Main menu

Background

Tuesday, 7 Sep 2010

ဝယ်လိုအားည်းတဲ့ လက္ခဏာများကြောင့် ပဲပုပ်ဈေးနှုန်းများကျဆင်း       ဇွန်လကုန်ကထဲက ပဲပုပ်ဈေးနှုန်း ၁၆ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ဝယ်လိုအား လျော့ကျမယ့်အရိပ် အရောင်များကြောင့် သီတင်း တစ်ပတ်ကျော်အတွင်း ပဲပုပ်ဈေးနှုန်း အများဆုံး ကျဆင်းခဲ့ပါတယ်။ တရုတ် နိုင်ငံရဲ့ ပဲပုပ်အများဆုံး ထုတ်လုပ်တဲ့ ပြည်နယ်ဖြစ်တဲ့ ဟေလုံကျန်းမှာရှိတဲ့ ပဲပုပ်ကြိတ်ခွဲထုတ်လုပ်သူများက အစိုးရ ရဲ့သိုလှောင်ထားတဲ့ ပဲပုပ်များဝယ်ယူနိုင် ရေးဆွေးနွေးလျက်ရှိခြင်းက အမေရိ ကန်မှ ပဲပုပ်တင်သွင်းဖို့ ဝယ်လိုအားကို ကျဆင်းစေ နိုင်ပါတယ်။       ပဲပုပ်အများဆုံးထုတ်လုပ်သူ၊ တင်ပို့ သူဖြစ်တဲ့ အမေရိကန်မှာ ပဲပုပ်အခြေခံ တိရစ္ဆာန်အစာသိုလှောင်မှုဟာ ယခုနှစ် အစောပိုင်းမှ ဇူလိုင်လကုန်အထိ  ၂၁ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ Census Bureau ဗျူရိုမှ လွန်ခဲ့တဲ့ သီတင်းပတ် ကပြောကြားပါတယ်။ ပဲပုပ်ဆီသို လှောင်မှုဟာ လည်း ၂ဝဝ၃ ခုနှစ် ဒီဇင် ဘာ နောက်ပိုင်းမှစပြီး  အမြင့်ဆုံး ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန် ပဲပုပ်ကို တရုတ်ဝယ်လိုအား နှေးကွေးနိုင်တယ်လို့ ဈေးကွက်လေ့လာ ဆန်းစစ်သူ Chad Henderson မှ ပြောကြားပါတယ်။       သြဂုတ်လ ၃၁ ရက် ချီကာကိုမှာ နိုဝင်ဘာလအတွက် ပဲပုပ်ကြိုပွိုင့်ဈေး ဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၁ဝ (တစ်တန်ကို ကန်ဒေါ်လာ ၃၇၃၇) နဲ့ ဈေးပိတ်ခဲ့ပါတယ်။ သြဂုတ်လအ တွင်း တရုတ်နိုင်ငံက တင်သွင်းမှု မြင့်တက်ခဲ့လို့  ဝ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး သြဂုတ်လ ၅ ရက်မှာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ ၄၉ ထိ ၇ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ ပါတယ်။ ဒီဇင်ဘာလအတွက် ပဲပုပ်ဆီ ကြိုပွိုင့်ဈေးဟာလည်း ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကိုကန်ဒေါ်လာ   ၄ဝ ဒသမ ဝ၅ ဆင့် (တစ် တန်ကို ကန်ဒေါ်လာ ၈၈၂) ဈေးနဲ့ပိတ်ခဲ့လို့ သြဂုတ်လ ၁၅ ရက် နောက် ပိုင်းမှာအများဆုံးကျဆင်း ခဲ့တာဖြစ်ပါတယ်။       စက်တင်ဘာလ ၃ဝ ရက်မှာ ပြီးဆုံး တဲ့ ဈေးကွက်ရာသီအတွင်း တရုတ်နိုင်ငံ ပဲပုပ်တင်သွင်းမှုဟာ ယမန်နှစ် တင်သွင်းတန်ချိန် ၄၁ ဒသမ ၁ သန်းထက် ၂ဝ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄၉ ဒသမ ၅ သန်းအထိ စံချိန်တင်ခဲ့တယ်လို့ USDA စာရင်းအရ သိရပါတယ်။                                                                        ယမင်းခင်၊Sources: bloonberg.netှ

Tuesday, 7 Sep 2010

ပြည်ဈေးကွက်ပဲပုပ် အရောင်းအဝယ်ဖြစ်       ပြည်ပဲပုပ်မှာ ယခင်တစ်ပတ်က ပိဿာ ၂ဝတစ်တင်းလျှင် ၁၆ဝဝဝ ကျပ် ဖြင့် ဝယ်လက်မရှိ၍ အရောင်း အဝယ် မဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာ တော့ တိုင်းအတွင်းလက်လီဝယ်ယူသူ များဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ ပဲပုပ်ပိဿာ ၂ဝ တစ် တင်းလျှင် လက်လီဈေး ၁၆၅ဝဝ ကျပ်၊ လက်ကားဈေး ၁၆ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။                                                                                                                                 ဆုမွန်ဆွေ

