Background
မုံရွာကုန်စည်ဒိုင် ဇူလိုင်လ ဆီထွက်သီးနှံဈေးကွက်ဟာ လကုန်ပတ်မှာ တက်ဈေးအသီးသီးနဲ့ ဈေးပိတ် ခဲ့တာ တွေ့ရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၀၀ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၂၂၇ တန်ကျော်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။
ယခုတစ်ပတ် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အတွင်း ယခင်တစ်ပတ်ထက် တန် ၁၀၀ လျော့ပြီး တန်ချိန် ၄၈၀ ခန့် တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ တောင်ကိုရီးယား၊ ကူဝိတ်၊ စင်ကာပူ၊ တရုတ်၊ ယူအေအီးတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ဇူလိုင်လကုန်ထိ နှမ်းတင်ပို့မှု စုစုပေါင်း တန်ချိန် ၁၈၂၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၉၂၀၀ ကျော်ရှိကြောင်း သိရပါတယ်။
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း 20-7-2012 US$Ton ဇူလိုင်လတတိယပတ် ဇူလိုင်လစတုတ္ထပတ်နှိုင်းယှဉ်ချက် RBD P.Oil 966.50 969.50 RBD P.Olein 996.5 993.00 RBD P.Strarin 936.00 902.00 Source: econ.mpob
စားအုန်းဆီဈေးနှုန်းများ(၂၃-၇-၂၀၁၂ မှ ၂၇-၇-၂၀၁၂ နေ့ထိ) ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) Cloud Point 10.C Max (1) ၂၃-၇-၂၀၁၂ 1045 (2) ၂၄-၇-၂၀၁၂ 1020 (3) ၂၅-၇-၂၀၁၂ 1025 (4) ၂၆-၇-၂၀၁၂ 1020 (5) ၂၇-၇-၂၀၁၂ 1015 Source: ဆီကုန်သည်များအသင်း
ပြည်တွင်းဆီဈေးနှုန်း (၂၇-၇-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 4000 4000 2800 3000 1850 1900 ရန်ကုန် 4600 4600 3600 3600 1760 1715 မန္တလေး 3700 3800 2900 3000 1880 1860 ပဲခူး 3500 3600 3400 3400 1880 1800 မကွေး 4000 4000 2950 2950 1900 1900 မုံရွာ 3950 4000 3100 3150 1940 1900 တောင်ကြီး 3500 3700 2700 2500 1900 2000 စစ်တွေ 3400 3400 3200 3200 2000 2000
မလေးရှားနိုင်ငံရဲ့ စားအုန်းဆီတင်ပို့မှုမှာ ဇွန်လ အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ဇူလိုင် ၁ ရက်က ၂၅ ရက်အထိ ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း Intertek က ပြုလုပ်တဲ့ လွတ်လပ်တဲ့ ဈေးကွက်သုတေသနပြုချက်အရ သိရပါတယ်။ ယခင်ဇွန်လ အလားတူကာလနဲ့ စုစုပေါင်း တင်ပို့မှုက တန် ၁ ဒသမ ၂ သန်းရှိပြီး ယခုလပိုင်းမှာ စုစုပေါင်းတင်ပို့ မှုက ၁ ဒသမ ၀၃ သန်းသာရှိခဲ့ကြောင်း သုတေသနပြုချက်အရ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၆၁ သန်းတန်ဖိုးရှိ နှမ်းနက် ၄၄၁ တန်ကျော်၊ နှမ်းဖြူ ၆၃၇ တန်နဲ့ နှမ်းညို တန် ၄၀ ခန့်ကို ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာတစ်ဖက်နိုင်ငံသို့တင်ပို ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ နှမ်း နက် ၁၂၄ တန်၊ နှမ်းဖြူ ၄၂ တန်နဲ့ နှမ်းညို ၃၅ တန်ခန့် ယခင်အပတ်က ထက် တင်ပို့မှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။ မိမိဘက် မြေပြင်နှမ်းဈေးများ မြင့်တက် လျက်ရှိပြီး နှမ်းဖြူနဲ့ နှမ်းနက်ဈေးများ ယခုအပတ်မှာဈေးတူနေတာ တွေ့ရပါ တယ်။ မြေပြင်နှမ်းဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ်-
ယခုတစ်ပတ် ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အတွင်း တန်ချိန် ၅၈၀ ကျော်တင်ပို့ ခဲ့ပါတယ်။ဒီတစ်ပတ်တင်ပို့ တဲ့ နိုင်ငံတွေကတော့ေ တာင်ကိုရီးယား၊ ကူဝိတ်၊ စင်ကာပူ၊ ယူအေအီးတို့ဖြစ်ပါတယ်။
ကမ္ဘာမှာ ပဲပုပ်စေ့စိုက်ပျိုး ထုတ် လုပ်မှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိ ကန်ရဲ့ ပဲပုပ်အဓိကစိုက်ပျိုး ထုတ် လုပ် တဲ့ ဒေသတွေမှာ ပူပြင်းခြောက်သွေ့ တဲ့ ရာသီဥတုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစား နေရပြီး ပဲပုပ်စေ့ထုတ်လုပ်မှု ကျဆင်း ကာ ရောင်းလို အား လျော့နည်း သွား လိမ့်မယ်လို့ စိုးရိမ်ပူပန်လာကြတယ်။