Background
ပြည်ကုန်စည်ဒိုင်ရဲ့ ယခင်နှစ်နဲ့ ယခုနှစ် ဆီထွက်သီးနှံဈေးနှုန်း နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခင်နှစ် ဇန်နဝါရီ ဒုတိယပတ်မှာ နှမ်းနက်တစ်တင်းကို ၂၃၃၀၀ ကျပ်၊ နှမ်းနီတစ်တင်းကို ၁၉၇၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှာ နှမ်းနက် တစ်တင်းကို ၃၆၆၀၀ ကျပ်၊ နှမ်းနီ တစ်တင်းကို ၃၁၀၀၀ ကျပ်ဈေးဖြစ်တာကြောင့် ယခင်နှစ် ထက်စာရင် ယခုနှစ်ဈေးပိုလာတာတွေ့ရပါတယ်။ ဆောင်းနှမ်း စိုက် ဧကမှာလည်း ယခင်နှစ်မှာ ၂၁၆၁၅ ဧက စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ်မှာ ၃၉၅၀၁ ဧက စိုက်ပျိုးသဖြင့် မနှစ်ကထက် ပိုမိုစိုက်ပျိုးလာတာ တွေ့ရပါတယ်။
မုံရွာကုန်စည်ဒိုင် ဇန်နဝါရီ တတိယပတ် ဆီထွက်သီးနှံဈေးကွက် ဟာ နယ်ပစ္စည်းအဝင် လျော့လာ တာနဲ့အမျှ ဝယ်လက်ဖွင့် ဈေးအသီး သီးနဲ့ ဆက်လက်ပြီး တက်ဈေးဖြစ် ပေါ်နေတာ တွေ့ရပါတယ်။ နှမ်းဖြူ ဈေးကွက်အနေနဲ့ တရုတ်ဝယ်လက် တွေ ပစ္စည်းအရည်အသွေးပေါ် မူ တည်ကာ အဖြူသန့် တစ်တင်း၊ ထိပ်စ ၃၈၀၀၀ ကျပ်ထိ ဈေးဖွင့် ဝယ်ယူခဲ့ပြီး၊ အနိမ့်ဆုံးတစ်တင်း ၃၆၀၀၀ ကျပ်ထိ ဈေးရခဲ့တာတွေ့ရ ပါတယ်။ တစ်ပတ်အတွင်း အရောင်း အဝယ် အားဖြင့် အိတ် ၂၅၀၀ ခန့်ရှိ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ တရုတ်ဝယ်လက်ရှိ တဲ့ နှမ်းနက်က တော့ ဈေးကွက်ထဲ အဝင်လျော့ခဲ့ ကာ တစ်တင်း ၃၈၀၀၀ ကျပ်ဈေးနဲ့ တရက်ပျမ်းမျှအိတ် ၂၀၀ ခန့် ပုံမှန် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။
ယခုသီတင်းပတ်မှာတော့ ဂျပန်နိုင်ငံကို နှမ်း ၄၁၁ တန်၊ ကိုရီးယားနိုင်ငံကို ၁၉၇ တန်၊စင်ကာပူနိုင်ငံကို ၁၇၈ ဒသမ ၅၂ တန်၊ ထိုင်းနိုင်ငံကို ၅၇ တန်၊ ဗီယက် နမ်နိုင်ငံကို ၃၃ ဒသမ ၅ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် တင်ပို့မှုထက် တန်ချိန် တစ်ရာ့တစ်ဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ် ရေကြောင်းလမ်းမှ ဒီဇင်ဘာလအတွင်း နှမ်းတင်ပို့မှုက တန်ချိန် ငါးထောင့်နှစ်ရာ ကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှု စုစုပေါင်း တန်ချိန်က နှစ်သောင်းကိုးထောင်ကျော်ရှိခဲ့ပြီး ရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းအား ၅၂ ဒသမ ၃ သန်းကျော်ပြီဖြစ်ကြောင်း သိရပါတယ်။ MIRT - DOT
