Main menu

Background

Tuesday, 12 Oct 2010

ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများစဉ် အမျိုးအစား/MDL       အက္ခရာ              ဈေးနှုန်း                မှတ်ချက်၁။ စူပါဆလွန်း (၈၆)         လ/သ/အ              ၁၈ဝ သိန်း၂။ စူပါဆလွန်း (၉ဝ)          ၃က                  ၂၂ဝ သိန်း          ကားကောင်း၃။ ကိုရိုလာဗင် (၉ဝ)          ၃က                  ၂၈ဝ သိန်း          (CE-၉၆)၄။ ကိုရိုလာဗင် (၉၄)          ၄၈                    ၅ဝဝ သနိ ်း           ဒီဇယ်၅။ ဆူဇူကီး (R+)              စတိ                  ၂၇ဝ သိန်း၆။ ဆူဇူကီး (R+)              ၃၈                   ၂၈ဝ သိန်း၇။ မတ်(ခ်)တူး (၉၈)          ၄ဂ                    ၇၅ဝ သိန်း            ဒီဇယ်၈။ ကိုရိုနာဆလွန်း (၉၉)      ၄၈                    ၅၅ဝ သိန်း၉။ ပါဂဲျရိုး (၉၃)                 ၄၈                   ၄ဝဝ သိန်း၁ဝ။ ပါပလေကာ (၈၁)         ဓ                     ၆ဝ သိန်း                                                                                                            SN

Tuesday, 12 Oct 2010

တရုတ် မော်တော်ယာဉ်ဈေးကွက်အား ကမ္ဘာမှ မျက်စိကျလျက်ရှိ        ယခုအခါ ကမ္ဘာတစ်ဝန်းရှိ မော် တော်ယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီများက တရုတ်နိုင်ငံလို ထွန်းသစ်စ စီးပွားရေး နိုင်ငံများရှိ မော်တော်ယာဉ်ဈေးကွက် များကို စိတ်ဝင်စားမှု တိုးပွားလာနေပါ တယ်။      လတ်တလောတွင် ပဲရစ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ၂ဝ၁ဝ မော်တော် ယာဉ်ပြပွဲမှာ ကမ္ဘာ့အကြီးဆုံးမော်တော် ယာဉ်ဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက် ကို ကမ္ဘာတစ်ဝန်းမှ မျက်စိကျလျက်ရှိ ကြပါတယ်။ အဆိုပါ မော်တော်ယာဉ် ပြပွဲရဲ့ရည်မှန်းချက်မှာ တရုတ်ဈေးကွက် လို အခိုင်အမာ ဖွံ့ဖြိုးတိုးတက်လာနေ တဲ့မော်တော်ယာဉ်ဈေးကွက်မှာ ဖောက် သည်များကို တိုးခဲျ့ရှာဖွေသွားဖို့ ဖြစ် တယ်။     ကမ္ဘာ့စီးပွားရေး အကျပ်အတည်း အပြီးတွင် ဥရောပမော်တော်ယာဉ်ဈေး ကွက်မှာ တဖြည်းဖြည်းကျဉ်းမြောင်းလာ ပြီး တရုတ် မော်တော်ယာဉ် ဈေးကွက်မှာ တည်ငြိမ်တဲ့နှုန်းနဲ့ တိုးတက်လာနေပါ တယ်။ ဒါကြောင့်နိုင်ငံရပ်ခြားမှ မော် တော်ယာဉ်ကုမ္ပဏီ အများအပြားက တရုတ်နိုင်ငံတွင် ဈေးကွက်ရရှိဖို့ကြိုးပမ်း လာနေခြင်းဖြစ်ပါတယ်။ စီထရွန်ကော် ပိုရေးရှင်းမှ တရုတ်နိုင်ငံတွင် စီထရွန် ကားစီးရေနှစ်သိန်းရောင်းချနိုင်ရေး ရည် မှန်းထားပါတယ်။ ဗော်လ်ဗိုကားထုတ် လုပ်တဲ့Geely Automobile Holding Ltd.,  မှလည်း ၎င်းရဲ့လုံခြုံမှုဦးစားပေး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ စွမ်းအင်သုံး မော်တော်ယာဉ်များအတွက် ဈေးကွက်နေရာခဲျ့ထွင်နိုင်ရေး ကြိုးစား လျက်ရှိပါတယ်။       အချို့ပြင်သစ်မော်တော်ယာဉ်ထုတ် လုပ်သူများက တရုတ်နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီးဖြစ်ကာ မော်တော်ယာဉ် အပိုပစ္စည်း များကို ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင် ထုတ်လုပ် တဲ့ (Made-in-China)  ထုတ်ကုန်များက ဥရောပကုမ္ပဏီများကို အကျိုးစီးပွားရရှိ စေဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ အခိုင်အ မာယုံကြည်ထားကြကြောင်း သတင်း ရရှိပါတယ်။ှ                                                                                                                            Source:CNTV,                                                                                                                                   ရွှေစင်ကို