Tuesday, 7 Sep 2010

ဆီစက်သမားများ ဝယ်လိုအားနည်းပေမဲ့ အရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ          မိုးမြေပဲများလှိုင်ချိန်တွင် ပြည်ဈေးကွက်သို့ မင်းတုန်း၊ ကံမ၊ ကြံခင်း၊ မြန်အောင်၊ ဥသျှစ်ပင်၊ ပေါက်ခေါင်း ဘက်မှ နေ့စဉ်အိတ် ၁ဝဝဝ၊ ၁၂ဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံဈေးမှာ သြဂုတ်လ ကုန်ပိုင်းမှာ တစ်ပိဿာ ၁၉ဝဝ ကျပ်ဖြစ်   နေသော်လည်း၊ စက်တင်ဘာလဆန်းမှာ ၁၆၅ဝ ကျပ်အထိ ကျလာခဲ့ပါတယ်။ ဆီစက်သမားများမှလည်း ပဲဆီဈေးအေးနေတာ ကြောင့် ဝယ်လိုအားနည်းနေခဲ့ပါတယ်။ လုံးဆံတစ်ပိဿာလျှင် ၂ဝဝဝ ကျပ်၊ မြေပဲ ဆီ တစ်ပိဿာကို  ၃၇၅ဝ ကျပ်မှ ၄ဝဝဝ ကျပ်ဖြင့် ဈေးအေးနေတာ တွေ့ရပါတယ်။ ပြည်ဈေးကွက်တွင် မိုးမြေပဲတစ်နေ့လျှင် အိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ် တယ်လို့ ဈေးကွက်က သိရပါတယ်။                                                                                               ဝေဝေမင်း

Tuesday, 7 Sep 2010

ဈေးအေးလာတဲ့ မန်းမြေပဲဆီဆံ     မန်းဈေးကွက်အတွင်းသို့ မကွေးတိုင်းအတွင်းမှ မိုးမြေပဲဆီဆံများ ဝင်ရောက်မှုလှိုင်လာသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ရှိဒေသများမှလည်း မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ မိုးမြေပဲဆီဆံ အသစ်များ ဝင်ရောက် လာသော်လည်း ဆီစက်လုပ်ငန်းရှင် ်များမှ ပဲဆီဈေးအေးနေတဲ့အတွက် ကုန်ကြမ်း ပစ္စည်း လိုသလောက်သာ ဝယ်ယူနေကြပြီး ဈေးအေးလာတာကို တွေ့ရပါတယ်။ အသစ်ဝင်ရောက်လာတဲ့ မကွေး မိုးမြေပဲဆီဆံအသစ်က တစ်ပိဿာ ၁၈ဝဝ ကျပ်၊ ၁၈၅ဝ ကျပ်၊ ပြည်ဆီဆံက ၁၈၁ဝ ကျပ်၊ ၁၈၂၅ ကျပ်ဝန်းကျင် ဈေးဖြင့်ရောင်းဝယ် နေကြပြီး၊ အညာဆီဆံ (အဟောင်း) ကတော့ တစ်ပိဿာ ၁၉၄ဝ ကျပ်၊ ၁၉၅ဝ ကျပ်ဈေးရှိသလို အသစ်ဝင်ရောက်လာတဲ့ မိုးမြေပဲဆံတွေမှာ အစိုဓါတ်များရင်တော့ ၁၇၂၅ ကျပ် ဝန်းကျင်ဈေးနဲ့ရှိတယ်လို့ ဆီစက်လုပ်ငန်းရှင်တစ်ဦး မှပြောပြ ချက် အရသိရပါတယ်။ ပဲဆီဈေးအနေနဲ့ကတော့ တစ်ပိဿာ ၃၄ဝဝ ကျပ်၊ ၃၆ဝဝ ကျပ်ဈေးရှိပြီး၊ ပဲဖတ်က ၈၈ဝ ကျပ်၊ ၉ဝဝ ကျပ်ဈေးဖြင့်သာ ရောင်းဝယ်နေကြ ကြောင်း သိရှိရပါတယ်။ကျော်ကျော်မိုး

