Main menu

Background

Tuesday, 5 Oct 2010

ယခုလ တရုတ်ပဲပုပ်တင်သွင်းမှုတန်ချိန် ၄ ဒသမ ၉၁သန်းရှိလာနိုင်     ယခုလအတွင်း တရုတ် နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှုဟာ ယခင်နှစ် ထက် ၇၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၄ ဒသမ ၉၁ သန်းထိ ရှိလာ နိုင်တယ်လို့ တရုတ်စီးပွားကူးသန်း ဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ယင်း ပမာဏဟာ သြဂုတ်လတင်သွင်း ခဲ့တဲ့ တန်ချိန် ၄ ဒသမ ၇၇ သန်းထက် ၂ ဒသမ ၉၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ လစဉ် ပဲပုပ် တင်သွင်းမှုအနေနဲ့ ယခုနှစ် ဇွန်လမှာ တန်ချိန် ၆ ဒမသ ၂ သန်းကို စံချိန် တင်ခဲ့ ပါတယ်။ ယခုနှစ် ပထမ ၈ လ အတွင်း စုစုပေါင်း ပဲပုပ်တန်ချိန် ၃၅ ဒသမ ၅၃ သန်း ရှိပြီဖြစ်လို့ ၂ဝဝ၉ ခုနှစ်ကာလတူ တင်သွင်းမှုထက် ၂ဝ ရာခိုင်နှုန်းပိုမိုတယ်လို့ အကောက်ခွန် ဌာန(GAC) မှ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ တရုတ်နိုင်ငံ က ၂ဝဝ၉ ခုနှစ်မှာတန်ချိန် ၄၂ ဒသမ ၅၅ သန်း တင်သွင်းခဲ့ပြီး ယခုနှစ်မှာ တန်ချိန် ၅၁ သန်းကျော်ထိ ၂ဝ ရာခိုင် နှုန်းပိုမိုတင်သွင်းလိမ့်မယ်လို့ အကောက် ခွန်ဌာနမှ ခန့်မှန်းထားကြောင်း သိရပါ တယ်။ယမင်းခင်၊ှSources: china knowledge

Tuesday, 5 Oct 2010

ပြည်မြေပဲဆံဈေးငြိမ် ဆီဈေးကျ      ပြည်ဈေးကွက်သို့ မိုးမြေပဲများကို အောင်လံ၊ ဒုရင်္ဂဗို၊ ပြလို့နဲ့ ပေါင်း တလည်၊ ပေါက်ခေါင်းနဲ့ ပြည်ဒေသတွင်း ရွာများမှ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ မြေပဲဆံဈေးမှာ ဆီဆံတစ်ပိဿာကို ၁၅ဝဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၇ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်တွင် ဈေးလှုပ်ရာမှ ဈေးငြိမ်နေတာတွေ့ရပါတယ်။ မြေပဲဆံကြိတ် ဆီစက်များမှ အဝယ်ရှိသလို မန္တလေး သို့ အိတ် ၇ဝဝ နဲ့ ရန်ကုန်ကို အိတ် ၁ဝဝဝ ခန့်ကို စက်တင်ဘာလအတွင်း တင်ပို့ နိုင်ခဲ့ပါတယ်။ ပြည်ဈေးကွက်တွင် တစ်နေ့ကို မြေပဲဆံအိတ် ၃ဝဝဝ ခန့် အရောင်း အဝယ်ဖြစ်တာတွေ့ရပါတယ်။ ဆီဈေးမှာလည်း တစ်ပိဿာကို ၃၅ဝဝ ကျပ်ဈေးဖြင့် ယခင်တစ်ပတ်ထက် ဈေးကျသွားတာကို တွေ့ရပါတယ်။ ဈေးကျပေမဲ့လည်း အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ဝေဝေမင်း