Tuesday, 12 Oct 2010

 အိမ်ခြံမြေဈေးကွက်တွင် အငှား ၇၀ ရာခိုင်နှုန်း ရရှိ        ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် စက်တင်ဘာလအတွင်း အငှားဈေးကွက် အနေဖြင့် ၇ဝ ရာခိုင်နှုန်းရရှိခဲ့ကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများမှ သိရသည်။        ''စက်တင်ဘာလတစ်လလုံးအနေနဲ့ အငှားဈေးကွက် ၇ဝ ရာခိုင်နှုန်းရရှိတယ် ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီ တစ်ခုတည်းမှာဘဲ စက်တင်ဘာလ နောက်ဆုံးပတ်ထဲမှာ မြေညီထပ်အငှားအနေနဲ့ တာမွေဘက်က တစ်လ ၃ သိန်း၊ ပုဇွန်တောင် ဘက်က တစ်လ ၆ သိန်း၊ ရိုးရိုးတိုက်ခန်းတစ်ခန်းကို ဒဂုံမြို့နယ်ထဲမှာ တစ်လကို ၂ သိန်းခွဲနဲ့တည့်ခဲ့တယ်။ ကွန်ဒိုအငှား ဆိုရင် ဒဂုံမြို့နယ်ထဲက ကွန်ဒို ၂ ခန်းက ၄ သိန်းခွဲနဲ့ ၅ သိန်းခွဲ။ ဗဟန်းရိပ်မွန်ထဲမှာ ၄ သိန်း။ ပုလဲကွန်ဒိုထဲက ၄ သိန်းနဲ့ တစ်ခန်း စုစုပေါင်း ၅ ခန်းငှားပေးခဲ့ရတယ်။ လုံးချင်းတိုက်အငှားက တစ်လကို ဒေါ်လာ ၁၇ဝဝ နဲ့ နိုင်ငံခြားသားအတွက် ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်'' ဟု ယူနီတီ အိမ်ခြံမြေကုမ္ပဏီမှ ဦးဇော်ဇော်က ပြောကြားသည်။     အဆိုပါကုမ္ပဏီမှ စက်တင်ဘာလနောက်ဆုံးပတ်အတွင်း သိန်း ၂ဝဝဝ တန် မြေကွက်ကို မရမ်းကုန်းမြို့နယ်အတွင်းတွင် လည်းကောင်း၊ ကျပ်သိန်း ၃ဝဝဝ ကျော် တန် မြေ ၈ဝ ပေပတ်လည် (RC  ၂ ထပ် )ကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းတွင် လည်းကောင်း  ဝန်ဆောင်မှုပေးခဲ့သည်ဟု ဆိုသည်။                                                                                               ခင်မျိုးသွယ်

