Main menu

Background

Tuesday, 28 Sep 2010

ဈေးအေးသော်လည်း အရောင်းသွက်တဲ့ မန်းမြေပဲဆီဆံဈေးကွက်     မန်းဈေးကွက်အတွင်းသို့ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ မကွေး၊ပျော်ဘွယ်၊ ညောင်ဦးစတဲ့ ဒေသများမှ မိုးမြေပဲဆီဆံများ ဝင်ရောက်မှုလှိုင်လာပြီလို့သိရပါတယ်။ ဆီစက်လုပ်ငန်းရှင်များမှ အသင့်အတင့် ဝယ်ယူမှု ရှိလာသော်လည်းယခင်အပတ် ထက် ဈေးအနည်းငယ် အေးလာတာတွေ့ရပါတယ်။ နွားထိုးကြီး S1 ဆီဆံ တစ်ပိဿာ ၁၆ဝဝ ကျပ်၊ ၁၆၅ဝ ကျပ်၊ ကျောက်ပန်းတောင်း  S 1 ဆီဆံက ၁၄၅ဝ ကျပ်၊ မကွေးဆီဆံအဖြူ ၁၄၅ဝ ကျပ်၊ အနီ ၁၅ဝဝ ကျပ်၊ ညောင်ဦးဆီဆံ ၁၅၅ဝ ကျပ်နဲ့ သံလမ်းဆီဆံက ၁၄၄ဝ ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်နေကြပြီး အညာဆီဆံအဟောင်းကို ၁၇၅ဝ ကျပ်ဖြင့် ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ်မှာတော့ မြေပဲဆီဆံ ဈေးကွက်အခြေအနေက ခပ်အေးအေးနဲ့ အရောင်းအဝယ် ဖြစ်နေကြသလို မြေပဲဆီ တစ်ပိဿာ ၃ဝဝဝ ကျပ်မှ ၃၄ဝဝ ကျပ် ရှိပြီး မြေပဲဖတ်က   ၈၈ဝ ကျပ် ဖြင့် အရောင်းအဝယ်သွက်နေကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။                                                                                           ကျော်ကျော်မိုး

Tuesday, 28 Sep 2010

ပခုက္ကူက ယောနှမ်းဈေးကွက်    ပခုက္ကူခရိုင်နဲ့နှိုင်းစာရင် ဂန့်ဂေါခရိုင်ဘက်မှာ ပုံတောင်ပုံညာတောင်တန်းနဲ့မြစ်သာမြစ်လွင်ပြင်တို့က ရာသီဥတုသာတာ ကြောင့် သီးနံှတွေအထွက်ပိုကောင်းတတ်ပါတယ်။ ဒီနှစ်လည်း ပခုက္ကူဝန်းကျင်စိုက်တဲ့ ပြင်နှမ်းတွေထက် ယောဘက် ကဆင်းတဲ့ယောနှမ်း ကပိုများပါတယ်။ တစ်နေ့ကို နှမ်းအိတ်   ၉ဝဝ-၁ဝဝဝ-၁၅ဝဝ   ပခုက္ကူကို ဝင်နေ ပါတယ်။ တရုတ်ဘက်ကို အရောင်းများတဲ့ နှမ်းနက်ကတစ်တင်း ၂၅ဝဝဝ ကျပ်  ရှိပြီး၊ နှမ်းနီနှမ်းဝါက ၂၁ဝဝဝ ကျပ် ပေါက်ပါတယ်။ ယခင်နှစ်ကထက် ယောနှမ်း အထွက်ပို တဲ့အတွက် တောင်သူတွေ ဝင်ငွေကောင်းနေတယ်လို့ သိရပါတယ်။                     MMA - ပခုက္ကူ

