Main menu

Background

Thursday, 28 Jan 2010

   ၂၀၁၀ဇန်နဝါရီ တတိယအပတ်အတွင်း ဆိုင်ခန်းများ သိသိသာသာတက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက အတည်ပြုပြောကြားသည်။   ''အောင်ဆန်းကွင်းပတ်လည်မှာ ၄ထပ်ပါဆိုင်ခန်းကို ၇သိန်း၊ တာမွေဘက်မှာ ၄သိန်း-၅သိန်း၊ စမ်း ချောင်းနဲ့ကမာရွတ်လမ်းမကြီးတွေ ပေါ်မှာ ၅သိန်း-၆သိန်း၊ လှိုင်သာယာစက်မှုဇုန်မှာ ပစ္စည်းသိုလှောင်ဖို့ အတွက် ဂိုဒေါင်အငှားသိန်း ၂၀ တစ်လအငှားဈေးနှုန်းတွေနဲ့ အလုပ်ဖြစ်ခဲ့ကြတယ်။ အရောင်းအဝယ်ဘက်မှာတော့ မင်္ဂလာဒုံစက်မှုဇုန်ဘက်မှာ တစ်ဧက သိန်း ၃၅၀နဲ့ ၈ဧကလောက်အရောင်း အဝယ်တွေဆက်ဖြစ်ခဲ့တယ်။ ဈေးနှုန်းသက်သာတဲ့နေရာအချို့မှာ အရောင်းအဝယ်တွေဆက်ဖြစ်ခဲ့တယ်။ သိန်း ၁၀၀၀၊ ၁၅၀၀မြေကွက် အရောင်းတွေတော့တန့်သွားတယ်''ဟု ယူနတီအိမ်ခြံမြေကုမ္ပဏီမှ ဦးဇော်ဇော်ကသတင်းပေးပြောကြားသည်။    ခင်မျိုးသွယ်

Tuesday, 19 Jan 2010

အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီး မြုပ်နှံမှုပြုလုပ်လိုသူများအနေဖြင့် လက်ရှိအနေအထားအရသော်လည်းကောင်း၊ ရေရှည်မျှော်မှန်းချက် အရသော်လည်းကောင်း အဆောက်အအုံမပါဝင်သည့် မြေကွက်လွတ်များကိုသာ ဦးစားပေးရွေးချယ်ဝယ်ယူသင့်ကြောင်း ဝါရင့်အိမ်ခြံ မြေအကျိုးဆောင်များကသုံးသပ်ပြောကြားကြသည်။   လက်ရှိအနေအထားအရ အဆောက်အအုံပါဝင်သည့်အိမ်ခြံမြေများသည်ဈေးနှုန်းမြင့်မားလျက်ရှိပြီး ရေရှည်ဝယ်ယူလိုသူများကလည်း မိမိနှစ်သက်ရာ စီးပွားရေးလုပ်ငန်းသော် လည်းကောင်း၊ နေထိုင်ရန်သော်လည်းကောင်း စိတ်ကြိုက်ဖန်တီးနိုင်သည့် မြေကွက်လွတ်များ ကိုသာပိုမိုရွေးချယ် ဝယ်ယူလာကြမည်ဖြစ်သည်။ ''လက်ရှိမှာ မြေကွက်လွတ်ဆိုရင်ဈေး သက်သာမယ်၊ အဆောက်အဦပါရင်ဈေးပို ပေးရမယ်၊ နောင်တစ်ချိန်ဝယ်မယ့်သူကလည်း သူစိတ်ကြိုက်လုပ်ကိုင်နိုင်တဲ့ မြေကွက်ကိုပိုဝယ်ယူမှာပဲ'' ဟု ယူနတီကုမ္ပဏီမှ ကိုဇော်ဇော်ကသုံးသပ်ပြောကြားသည်။ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်အနီးမြေကွက်များသည် လက်ရှိပေါက်ဈေး တစ်စတုရန်းပေကို နှစ် သိန်းခွဲဝန်းကျင်ရှိရာ အဆောက်အအုံ ပါဝင်ပါက သုံးသိန်းနီးပါး ဈေးခေါ်မည်ဖြစ်သည်။ နောင်တစ်ချိန်ဝယ်လို အားမြင့်တက်လာပါက ဝယ်ယူသူသည် ရင်းနှီးမြုပ်နှံမည့်သူဖြစ်ပါက မြေကွက်များသာဦးစားပေး ဝယ်ယူကြမည်ဖြစ်ပြီး နေထိုင်မည့်သူဆိုပါကလည်း မိမိ စိတ်ကြိုက် ဒီဇိုင်းဆောက်လုပ်နိုင် မည့်မြေကွက်များသာ ဦးစားပေးဝယ်ယူကြမည်ဖြစ်သည်။    တချို့ဆို လူနေပြီးသားအိမ်သိပ်မကြိုက်ကြဘူး။အဆောက်အအုံပါ တယ်ဆိုရင်လည်း အသစ်ဖြစ်လေ ကောင်းလေပဲဟု ၎င်းက ဆက်လက်ပြောကြားသည်။ ရန်ကုန်မြို့ရှိလမ်းမကြီးများအနီးမြေကွက်များ၏ တစ်စတုရန်းပေကို သုံးသိန်းခွဲအထိ ပေါက်ဈေးရှိနေပြီး စက်မှုဇုန်များတွင် တစ်ဧကကို ကျပ်သိန်း၂၇၀ နီးပါးရှိကြောင်းသိရသည်။ မြေကွက်များ၊စက်မှုဇုန်များမှ မြေကွက်များအား လက်ရှိ ရင်းနှီး မြုပ်နှံထားပါက နောင်တစ်ချိန်တွင်ပြန်လည်ရောင်းချ၍သော်လည်းကောင်း၊ ငှားရမ်း၍သော်လည်းကောင်း အကျိုး အမြတ်ရရှိနိုင်မည်ဖြစ် သည်။ကိုဖြိုး