Wednesday, 6 Oct 2010

မြို့လယ်နှင့် မနီးမဝေးမြေကွက်များ အရောင်းအဝယ်ရှိလာ          ရန်ကုန်မြို့လယ်နှင့် မနီးမဝေးနေရာများရှိ မြေကွက်များအရောင်းအဝယ်ရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများထံက သိရသည်။ ''စက်တင်ဘာလ ၂ဝ ရက်နောက်ပိုင်း ရန်ကုန်မြို့လယ်နဲ့ မနီးမဝေး မြို့နယ်တွေဖြစ်တဲ့ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မရမ်းကုန်းမြို့နယ်တွေထဲက မြေကွက်များအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်ထဲက RC  နှစ်ထပ်၊ မြေကွက် ပေ ၈ဝ ပတ်လည်ကို ကျပ်သိန်း ၃ဝဝဝနဲ့တည့်သွားတယ်။ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း ပေါ်က ဧကတစ်မတ်လောက်ရှိတဲ့မြေကွက်နဲ့RC နှစ်ထပ်ကို ကျပ်သိန်း ၁၈ဝဝ ဝန်းကျင် အင်းစိန်မြို့နယ် ၁ဝ မိုင်ကုန်း ဝန်းကျင်မှာ မြေကွက်သက်သက်ကို ကျပ်သိန်း ၅ဝဝ၊ ကျပ်သိန်း ၁၂ဝဝ နေရာအနေ အထားပေါ်မူတည်ပြီး ခေါ်ဈေး နဲ့တည့်ကြတယ်။ အဲဒီဝန်းကျင်မှာပဲ RC နှစ်ထပ်ပါ မြေကွက်တစ်ကွက်က ကျပ်သိန်း ၁၈ဝဝ နဲ့ အဆင်ပြေသွားတယ်။ မင်္ဂလာဒုံဘက်ကစက်မှုဇုန်မြေကွက်တွေမှာ တစ်ဧကကို ကျပ်သိန်း ၅၅ဝ နဲ့ သိန်း ၆ဝဝ ကြားတည့်ကြတယ်။ ရွှေလင်ပန်း စက်မှုဇုန်က ခေါ်ဈေးမြင့်ပေမယ့် တကယ်တည့်တော့ တစ်ဧကကို ကျပ်သိန်း ၅ဝဝ-၆ဝဝ တွေနဲ့ပါ။ အမှတ် ၃ လမ်းမပေါ်က၂၅ ဧကဝန်းကျင် မြေကွက်ကို ကျပ်သိန်း ၂ဝဝဝ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်'' ဟု ယူနီတီအိမ်မြေခြံကဦးဇော်ဇော်က အတည်ပြုပြောကြားသည်။ ခင်မျိုးသွယ်

Wednesday, 6 Oct 2010

ရန်ကုန်မြို့တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများစဉ် အမျိုးအစား/ MDL            အက္ခရာ                ဈေးနှုန်း            မှတ်ချက်ှ၁။ ဆူဇူကီး (R+)                  စတိ                  ၂၇ဝ သိန်း၂။ ဆူဇူကီး (R+)                   ၅ခ                    ၂၁ဝ သိန်း           ကားကောင်း၃။ ဆူဇူကီး (R-)                    ၇ခ                    ၁ဝဝ သိန်း           ကားလျှော့၄။ ဆူဇူကီး (R-)                    စတိ                   ၁၄၈ သိန်း၅။ ကိုရိုလာဗင် (၉၈)               ၄ဂ                    ၄၉ဝ သိန်း၆။ ကိုရိုလာဗင် (၉ဝ)               ၄ဂ                    ၂၆ဝ သနိ ်း              ဒီဇယ်၇။ မတ်(စ်)တူး (၉၄)               ၄၈                     ၇၈ဝ သနိ ်း             ဒီဇယ်၈။ ကိုရိုနာဆလွန်း (၉၈)           ၄၈                     ၅၆ဝ သိန်း         ဒီဇယ်၊ ဆပ်ခေါင်း၉။ ဆန်နီပစ်ကပ် (၈၂)              စ                       ၆၅ သိန်း၁ဝ။ တောင်းအေ့(စ်)                ၈ဂ                     ၁၄၅ သိန်း       ပုဇင်းခေါင်း ဓာတ်ဆီ   

