Main menu

Background

Monday, 23 May 2011

ပြည်ဈေးကွက်သို့ မြေပဲဆံအဝင်များ၍ ဈေးအနည်းငယ်ကျ                ပြည်ဈေးကွက်သို့ ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆီဆံများ ဝင်ရောက်လာသဖြင့် မြေပဲဆံဈေးအနည်းငယ် ကျလာပါတယ်။ မြေပဲဆံဈေးအနည်းငယ်ကျလာသော်လည်း ဆီဈေးမှာ ငြိမ်နေပါတယ်။ ရခိုင်၊ ကံမနဲ့ မင်းတုံးဘက်မှ တစ်နေ့ကို မြေပဲ ဆံအိတ် ၁၅ဝဝခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဆီကြိတ်ရန် လုံလောက်မှုရှိတာ ကြောင့် ဆီဈေးမှာ ငြိမ်နေလျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံတစ်ပိဿာကို ၁၆၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာ ၁၈၅ဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးအနည်းငယ် ကျလာတာ တွေ့ရပါတယ်။ ဆီဈေးမှာ တစ်ပိဿာ ၄ဝဝဝ ကျပ်ဈေးဖြင့် ယခင် အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                          ဝေဝေမင်း

Monday, 23 May 2011

်လက်ကျန်နည်း ပေမဲ့ ဈေးငြိမ်နေတဲ့ ပြည်နှမ်း                  ပြည်ဈေးကွက်တွင် နှမ်းဈေးငြိမ်ပြီး ဆီဈေးမာနေပါတယ်။ နွေနှမ်းပြီးချိန် မိုးနှမ်း စိုက်ရန် ပြင်ဆင်နေချိန် ဖြစ်သဖြင့် အဝင်မှာ မရှိသလောက်နည်းသွားပြီး လှောင်နှမ်းများကို ထုတ်၍ရောင်းချနေသဖြင့် ပြည်မြို့ရှိပွဲရုံများ၌ လက်ကျန်နည်းသွားတာ တွေ့ရပါတယ်။ ဆီစက်သမားများမှလည်း ဆီကြိတ်ရန်နှမ်းကို လိုသလောက်မရရှိလို့ ဈေးမာနေပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၃ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ်ကို ၈၂ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် တစ်နေ့ အိတ် ၅ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာ ကို ၃၇ဝဝ ကျပ်ဈေးဖြင့် ယခင်အပတ်ထက် ဈေးပိုလာတာတွေ့ရပါတယ်။                                               ဝေဝေမင်း

Monday, 23 May 2011

ယခင်အပတ်ကထက် နှမ်းတင်ပို့မှု ထက်ဝက်ကျော်လျော့                 မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၆၈ဝဝဝ တန်ဖိုးရှိ နှမ်းနက် ၁၁၁ တန်ကျော်နဲ့ ကန်ဒေါ်လာ ၆၅ဝဝဝ တန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၄၃ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ ၃၂၈ တန်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်တင်ပို့မှုဟာ ထက်ဝက်ကျော် လျော့နည်းခဲ့တာတွေ့ရပါတယ်။နှမ်းဈေးများ နှစ်ဖက်လုံးမှာ လျော့ကျနေပါတယ်။ တရုတ် က နှမ်းဖြူဝယ်လိုအားမရှိခြင်း၊ အာဖရိကနဲ့ အိန္ဒိယ နှမ်းဖြူများနဲ့ တရုတ် ဈေးကွက် ကို ယှဉ်ပြိုင် တင်ပို့နေရခြင်း၊ ယွမ်ငွေ ဈေးကျနေခြင်းတို့ကြောင့် အကျိုးအမြတ်နည်းတာမို့ နှမ်းတင်ပို့မှု လျော့ကျနေတာလို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                           မိမိဘက်(ကျပ်/တန်)                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု              ယခင်         ပြောင်းလဲမှု      %        ယခု          ယခင်    ပြောင်းလဲမှု      %နှမ်းဖြူ        ၁ဝဝ၇၁၄ဝ     ၁၁၈၅၈၂ဝ     ၁၇၈၆၈ဝ      ၁၈      ၁၃၄၅         ၁၃၇ဝ         ၂၅             ၂နှမ်းနက်     ၁ဝ၅၄၂၅ဝ     ၁၃၆၇၅၆ဝ      ၃၁၃၃၁ဝ     ၃ဝ       ၁၈၄၄         ၁၈၄၈          ၄            ဝ .၂MIRT (DOBT)

