Main menu

Background

Monday, 1 Mar 2010

  ယခုတစ်ပတ် ရန်ကုန်ကားဈေးကွက်အတွင်း တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့် အရောင်းအဝယ်မရှိခဲ့ဘဲ ဈေးဆိုင်မှုများသာရှိခဲ့ ကြောင်း ဟံသာဝတီကားဈေးကွက်အတွင်းမှစုံစမ်းသိရသည်။

Monday, 1 Mar 2010

  မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ)မှ (၃၈)အထူးယာဉ်လိုင်းသစ်တစ်ခု ပြေးဆွဲပေးရန် စီစဉ်နေကြောင်း သိရသည်။အဆိုပါယာဉ်လိုင်းပြေးဆွဲရန်ပြည်ပမှမကြာမီကရောက်ရှိလာသော ယာဉ်ကြီးများအနက်အစီး၂၀ကိုပြင်ဆင်မှုများပြုလုပ်နေ ပြီး မကြာမီလိုင်းဆွဲနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။

Wednesday, 24 Feb 2010

  ကုန်တင်မော်တော်ယာဉ်များ မှတ်ပုံတင်ကတ်ပြား ပြု လုပ်ရာတွင် ယာဉ်ပိုင်ရှင်၏ဆန္ဒအရ သက်တမ်း ၃လ၊ ၆လ၊ တစ်နှစ်စသည်ဖြင့် ပြုလုပ်နိုင်ကြောင်း ကုန်တင်မော်တော် ယာဉ်ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ ယာဉ်မှတ်ပုံတင်ကတ်ပြား ပြုလုပ်ရာတွင် တစ်လ အတွက် ငွေကျပ် ၁ဝဝ နှုန်းသာ ပေးခွင့်ရမှာဖြစ်ကြောင်း၊ မိမိအဆင်ပြေသလို ၃ လ၊ ၆ လ၊ တစ်နှစ်စာ ပေးသွင်းနိုင် ကြောင်း၊ မှတ်ပုံတင်ကတ်ပြားပြုလုပ်ရာတွင် ယာဉ်အမှတ်၊ ယာဉ်အမိုျးအစား၊ လုပ်ငန်းအမိုျးအစား၊ လုပ်ငန်ပိုင်ရှင် အမည်၊ ယာဉ်မောင်းအမည်၊ နေရပ်လိပ်စာ၊ လိုင်စင်အမှတ်၊ ခွင့်ပြုကာလစသည်တို့ ပါဝင်သဖြင့် ယာဉ်မောင်း (သို့) ယာဉ်ပိုင်ရှင် ကိုယ်တိုင်လာရောက်ပြုလုပ်သင့်ကြောင်း၊ သတ် မှတ် ကာလမကျော်မီ ကတ်ပြားအသစ်လဲလှယ်နိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောပြသည်။ ယာဉ်မှတ်ပုံတင်ကတ်ပြားများပြုလုပ်ထားခြင်းမှာ ယာဉ် မောင်းများ ယာဉ်စီးကမ်း၊ လမ်းစီးကမ်းများလိုက်နာနိုင်ရန် အကြောင်းကိစ္စရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်း များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကြောင်း သိရသည်။ ယခုအခါ ကုန်တင်မော်တော်ယာဉ်ကတ်ပြားများပြုလုပ် ပေးထားခြင်းကြောင့် တစ်နေရာမှတစ်နေရာသို့ ကုန်စည်ပို့ ဆောင်ရာတွင် အခက်အခဲမရှိကြောင်း၊ စစ်ဆေးရေးဂိတ်များ၊ သတင်းပို့စနစ်များတွင်လည်း ပိုမိုအဆင်ပြေ လွယ်ကူ ချော မွေ့စေကြောင်း ကုန်တင်ယာဉ်မောင်းသူများက ပြောကြား သည်။               လွင်လွင်မိုး