Wednesday, 6 Oct 2010

ွRuby Mart (ရန်ကုန်) ဖွင့်ရန် စီစဉ်     မြဝတီထရေးဒင်း လီမိတက်နှင့် အာရှလှိုင်းကျော်မိသားစု ထရေးဒင်း ကုမ္ပဏီလီမိတက်၊ ခေတ်သစ်ဦး ထရေး ဒင်းကုမ္ပဏီလီမိတက်နှင့် ငွေစကားဝါ ထရေးဒင်း ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ဖက်စပ်ဖွင့်လှစ်မည့်Ruby Mart (ရန်ကုန်) ကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်တွင် အောက်တိုဘာလ ၉ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ် သည်။    Ruby Mart မြေညီထပ်တွင် Supermarketကိုဖွင့်လှစ်၍ ပထမ ထပ်တွင် ဖက်ရှင်ပစ္စည်း အရောင်းဆိုင် များ၊ ဒုတိယထပ်တွင် လျှပ်စစ်ပစ္စည်း များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ စာရေး ကိရိယာနှင့် ပရိဘောဂများကို ရောင်းချ ပေးမည်ဖြစ်သည်။ တတိယထပ်တွင်ွှှု IT Floor အနေဖြင့်သတ်မှတ်၍ ကွန်ပျူ တာများ၊ ကင်မရာများ၊ မိုဘိုင်းဆိုင်များ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများကိုလည်း ကောင်း၊ အပေါ်ဆုံးထပ်တွင် ကလေး ကစားစရာနှင့် အရုပ်ကောင်တာများ ဖွင့်လှစ်၍ ကစားစရာပစ္စည်းများ ရောင်း ချပေးမည်ဖြစ်သည်။ ထို့အပြင် စားသောက်ဆိုင်ငယ် သုံးဆိုင်ကိုလည်း ဖွင့် လှစ် ရောင်းချပေးသွားမည်ဖြစ်သည်။       အဆိုပါ Ruby Mart  မှာ စတုရန်း ပေ ၅ဝဝဝဝကျော် ကျယ်ဝန်းပြီး ငါးထပ် အဆောက်အအုံဖြစ်ကာ ကားအစီးရေ ၁ဝဝ ခန့် တစ်ပြိုင်တည်း ရပ်နားနိုင် သည့် ကားပါကင်ပါရှိကြောင်း သိရ သည်။ ခင်မ်မျိုးသွယွယ်