Tuesday, 5 Oct 2010

 ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တဲ့ ပြည်မိုးနှမ်း        ပြည်နှမ်းဈေးကွက်မှာ အရောင်းအဝယ်ဖြစ်ပေမဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ နှမ်းနက်ထိပ်စ ၄၅ ပိဿာ တစ်အိတ်ကို ၁ဝ၅ဝဝဝ ကျပ်၊ အလတ်စ ၉ဝဝဝဝ ကျပ်နဲ့ အောက်စ ၇၅ဝဝဝ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။ အိတ်စပို့ ဝယ်လက်များမှ အဝယ်ရှိနေလို့ စက်တင်ဘာလ အတွက် ရန်ကုန်သို့ ၆၅ဝဝ အိတ်နဲ့ မန္တလေးသို့ ၁၂ဝဝ အိတ် တင်ပို့နိုင်ပါတယ်။ နှမ်းနီမှာလည်း အိတ်စပို့အဝယ်မရှိပေမဲ့ ဆီစက် သမားများမှ အဝယ်ရှိနေလို့ ၄၅ ပိဿာ တစ်အိတ်ကို ၆၅ဝဝဝ ကျပ်နဲ့ ယခင်အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းများကို အောင်လံနဲ့ ပြည်မြို့ပတ်ဝန်းကျင်ရွာများမှ တစ်နေ့ကို အိတ် ၃ဝဝဝ ခန့် ပုံမှန်ဝင်ရောက်လာတာတွေ့ရပါတယ်။ ဝင်ရောက် လာသလောက် အရောင်းအဝယ်ဖြစ်နေတာ တွေ့ရ ပါတယ်။ နှမ်းဆီ တစ်ပိဿာ ၂၈ဝဝ ကျပ်- ၂၉ဝဝ ကျပ်ဖြင့် ဈေးငြိမ်ပြီး အရောင်းအဝယ် ဖြစ်နေတာ တွေ့ရပါတယ်။ဝေဝေမင်း 

Tuesday, 5 Oct 2010

တရုတ်ဈေးကွက်သို့ မန်းဈေးကွက်က နှမ်းတင်ပို့မှု ပိုလာ     မန္တလေးဈေးကွက်မှ တရုတ်ဈေးကွက်ကို နှမ်းတင်ပို့မှုဟာ သြဂုတ်လ ထက် ယခုစက်တင်ဘာလအတွင်းမှာ ၂ဆကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ စက်တင် ဘာလအတွင်းမှာ နှမ်းဖြူ တန် ၅ဝဝဝ ကျော်နဲ့ နှမ်းနက် တန် ၄ဝဝဝ ခန့် တင်ပို့မှုရှိခဲ့ပြီး၊ သြဂုတ်လက နှမ်းဖြူတန် ၂၇ဝဝ ခန့်နဲ့ နှမ်းနက် ၁၇ဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ လတ်တလောဈေးကွက်မှာ နှမ်းသစ်ပေါ်နေပေမဲ့ လှိုင်လှိုင်မဝင် သေးဘူးလို့ သိရပါတယ်။ စက်တင်ဘာလအတွင်း မှာ နှမ်းတစ်ပိဿာ အနိမ့်အမြင့် ဈေးများကတော့ နှမ်းဖြူ ၁၉၅၆ ကျပ်၊ ၁၅၅၆ ကျပ်၊ နှမ်းနက် ၂၄၆၇ ကျပ်၊ ၁၇၁၁ ကျပ်၊ နှမ်းညို ၁၅၃၃ ကျပ်၊ ၁၂၆၇ ကျပ်ဈေးနှုန်းများနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                          သက်သက်နိုင်