Wednesday, 24 Feb 2010

၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်အတွက် မန္တလေးစက်မှုဇုန် မော်တော်ယာဉ် ထုတ်လုပ်ရေးအတွက်  တင်ဒါခေါ်ယူပြီး  တင်သွင်းတဲ့ကုမ္ပဏီများမှ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအားလုံးရောက်ရှိခဲ့ရာ လုပ်ငန်းရှင် ၂၆ ဦးသို့ ဖြန့်ဖြူးပေးပြီးဖြစ် လို့ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစက်မှုဇုန် K.O မော်တော်ယာဉ်ထုတ်လုပ်ရေးမှ ဦးကိုကိုဦးက ''အင်ဂျင်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောက်ရှိပြီဖြစ်တဲ့အတွက် လုပ်ငန်းလည်ပတ်   နေပြီ။ နောက်ထပ် တင်ဒါအသစ်ထပ်ရောက်ဖို့လဲရှိတယ်။ တင်ဒါထပ်ရောက်ပေ မယ့် စက်မှုဇုန်ထုတ်ကားတွေ ဈေးမကျနိုင်ပါဘူး။ ဂျစ်က ဝယ်လိုအားနည်းတယ်။ လိုက်ထရပ်ကတော့ လူကြိုက်များတယ်။ လိုက်ထရပ်ကို ပြင်ဦးလွင်၊ လားရှိုး၊ မကွေး၊ မုံရွာဘက်က အများဆုံးဝယ်ယူမှုရှိတယ်''လို့ ပြောပါတယ်။ ဂျပန်မော်တော်ယာဉ်များမှာ ဈေးနှုန်းကျဆင်းမှုရှိလာခဲ့ပေမယ့် စက်မှုဇုန် ထုတ် မော်တော်ယာဉ်များမှာ ပုံမှန်ဈေးဖြင့် ဈေးတန်းလျက်ရှိပါတယ်။ စက်မှုဇုန် ထုတ် မော်တော်ယာဉ်များဈေးနှုန်းမှာ  ဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်တတ်ခြင်းကြောင့် ပုံမှန်ဈေးနှုန်းဖြင့် ယခင် လေးလဝန်း ကျင်မှ ဈေးနှုန်းအတိုင်း အရောင်းအဝယ်ရှိပါတယ်။ ဈေးကွက်မှာ လိုက်ထရပ် မော်တော်ယာဉ် တစ်စီး ကျပ်သိန်း ၁၃ဝ ဝန်းကျင်၊ ဂျစ်တစ်စီး ၆၅ သိန်း ဝန်း ကျင်ရှိကြောင်း သိရပါတယ်။  ဇူးဇူး