Tuesday, 28 Sep 2010

 ရာသီဥတုအခြေအနေ၊ ပဲပုပ်ဆီဈေးမြင့်တက်မှုတို့ကြောင့်စားအုန်းဆီကြမ်းဈေးမြင့်လာ     ပဲပုပ်ဆီကြိုပွိင့်ဈေးမြင့်လာခြင်းနဲ့ ရင်းနှီးမြုပ်နံှသူများ အဝယ်ရှိလာခြင်းတို့ကြောင့်စက်တင်ဘာလ ၂၂ ရက်နေ့မလေးရှား ကုန်စည်ဒိုင် မှာ စားအုန်းဆီကြမ်း ကြိုပွိင့်ဈေးမြင့်တက်လာခဲ့ပါတယ်။ ဒီဇင်ဘာအခြေခံစာချုပ် ဈေးဟာတစ်တန်ကို ၃ ရင်းဂစ်မြင့် လာပြီး ရင်းဂစ် ၂၆၇၃ (ကန်ဒေါ်လာ ၈၆၅) ဈေးနဲ့ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ မိုးသည်းထန်နေခြင်းကစက်တင်ဘာလ ထွက်ရှိမှုကို လျော့နည်းစေတဲ့ အလားအလာကြောင့် လာမယ့်ရက်တွေမှာ ဈေးထပ်မံမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။       လွန်ခဲ့တဲ့ သီတင်းပတ်များက ပုံမှန်ထက်မိုးပိုမိုရွာသွန်းခြင်းက အင်ဒိုနီးရှားနိုင်ငံရဲ့ စားအုန်းဆီသယ်ယူမှုကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ စားအုန်းဆီဒုတိယ အများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ Sabah ပြည်နယ်ရဲ့ စက်တင်ဘာလထုတ်လုပ် မှုဟာ သြဂုတ်လ ထုတ်လုပ်မှုတန်ချိန် ၄၇၉၉၇၃ ထက် ၂ ရာခိုင်နှုန်း -၅ ရာခိုင်နှုန်း ခန့်လျော့ကျနိုင်လို့ ဈေးအတက်ဘက်ကို သွားနိုင်တယ်လို့ စိုက်ပျိုးထုတ်လုပ်သူများက ဆိုပါတယ်။         ဒါ့အပြင် ဟင်းသီးဟင်းရွက်ဆီ အဓိကတင်သွင်းတဲ့ အိန္ဒိယရဲ့ ဝယ်လိုအားပုံမှန်ရှိခြင်းကလည်း ဈေးကွက်အတွက် ဝမ်းမြောက်ဖွယ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။အိန္ဒိယဟာ ယခုနှစ်မှာ စားအုန်းဆီတင်သွင်းမှုတန်ချိန် ၇ သိန်းဝန်းကျင်တိုးတက်နိုင်တယ်လို့ အိန္ဒိယအခြေစိုက် စားဆီတင်သွင်းတဲ့ Dipak Enterprise ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Govindlal G- Patelမှ ပြောကြားပါတယ်။         မလေးရှား FOB ဈေးအနေနဲ့ စားအုန်းဆီခဲ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်လအတွက် ဈေးနှုန်းဟာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ ဖြစ်ပြီး၊ ဧပြီ၊ မေ၊ဇွန်လအတွက် စာခုျပ်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝ၂ ဒသမ ၅ဝ ဈေးဖြစ်တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးမှာတစ်တန်ကို ရူပီး ၂၇၄ဝ (ကန်ဒေါ်လာ ၈၂ဝ) ဈေးဖြစ်တယ်လို့ သိရပါတယ်။ယုဇန Sources: palmoil / hq .com

Tuesday, 28 Sep 2010

 မုန့်စားပွဲတော်ကာလ ဖြစ်လို့ မူဆယ်ဘက်မှ နှမ်းဝယ်အားကောင်း     စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ နှမ်းရောင်စုံ  ၁၇၄၂ဒသမ၅၁ဝတန်၊ တန်ဖိုးအားဖြင့်  ကန်ဒေါ်လာ  ၂ဒသမ၃၁၄သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။   နှမ်းအမျိုးအစားအလိုက် တင်ပို့နိုင်မှုများကတော့ နှမ်းဖြူ ၅၆၈ တန်၊ နှမ်းအခွံချွတ် ၁၇၅ တန်နဲ့ နှမ်းနက် ၉၉၉ ဒသမ ၅၁ တန် ဖြစ်ပါတယ်။ တစ်ဘက်နိုင်ငံရဲ့မုန့်စားပွဲတော်ကာလဖြစ်တဲ့အတွက် နှမ်းသုံးစွဲမှု ပိုမိုခဲ့၍ ယခုအပတ်မှာ ယခင်အပတ်ကထက် နှမ်းတန် ၅ဝဝ ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နဲ့ တစ်ဘက်နိုင်ငံရှိ နှမ်းပါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ်။                     မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု         ယခင်          ပြောင်းလဲမှု     %            ယခု       ယခင်        ပြောင်းလဲမှု        %နှမ်းဖြူ    ၁၁၁၄၄ဝ၈   ၁၁၂၇၂၈၆      ၁၂၈၇၈      ၁ .၁၅        ၉၂ဝဝ     ၉၈ဝဝ             ၆ဝဝ           ၆ .၅နှမ်းနက် ၁၂၉၅၅၅၄    ၁၂၇၃၄၄၂    ၂၂၁၁၂         ၁ .၇         ၁၄၃ဝ     ၁၆၈၃             ၂၅၃           ၁၈MIRT (DOBT)