Tuesday, 5 Oct 2010

နှမ်းအဆွဲကောင်းဆဲ       စက်တင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ နှမ်းဖြူ ၁၄ဝ၅ တန်၊ နှမ်းဖြူ အခွံချွတ် ၁၅၅ တန်၊ နှမ်းနက် ၁၂၈၅ တန်ကျော်တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၃ ဒသမ ၇၅၇ သန်းဖိုးနဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ ၆၈ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်းဖိုးတင်ပို့ နိုင် ခဲ့ပါတယ်။ ယခုအပတ်မှာ တရုတ်နယ်စပ်မှ နှမ်းရောင်စုံ ၂၉၁၄ တန်နီးပါး တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၇ သန်းဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၇၄၂ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ၁၁၇၂ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းမြေပြင် ပေါက်ဈေးများကို ဖော်ပြပေး လိုက်ပါတယ်                      မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)              ယခု         ယခင်        ပြောင်းလဲမှု     %      ယခု      ယခင်      ပြောင်းလဲမှု       %နှမ်းဖြူ     ၁၁၆ဝဝ၉၁   ၁၁၁၄၄ဝ၈   ၄၅၆၈၃          ၄     ၁၂၂၅    ၁၃၇၁       ၁၄၆               ၁၂နှမ်းနက ် ၁၃ဝ၆၂၅ဝ  ၁၂၉၅၅၅၄     ၁ဝ၆၉၆         ၁     ၁၃၇၅    ၁၄၃ဝ         ၅၅                 ၄MIRT (DOBT)

Tuesday, 5 Oct 2010

သီတင်း ၅ ပတ် အတွင်း အများဆုံးကျဆင်းပြီးနောက် မလေးရှား စားအုန်းဆီ ဈေးပြန်တက်လာ    အမေရိကန် သိုလှောင်ပဲပုပ်များကို ဆီထုတ်လုပ်လာမှုကြောင့် သီတင်း ၅ ပတ်အတွင်း စားအုန်းဆီဈေး အများဆုံးကျဆင်းခဲ့ ရာမှ ပြန်လည်မြင့်တက်လာခဲ့ တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဒီဇင်ဘာ ပို့ရမယ့် စားအုန်းဆီ ဈေးဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၇၆ ဈေး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်က ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ သြဂုတ်လ ၂၄ ရက်နောက်ပိုင်း အများဆုံး ကျဆင်းခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။       ချီကာကိုမှာ ပဲပုပ်ဈေးနှုန်းကလည်း ၃ ရက်အတွင်း ပထမအကြိမ်အနေနဲ့ ဝ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ဝ၄၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၄ဝ၈) ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ အမေရိကန် ပဲပုပ်အရန် သိုလှောင်မှုဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ဘူရှယ်ပေါင်း ၁၅၁ သန်း (တန်ချိန်၄ ဒသမ ဝ၈သန်း) ရှိလို့ ယခင်နှစ်ကာလ တူပမာဏ ဘူရှယ် ၁၃၈ သန်း (တန်ချိန် ၃ ဒသမ ၇၃ သန်း) ထက် ပိုမိုတယ်လို့ လေ့လာဆန်းစစ်သူများရဲ့ စစ်တမ်းအရ သိရပါတယ်။       ယခု ၃ လအတွင်း ပွဲတော်မတိုင်မီ ဝယ်လိုအားကောင်းခဲ့တာကြောင့် စားအုန်းဆီဈေး ၁၅ ရာခိုင်နှုန်း ခန့်မြင့်တက်ခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရိတ်သိမ်းမှုကို ထိခိုက်ခဲ့တဲ့အတွက် ဇူလိုင်လအထိ ၇ လ အတွင်း လက်ကျန်ကျဆင်း ခဲ့ပါတယ်။ ဒါပေမဲ့ သြဂုတ်လမှာတော့ မလေးရှားစားအုန်းဆီ အရန်သိုလှောင်မှုဟာ ဇူလိုင်လထက် ၂၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၇၂ သန်းရှိတယ်လို့စက်တင်ဘာလ ၁၅ ရက်မှ စားအုန်းဆီအဖွဲ့က ပြောကြားပါတယ်။     CME Group မှာ ဒီဇင်ဘာစားအုန်းဆီ မလေးရှားအခြေခံဈေးနှုန်းဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၈၈၁ ဒသမ ၅ဝ ရှိပြီး တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ မေလပို့ရမယ့် စားအုန်းဆီ ဈေးဟာ ဝ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၅ဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊ Sources: bloomberg ,net