Tuesday, 7 Sep 2010

အိန္ဒိယ STC မှ ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းမယ်       အိန္ဒိယနိုင်ငံပိုင် STC ကော်ပိုရေးရှင်းဟာ စက်တင်ဘာနဲ့ နိုဝင်ဘာလ အတွင်း တင်ပို့ရမယ့် ပဲမိုျးစုံတန်ချိန် ၁၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ တင်ဒါတင်သွင်းသူများအနေနဲ့ မြန်မာ၊ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံထွက်ပဲများကို တင်သွင်းရမှာဖြစ်ပြီး တင်ဒါနောက်ဆုံးရက်က စက်တင်ဘာ ၁ဝ ရက်နေ့ထိဖြစ်တယ်လို့ သိရပါတယ်။    တင်သွင်းမယ့်ပဲများမှာ မြန်မာမတ်ပဲ FAQ  တန်ချိန် ၂ဝဝဝ၊ SQ တန်ချိန် ၂ဝဝဝ၊ မြန်မာပဲစင်းငုံလီမွန် တန်ချိန် ၂ဝဝဝ၊ ပဲတီစိမ်း FAQ  တန်ချိန် ၂ဝဝဝ စီနဲ့ စုစုပေါင်း တန်ချိန် ၈ဝဝဝ ပါဝင်ပြီး ကျန်ပဲများမှာ သြစတြေးလျ၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံထွက် ကုလားပဲ၊ ပဲနီလေးနဲ့ စားတော်ပဲစိမ်းများ ဖြစ်ကြောင်း သိရပါတယ်။ ယင်းပဲများကို မွန်ဘိုင်း၊ ချန်နိုင်းနဲ့ တူကီကိုရင်ဆိပ်ကမ်းများကို တင်ပို့ရ မယ်လို့ သိရပါတယ်။                                                                                    ယမင်းရွှွှွှွှွှွှွှွှေစင် Sources: commodityonline

Tuesday, 7 Sep 2010

နယ်စပ်မှ နှမ်းတင်ပို့မှု တန်၂၅၀ နီးပါလျော့ကျ       သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ နှမ်းရောင်စုံ ၄၉၇ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၆၆၁ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ သြဂုတ်လတစ်လလုံး နှမ်းတန်ချိန် ၂၉၂၉ တန် နယ်စပ်မှတင်ပို့နိုင်ခဲ့ပြီး ဇူလိုင် လမှာ ၄၈၄၆တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုလမှာ နှမ်းရောင်စုံ ၁၉၁၇ တန် ဇူလိုင်လကထက်လျော့နည်း တင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လကုန်ထိ နှမ်းရောင် စုံတန်ချိန် ၁၄၁ဝဝ တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ မြေပြင်နှမ်း ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                         မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု            ယခင်           ပြောင်းလဲမှု    %       ယခု       ယခင်      ပြောင်းလဲမှု    %နှမ်းဖြူ(နိမ့်)     ၁၃ဝ၂၃၉၄      ၁၂၈၉၃၉၄         ၁၃ဝဝဝ       ၁ .ဝ     ၁၃၂၉      ၁၁၅၁       ၁၇၈          ၁၃     (မြင့်)     ၁၁၅၉၅၃၆      ၁၁၆ဝ၇၄၇          ၁၂၁၁        ၁ .၁      ၁၁၈၃      ၁၂၇၉         ၉၆           ၈နှမ်းနက်       ၁၃၄၆၉၇၇      ၁၃၇၄၈ဝ၉          ၂၇၈၃၂        ၂         ၁၃၇၄      ၁၃၆၄         ၁ဝ        ဝ .၇                                                                                                  MIRT (DOBT)                                 

Tuesday, 7 Sep 2010

ဝယ်လိုအားနည်းခြင်းကြောင့် စာအုန်းဆီကြမ်းဈေးကျဆင်း                တရုတ်နိုင်ငံနဲ့ အိန္ဒိယတို့မှ ဝယ်လိုအားနည်းနေတာကြောင့် စားအုန်းဆီ ကြမ်း ဈေးကျဆင်းခဲ့ပြီး သြဂုတ်လကုန်စားအုန်းဆီ သိုလှောင်မှုပမာဏဟာ တန်ချိန် ၁ ဒသမ ၅ သန်းဝန်းကျင်ထိမြင့်တက်နိုင်တယ်လို့ စင်ကာပူအခြေစိုက်ကုန်သည် များက ဆိုပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတ Intertek Agri Services   နဲ့ SGS (မလေးရှား) တို့ရဲ့ စားရင်းတွေအရ သြဂုတ်လအတွင်း စားအုန်းဆီတင်ပို့မှု သိသိသာ သာ ကျဆင်းခဲ့ခြင်းက စားအုန်းဆီသိုလှောင်မှုကို မြင့်တက်စေပြီး ဈေးနှုန်းကျဆင်းဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။      Intertekု ရဲ့ စာရင်းအရ သြဂုတ်လ စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၂၂ သန်းကို ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး SGS စာရင်းအရ ၁၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁ ဒသမ ၁၅ သန်းရှိတယ်လို့ သိရပါတယ်။ လက်ငင်း ဈေးကွက်မှာ စက်တင်ဘာလ အတွက် စားအုန်းဆီခဲ ဈေးနှုန်းဟာ တစ်တန်ကို ကန် ဒေါ်လာ ၁ဝ လျော့ကျပြီး ကန်ဒေါ်လာ ၉၁၅၊ စားအုန်းဆီကြမ်းဈေးနှုန်းက ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၆၈ဝ (ကန်ဒေါ်လာ ၈၅၅) ဈေးဖြစ်ခဲ့ပါတယ်။     မလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာခုျပ်အခြေခံဈေးဟာ ရင်းဂစ် ၃၅ (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၅၃၅  (ကန်ဒေါ်လာ ၈ဝ၉) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင်မှာလည်း အောက်တို ဘာလ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို အင်ဒိုနီးရှား ရူပြား ၇၄၃၅ဝဝဝ (ကန်ဒေါ်လာ ၈၂၅) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                    ယုဇနSources: palmoil hq .com