Wednesday, 22 Sep 2010

 အထွက်မြင့်တက်ခြင်းနဲ့ သြဂုတ်လ လက်ကျန်များခြင်းကြောင့်မလေးရှား စားအုန်းဆီကြမ်း ဈေးကျဆင်း         စားအုန်းဆီလက်ကျန် သိသိသာသာမြင့်တက်ခြင်းနဲ့ နောက်လများမှာ ပြည်ပတင်ပို့မှု လျော့ကျမယ့်အခြေအနေ တွေကြောင့် စက်တင်ဘာလ၁၅ ရက်နေ့ မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုပွိုင့် ဈေးကျဆင်းခဲ့ပါတယ်။ ဘာဆာမလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းကြိုရောင်း နိုဝင်ဘာလ စာခုျပ်အခြေခံ ဈေးဟာတစ်တန်ကို ရင်းဂစ် ၂၈ လျော့ကျပြီး ရင်းဂစ် ၂၆၁၅ (ကန်ဒေါ်လာ ၈၃၉) ဖြစ်ခဲ့လို့စက်တင်ဘာလ ၃ ရက်နေ့မှာ အနိမ့်ဆုံးကို ကျဆင်းခဲ့တဲ့ ရင်းဂစ် ၂၆ဝ၅ (ကန်ဒေါ်လာ ၈၃၆) နီးပါးဖြစ်လာတယ်လို့ သိရပါတယ်။     အစိုးရစာရင်းများအရ လက်ကျန်များခြင်းနဲ့ ပြည်ပတင်ပို့မှု လျော့ကျမယ့်အခြေအနေများကြောင့် လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း တစ်တန်ကိုရင်းဂစ် ၂၅၉ဝ (ကန်ဒေါ်လာ ၈၃၁) ထိ ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ သြဂုတ်လကုန် စားအုန်းဆီကြမ်း သိုလှောင်လက်ကျန်ဟာ တန်ချိန် ၁ ဒသမ ၇၂သန်းထိမြင့်တက်ခဲ့လို့ ဇူလိုင်လ လက်ကျန် တန်ချိန် ၁ ဒသမ ၄၁ သန်းထက် ပိုမိုလာတယ်လို့ မလေးရှား စားအုန်းဆီအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။ အထွက်နှုန်း မြင့်တက်နေခြင်းနဲ့ သြဂုတ်လ သိုလှောင်လက်ကျန် များခြင်း တို့ကြောင့် မကြာမီလက်ကျန်ဟာ တန်ချိန် ၂ သန်းအထိ မြင့်တက်နိုင်တယ်လို့ ကွာလာလမ်ပူ အခြေစိုက် ပွဲစားတစ်ဦးက ခန့်မှန်းထားပါတယ်။ သြဂုတ်လ စားအုန်းဆီ ထွက်ရှိမှု က ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၆၁ သန်းရှိခဲ့ကာတင်ပို့မှုအနေနဲ့ ၁၈ ရာခိုင်နှုန်း ကျဆင်းကာ တန်ချိန် ၁ ဒသမ ၂၁ သန်းသာရှိတယ်လို့ ဆိုပါတယ်။               အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှာ စားအုန်းဆီဟာ ပုံမှန်အားဖြင့် ဒုတိယနှစ်ဝက်အတွင်း အထွက်နှုန်း ပိုမြင့်တက် လေ့ရှိလို့ ယခုလနဲ့ နောက်လမှာ အထွက်ပိုမိုမြင့်တက်ဖွယ်ရှိပေမဲ့ ဝယ်လိုအားက တိုးတက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဇန်နဝါရီ၊ဖေဖော်ဝါရီနဲ့ မတ်လပို့ရမယ့် စားအုန်းဆီခဲ ဈေးနှုန်းဟာ မလေးရှား FOB တစ်တန်ကို ကန်ဒေါ်လာ ၁ဝ လျော့ကျ ပြီး ကန်ဒေါ်လာ ၈၇ဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးနှုန်းဟာ ရင်းဂစ်၅ဝ (ကန်ဒေါ်လာ ၁၆) လျော့ကျကာရင်းဂစ် ၂၇၅ဝ ( ကန်ဒေါ်လာ ၈၈၂)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                       ယုဇနSources: palmoil hq. com