Wednesday, 24 Feb 2010

 ယခုလရက်သတ္တပတ်အတွင်း ရန်ကုန်မြို့ကားဈေးကွက်မှာ ယခင်အပတ်များ ထက် ဈေးကွက်အေးနေခဲ့ပြီး လေလံအရောင်းပွဲများဆက် လက်ရှိနေခြင်း၊ ကျန် ကာလမှာလည်း တရုတ်နှစ်သစ်ကူးပွဲတော်ကာလနှင့်လည်း တိုက်ဆိုင်နေ၍ ရန်ကုန် မြို့တွင်းရှိ ကားပွဲစားတန်းများတွင် လူဝင်လူထွက် ကားဝင်ကားထွက် ကဲျပါးခဲ့သည်။ရန်ကုန်မြို့တွင်း အပေါ်ဝိုင်း(ဟံသာဝတီဝိုင်း)ရှိ ဝယ်ရောင်းပုဂ္ဂိုလ်အများစုနှင့် အခြားသော ဝယ်ရောင်းပွဲစားအစုအဖွဲ့များမှာ ပိုမို၍ရက်စိပ်လာသော လေလံပွဲ များဘက်သို့ ခရီးထွက်နေ၍သော် လည်းကောင်း၊ အစိုးရရုံးပိတ်ရက်ကာလများနှင့် ဆက်စပ်နေသော တရုတ်နှစ်သစ်ကူးပွဲတော်ကာလအရ လည်းကောင်း၊ ဤကာလ သည် နှစ်တိုင်းအရောင်းအဝယ်ပါးသော ကာလဖြစ်သည်ဟုလည်း ဝါရင့်ဝယ်ရောင်း ပုဂ္ဂိုလ်များက ဆိုသည်။ဖေဖော်ဝါရီလ ၁၃ နှင့် ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ များတွင်ပါရှိသော နေပြည်တော်တွင် ၂၄ ရက်နေ့ တင်ဒါဖွင့်မည့်ယာဉ် ၂၇ စီး (ဆိုင်ကယ်နှင့် ထော်လာဂျီသီးခြားပါဝင်) လေလံနှင့် နေပြည်တော်တွင်ပင်  ၂၅  ရက်နေ့ တင်ဒါဖွင့်လှစ်မည့်ယာဉ် ၁၄၂  စီးနှင့် ဆိုင်ကယ် ၇၈၃ စီး လေလံသတင်း တို့ကြောင့် လေလံပွဲများပြန်စိပ်လာသည်ဟု ကားဝယ်ရောင်းသမားများ သုံးသပ် ကြပြီး ပါဝင်သည့်ကားအမိုျးအစားနှင့် လေလံအောင်နိုင်မည့်ဈေး၊ ဈေးကွက်အတွင်း ပြန်ရောင်းနိုင်မည့်ဈေး စသည်ဖြင့် တွက်ချက်ပြီးမှသာ တက်ရောက်ကြသလို ယခု တစ်ခေါက်တွင် ဝယ်ရောင်းကြိုက်ကားရှားပါးသဖြင့် ဝယ်ရောင်းကောက်မည့်သူ နည်းပြီး အမှန်လိုအပ်သဖြင့် တက်ရောက် လေလံဆွဲမည့်သူ များနိုင်ကြောင်း သိရ သည်။လက်ရှိ ရန်ကုန်မြို့ ကားဈေးကွက်အခြေအနေမှာ အကျဈေးဘက်သို့ ဦး တည်နေပြီး လွန်ခဲ့တဲ့ ခုနစ်နှစ်နီးပါးက ဈေးနီးနီးပင် ပြန်ရောက်လာကြောင်း ဝါရင့် ဝယ်ရောင်းပုဂ္ဂိုလ် ဦးစိန်မှပြောသည်။ ယခုဖြစ်နေသည့် ကားဈေးတန်းများမှာ အမှန် တကယ် ကားသုံးရန် လိုအပ်ပါက တကယ်ဝယ်ယူသင့်သည့်အခြေအနေ ဈေးတန်း တစ်ရပ်ဖြစ်သော်လည်း ဝယ်ယူသူများမှာ ကားဟောင်းများ (ဝိုင်းထဲတွင်ရှိသည့် ကားများ)ထက် ပြင်ဆင်ပြီး လေလံအောင်၍ အလဲအလှယ် အချိန်းပြုလုပ်ပြီးသည့် ကားများကိုသာ နှစ်ခြိုက်ကြကြောင်း၊ ယခုကဲ့သို့ကားဈေး လျင်မြန်စွာကျဆင်းရခြင်း မှာလည်း ဤအချက်ပါကြောင်း ယင်းမှ ပြောကြားသွားသည်။             SN