Thursday, 2 Sep 2010

မလေးရှားမှာ သိုလှောင်မှုမြင့်တက်လို့ ခုတစ်ပတ်စားအုန်းဆီကြမ်းဈေးကျ        မလေးရှားမှ စားအုန်းဆီကြမ်းတင်ပို့မှုလျော့ကျတာကြောင့် လက်ကျန် သိုလှောင်မှု ထပ်မံမြင့်တက်ခြင်းနဲ့ ပတ်သက်လို့ သြဂုတ်လ ၂၅ ရက်နေ့ မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာခုျပ်အခြေခံဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ် တန်ကို ရင်းဂစ် ၂၄၈၆ (ကန်ဒေါ်လာ ၇၉ဝ) ဖြစ်ခဲ့ပါတယ်။ ပြည်ပတင်ပို့မှု ပမာဏ ကျဆင်းပြီး၊ ပဲပုပ်ဆီဈေးလျော့လာခြင်းက စားအုန်းဆီဈေးနှုန်းကျဆင်းဖို့ အထောက် အပံ့ဖြစ်စေခဲ့တယ်လို့ စင်ကာပူမှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။        သြဂုတ်လ ၁ ရက်မှ ၂၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၉၉၂၃၁၉ သာရှိလို့ ဇူလိုင်လ ကာလတူတင်ပို့မှုတန်ချိန် ၁ ဒသမ ဝ၇ သန်းထက် ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intetek Agri Services မှ ပြောကြားပါတယ်။ မလေးရှား SGS ကုမ္ပဏီကတော့ ယခင်လထက် ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၉၃၉၄၅၆ သာတင်ပို့နိုင်တယ်လို့ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ဆီအများဆုံးအသုံးပြုတဲ့ တရုတ်နိုင်ငံက စားအုန်းဆီဝယ်ယူမှုဟာ သြဂုတ်လ ၂၅ ရက်အတွင်း ၄၆ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁၁၂၆၉ဝ သာရှိတယ်လို့ SGS မှ ပြောကြားပါတယ်။       တရုတ်နိုင်ငံ ဆိပ်ကမ်းများမှာ ဟင်းသီးဟင်းရွက်လက်ကျန်တန်ချိန် ၅ သိန်းဝန်းကျင်ခန့်ရှိနေပြီး၊၎င်းလက်ကျန် မလျော့ကျသေးသမျှ ထပ်မံဝယ်ယူမှာ မဟုတ်ဘူးလို့ ဟောင်ကောင်ရှိကုန်သည်တစ်ဦးမှပြောကြားပါတယ်။ ဒါ့အပြင် ပါကစ္စတန်ကို တင်ပို့မှုမှာလည်း တန်ချိန် ၈၃၁၇၄ ကို ၅၇ ရာခိုင်နှုန်းကျဆင်းခဲ့သလို အမေရိကန်ကို တင်ပို့မှုမှာလည်း  ၄၂ ရာခိုင်နှုန်းလျော့ကျပြီး၊ တန်ချိန် ၈၁၇၆၆ သာ တင်ပို့နိုင်တယ်လို့သိရပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာလ အတွက် စားအုန်းဆီခဲ FOB ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၇၂ ဒသမ ၅ဝ ဈေးဖြစ်ခဲ့ပြီး၊ CME မှာ နိုဝင်ဘာလအတွက် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၂ ကျဆင်းပြီး၊ ကန်ဒေါ်လာ ၇၉၆ ဒသမ ၅ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင် မှာလည်း အောက်တိုဘာလ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၂ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျပြီး၊ တစ်တန်ကို အင်ဒိုနီးရှား ရူပြား ၇၃ဝ၅ဝဝဝ (ကန်ဒေါ်လာ ၈၁၄) ဖြစ်ခဲ့တယ်လို့သိရပါတယ်။                                                                                                 ယုဇန Source:palmoilhq.com

Pages