Tuesday, 28 Sep 2010

ဒေါ်လာတန်ဖိုးကျပြီး ပဲပုပ်ဝယ်လိုအား ကောင်းတာကြောင့်ကြိုပွိင့်ဈေးမြင့်တက်      ပဲပုပ်ထုတ်လုပ်မှုနဲ့ တင်ပို့မှုအများဆုံးဖြစ်တဲ့ အမေရိကန်ပဲပုပ်ကို ဝယ်လိုအားကောင်းနေတဲ့ လက္ခဏာကြောင့် ပဲပုပ်နဲ့ပြောင်း ကြိုပွိင့်ဈေးနှုန်း ဟာ ၃ ကြိမ်ဆက်တိုက်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကိုအမေရိကန်ပဲပုပ်တန်ချိန် ၂၂၆ဝဝဝ  တင်ပို့ ရောင်းချခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက် ရောင်းချမှု အပါအဝင် ယခုတစ်ပတ် အတွင်း တန်ချိန်     စုစုပေါင်း ၆၂၁ဝဝဝတင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်အမေရိကန်ဒေါ်လာ တန်ဖိုး က အခြားအဓိကငွေကြေး ၆ မျိုးနဲ့ နှိုင်း ယှဉ်ရင် ၆ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခြင်းက ပြည်ပဝယ်လက် များ အနေနဲ့ အမေရိကန်သီးနံှများကို ပိုမိုဝယ်ယူစေခဲ့ပါတယ်။      ချီကာကိုမှာ နိုဝင်ဘာလပို့ရမယ့် ပဲပုပ်ကြိုပွိင့်ဈေးဟာ ဝ ဒသမ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဘူရှယ်ကိုကန်ဒေါ်လာ ၁ဝဒသမ၈၆၅ (တစ်တန်ကန် ဒေါ်လာ ၄ဝ၂) ဈေးဖြစ်ခဲ့ပြီး ဒီဇင်ဘာလပို့ရမယ့် ပြောင်းကြိုပွိင့်ဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ကာ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၅ ဒသမ ဝ၇၅ (တစ်တန်ကို ကန်ဒေါ်လာ၂ဝ၃) ဈေး ဖြစ်ခဲ့ပါတယ်။                                                                                                          ယမင်းခင်၊                                                                                                     Sources:L bloomberg ,net

Tuesday, 28 Sep 2010

 နယ်စပ်ပဲပုပ်အတင် စက်တင်ဘာမှာတိုးတက်      မြန်မာ တရုတ်နယ်စပ်ရှိ မူဆယ်၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့်တစ်ဖက်နိုင်ငံသို့ ပဲပုပ်စေ့ ၁၂၄ ဒသမ ၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၇၉ သန်းဖိုး တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်အပတ်က ၁၄၃ ဒသမ ၅ တန် တင်ပို့ခဲ့ပါတယ်။ ဧပြီလမှ သြဂုတ်လ အထိ ကာလအတွင်း ဇွန်လမှာ ၃၆ တန်နဲ့ ဇူလိုင်လမှာ ၂ တန် စုစုပေါင်း ၃၈ တန်သာ နယ်စပ်မှ တင်ပို့နိုင်ခဲ့တဲ့ အတွက် စက်တင်ဘာလအတွင်းမှာ တင်ပို့မှု အရှိန် ရလာတယ် လို့ သိရပါတယ်။ ယခုအပတ်မှာ ယခင် အပတ်ကထက် မိမိဘက်မှာ ပဲပုပ်စေ့ဈေး အနည်းငယ် လျော့ကျခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှု မရှိဘူးလို့လည်း သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ ပေါက်ဈေး များကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်။    ပဲပုပ်         မိမိဘက် (ကျပ်/တန်)   ယခု        ယခင်     ပြောင်းလဲမှု    % ၅၂ဝ၄၃၉  ၅၂၃၈၄၅   ၃၄ဝ၆       ဝ .၆၅  ပဲပုပ်         တစ်ဘက်နိုင်ငံ (ယွမ်/တန်)  ယခု          ယခင်       ပြောင်းလဲမှု    % ၄ဝဝဝ          ၄ဝဝဝ                        -MIRT(DOBT)