ပဲ၊ပြောင်း၊ နှမ်းမျိုးစုံကို မန္တလေး မြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေး ကုန်စည်ဒိုင်)မှာ အရောင်းအဝယ် ပြု လုပ်ရာမှာ ၃ တင်းအိတ်နဲ့ အရောင်း အဝယ်ပြုလုပ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ နှမ်းဖြူ တစ်ပိဿာ ၂၁၇၈ ကျပ်မှ ၂၂၂၂ ကျပ်နဲ့ ၁၀၀၀ မှ ၁၄၀၀ အိတ်၊ နှမ်း ညိုတစ်ပိဿာ ၁၉၇၀ ကျပ်မှ ၂၀၀၀ ကျပ်နဲ့ ၁၀၀၀ အိတ်မှ ၁၅၀၀ အိတ်၊ နှမ်းနက် တစ်ပိဿာ ၂၄၄၄ ကျပ်မှ ၂၅၁၁ ကျပ်နဲ့ ၈၀၀ အိတ်မှ ၁၂၀၀ အိတ်၊ နှမ်းနက် (စမုံ)တစ်ပိဿာ ၂၇၃၃ ကျပ်မှ ၂၇၇၈ ကျပ်နဲ့ ၇၀၀ အိတ်မှ ၁၀၀၀ အိတ်နေ့စဉ်အရောင်း အဝယ်ဖြစ်ရာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်း နက်၊ နှမ်းနက်(စမုံ) နေ့စဉ်ပျမ်းမျှ ၄၃၀၀ အိတ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်မှာ နှမ်းဖြူ ၂၂၀၀ ကျပ်မှ ၂၃၃၃ ကျပ်နဲ့ ၈၀၀ အိတ်မှ ၁၂၀၀ အိတ်၊ နှမ်းညို တစ်ပိဿာ ၂၀၀၀ ကျပ်မှ ၂၀၄၄ ကျပ်နဲ့ ၁၀၀၀ မှ ၁၅၀၀ အိတ်၊ နှမ်းနက် တစ်ပိဿာ ၂၄၄၄ ကျပ်မှ ၂၆၂၂ ကျပ်နဲ့ ၁၀၀၀ မှ ၁၂၀၀ အိတ်၊ နှမ်းနက် (စမုံ) တစ်ပိဿာ ၂၈၂၂ ကျပ်မှ ၂၉၅၆ ကျပ်နဲ့ ၈၀၀ မှ ၁၀၀၀ အိတ်အရောင်းအဝယ် ဖြစ် ခဲ့လို့နေ့စဉ်၄၂၅၀အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။
ပြည်တွင်းဆီဈေးနှုန်း ( ၃-၁-၂၀၁၃) ကျပ်/ပိဿာ
မြို့အမည်
ပဲဆီ
နှမ်းဆီ
စားအုန်းဆီ
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
နေပြည်တော် (ပျဉ်းမနား)
4500
3800
2600
2600
1500
1500
ရန်ကုန်
4000
3800
3500
3500
1360
1360
မန္တလေး
3800
3800
3200
3300
1460
1470
ပဲခူး
4100
4100
3300
3500
1420
1440
မကွေး
3300
3400
3300
3350
1400
1500
မုံရွာ
3350
3350
3400
3400
1500
1480
တောင်ကြီး
3800
3800
3250
3250
1600
1600
၂၀၁၃ ခုနှစ် နှစ်ဆန်းကာလ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းရောင်စုံတို့ အရောင်းအဝယ် ဆက်လက် ကောင်းမွန်နေပြီး၊ မုံရွာပတ်ဝန်းကျင် နှမ်းစိုက်ပျိုးရာ ဒေသများမှ ပစ္စည်းဝင်ရောက်ခဲ့ကာ၊ မန္တလေး-ရန်ကုန်ဒေသ ဝယ်လက်စုံခဲ့တယ် လို့ ကုန်သည်လောက က ကြားသိရပါတယ်။
မိုးရွာသွန်းမှုနဲ့ ရေလွှမ်းမိုးမှုက မလေးရှားနိုင်ငံရဲ့ စားအုန်းဆီအထွက်ကို ကျဆင်းစေလိမ့်မယ်။ ဒါကြောင့် ကမ္ဘာမှာ ဆီအုန်းထုတ်လုပ်မှု အများဆုံးဖြစ်တဲ့ မလေးရှားမှာသိုလှောင်ရုံလက်ကျန်ကျ ဆင်းလိမ့်မယ်လို့ ယူဆကြတဲ့အတွက် ရက်သတ္တ တစ်ပတ်ကျော်အတွင်းမှာ စားအုန်းဆီဈေးနှုန်းအမြင့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၂ သန်းတန်ဖိုးရှိ နှမ်းနက် ၂၃၁၂ တန်ကျော်ကို ၂၀၁၂ ခုနှစ်ဒီဇင်ဘာ ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်အတွင်း တင်ပို့ နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ နှမ်းညို၊ နှမ်းနီတင်ပို့မှုမရှိဘဲ ကန်ဒေါ်လာ ၂ ဒသမ ၃၁၄ သန်းဖိုးရှိ နှမ်းဖြူ ၁၃၆၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၀၅ သန်းဖိုးရှိ နှမ်းဖြူအခွံချွတ် ၂၅၉ တန်ကျော်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ မှာ နှမ်းရောင်စုံတန်ချိန်ပေါင်း ၁၇၆၀၀ ကျော် တင်ပို့နိုင် ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း နှမ်းရောင်စုံ ၈၂၈၀၀ တန်ကိုကန်ဒေါ်လာ ၁၃၆ဒသမ ၀၁၄ သန်းဖိုး တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ မူဆယ်-ရွှေလီနှစ်ဖက်မြေပြင် ပေါက် ဈေးများကိုကြည့်လျှင် ဈေးများပြောင်းလဲမှုမရှိတာ တွေ့ရပါတယ်-
ဒီဇင်ဘာ နောက်ဆုံးသီတင်းပတ် အတွင်းမှာ နှမ်းတင်ပို့မှုမှာ တန်ချိန် ခုနှစ်ရာ ကျော်ရှိခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ ဂျပန်နိုင်ငံကို ၁၀၂ တန်၊ ကိုရီးယားနိုင်ငံကို ၁၈၁ တန်၊ စင်ကာပူနိုင်ငံကို ၃၆၇ ဒသမ ၈၅ တန်နဲ့ ထိုင်းနိုင်ငံကို ၁၀၈ တန်တို့ဖြစ် ပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် တစ်ထောင့်ကိုးရာကျော် အပို့ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နှမ်းတင်ပို့မှုတန် ချိန် တစ်ထောင်ကျော် လျော့နည်းပြီး တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ်နှမ်းတင်ပို့မှုမှရရှိခဲ့တဲ့ဝင်ငွေက ကန် ဒေါ်လာတစ်ဆယ့်လေးသိန်းကျော် ရှိခဲ့ တယ်လို့ သိရပါတယ်။MIRT - MAPT
ပဲခူးတိုင်း ဒေသကြီး အနောက် မှာ ယခုအချိန် မိုးမြေပဲတွေ ရိတ် သိမ်းပြီးစီးလို့ ဈေးကွက် အသီးသီးကို ဝင်ရောက်ရောင်းဝယ် ဖောက်ကား ပြီးချိန် ဆောင်းမြေပဲ အသစ်များ ဈေးကွက်ကို စတင် ဝင်ရောက်လာ တာ တွေ့ရပါတယ်။ ဆောင်းမြေပဲကို ယခုနှစ်မှာ ၄၄၈၇၇ ဧက စိုက် ပျိုးနိုင်ခဲ့ပြီး၊ ယခုနှစ်မှာ ၄၉၄၀၀ ဧက စိုက်ပျိုးနိုင်ခဲ့လို့ ဧက ၄၅၀၀ ကျော် ပိုမို စိုက်ပျိုးနိုင်ခဲ့ပါ တယ်။ ဈေးနှုန်း အနေနဲ့ ယခင်နှစ်မှာ မြေပဲဆီဆန် တစ်ပိဿာကို ၁၄၀၀ ကျပ်နဲ့ လုံး ဆန်တစ်ပိဿာကို ၁၆၀၀ ကျပ်ဈေး ဖြစ်ခဲ့သလို ယခုနှစ်မှာ မြေပဲဆီဆန် တစ်ပိဿာကို ၁၇၀၀ ကျပ်နဲ့ လုံး ဆန်တစ်ပိဿာကို ၂၀၀၀ ကျပ်ဈေး နဲ့ ယခင်နှစ်ထက် ဈေးမြင့် လာတာ တွေ့ရပါတယ်။ ယခုနှစ်မှာ ဈေးမြင့် လာသလို တောင်သူများ မြေပဲကို ဧကပိုမို စိုက်ပျိုးလာတာ တွေ့ရပါ တယ်။မြေပဲဆန်ကို ကံမဘက်မှ ရေ လမ်းနဲ့ဝင်ရောက်လာသလိုအောင်လံ ဘက်မှလည်း ကားနဲ့ နေ့စဉ်တစ်နေ့ ကို အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာ ပြီး၊ ဝင်သလောက် အရောင်းအဝယ် ဖြစ်တာတွေ့ရပါတယ်။ ဆီဆန်ကို ရန်ကုန်ဆီစက်နဲ့ ပြည်ဆီစက် သမားများကအဝယ်ရှိသလို လုံးဆန် ကို တရုတ်ဝယ်လက်များက အဝယ် ရှိနေသဖြင့် မြေပဲ ဆန် ဈေးအမြင့် မှာ ရပ်တည်နေတာ တွေ့ရပါတယ်။ ဝေေ၀မင်း - ပြည်