Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၄ သန်းတန်ဖိုးရှိ ပဲပုတ်စေ့ တန် ၂၀ ကျော်ကို အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါ တယ်။ စက်တင်ဘာ နောက်ဆုံးပတ်မှာ အပို့နားခဲ့ပြီးယခုအောက်တိုဘာလဆန်း မှာ ပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။ မိမိဘက် မြေပြင်ဈေး အနည်းငယ် လျော့ကျနေသော်လည်းတစ်ဘက်နိုင်ငံ ဈေးမှာ တစ်ဒေါ်လာခန့်သာ လျော့ကျ ခဲ့ပါတယ် -
အောက်တိုဘာ ၃ ရက်မှ ၉ ရက်ထိ ကာလအတွင်းမှာ မူဆယ်နဲ့မြဝတီနယ်စပ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၉၄၉ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၂၇၁၆ တန်ကျော်နဲ့ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၈၅ သန်းတန်ဖိုးရှိ နှမ်းဖြူ အခွံ ချွတ် ၁၉၆ တန်ကျော်အပ့ိုရှိခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှု ထက် ၂၂၇ တန်ခန့် အပို့ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်နှမ်း ရောင်စုံ တင်ပို့နိုင်မှုကို ကြည့်မယ်ဆိုလျှင် မူဆယ်မှ နှမ်းနက် ၁၅၈၂ တန်၊ နှမ်းဖြူ ၁၀၈၃ တန်၊ နှမ်းညို ၈ တန်ကျော်၊ နှမ်းဖြူအခွံချွတ် ၁၉၆ တန်ကျော်နဲ့ မြဝတီ မှ နှမ်းနီ ၃၇ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ နှမ်းဈေးများမိမိဘက် မြေပြင်ဈေးအနည်းငယ်မျှလျော့နည်းလျက်ရှိတာကို ကုန်စည် ဒိုင် သတင်းကြေညာလွှာများအရ သိရပါတယ် -
ပင်လယ်ရေကြောင်းမှတစ်ဆင့် ဂျပန်၊ ကိုရီးယားကို နှမ်းပုံမှန်တင်ပို့လျက်ရှိနေပါတယ်။ အောက်တိုဘာလ ၆ ရက်အထိ တစ်ပတ်အတွင်း နှမ်းရောင်စုံ တန်ချိန် ၁၃၀၀ ကျော်တင်ပို့မှုရှိခဲ့တဲ့အနက် ဂျပန်နိုင်ငံကို တန်ချိန် ၆၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ တရုတ်ကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက် တိုဘာလ ၅ ရက်နေ့အထိ နှမ်းပြည်ပတင်ပို့မှု စုစုပေါင်း တန်ချိန် ၅၁၀၀၀ ကျော်မှ ကန်ဒေါ်လာ ၈၁ သန်းကျော်ရရှိ ထား ရာ ယခင်နှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၄၉၀၀၀ ကျော်၊ ကန်ဒေါ်လာ ၆၈ သန်းကျော်နဲ့ ယှဉ်ပါက တင်ပို့တဲ့ ပမာဏရော ရရှိတဲ့ ဝင်ငွေပါ ပိုမိုနေကြောင်း သိရပါတယ်။ MIRT - MAPT
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း
5-10-2012 US$Ton
ဇွန်လစတုတ္ထပတ်
ဇူလိုင်လပထမပတ်
နှိုင်းယှဉ်ချက်
RBD P.Oil
890.50
845.00
RBD P.Olein
931.00
853.00
RBD P.Strarin
843.00
781.00
Source: econ.mpob
ပြည်တွင်းဆီဈေးနှုန်း ( ၅-၁၀-၂၀၁၂) ကျပ်/ပိဿာ
မြို့အမည်
ပဲဆီ
နှမ်းဆီ
စားအုန်းဆီ
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
နေပြည်တော် (ပျဉ်းမနား)
4600
4500
3000
3000
1900
1800
ရန်ကုန်
4500
4500
3700
3700
1485
1485
မန္တလေး
4500
4300
2800
2800
1620
1530
ပဲခူး
4600
4500
3500
3600
1620
1500
မကွေး
4200
4200
3100
3100
1650
1560
မုံရွာ
4000
3800
2958
2950
1620
1540
တောင်ကြီး
4500
4500
3500
3500
2000
1800
စစ်တွေ
4500
4500
3200
3200
2000
2000
စားအုန်းဆီဈေးနှုန်းများ(၁-၁၀-၂၀၁၂ မှ ၅-၁၀-၂၀၁၂ နေ့ထိ)
ရေတွက်ပုံ - ဒေါ်လာ
စဉ်
နေ့စွဲ
CIF (ရန်ကုန်)
Cloud Point 10.C Max
(1)
၁-၁၀-၂၀၁၂
900
(2)
၂-၁၀-၂၀၁၂
870
(3)
၃-၁၀-၂၀၁၂
840
(4)
၄-၁၀-၂၀၁၂
845
(5)
၅-၁၀-၂၀၁၂
860
Source: ဆီကုန်သည်များအသင်း