Tuesday, 28 Sep 2010

 ပြည်မြေပဲဆံဈေး ခပ်လှုပ်လှုပ်    ပြည်ဈေးကွက်ရဲ့ မိုးမြေပဲဈေးမှာ ခပ်လှုပ်လှုပ်ဖြစ်လာပါတယ်။ ဆီဆံတစ်ပိဿာလျှင် စက်တင်ဘာ နောက်ဆုံးပတ်က ၁၅၂၅ ကျပ်၊ လုံးဆံ တစ် ပိဿာလျှင် ၁၇ဝဝကျပ်    ဈေးဖြင့်၊ ယခင်အပတ်ထက်စာလျှင် ဈေးအနည်းငယ် လှုပ်ရှားလာတာ တွေ့ရပါတယ်။ အခြားတိုင်းဒေသကြီးများက အောင်လံ၊ ကံမ၊ မင်းတုန်း နဲ့ တိုင်းအတွင်း ပေါက်ခေါင်း၊ ရွှေတောင်နဲ့ ပြည်ဒေသတွင်းရွာများမှ တစ်နေ့လျှင် အိတ် ၂ဝဝဝ-၃ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ စက်တင်ဘာလအတွင်း ပြည်ဈေးကွက်မှ မြေပဲဆံအိတ် ၅ဝဝ ခန့်ကိုမန္တလေးတိုင်းဒေသကြီး၊ကွဲျဆည်ကန်သို့ တင်ပို့နိုင် တာတွေ့ရပါတယ်။ တစ်နေ့လျှင် မြေပဲဆံအိတ် ၃၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ဆီဈေးကလည်း တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်အတိုင်းဈေးငြိမ်နေတာ တွေ့ရပါတယ်။     ဝေဝေမင်း

Tuesday, 28 Sep 2010

အိတ်စပို့ ဝယ်လက်နဲ့ အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်နှမ်းနက်     ပြည်ဈေးကွက်တွင် နှမ်းနက်ကို ရန်ကုန်၊ မန္တလေးဝယ်လက်များမှ အဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ စက်တင်ဘာလဆန်းမှ ယခုတစ်ပတ်ထိရန်ကုန်သို့ ၆၁ဝဝ အိတ်နဲ့ မန္တလေးသို့ အိတ် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။ အောင်လံ၊မင်းတုန်းနဲ့ ကံမဘက်မှ တစ်နေ့လျှင်အိတ် ၂ဝဝဝ-၃ဝဝဝ ခန့် ရေလမ်း၊ ကုန်းလမ်းဖြင့် ဝင်ရောက်လာပါတယ်။ နှမ်းနက် ၄၅ ပိဿာတစ်အိတ်လျှင် ၇၇၅ဝဝ ကျပ်ဖြင့်အိတ်စပို့သမားများ အဝယ်ရှိပေမဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ်လျှင် ၆၅ဝဝဝ ကျပ်ဖြင့် ဆီစက်သမားများမှ အဝယ်ရှိပါတယ်။ ပြည်ဈေးကွက်မှာ တစ်နေ့ကို နှမ်းအိတ် ၃ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။နှမ်းဆီ တစ်ပိဿာလျှင် ၂ဝဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။                                            ဝေဝေမင်း

Pages