Background
ဝယ်လိုအားနည်းခြင်းကြောင့် စာအုန်းဆီကြမ်းဈေးကျဆင်း တရုတ်နိုင်ငံနဲ့ အိန္ဒိယတို့မှ ဝယ်လိုအားနည်းနေတာကြောင့် စားအုန်းဆီ ကြမ်း ဈေးကျဆင်းခဲ့ပြီး သြဂုတ်လကုန်စားအုန်းဆီ သိုလှောင်မှုပမာဏဟာ တန်ချိန် ၁ ဒသမ ၅ သန်းဝန်းကျင်ထိမြင့်တက်နိုင်တယ်လို့ စင်ကာပူအခြေစိုက်ကုန်သည် များက ဆိုပါတယ်။ ကုန်ပစ္စည်းစစ်ဆေးတ Intertek Agri Services နဲ့ SGS (မလေးရှား) တို့ရဲ့ စားရင်းတွေအရ သြဂုတ်လအတွင်း စားအုန်းဆီတင်ပို့မှု သိသိသာ သာ ကျဆင်းခဲ့ခြင်းက စားအုန်းဆီသိုလှောင်မှုကို မြင့်တက်စေပြီး ဈေးနှုန်းကျဆင်းဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ Intertekု ရဲ့ စာရင်းအရ သြဂုတ်လ စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၂၂ သန်းကို ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး SGS စာရင်းအရ ၁၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁ ဒသမ ၁၅ သန်းရှိတယ်လို့ သိရပါတယ်။ လက်ငင်း ဈေးကွက်မှာ စက်တင်ဘာလ အတွက် စားအုန်းဆီခဲ ဈေးနှုန်းဟာ တစ်တန်ကို ကန် ဒေါ်လာ ၁ဝ လျော့ကျပြီး ကန်ဒေါ်လာ ၉၁၅၊ စားအုန်းဆီကြမ်းဈေးနှုန်းက ရင်းဂစ် ၆ဝ (ကန်ဒေါ်လာ ၁၉) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၆၈ဝ (ကန်ဒေါ်လာ ၈၅၅) ဈေးဖြစ်ခဲ့ပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာခုျပ်အခြေခံဈေးဟာ ရင်းဂစ် ၃၅ (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၂၅၃၅ (ကန်ဒေါ်လာ ၈ဝ၉) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင်မှာလည်း အောက်တို ဘာလ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို အင်ဒိုနီးရှား ရူပြား ၇၄၃၅ဝဝဝ (ကန်ဒေါ်လာ ၈၂၅) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇနSources: palmoil hq .com
မလေးရှားမှာ သိုလှောင်မှုမြင့်တက်လို့ ခုတစ်ပတ်စားအုန်းဆီကြမ်းဈေးကျ မလေးရှားမှ စားအုန်းဆီကြမ်းတင်ပို့မှုလျော့ကျတာကြောင့် လက်ကျန် သိုလှောင်မှု ထပ်မံမြင့်တက်ခြင်းနဲ့ ပတ်သက်လို့ သြဂုတ်လ ၂၅ ရက်နေ့ မလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ နိုဝင်ဘာလစာခုျပ်အခြေခံဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ် တန်ကို ရင်းဂစ် ၂၄၈၆ (ကန်ဒေါ်လာ ၇၉ဝ) ဖြစ်ခဲ့ပါတယ်။ ပြည်ပတင်ပို့မှု ပမာဏ ကျဆင်းပြီး၊ ပဲပုပ်ဆီဈေးလျော့လာခြင်းက စားအုန်းဆီဈေးနှုန်းကျဆင်းဖို့ အထောက် အပံ့ဖြစ်စေခဲ့တယ်လို့ စင်ကာပူမှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ သြဂုတ်လ ၁ ရက်မှ ၂၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ တန်ချိန် ၉၉၂၃၁၉ သာရှိလို့ ဇူလိုင်လ ကာလတူတင်ပို့မှုတန်ချိန် ၁ ဒသမ ဝ၇ သန်းထက် ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intetek Agri Services မှ ပြောကြားပါတယ်။ မလေးရှား SGS ကုမ္ပဏီကတော့ ယခင်လထက် ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၉၃၉၄၅၆ သာတင်ပို့နိုင်တယ်လို့ဆိုပါတယ်။ ဟင်းသီးဟင်းရွက်ဆီအများဆုံးအသုံးပြုတဲ့ တရုတ်နိုင်ငံက စားအုန်းဆီဝယ်ယူမှုဟာ သြဂုတ်လ ၂၅ ရက်အတွင်း ၄၆ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၁၁၂၆၉ဝ သာရှိတယ်လို့ SGS မှ ပြောကြားပါတယ်။ တရုတ်နိုင်ငံ ဆိပ်ကမ်းများမှာ ဟင်းသီးဟင်းရွက်လက်ကျန်တန်ချိန် ၅ သိန်းဝန်းကျင်ခန့်ရှိနေပြီး၊၎င်းလက်ကျန် မလျော့ကျသေးသမျှ ထပ်မံဝယ်ယူမှာ မဟုတ်ဘူးလို့ ဟောင်ကောင်ရှိကုန်သည်တစ်ဦးမှပြောကြားပါတယ်။ ဒါ့အပြင် ပါကစ္စတန်ကို တင်ပို့မှုမှာလည်း တန်ချိန် ၈၃၁၇၄ ကို ၅၇ ရာခိုင်နှုန်းကျဆင်းခဲ့သလို အမေရိကန်ကို တင်ပို့မှုမှာလည်း ၄၂ ရာခိုင်နှုန်းလျော့ကျပြီး၊ တန်ချိန် ၈၁၇၆၆ သာ တင်ပို့နိုင်တယ်လို့သိရပါတယ်။ လက်ငင်းဈေးကွက်မှာ အောက်တိုဘာလ အတွက် စားအုန်းဆီခဲ FOB ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၇၂ ဒသမ ၅ဝ ဈေးဖြစ်ခဲ့ပြီး၊ CME မှာ နိုဝင်ဘာလအတွက် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး ဟာ တစ်တန်ကို ကန်ဒေါ်လာ ၁၂ ကျဆင်းပြီး၊ ကန်ဒေါ်လာ ၇၉၆ ဒသမ ၅ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားကုန်စည်ဒိုင် မှာလည်း အောက်တိုဘာလ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ ၂ ဒသမ ၃ ရာခိုင်နှုန်းလျော့ကျပြီး၊ တစ်တန်ကို အင်ဒိုနီးရှား ရူပြား ၇၃ဝ၅ဝဝဝ (ကန်ဒေါ်လာ ၈၁၄) ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ယုဇန Source:palmoilhq.com
US$/Ton RBDP.Oil RBDP.Olein RBDP.Strarinဖေဖော်ဝါရီ စတုတ္ထပတ် ၇၉ဝ.၅ဝ ၇၉၇.၅ဝ ၇၅၁.ဝဝမတ်လ ပထမပတ် ၇၉၁.၅ဝ ၇၉၇.၅ဝ ၇၅၁.ဝဝမတ်လ ဒုတိယပတ် ၇၉၉.၅ဝ ၈၁၁.၅ဝ ၇၇၂.၅ဝမတ်လ တတိယပတ် ၈၁၃.ဝဝ ၈၂၈.ဝဝ ၇၉၁.ဝဝမတ်လ စတုတ္ထပတ် ၇၉၈.ဝဝ ၈၁၃.၅ဝ ၇၉၃.၅ဝ
လောင်စာဆီဈေးနဲ့ ပဲပုပ်ဆီဈေး မြင့်တက်ခြင်းအပြင် စားအုန်းဆီ ပြည်ပတင်ပို့မှု ပိုမိုလာတာကြောင့် မတ်လ ၂၅ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးနှုန်း မြင့်တက်ခဲ့ပါတယ်။
စားအုန်းဆီကိုယ်စားလှယ်ကြီးများရဲ့ အရောင်းဆိုင်ဈေး မပြောင်းလဲသော်လည်း လက်ကားဈေးအနည်းငယ်ကျဆင်းသွားကြောင်း ဘုရင့်နောင်ရှိ ဆီကုန်သည်ကြီးများက ပြောပါတယ်။
ကျပ်/ပိဿာ ပဲဆီ နှမ်းဆီ စားအုန်းဆီနေပြည်တော် (ပျဉ်းမနား) ၃ဝဝဝ ၂၈ဝဝ ၂ဝဝဝရန်ကုန် ၃၂ဝဝ ၂၉ဝဝ ၁၇၉ဝမန္တလေး ၃ဝဝဝ ၂၈၅ဝ ၁၈၈ဝတောင်ငူူ ၃၂ဝဝ ၃၂ဝဝ ၂၁ဝဝမကွေး ၃၂ဝဝ ၂၉၅ဝ ၁၈၇၅မုံရွာ ၂၉၅ဝ ၂၈၅ဝ ၁၉ဝဝတောင်ကြီး ၃၃ဝဝ ၂၅ဝဝ ၂၁ဝဝစစ်တွေ ၃ဝဝဝ ၂၈ဝဝ ၂၂ဝဝ
တရုတ်နှစ်သစ်ကူးပွဲတော်တွေ ပြီးသွားတဲ့တိုင် တရုတ်နိုင်ငံမှာ ပဲပုပ်ဈေးနှုန်းက ဆက်လက်ကျဆင်းနေဆဲရှိတယ်လို့ ဆိုပါ တယ်။
ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းမှာ မန္တလေးဈေးကွက်ကို ကလေးက ပဲပုပ်များ အဝင်ရှိပြီး ဒေသတွင်းဆီကြိတ်သမားရော၊ တရုတ်ဝယ်လက်ရောရှိလို့ အရောင်းအဝယ်မှန်မှန် ဖြစ်ပါတယ်။
