ဝ၊ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၇ဝဝ-၁၈ဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပဲပုပ်ဆီဈေးပြန်ကောင်းလာလို့ စားအုန်းဆီဈေး ၃ ပတ်အတွင်း အမြင့်ဆုံးရောက်ရှိလာ ပဲပုပ်ဆီစားသုံးမှုအများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို အမေရိကန် ပဲပုပ် ရောင်းချမှု များတာကြောင့် ပဲပုပ်ဆီဈေး ပြန်လည်မြင့်တက် လာခြင်းနဲ့အတူ စားအုန်းဆီဈေးဟာလည်း သီတင်းပတ် ၃ ပတ်အတွင်း အမြင့်ဆုံးကို တက်ခဲ့ပါတယ်။ မလေးရှားမှာ နိုဝင်ဘာလ ပို့ရမယ့် စားအုန်းဆီစာခုျပ်ဈေးဟာ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၅၂ ဖြစ်လာလို့ သြဂုတ်လ ၁၇ ရက်နောက် ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ချီကာကိုမှာ ပဲပုပ်ဆီဈေးဟာ စက်တင်ဘာလ ၇ ရက်နေ့ က ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၄၁ ဒသမ ၇၉ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၉၂၁) ဖြစ်ခဲ့လို့ သြဂုတ်လ ၁၃ ရက်နောက်ပိုင်း မှာ အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အရန်သိုလှောင်မှုအတွက် အောက်တိုဘာနဲ့ ဒီဇင်ဘာလ အတွင်းပို့ရမယ့် အမေရိကန် ပဲပုပ်ဆီတန်ချိန် ၈ဝဝဝဝ ကို လွန်ခဲ့တဲ့သီတင်းပတ်မှာ ဝယ်ယူခဲ့ပါတယ်။ အာရှမှာ ပွဲတော်အတွက် ဝယ်လိုအားကောင်းနေတာအပြင် မလေးရှား ငွေကြေးတန်ဘိုး ခိုင်မာနေခြင်း ကြောင့် စားအုန်းဆီဈေးဟာ ဇူလိုင်လ ၇ ရက်မှာ ၈ လ အတွင်း အနိမ့်ဆုံးရှိရာမှ ၁၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ မေလပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ရာခိုင် နှုန်း မြင့်တက်ပြီး၊ တစ်တန်ကို ကန်ဒေါ်လာ ၁၁ဝ၄ ဖြစ်ခဲ့ပြီး မေလပို့ရမယ့် ပဲပုပ်ဆီ ဈေးဟာလည်း ဝ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး ယွမ် ၈၃၂၈ (ကန် ဒေါ်လာ ၁၂၂၇) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လမင်း၊ှSources bloonberg. net
တရုတ်ဘက်မှာ ပဲတီစိမ်းစထွက် နယ်စပ်မှာဈေးကျ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် တရုတ်နိုင်ငံသို့ ပဲတီစိမ်း ၁၅၆၈ ဒသမ ၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၈ဝ၄ သန်း ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်မှ ၂၄ ရက်ထိကာလမှာတော့ ပဲတီစိမ်း ၁၆၁၃ တန် တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံမှာ ပဲတီစိမ်းများ စတင် ထွက်ရှိနေပြီဖြစ်ခြင်း၊ ရာသီဥတုအေးလာတဲ့အတွက် ပဲတီစိမ်းစား သုံးမှုနည်းပါး လာခြင်း၊ ကမ္ဘာ့ပဲဈေးနှုန်းကျဆင်း ခြင်းနဲ့အတူ တရုတ်နယ်စပ်မှာလည်း ပဲဈေးနှုန်းများကျဆင်းခြင်း၊ ပြည်တွင်းဝယ်ယူချိန်နဲ့ တစ်ဘက်နိုင်ငံသို့ ရောင်းချ ချိန်အကြား