Wednesday, 24 Feb 2010

နိုင်ငံတော်ပိုင် အဆောက်အအုံများ ရောင်းချရေးကော်မတီက လေလံတင် ရောင်းချမည့် မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် ၃၂ ခုတွင် တိုက်ခန်း ၂၅ ခန်းပါဝင်လျက်ရှိကြောင်း သိရသည်။မြေနှင့် အဆောက်အအုံ ခြောက်ခုတွင် ဆူးလေဘုရားလမ်းရှိ အလျား ၉၆ ပေ x အနံ ပေ ၆ဝ ရှိ သုံးထပ်  နိုင်ငံပိုင် မြေ နှင့် အဆောက်အုံ၊ တိုက်ခန်းနှင့် မြေကွက် ၃၂ခုလေလံတင်ရာ တိုက်ခန်းအများဆုံးပါဝင်လုံးချင်းတိုက်တစ်လုံးသည် ဈေးအမြင့်ဆုံးဖြစ်ပြီး ခန့်မှန်းငွေကျပ် သိန်းနှစ် သောင်း ဝန်းကျင်ရှိကြောင်း သိရသည်။ ''ဒီလေလံစာရင်းတွေ က အရင် လေလံလက်ကျန်တွေပါတာများတယ်။ တိုက်ခန်းတွေ စီးပွားရေးအရ အချက် အချာကျတဲ့နေရာတွေမှာမို့ စိတ်ဝင်စားကြတယ်'' ဟု အိမ်ခြံမြေ အကိုျး ဆောင်တစ်ဦးက ပြောပြသည်။ လူအများ စိတ်ဝင်စားသည့် တိုက်ခန်းများသည်  ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်မြို့နယ်များရှိ တိုက်ခန်းများဖြစ်ပြီး နေရာ နှင့် စီးပွားရေးအရ အကွက်အကွင်းကျမှုပေါ်မူတည်၍ ကျပ်သိန်း ၄ဝဝ မှ ကျပ်သိန်း ၃ဝဝဝ အထိ ပေါက်ဈေးရှိကြောင်း၊ မြေနှင့် အဆောက်အအုံများတွင် ဆူးလေ ဘုရားလမ်းပေါ်ရှိအကွက်သည် ဈေးအမြင့်ဆုံးဖြစ်နိုင်ပြီး ဗိုလ်ခုျပ်အောင်ဆန်းလမ်း၊ ၄၁ လမ်း၊ ပိတောက်လမ်းနှင့် ကမ်းနားလမ်းထောင့် အကွက်များသည် ဒုတိယ အများဆုံးဖြစ်နိုင်ကြောင်း သိရသည်။''မြို့တွင်းက မြေနဲ့ အဆောက်အအုံတစ်ခုလုံးကို အရောင်းအဝယ်ဖြစ်တာ မရှိသလောက်ဘဲ၊ ပတ်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်တာနဲ့ ခန့်မှန်းရင် တစ်ပေ ပတ်လည်ကို ကျပ်ခြောက်သိန်းနီးပါးရှိမယ်'' ဟု 0x158င်းက ဆက်လက်ပြောကြားသည်။ စိတ်ပါဝင်စားသူများသည် တင်ဒါစည်းကမ်းနှင့် လျှောက်လွှာပုံစံကို ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ သတ်မှတ်နေရာများတွင် ရောင်းချပေးမည်ဖြစ်ပြီး အဆိုပြုလွှာ တင်သွင်းခြင်းကို မတ်လ ၅ ရက် ညနေ ၄ နာရီနောက်ဆုံးထား၍ နေပြည်တော်ရှိ အဆိုပါကော်မတီရုံး အမှတ် ၃၂သို့ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။၂ဝဝ၉ ခုနှစ်တွင် လေလံတင်ရောင်းချသည့် အိမ်ခြံမြေများ၏ လေလံအောင် အမည်များကို ကြေညာပေးလျက်ရှိကြောင်း သိရသည်။                ကိုဖြိုး