Monday, 23 May 2011

တောင်သူများ ဆီထွက်သီးနံှ ထုတ်လုပ်မှု မြင့်တက်လို့ အိန္ဒိယစားအုန်းဆီတင်သွင်းမှု ကျဆင်းနိုင်                 တရုတ်နိုင်ငံပြီးရင် စားဆီအသုံးပြုမှု အကြီးဆုံး အိန္ဒိယဟာ ပဲပုပ်နဲ့ မြေပဲ အထွက်မြှင့်တင်ဖို့ အကူအညီပေးတဲ့အနေနဲ့ တောင်သူများအတွက် ဆီထွက်သီးနံှ ဈေးနှုန်းကို တိုးမြင့်ပေးမှာဖြစ်လို့ စားအုန်းဆီ တင်သွင်းမှု ကျဆင်းနိုင်ပါတယ်။ စားနပ်ရိက္ခာသီးနံှနဲ့ နှိုင်းယှဉ်ရင် မိုးရာသီစိုက်ပျိုးတဲ့ ဆီထွက်သီးနံှနဲ့ ပတ်သက်ပြီး တောင်သူတွေအကျိုးအမြတ်ပိုမိုရရှိဖို့ အစိုးရက အကူအညီပေးနိုင်တယ်လို့ စိုက်ပျိုးရေး ထုတ်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်းကော်မရှင်ဥက္ကဌ Ashok Gulati က ပြောကြားပါတယ်။              အိန္ဒိယနိုင်ငံဟာ စားဆီတင်သွင်းမှုရဲ့ ၈ဝ ရာခိုင်နှုန်းကျော်ကို စားအုန်းဆီတင် သွင်းပြီး ကမ္ဘာ့စားအုန်းဆီအများဆုံးဝယ်ယူသူအဖြစ် တည်ရှိနေပါတယ်။ အိန္ဒိယရဲ့ တင်သွင်းမှု ကျဆင်းနိုင်ခြင်းက မလေးရှား အခြေခံစံဈေးနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ ဆန်၊ ပဲနီလေး၊ ပြောင်းနဲ့ ဆီထွက်သီးနံှအပါအဝင် သီးနံှထုတ်လုပ်မှု ကုန်ကျ စရိတ်ဟာ စွမ်းအင်နဲ့ ဓါတ်မြေသြဇာဈေးနှုန်းကြီးမြင့်ခြင်း၊ လယ်ယာလုပ်သားများရဲ့ လုပ်ခလစာငွေ ပိုမိုလာခြင်းတို့ကြောင့် ယခင်နှစ်မှာ ၂ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့   Gulati က ဆိုပါတယ်။                 ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် ကျော်လွန်ပြီး တောင်သူအကျိုးအမြတ် ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း ရရှိစေဖို့ ကြိုးစားနေကြောင်း၊ တောင်သူများအနေနဲ့ အစိုးရဝယ်ယူဈေးထက် နိမ့်ကျတဲ့ ဈေးကွက်ထဲမှာ ရောင်းချမှုကို ကာကွယ်ရမယ်လို့ လည်း ဆိုပါတယ်။ ဇွန်လမှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွင်း အိန္ဒိယဆီထွက်သီးနံှ ထွက်ရှိမှုဟာ ၂၁ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၃ဝ ဒသမ ၂၅ သန်းထိ မြင့်တက်နိုင်တယ်လို့ ဧပြီလ ၆ ရက်နေ့မှာ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ဟင်းသီးဟင်းရွက်တင်သွင်းမှုဟာ စားအုန်းဆီ တန်ချိန် ၇ ဒသမ ၆ သန်းအပါအဝင် စုစုပေါင်း တန်ချိန် ၉ ဒသမ ၃၇ သန်းအထိ ရှိလာနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။ လိုအပ်ချက်ရဲ့ ထက်ဝက်ကျော်ကို တင်သွင်းလျက်ရှိရာ မလေးရှားနဲ့ အင်ဒိုနီးရှားက စားအုန်းဆီ ဝယ်ယူပြီး ဘရာဇီးနဲ့ အာဂျင်တီးနားက ပဲပုပ်ဆီဝယ်ယူလေ့ရှိပါတယ်။    ယုဇန၊Source: Bloonberg