Tuesday, 19 Jan 2010

   တရုတ်နိုင်ငံ Jetta ကုမ္ပဏီမှတင်သွင်းထားသော 2009 Modelအဝါရောင်Taxi စီးရေ ၁၀၀ ရန်ကုန်မြို့သို့ရောက်ရှိနေပြီး ပြေးဆွဲရန် အဆင်သင့်ဖြစ်နေပြီဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးမှ သိရသည်။   အဆိုပါ Taxi များမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ၃၁ရက်နေ့ကရောက်ရှိခြင်းဖြစ်ပြီး လိုအပ်သောပြင်ဆင်မှုများပြုလုပ်နေရာ ယခုအခါ ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း အဆိုပါပို့ဆောင်ရေးမှတာဝန်ရှိသူတစ် ဦးကပြောသည်။ ''ဒီကားတွေက တရုတ်နိုင်ငံလုပ်ဆိုပေမဲ့တရုတ်နဲ့ဂျာမနီဖက်စပ်ထုတ်လုပ်တာဖြစ်တယ်။ 2009 Model ဆိုတော့ အသစ်တွေဘဲ ကုမ္ပဏီ ကလူတွေကို တစ်စီးသိန်း ၁၅၀ ကျပ်နဲ့ရောင်းချပေးမယ်။ ပါရမီ Taxi အနေနဲ့ ပြေးဆွဲဖို့ပါ''ဟု ၎င်းကထပ်မံပြောသည်။     ဗန္ဓုလသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင်လက်ရှိပြေးဆွဲနေသော Taxi စီးရေ ၄၅၀ နှင့် ယခုရောက်ရှိလာ သော ၁၀၀ ပေါင်းပါက ၅၅၀ စီးဖြစ်လာမည်ဖြစ်သည်။ အဆိုပါယာဉ်များ အနက်ကိုရီးယားနိုင်ငံမှတင်သွင်းထား ပီးလက်ရှိပြေးဆွဲနေသည့်ဟွန်ဒိုင်း Taxi  ၅၀ ကို ပြန်လည်ရောင်းချမည်ဟုသိရသည်။ ယင်း Taxi ယာဉ်များမှာ 96/97 Model များဖြစ်ကြောင်းထပ်မံသိရသည်။                လွင်လွင်မိုး

Tuesday, 19 Jan 2010

   ၂၀၁၀ဇန်နဝါရီလအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ မြေကွက်များနှင့်ဂိုဒေါင်များ အငှားအား ၃၀ ရာခိုင်နှုန်းတက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။         ''အိမ်ခြံမြေအရောင်းအဝယ်မှာ ငွေဈေးလဲလှယ်နှုန်းမှာ ဒေါ်လာဈေးကပြန်တက်တယ်။ အဲ့ဒီထူးခြားမှုတွေနဲ့အတူ အရောင်းအဝယ်လေး က အရှိန်နည်းနည်းလေးနှေးသွားတယ်။ သိန်း၁၀၀၀ကနေ ၅၀၀၀၊ ၆၀၀၀အိမ်ခြံ မြေတွေအဝယ်တော့ရှိနေတယ်။ စက်မှုဇုန်အငှား အတော်တက်လာတယ်။ လှိုင်သာယာဘက်ဆိုရင် ကောက်ပဲသီးနှံသိုလှောင်ဖို့၊ အထည်ချုပ်လုပ်ငန်း၊ စက်ပစ္စည်းတွေထားဖို့စတဲ့ လုပ်ငန်းတွေအတွက် တစ်လကို ၁၀သိန်း ကနေ ၆၀-၇၀အထိ ဈေးနှုန်းတွေ ပေးငှားကြတာတွေရှိနေတယ်''ဟု မဏ္ဏိုင် အိမ်ခြံမြေကုမ္ပဏီ မှ ဦးသန်းဦးကအတည်ပြုပြောကြားသည်။ ခင်မျိုးသွယ်

Sunday, 28 Jun 2009

ငါး၊ ပုစွန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမည်ဆိုပါက နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ ထုတ်လုပ်ရန်လိုအပ်လာပြီ ဖြစ်သဖြင့် ယင်းစံညွန်းများအနက် အခြေခံအကျဆုံးဖြစ်သည့် GAP(Good Aquaculture Practice) စနစ်ကို ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်နေပြီဖြစ်သည်။

Pages