Thursday, 28 Jan 2010

   နေပြည်တော်တွင် အသုံးမလိုတော့သည့် ပိုလျှံယာဉ်များကို ရောင်းချရန်အတွက်လေလံခေါ်ယူခဲ့ပြီး ဇန်နဝါရီလ ၁၃ရက်နှင့် ၁၄ရက် တို့တွင် လေလံဖွင့်ခဲ့ရာအဖွင့်ရက်၌ လေလံအောင်ခဲ့သော ကားများမှာ ယခင်လေလံဈေးများထက်အနည်းငယ်နိမ့်ပြီး လေလံအောင်ခဲ့ ကြောင်း ရန်ကုန်မြို့မှလေလံသွားဆွဲသူများကဆိုသည်။   ''၁၃ရက်နေ့မှာ ကားအစီး ၉၀လေလံတင်ခဲ့ရာမှာ ၃၂စီးက ယခင်လေလံဈေးနှုန်းတွေထက် နည်းနည်းနိမ့်ပြီး လေလံအောင်ကြတယ်။ အဲ့ဒီ ၃၂စီးထဲမှာ Hilux ,Surf, Wagon က ၈ စီးပါတယ်။ ၇စီးကိုဆိုင်းငံ့ထားပြီး၊ မကြော်ငြာတဲ့ကားက၁၂စီး။ကြမ်းခင် ဈေးမမီတဲ့ကားက ၃၉စီးရှိခဲ့တယ်။ အဖွင့်နေ့က ကျပ်သိန်း ၆၀၀ကျော်နဲ့ လေလံအောင်ခဲ့တ Hilux, Surf အမျိုးအစားက အပြင်ပေါက်ဈေး သိန်း၈၀၀ လောက်ရှိပါတယ်''ဟု အဆိုပါပုဂ္ဂိုလ်ကသတင်းပေးပြောကြားသည်။   အဆိုပါလေလံတွင် ပိုလျှံယာဉ်၁၇၆စီးကို လေလံတင်ရောင်းချရန် စီစဉ်ထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာချက် အရသိရသည်။            ခင်မျိုးသွယ်

Thursday, 28 Jan 2010

   ယခုလတ်တလော အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ဌားရမ်းသူများ၊ တိုက်ခန်း ရောင်းဝယ်သူများနှင့်အိမ်ရာစီမံကိန်းများမှ လုံးချင်းအိမ်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။  ''အခုအခြားစီးပွားရေးသမား တွေလည်းအိမ်၊ခြံ၊မြေဘက်ကိုလှည့်လာတယ်။ ပြီးခဲ့တဲ့ မိုးတွင်းတုန်းက အရောင်းအဝယ် နည်းနည်းအေးခဲ့ ပေမယ့်သီတင်း ကျွတ်နောက်ပိုင်းကို အရောင်းအဝယ်ပြန်ကောင်းလာတယ်။ အခုဆိုအကျိုးဆောင်ကုမ္ပဏီတွေကများတော့ ဈေးကွက် အေးတယ်လို့ပြောလို့မရတော့ဘူး။ အဆောက်အအုံလေလံတွေရှိတယ်။ ဆိုပေမယ့်လည်း၊ လေလံဆိုတာအမြဲမရှိတဲ့အတွက်ဈေးကွက် ကိုကြီးကြီးမားမားထိခိုက်တာမရှိဘူး။ တကယ်လို့အလုပ်အကိုင် အခွင့်အလမ်းတွေ ဒီထက်ပိုကောင်းလာမယ်ဆိုရင် အိမ်၊ခြံ၊မြေရောင်း ဝယ်မှုတွေ ပိုပြီးအဆင်ပြေလာမယ်လို့ထင်ပါတယ်'' ဟု အိမ်၊ခြံ၊မြေရောင်းဝယ်သူတစ်ဦးကပြောကြားသည်။   ယခုအခါတွင် ဆင်ခြေဖုံးဒေသများဖြစ်သော တာမွေ၊တောင်ဥက္ကလာကဲ့သို့သော နေရာများတွင် စိတ်ဝင်စားမှုများလာကာ ဝယ်ယူမှု များရှိလာကြောင်းနှင့် တောင်ဥက္ကလာ လမ်းသွယ်နေရာမျိုးတွင်ပင်ပေ ၄၀ဌ ၆၀ မြေကွက်တစ်ကွက်လျှင်ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိ ကြောင်းသိရသည်။  မင်းသန့်