သယ်ယူစရိတ်ဈေးကျပြီး အရှုံးပေါ်ခြင်းတို့ကြောင်း ရောင်းဝယ်မှုများကျဆင်းခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ လာမဲ့အပတ်မှာ ရောင်းဝယ်မှု ဆက်လက် လျော့ကျနေအုံးမယ်လို့ခန့်မှန်းကြောင်း ပဲတီစိမ်းကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုသြဂုတ်လမှာ နယ်စပ်မှ ပဲတီစိမ်း ၁၃၉ဝ၄ တန် တင်ပို့နိုင်ခဲ့ပြီး ဇူလိုင်လမှာ ၁၉၅၂၁ တန်တင်ပို့ခဲ့ တဲ့အတွက် တန်ချိန် ၅၆၁၇ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဧပြီလမှသြဂုတ်လကုန်ထိ နယ်စပ်မှ ပဲတီစိမ်း စုစုပေါင်း ၆၅၈ဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပတ်နဲ့ ယခင်အပတ် မြန်မာတရုတ်နယ်စပ်ရှိ ပဲတီစိမ်း မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ် - မိမိဘက်(ကျပ်/တန်) ပြောင်းလဲမှု ရာခိုင်နှုန်း တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ပြောင်းလဲမှု ရာခိုင်နှုန်းယခုအပတ် ၇၂၄၈၇၆ ၁၂၅၅ယခင်အပတ် ၉၅၇၉ဝ၂ ၂၃၃ဝ၂၆ ၃၂ ၁၃၃၁ ၇၆ ၇၆ MIRT (DOBT)
ဝယ်လိုအားည်းတဲ့ လက္ခဏာများကြောင့် ပဲပုပ်ဈေးနှုန်းများကျဆင်း ဇွန်လကုန်ကထဲက ပဲပုပ်ဈေးနှုန်း ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ဝယ်လိုအား လျော့ကျမယ့်အရိပ် အရောင်များကြောင့် သီတင်း တစ်ပတ်ကျော်အတွင်း ပဲပုပ်ဈေးနှုန်း အများဆုံး ကျဆင်းခဲ့ပါတယ်။ တရုတ် နိုင်ငံရဲ့ ပဲပုပ်အများဆုံး ထုတ်လုပ်တဲ့ ပြည်နယ်ဖြစ်တဲ့ ဟေလုံကျန်းမှာရှိတဲ့ ပဲပုပ်ကြိတ်ခွဲထုတ်လုပ်သူများက အစိုးရ ရဲ့သိုလှောင်ထားတဲ့ ပဲပုပ်များဝယ်ယူနိုင် ရေးဆွေးနွေးလျက်ရှိခြင်းက အမေရိ ကန်မှ ပဲပုပ်တင်သွင်းဖို့ ဝယ်လိုအားကို ကျဆင်းစေ နိုင်ပါတယ်။ ပဲပုပ်အများဆုံးထုတ်လုပ်သူ၊ တင်ပို့ သူဖြစ်တဲ့ အမေရိကန်မှာ ပဲပုပ်အခြေခံ တိရစ္ဆာန်အစာသိုလှောင်မှုဟာ ယခုနှစ် အစောပိုင်းမှ ဇူလိုင်လကုန်အထိ ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ Census Bureau ဗျူရိုမှ လွန်ခဲ့တဲ့ သီတင်းပတ် ကပြောကြားပါတယ်။ ပဲပုပ်ဆီသို လှောင်မှုဟာ လည်း ၂ဝဝ၃ ခုနှစ် ဒီဇင် ဘာ နောက်ပိုင်းမှစပြီး အမြင့်ဆုံး ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် ပဲပုပ်ကို တရုတ်ဝယ်လိုအား နှေးကွေးနိုင်တယ်လို့ ဈေးကွက်လေ့လာ ဆန်းစစ်သူ Chad Henderson မှ ပြောကြားပါတယ်။ သြဂုတ်လ ၃၁ ရက် ချီကာကိုမှာ နိုဝင်ဘာလအတွက် ပဲပုပ်ကြိုပွိုင့်ဈေး ဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၁ဝ (တစ်တန်ကို ကန်ဒေါ်လာ ၃၇၃၇) နဲ့ ဈေးပိတ်ခဲ့ပါတယ်။ သြဂုတ်လအ တွင်း တရုတ်နိုင်ငံက တင်သွင်းမှု မြင့်တက်ခဲ့လို့ ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး သြဂုတ်လ ၅ ရက်မှာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၄၉ ထိ ၇ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ ပါတယ်။ ဒီဇင်ဘာလအတွက် ပဲပုပ်ဆီ ကြိုပွိုင့်ဈေးဟာလည်း ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကိုကန်ဒေါ်လာ ၄ဝ ဒသမ ဝ၅ ဆင့် (တစ် တန်ကို ကန်ဒေါ်လာ ၈၈၂) ဈေးနဲ့ပိတ်ခဲ့လို့ သြဂုတ်လ ၁၅ ရက် နောက် ပိုင်းမှာအများဆုံးကျဆင်း ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလ ၃ဝ ရက်မှာ ပြီးဆုံး တဲ့ ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှုဟာ ယမန်နှစ် တင်သွင်းတန်ချိန် ၄၁ ဒသမ ၁ သန်းထက် ၂ဝ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄၉ ဒသမ ၅ သန်းအထိ စံချိန်တင်ခဲ့တယ်လို့ USDA စာရင်းအရ သိရပါတယ်။ ယမင်းခင်၊Sources: bloonberg.netှ
ပြည်ဈေးကွက်ပဲပုပ် အရောင်းအဝယ်ဖြစ် ပြည်ပဲပုပ်မှာ ယခင်တစ်ပတ်က ပိဿာ ၂ဝတစ်တင်းလျှင် ၁၆ဝဝဝ ကျပ် ဖြင့် ဝယ်လက်မရှိ၍ အရောင်း အဝယ် မဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာ တော့ တိုင်းအတွင်းလက်လီဝယ်ယူသူ များဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ပဲပုပ်ပိဿာ ၂ဝ တစ် တင်းလျှင် လက်လီဈေး ၁၆၅ဝဝ ကျပ်၊ လက်ကားဈေး ၁၆ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဆုမွန်ဆွေ
ဆီစက်သမားများ ဝယ်လိုအားနည်းပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ မိုးမြေပဲများလှိုင်ချိန်တွင် ပြည်ဈေးကွက်သို့ မင်းတုန်း၊ ကံမ၊ ကြံခင်း၊ မြန်အောင်၊ ဥသျှစ်ပင်၊ ပေါက်ခေါင်း ဘက်မှ နေ့စဉ်အိတ် ၁ဝဝဝ၊ ၁၂ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံဈေးမှာ သြဂုတ်လ ကုန်ပိုင်းမှာ တစ်ပိဿာ ၁၉ဝဝ ကျပ်ဖြစ် နေသော်လည်း၊ စက်တင်ဘာလဆန်းမှာ ၁၆၅ဝ ကျပ်အထိ ကျလာခဲ့ပါတယ်။ ဆီစက်သမားများမှလည်း ပဲဆီဈေးအေးနေတာ ကြောင့် ဝယ်လိုအားနည်းနေခဲ့ပါတယ်။ လုံးဆံတစ်ပိဿာလျှင် ၂ဝဝဝ ကျပ်၊ မြေပဲ ဆီ တစ်ပိဿာကို ၃၇၅ဝ ကျပ်မှ ၄ဝဝဝ ကျပ်ဖြင့် ဈေးအေးနေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးမြေပဲတစ်နေ့လျှင် အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ် တယ်လို့ ဈေးကွက်က သိရပါတယ်။ ဝေဝေမင်း
ဈေးအေးလာတဲ့ မန်းမြေပဲဆီဆံ မန်းဈေးကွက်အတွင်းသို့ မကွေးတိုင်းအတွင်းမှ မိုးမြေပဲဆီဆံများ ဝင်ရောက်မှုလှိုင်လာသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ရှိဒေသများမှလည်း မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ မိုးမြေပဲဆီဆံ အသစ်များ ဝင်ရောက် လာသော်လည်း ဆီစက်လုပ်ငန်းရှင် ်များမှ ပဲဆီဈေးအေးနေတဲ့အတွက် ကုန်ကြမ်း ပစ္စည်း လိုသလောက်သာ ဝယ်ယူနေကြပြီး ဈေးအေးလာတာကို တွေ့ရပါတယ်။ အသစ်ဝင်ရောက်လာတဲ့ မကွေး