Wednesday, 6 Oct 2010

 မန္တလေးစက်မှုဇုန်(၂) အတွက် ဈေးသစ်ကြီးပေါ်ပေါက်လာတော့ မည်        မန္တလေးမြို့၊ စက်မှုဇုန်(၂)၊ ကနောင်မင်းသားကြီးလမ်း၊ ၄၈လမ်းနဲ့ ၄၉ လမ်း ကြားတွင် မြင့်မိုရ်ဦးဆောက်လုပ်ရေးနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အကိုျးတူပူးပေါင်း၍ စက်မှု(၂)ဈေးသစ်ကြီးကို ယခုလမှစ၍ ဆောက် လုပ်လျက်ရှိ ရာ ၂ဝ၁၂ ခုနှစ် မတ်လပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရပါတယ်။ စက်မှု (၂) ဈေးသစ်ကြီးမှာ RC နှစ်ထပ် လူနေဆိုင်ခန်း ၄ဝ ခန်း၊ ပံျကျဈေးဆိုင်ခန်း ၅၄ဝ ခန်း၊ အထည်ဆိုင်ခန်း ၁၂၄ ခန်းနဲ့ ဈေးရုံးနဲ့ ရေစင်များ ပါရှိမှာဖြစ်ပါတယ်။ မန္တလေးစက်မှုဇုန်တွင် ဇုန်(၁)၌ ဈေးကြီးတစ်ဈေးရှိပြီး စက်မှုဇုန် (၂)အတွက် ဈေးကြီး မကြာခင်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။         မြင့်မိုရ်ဦးဆောက်လုပ်ရေး ဒါရိုက်တာ ကိုတိုးမြင့်အောင်က '' ဇုန် ၂ အနေနဲ့ ဈေးမရှိသေးတဲ့အတွက် အဆင့်မြင့့်ဈေးဆောက်လုပ်မှာပါ။ ဈေးနားတစ်ဝိုက်က စိန်ပန်းစက်မှုဇုန်၊ လလအကွက် ၊ H အကွက်၊ ထွေးမယ်တောစုရွာ၊ ရွာသစ်ကလေး ရွာတွေအတွက် ဈေးရောင်း၊ ဈေးဝယ်အဆင်ပြေမယ်။ ဈေးကြီးကို မီဘေးလုံခြုံရေး အတွက်လည်း စည်ပင်နဲ့ညှိနှိုင်းဆောင်ရွက်မယ်။ RC  နှစ်ထပ် သိန်း ၃၅ဝ ကို ၅ ရစ်သွင်းလို့ရတယ်။ ၁၈ လအတွင်း ညှိနှိုင်းဆောင်ရွက်ပေးမယ်။ ၄၉ လမ်းပေါ်က သိန်း ၃၂ဝကျပ်အဆင်ပြေသလိုသွင်းလို့ရတယ်။ အထည်ဈေးဆိုင်ခန်းက မျက်နှာစာ ပေါ်ဆို သိန်း ၅ဝ၊ အတွင်းဘက်ခြမ်း သိန်း ၄ဝ ကျပ်၊ ၅ လအတွင်း ၃ ရစ်ခွဲ သွင်းလို့ရပါတယ်။ ပြန်ကျဈေးသည်တွေအတွက် မူလပိုင်ရှင် ၆၄ ခန်းကို ၂ သိန်း ၅ သောင်းနဲ့ ၃ ရစ်ခွဲသွင်းလို့ရမယ်။ ထပ်လိုချင်ရင် ၃ သိန်း ၂ သောင်းနဲ့  ရာင်းချ ပေးမယ်။ ဈေးသူဈေးသားမဟုတ်ဘဲ အပြင်ကဝယ်မယ်ဆို ၅ သိန်းနဲ့ရောင်းချပေး မယ်''လို့ ပြောပါတယ်။          စက်မှုဇုန်(၂) ဈေးကြီးကို ပံျကျဈေးလေးမှ အဆင့်မြင့်ဈေးအဖြစ် တည် ဆောက်မှာဖြစ်ပြီး ဧရိယာ ၄ ဒသမ ၄၄ ဧကကျယ်ဝန်းပါတယ်။ ဇူးဇူး