Friday, 20 May 2011

စားအုန်းဆီဈေးနှုန်းများ(၉-၅-၂ဝ၁၁ မှ ၁၃-၅-၂ဝ၁၁ နေ့ထိ)                                                ရေတွက်ပံုံ - ဒေါ်လာစဉ် နေ့စွဲ              CIF (ရန်ကုန်)(၁) ၉-၅-၂ဝ၁၁          ၁၂၂ဝ(၂) ၁ဝ-၅-၂ဝ၁၁         ၁၂၃ဝ(၃) ၁၁-၅-၂ဝ၁၁         ၁၂၃၅(၄) ၁၂-၅-၂ဝ၁၁         ၁၂၃၅(၅) ၁၃-၅-၂ဝ၁၁          ၁၂၂၅Source: ဆီကုန်သည်များအသင်း

Friday, 20 May 2011

မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း                                   ၁၃-၅-၂ဝ၁၁US$/Ton                   မေလပထမပတ်     မေလဒုတိယပတ်          နှိုင်းယှဉ်ချက်RBD P.Oil          ၁၁၇၁ .ဝဝ         ၁၁၇၆ .၅ဝRBD P.Olein       ၁၁၈၆ .ဝဝ          ၁၁၈၄ .ဝဝRBD P.Strarin     ၁၁၂၁ .ဝဝ           ၁၁၁၇ .၅ဝSource: econ.mpob