Thursday, 28 Jan 2010

   ဈေးအကျဖက်သို့ ဦးတည်နေသော ရန်ကုန်မြို့၏ ကားဈေးကွက်မှာ နှစ်ဆန်းပိုင်းကာလမှာပင် ဈေးဆက်လက် ကျဆင်းနိုင်မည်လား၊ အကျဈေးနှင့်ပင် ရပ်တန့်ပြီး ဈေးငြိမ်နေမလားဆိုသည်မှာ လေလံပွဲများ၊ လူအများ၏ ကားရင်းနှီးမြှုပ်နှံမှုပေါ်အာရုံစိုက် စိတ်ဝင်စားမှုပေါ် မူတည်နေသဖြင့် ယတိပြတ် ပြောမရသေးကြောင်း ယာဉ်ရောင်းဝယ်ရေးလုပ်သက် ၂၅ နှစ်ခန့်ရှိသူ ဝါရင့်ဝယ်ရောင်းပုဂ္ဂိုလ် ဦးစိန်မှ ပြောသည်။   အချို့ပွဲစားများကလည်း လေလံကုန်သွားလျှင် (သို့) လေလံပစ်နိုင် သည့်ကားစီးရေနဲလာလျှက် ကားဈေးကွက်အကျဈေးငြိမ်သက် သွားနိုင်ကြောင်းခန့်မှန်းသလို အချို့ဝယ် ရောင်းပုဂ္ဂိုလ်ပွဲစားများကလည်း ကားဈေးကွက်အကြားသတင်းဖြင့် ထိုးနှက်မှုကြောင့် ယခု လက်ရှိဈေးထက် ကျဆင်းကောင်းကျဆင်းနိုင်ကြောင်းသုံးသပ်ကြသည်။   ကားဈေးကွက်ထဲ ဈေးများကျ ဆင်း၍ ရောင်းပန်းဝယ်ပန်းမကောင်းဟုဆိုသော်လည်း အပေါ်ဝိုင်း (ဟံ သာဝတီ) နှင့် ကျောက်မြောင်း၊ သံသု မာ (သင်္ဃန်းကျွန်း) တို့တွင် ညနေခင်းကားများလူများစည်းကားနေတက်ပြီး သိန်း ၁၀၀ ပတ်လည်၊  သိန်း၂၀၀ ပတ်လည် ကားများငွေပါးပါးအလိုက် အထိုက်ဖြစ့် အလဲအထပ်အချို့ဖြစ်နေကြောင်း၊ ဗင်ကားချောလျှင်ငွေဝင်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခု အချိန်သည် ငွေကိုင်ပြီးဝယ်ပါက အမြင့်ကားများ၊ ဒေါင်ဒေါင်မည်ဆိုရမည့်ကားချော၊ ကားကောင်းများအား ဈေးမှန်ဖြင့်ရနိုင်သော်လည်း အများစုမှာ တန်ဖိုးကြီးကားများ ဝယ်ရန်စိတ်မကူးသလို ပြန်ရောင်းဖို့သာ စိတ်ကူး ပေါ်ကြသဖြင့် အမြင့်ကားဈေးကွက်မှ ၍ ကျန်ကား များဈေးပြုတ်ကျလာ သည်မှာ ပိုမိုမြန်ဆန်ရခြင်းဖြစ်ကြောင်း အပေါ်ဝိုင်းမှ ဝါရင့်အကျိုးဆောင်တစ်ဦးမှသုံးသပ်ပြသည်။   ထိုထဲတွင် ဈေးမှန်၊ ဈေးတန်သော်လည်း ဈေးကျသည့်ဂယက်ထဲတွင် အရောင်းအဝယ်ပိုပါးလာသည်မှာ ဌာနဆိုင်ရာထုတ် အမ်အက်(စ်) ဒဗလျူပါဂျဲရိုးပုံစံဝက်ဂွန်ယာဉ်များ ဖြစ်ပြီး ပြင်ဆင်ပြီးယာဉ်တစ်စီးဈေး နှုန်းမှာ သိန်း ၁၁၀၀ ဝန်းကျင်ရှိရာမှ ယခုအချိန်တွင် သိန်း ၉၀၀၊ ၉၅၀ ဝန်းကျင်ထိကျဆင်းလာသည့်အတွက် မပြင်ဆင်ရသေးသည့် ယာဉ်များမှာလည်း ဌာနဆိုင်ရာထုတ်ဈေးနီးနီးဖြင့် ပွဲစားခ ဆောင်းကာ ရောင်းချလာကြကြောင်းသိရသည်။ SN

Pages