မိုးမြေပဲဆီဆံအသစ်က တစ်ပိဿာ ၁၈ဝဝ ကျပ်၊ ၁၈၅ဝ ကျပ်၊ ပြည်ဆီဆံက ၁၈၁ဝ ကျပ်၊ ၁၈၂၅ ကျပ်ဝန်းကျင် ဈေးဖြင့်ရောင်းဝယ် နေကြပြီး၊ အညာဆီဆံ (အဟောင်း) ကတော့ တစ်ပိဿာ ၁၉၄ဝ ကျပ်၊ ၁၉၅ဝ ကျပ်ဈေးရှိသလို အသစ်ဝင်ရောက်လာတဲ့ မိုးမြေပဲဆံတွေမှာ အစိုဓါတ်များရင်တော့ ၁၇၂၅ ကျပ် ဝန်းကျင်ဈေးနဲ့ရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်တစ်ဦး မှပြောပြ ချက် အရသိရပါတယ်။ ပဲဆီဈေးအနေနဲ့ကတော့ တစ်ပိဿာ ၃၄ဝဝ ကျပ်၊ ၃၆ဝဝ ကျပ်ဈေးရှိပြီး၊ ပဲဖတ်က ၈၈ဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်နေကြ ကြောင်း သိရှိရပါတယ်။ကျော်ကျော်မိုး
အိန္ဒိယ STC မှ ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းမယ် အိန္ဒိယနိုင်ငံပိုင် STC ကော်ပိုရေးရှင်းဟာ စက်တင်ဘာနဲ့ နိုဝင်ဘာလ အတွင်း တင်ပို့ရမယ့် ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါတင်သွင်းသူများအနေနဲ့ မြန်မာ၊ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံထွက်ပဲများကို တင်သွင်းရမှာဖြစ်ပြီး တင်ဒါနောက်ဆုံးရက်က စက်တင်ဘာ ၁ဝ ရက်နေ့ထိဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းမယ့်ပဲများမှာ မြန်မာမတ်ပဲ FAQ တန်ချိန် ၂ဝဝဝ၊ SQ တန်ချိန် ၂ဝဝဝ၊ မြန်မာပဲစင်းငုံလီမွန် တန်ချိန် ၂ဝဝဝ၊ ပဲတီစိမ်း FAQ တန်ချိန် ၂ဝဝဝ စီနဲ့ စုစုပေါင်း တန်ချိန် ၈ဝဝဝ ပါဝင်ပြီး ကျန်ပဲများမှာ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံထွက် ကုလားပဲ၊ ပဲနီလေးနဲ့ စားတော်ပဲစိမ်းများ ဖြစ်ကြောင်း သိရပါတယ်။ ယင်းပဲများကို မွန်ဘိုင်း၊ ချန်နိုင်းနဲ့ တူကီကိုရင်ဆိပ်ကမ်းများကို တင်ပို့ရ မယ်လို့ သိရပါတယ်။ ယမင်းရွှွှွှွှွှွှွှွှေစင် Sources: commodityonline
နယ်စပ်မှ နှမ်းတင်ပို့မှု တန်၂၅၀ နီးပါလျော့ကျ သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ နှမ်းရောင်စုံ ၄၉၇ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၆၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လတစ်လလုံး နှမ်းတန်ချိန် ၂၉၂၉ တန် နယ်စပ်မှတင်ပို့နိုင်ခဲ့ပြီး ဇူလိုင် လမှာ ၄၈၄၆တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုလမှာ နှမ်းရောင်စုံ ၁၉၁၇ တန် ဇူလိုင်လကထက်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လကုန်ထိ နှမ်းရောင် စုံတန်ချိန် ၁၄၁ဝဝ တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ မြေပြင်နှမ်း ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ(နိမ့်) ၁၃ဝ၂၃၉၄ ၁၂၈၉၃၉၄ ၁၃ဝဝဝ ၁ .ဝ ၁၃၂၉ ၁၁၅၁ ၁၇၈ ၁၃ (မြင့်) ၁၁၅၉၅၃၆ ၁၁၆ဝ၇၄၇ ၁၂၁၁ ၁ .၁ ၁၁၈၃ ၁၂၇၉ ၉၆ ၈နှမ်းနက် ၁၃၄၆၉၇၇ ၁၃၇၄၈ဝ၉ ၂၇၈၃၂ ၂ ၁၃၇၄ ၁၃၆၄ ၁ဝ ဝ .၇ MIRT (DOBT)