အမေရိကားပဲပုပ်ရိတ်သိမ်းမှု တိုးတက်နေခြင်းနဲ့အတူ ပဲပုပ်ဆီအစားထိုး စား အုန်းဆီ ပြောင်းလဲမှု ကျဆင်းခြင်းနဲ့အတူ အာရှမှ ဝယ်လိုအားနှေးကွေးတာကြောင့် အောက်တိုဘာလ ၂ ရက်နေ့မလေးရှားစားအုန်းဆီ ကြိုပွိုင့်ဈေးဟာ သုံးနှစ် နီးပါး အတွင်း အနိမ့်ဆုံးကို ကျဆင်းခြင်းနဲ့ဆက်ပြီး စားအုန်းဆီဈေးကျဆင်းခဲ့ပါတယ်။ အမေရိက ပဲပုပ်ရိတ်သိမ်းမှုကြောင့် ချီကာကို ပဲပုပ်ဈေးကလည်း သုံးလအတွင်း အနိမ့်ဆုံးကို ကျဆင်းမှုဟာ ယခုနှစ်စက စပြီး ၂၉ ရာခိုင်နှုန်းကျော်ထိ ဆင်းလာ ခဲ့ပါတယ်။
ပြည်ဈေးကွက်သို့ မိုးနှမ်းများကို မင်းတုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်နဲ့ မြန်အောင်ဘက်မှ တစ်နေ့ကို အိတ် ၁၀၀၀ ခန့် ဝင်ရောက်နေတာကြောင့် နှမ်းဈေးမှာ စက်တင်ဘာလနောက်ဆုံး ပတ်ကစပြီး၊ ယခုအောက်တိုဘာ လ ဆန်းအထိ တစ်အိတ်ကို ယခင်တစ်ပတ် ၈၀၀၀၀ ကျပ်ဝန်းကျင်မှ ယခု ၇၀၀၀၀ ကျပ်ဝန်းကျင်ထိ ကျဆင်းလာပါတယ်။ နှမ်းနီကို ပြည် ဆီစက်သမားများက အဝယ်ရှိသလို စမုံနှမ်းနက်ကို မန္တလေး ဝယ်လက်များက အဝယ်ရှိနေပေမဲ့ နှမ်း ဈေးမှာ နှမ်းအဝင်လှိုင်နေတာကြောင့် နှမ်းဈေးကျလာတာဖြစ်ပါတယ်။ မိုးနှမ်း နီ ၄၅ ပိဿာတစ်အိတ် ၇၇၀၀၀ ကျပ်၊ နှမ်းနက်ရိုးရိုး ၄၅ ပိဿာတစ်အိတ် ၉၀၀၀၀ ကျပ်နဲ့ စမုံနက်နှမ်း ၄၅ ပိဿာ တစ်အိတ် ၁၀၀၀၀၀ ကျပ်ဈေးနဲ့ တစ် နေ့ အိတ် ၉၀၀ ခန့် အရောင်းအဝယ် ဖြစ်ပြီး၊ နှမ်းဆီတစ်ပိဿာ ၃၄၀၀ ကျပ် ဈေးနဲ့ ပြည်ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၉၂ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၀၃ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ အခွံချွတ်အပို့မရှိခဲ့ပါဘူး။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်မယ်ဆိုလျှင် ကန်ဒေါ်လာ ၄ ဒသမ ၅၀၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၃၈၈ တန်ခန့်၊ နှမ်းဖြူ ၉၈၈ တန်ကျော်၊ နှမ်းညို ၁၀၇ တန်ကျော်နဲ့ နှမ်းနီ ၆ တန်ကျော်အပို့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင်တော့ ၁၅၆၇ တန်ခန့်အပို့လျော့ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နှမ်းရောင်စုံ ၁၆၇၅၆ တန်တင်ပို့ထားပြီး ဧပြီလမှ စက်တင်ဘာလ အတွင်းမှာ နှမ်းရောင်စုံ ၃၃၈၄၁ တန်ကျော်တင်ပို့ထားပြီးဖြစ်ပါ တယ်။ နှစ်ဘက်မြေပြင်ဈေးများကို နှိုင်းယှဉ်ကြည့်တဲ့အခါ မိမိဘက်မူဆယ်မြေပြင်ဈေးကျနေသော်လည်း တစ်ဘက်နိုင်ငံဈေးသိသိသာသာပြောင်းလဲမှုမရှိပါဘူး။ ငွေလဲနှုန်းကြောင့် အနည်းငယ်မြင့်တက်နေတာဖြစ် ပါတယ်။ ငွေလဲနှုန်းကတော့ စက်တင်ဘာလ ၂၅ ရက်နေ့က ၁ ဒေါ်လာ ၆ ဒသမ ၃၄ ယွမ်နဲ့ အောက်တိုဘာ ၂ ရက်နေ့က ၁ ဒေါ်လာ ၆ ဒသမ ၃၅ ယွမ်ဈေးပေါက် လျက်ရှိပါတယ် -
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်များထက် ပိုမိုလို့လာပါ တယ်။ ပြည်တွင်းမိုးနှမ်းအသစ်များ ထွက်ပေါ်လာတဲ့ ကာလဖြစ်သလို ပြည်ပအဝယ်ရှိနေလို့ တင်ပို့မှု ပိုမိုလာခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်အတွင်း နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၃၀၀ ခန့်ရှိပြီး တင်ပို့တဲ့ နိုင်ငံတွေကတော့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ တရုတ်နဲ့ မလေးရှားတို့ကို ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက စက်တင်ဘာလအတွင်းမှာ နှမ်းတန်ချိန် ၃၈၀၀ ခန့်တင်ပို့ခဲ့ပြီး သြဂုတ်လအတွင်းမှာ တန်ချိန် ၂၄၀၀ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်းမှာ တန်ချိန် ၄၈၀၀ ခန့်တင်ပို့မှုရှိခဲ့လို့ ယခုနှစ် စက်တင်ဘာလမှာ တင်ပို့မှု လျော့ကျခဲ့ပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့အထိ လက်ရှိဘဏ္ဍာနှစ်အတွင်းမှာ နှမ်းစုစုပေါင်း တန်ချိန် ၄၈၀၀၀ ခန့် တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၇၅ သန်းခန့်ရှိကြောင်း သိရပါတယ်။MIRT -MAPT