Wednesday, 22 Sep 2010

 ဒေါ်လာတန်ဖိုးကျဆင်းလို့ တရုတ်နိုင်ငံရဲ့စားဆီဝယ်လိုအားမြင့်တက်မဲ့အလားအလာကြောင့် ပဲပုပ်ဈေးမြင့်တက်      ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကကုန်စည် ဝယ်လိုအားကို မြင့်တက်စေတာကြောင့် ကမ္ဘာ့အကြီးဆုံးပဲပုပ် သုံးစွဲတဲ့ တရုတ်နိုင်ငံက ပဲပုပ်ပိုမိုဝယ်ယူမယ့်ခန့်မှန်းချက်များအရ ပဲပုပ်ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က ချီကာကိုမှာနိုဝင်ဘာလပို့ရမယ့် ပဲပုပ်ကြိုပွိုင့်ဈေးဟာဝ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်ဘှူရှယ်ကို ကန်ဒေါ်လာ ၁ဝ ဒသမ၃၄၅ (တစ်တန်ကိုကန်ဒေါ်လာ ၃၈၃)ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က ယခုနှစ် အမေရိကန်ပဲပုပ်အထွက် စံချိန်တင်မြင့်တက်မယ့် ခန့်မှန်းချက်ကြောင့် ပဲပုပ်ဈေး ဝဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့တယ် ်လို့သိရပါတယ်။ ရုရှားက ကောက်ပဲသီးနံှတင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် စက်တင်ဘာ လ ၈ ရက်နေ့မှာ ပဲပုပ်တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁ဝဒသမ၅၇ (တစ်တန်ကိုကန်ဒေါ်လာ၃၉၁) ဈေးထိရှိခဲ့လို့ ဇန်နဝါရီ၇ ရက်နေ့နောက်ပိုင်းအမြင့်ဆုံးဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ စက်တင်ဘာလမှာ ပဲပုပ်တန်ချိန် ၄ ဒသမ ၇၃ သန်းခန့်တင်သွင်းဖွယ်ရှိလို့ ၂ဝ၁ဝ ခုနှစ် ပထမ၈ လအတွက် ပျမ်းမျှတင်သွင်းမှုပမာဏထက် မြင့်တက်မယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ အတွင်း မုန်ညှင်းစေ့၊ ပဲပုပ်ဆီနဲ့ ပဲပုပ်ဖတ်တင်သွင်းမှုကိုလည်း တန်ချိန်၁၁၅၄ဝဝ၊ ၂၇၃၆ဝဝ နဲ့ တန် ၆ဝဝဝအသီးသီးရှိမယ်လို့ ဆိုပါတယ်။အကောက်ခွန်ဌာန စာရင်းအရသြဂုတ်လအတွင်း ပဲပုပ်တန်ချိန် ၄ဒသမ ၇၇ သန်း တင်သွင်းခဲ့တယ်လို့သိရပါတယ်။ယမင်းခင်၊ှ  Source: riceonline

Wednesday, 22 Sep 2010

 နယ်စပ်အပို့ ပုံမှန်     စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ပဲပုပ်စေ့၁၄၃ ဒသမ ၅ တန်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၁ရက်မှ ၇ ရက်ထိကာလအတွင်း ပဲပုပ်စေ့ ၁ဝ၈ တန် တင်ပို့ခဲ့တဲ့အတွက်ယခုအပတ်မှာ ၃၅ ဒသမ ၅ တန်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ မန္တလေးတိုင်းဒေသကြီးထွက် ပဲပုပ်စေ့များဖြစ်ပြီးမိမိဘက်ပေါက်ဈေးမှာ ၅၂၃၈၄၅ ကျပ်ဖြစ်ပြီး တစ်ဘက်နိုင်ငံဈေးမှာ ဒေါ်လာ၅၉ဝ ရှိတယ်လို့ သိရပါတယ်။ MIRT (DOBT)