Friday, 20 May 2011

တရုတ်နိုင်ငံမှာ သိုလှောင်လက်ကျန်များခြင်းကြောင့် ပဲပုပ် အမှာအော်ဒါများ ဖျက်သိမ်းခဲ့ပြီး တင်သွင်းမှုကိုလျှော့ချ                      ကမ္ဘာ့ပဲပုပ်အများဆုံး ဝယ်ယူ တင်သွင်းနေတဲ့ တရုတ်နိုင်ငံဟာ လက်ကျန် သိုလှောင်မှုမြင့်တက်ပြီး ကြိတ်ခွဲဖို့ အတွက် ဝယ်လိုအားနည်းတာကြောင့် ချက်ချင်းသင်္ဘောတင်ဝယ်ယူထားတာတွေကို လျှော့ချမှုတွေရှိလာလို့ ပဲပုပ်တင်သွင်း မှုဟာ တတိယလအနေနဲ့ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဧပြီလအတွင်း တင်သွင်းမှုတန်ချိန် ၃ ဒသမ ၈၈ သန်း ရှိလို့ ယခင်နှစ် တင်သွင်းခဲ့တဲ့ တန်ချိန် ၄ ဒသမ ၂သန်းထက် ၇ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ အကောက် ခွန်စာရင်းများအရ သိရပါတယ်။ အဲဒီပမာဏဟာ မျှော်မှန်းထား တာထက် လျော့ကျခဲ့တယ်လို့ ွှWanda Futures ကုမ္ပဏီမှ လေ့လာ ဆန်းစစ် ပညာရှင်Wang Wenfi  က ပြောကြားပါတယ်။ ကြိတ်ခွဲစက် လုပ်ငန်း ရှင်များဟာ ဆုံးရှုံးမှုများလာခြင်းနဲ့ တိရစ္ဆာန်အစာနဲ့ ပဲသိုလှောင်မှု များတာကြောင့် အမေရိကန်နဲ့ တောင် အမေရိကားက တင်ပို့မယ့်ကုန် အော်ဒါများကို ဖျက်သိမ်းခဲ့တယ်လို့ လည်း ၎င်းကဆက်လက် ပြောကြားပါ တယ်။                    ကြိတ်ခွဲရာမှာ ဆုံးရှုံးမှု များနေတာ ကို လျှော့ချဖို့ လွန်ခဲ့တဲ့လက တရုတ် ပဲပုပ်ကြိတ်ခွဲသူများဟာ ပဲပုပ်သင်္ဘော ၁ဝ စီးကျော် အမှာဖျက်သိမ်းခဲ့တယ်လို့ ဧပြီလ ၁၉ ရက်မှာပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ပဲပုပ်တင်ပို့မှုရဲ့ ၆ဝ ရာခိုင်နှုန်း နီးပါးဝယ်ယူနေတဲ့ တရုတ်နိုင်ငံမှ ဝယ်လိုအားနှေးကွေးလာခြင်းက ယခု နှစ် ကုန်စည်တွေရဲ့ ဈေးနှုန်း ၄ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။                   ယခင်နှစ်ကုန်ပိုင်းကတည်းက တရုတ် နိုင်ငံတစ်ဝန်းရှိ ဆိပ်ကမ်းများမှာ ပဲပုပ် တန်ချိန် ၆ ဒသမ ၅ သန်းမှ ၇ သန်း အတွင်းရှိနေလို့ ယခင်နှစ်က ပျမ်းမျှ တန်ချိန် ၄ ဒသမ ၅ သန်းထက် ပိုမိုနေတယ်လို့Wang  က ဆိုပါတယ်။ အစိုးရကလည်းအရန်သိုလှောင်ထားတဲ့ ၂ဝဝ၈ ခုနှစ်ထွက်ပဲပုပ်တန်ချိန် ၃ သန်း ကို စားဆီဈေးနှုန်းလျှော့ချဖို့ ကြိတ်ခွဲ လုပ်ငန်း ရှင်ကြီးတွေကို ရောင်းချပေး ခဲ့ပါတယ်။ အဲဒီလို ရောင်းချပေးခြင်း ကလည်း ပဲပုပ်တင်သွင်းဖို့ လိုအပ်ချက် ကို ထပ်မံကျဆင်းစေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲပုပ်တန်ချိန် ၅၇ သန်းခန့် တင်သွင်းခဲ့တယ်လို့USDA က ခန့်မှန်းထားပါတယ်။ အဲဒီပမာဏ ဟာ ယခင်နှစ်ထက် ၁၃ ရာခိုင်နှုန်း ကျော် ပိုမိုခဲ့ပေမဲ့ ယခုနှစ်မှာတော့ တန် ချိန် ၅၁ သန်းခန့်ကို ကျဆင်းဖွယ်ရှိ တယ်လို့ လေ့လာဆန်းစစ်သူMonica Tu  က ပြောကြားပါတယ်။ ယမင်းခင် Source: Bloomberg

Friday, 20 May 2011

ဈေးငြိမ်ပြီး ပုံမှန် အရောင်းအဝယ်ဖြစ်တဲ့ ပြည်မြေပဲဆံ                ပြည်ဈေးကွက်တွင် မြေပဲဆံကို ဆီစက်သမားများမှ ဆီကြိတ်ရန် အဝယ်ရှိ နေသဖြင့် မင်းတုံးနဲ့ ကံမဘက်မှ တစ်နေ့ကို အိတ် ၉ဝဝ -၁ဝဝဝ ခန့် ပုံမှန်ဝယ်ယူ ကြိတ်ခွဲခြင်း၊ လှောင်မြေပဲဆံများကို ထုတ်၍ ကြိတ်ခွဲခြင်းတို့ကြောင့် မြေပဲဆံဈေးမှာ ယခင် အပတ်အတိုင်း ဈေးငြိမ်နေတာတွေ့ရပါတယ်။ မြေပဲဆီဆံ တစ်ပိဿာကို ၁၇၅ဝ ကျပ်နဲ့ လုံးဆံတစ်ပိဿာကို ၁၉၅ဝ ကျပ်ဈေးဖြင့် ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီ တစ်ပိဿာကို ၄ဝဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                ဝေဝေမင်း

Pages