Wednesday, 22 Sep 2010

 ပြည်ဈေးကွက်တွင် မိုးမြေပဲလှိုင်ချိန် ဆီဈေးငြိမ်    ပြည်ဈေးကွက်သို့ မိုးမြေပဲများ တိုင်းအတွင်းမြို့နယ်များနဲ့ မင်းတုန်း၊ကံမဘက်မှ တစ်နေ့ကို အိတ် ၂ဝဝဝ-၂၅ဝဝ ခန့်ဝင်ရောက် လာတာတွေ့ရပါတယ်။ ဈေးကွက်မှာ မိုးမြေပဲများလှိုင်ချိန်နဲ့ ဆီဈေးငြိမ်နေချိန်မှာ သီးနံှဈေးအနည်းငယ်ကျဆင်းလာ တာတွေ့ရပါတယ်။ ဆီစက်များမှလည်း ဝင်သလောက် အဝယ်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို စက်တင်ဘာ ဒုတိယပတ်က ၁၄၇၅ကျပ်ရှိသော်လည်း စက်တင်ဘာ တတိယပတ်တွင် ၁၃၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို စက်တင်ဘာ ဒုတိယပတ်မှာ ၁၆ဝဝကျပ်ထိဖြစ်နေသော်လည်း စက်တင်ဘာတတိယပတ်မှာ ၁၅၇၅ကျပ်အထိ ဈေးအနည်းငယ် ကျသွားပါတယ်။ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၂၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။မြေပဲဆီ တစ်ပိဿာကိုတော့ ၄ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ဝေဝေမင်း

Wednesday, 22 Sep 2010

 နှမ်းသစ်ပေါ်လို့ နှမ်းနဲ့နှမ်းဆီဈေးကျ     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးနှမ်းအသစ်များလှိုင်လှိုင်ပေါ်ထွက်ပြီးမုံရွာဈေးကွက်အတွင်း ဝင်ရောက် လာပြီဖြစ်လို့ နှမ်းဈေးအနည်းငယ်အေးလာတယ်လို့ သိရပါတယ်။ ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်၊ ကလေး၊ တမူးမြို့နယ်များမှ နှမ်းသစ်များမုံရွာမြို့သို့ နေ့စဉ်ပျမ်းမျှတင်း ၅ဝဝ ခန့်ဝင်ရောက်လာ ပါတယ်။ ၂ဝဝ၉ ခုနှစ်သြဂုတ်လမှာ နှမ်းတစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ နှမ်းညို ၁၃၃၃ ကျပ်-၁၅၆၇ကျပ်၊ နှမ်းနီ ၁၄၆၇ ကျပ် -၁၅၁၃ ကျပ်၊ နှမ်းဝါ ၁၄ဝဝ ကျပ်-၁၅၆၇ ကျပ်၊ နှမ်းဖြူ၁၆၃၃ ကျပ်-၁၈၆၇ ကျပ်၊ ယခု ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက်အတွင်းနှမ်းညို ၁၂၃၃ ကျပ်-၁၃၃၃ ကျပ်၊ နှမ်းနီ ၁၄၁၃ ကျပ်-၁၄၃၃ ကျပ်၊ နှမ်းဝါ ၁၃၆၇ ကျပ် -၁၄ဝဝ ကျပ်၊ နှမ်းဖြူ ၁၆ဝဝ ကျပ်-၁၇ဝဝ ကျပ်ဈေးအသီးသီးနဲ့အရောင်းအဝယ်ပြုလုပ်ခဲ့ကြပါတယ်။ ယခုလမှာ ဈေးအနည်းငယ် ကျသွားသော်လည်း အရောင်းအဝယ်သွက်လျက်ရှိပြီး မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှတင်း၁၈ဝဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ယခုလ စက်တင်ဘာလ ပထမပတ်နဲ့ဒုတိယပတ် အတွင်းမုံရွာမှ မန္တလေးသို့ တင်း ၁၈ဝဝ ကျော်စီးထွက်ခဲ့ပါတယ်။နှမ်းဆီ ဈေးနှုန်း အနေနဲ့ မုံရွာမြို့မှာ သြဂုတ်လက တစ်ပိဿာ လက်ကားဈေးနှုန်း၂၆၅ဝ ကျပ်-၂၇ဝဝ ကျပ်မှ ယခုစက်တင်ဘာလမှာ ၂၄ဝဝ ကျပ်-၂၆ဝဝ ကျပ်သို့ကျသွားကြောင်း သိရပါတယ်။သန်းသန်းတင်

Pages