Wednesday, 6 Oct 2010

  ကားကောင်း ကားသန့်များနှင့် ကားဟောင်းများ ဈေးတန်းနှစ်မျိုးဖြင့် ရပ်တည်နေ          ရန်ကုန်မြို့ကားဈေးကွက်မှာ ဇူလိုင် ၂၃ ရက်ခန့်မှစ၍ လိုင်စင်မဲ့ကားများ  အခွန်ပေးဆောင် လိုင်စင်သစ်ထုတ်ပေးချိန်မှ ယခုလ ၂၄ရက်ထိ နှစ်လနီးပါးခန့် ကာလအတွင်း ဈေးကွက်တွင်းသို့ ကားကောင်းကားသန့်များဝင်ရောက်လာသဖြင့် ဝယ်စီးများ အကြိုက်ဖြစ်သလို ယခင်ရှိနှင့်ပြီး ကားဟောင်းများမှာလည်း ဈေးတန်း တစ်ခုဖြင့် ရပ်တည်နေကြောင်း သိရသည်။     ထိုသို့ အခွန်ပေးဆောင်လိုင်စင်ချထားခြင်း ဆောင်ရွက်ပေးမှုကြောင့် ဝယ် ရောင်းများသာမက ဝယ်စီးများပါ လူတန်းစားအများစု မိမိကြိုက်နှစ်သက်ရာကား ရွေးချယ်စီးနင်းခွင့်ရခဲ့ပြီး မိုဒယ်အမြင့်များ၊ ပုံစံသစ်များ၊ အသွင်ဆန်းပြားသည့် ကား များ ပြောင်းလဲစီးနင်း လာကြောင်း သိရသည်။ ကားလောကနှင့်မစိမ်းသောသူများမှာလည်း အခွန်ဆောင်လိုင်စင်သစ် ယူ မည့်ကားအား မိမိစိတ်ကြိုက်ပုံစံ မိမိကိုယ်တိုင် ရှာဖွေဝယ်ယူကာ ကိုယ်ပိုင် အမည်ပေါက်ကား စီးနင်းလာကြပြီး ကားလောကနှင့် အကျွမ်းတဝင်မရှိဘဲ မျက်မြင် စိတ်ချယုံကြည် ရသောကားမှသာ စီးချင်သူများမှာ မိမိအမည်ပေါက်မရသော်လည်း အမြင့်ကား၊ အသန့်ကားများအား အက္ခရာနံပါတ်ထွက်ပြီးသားအဆင့် စိတ်ကြိုက် ရွေးချယ်ဝယ်ယူစီးနင်းကြောင်း သိရသည်။     ကားဈေးကွက်တွင်းသို့ အခွန်ဆောင်လိုင်စင်သစ် ရယူထားသော ကားများ စီးရေထောင်ဂဏန်းချီ ဝင်ရောက်လာချိန်တွင် သြဂုတ်လ ဆန်းပိုင်းမှစ၍ ကားဈေး များစွာ တဖြည်းဖြည်းကျဆင်းလာကာ ငွေကြေးအသင့်အတင့်သာတတ်နိုင်၍ ကား စီးရန် အစီအစဉ်မရှိသူများပါ သိန်း ၁ဝဝ အောက်တန်ဖိုးရှိကားများ ဝယ်ယူစီးနင်းလာကြောင်း သိရသည်။      ယခုကားဈေးကွက်အတွင်း ယခင်ကကဲ့သို့ ကားဟောင်းများ၊ အများစု ရှိမနေဘဲ ယခင်လေလံအောင်ခဲ့ပြီးသော ကားများ၊ ဌာနဆိုင်ရာမှ အသစ်ထုတ်လုပ် ရောင်းချသော မိုဒယ်မြင့် အဆင့်မြင့်ကားများ၊ စက်မှုဇုန်များမှ ပြောင်းလဲထုတ်လုပ် လာသည့် ပုံစံသွက် အမြင့်ကားများ၊ အခွန်ပေးဆောင် လိုင်စင်သစ်ရယူထားသည့် ကားများစသည်ဖြင့် ဝယ်စီးမည့်သူများအကြိုက် ရွေးချယ်စရာ ကားကောင်း/ ကားသန့် များလာကြောင်း၊ ဈေးတန်းများမှာ လိုင်စင်သစ် အက္ခရာနံပါတ်ဖြင့် ကားသန့်များမှာ ဈေးတန်းတစ်ခု၊ ယခင်ရှိပြီး ကားဟောင်းများမှာ ဈေးတန်းတစ်ခု ဖြစ်နေသော်လည်း ယခုချိန် ကားဝယ်စီးမည်ဆိုက မိမိသုံးစွဲနိုင်သည့်ငွေကြေးတန်ဖိုး နှင့်ကိုက်ညီမည့် ကားမျိုးဝယ်နိုင်ကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင် ကိုမြင့် ကျော်မှ ပြောသည်။                                                                                     SN

Wednesday, 29 Sep 2010

  ရန်ကုန်ကားဈေးကွက်အတွင်း ကြိုက်ရောင်း ကြိုက်ဝယ်အနေအထားသာရှိ၊ ရောင်းမည့်သူများသာ ပိုများနေ      ရန်ကုန်ကားဈေးကွက်အတွင်းသို့ ကားအမျိုးအစား၊ ပုံစံအသစ်များ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေအထားမှာ ကြိုက်ရောင်း ကြိုက်ဝယ်သာရှိပြီး ဝယ်သူ သိပ်မရှိဘဲ ရောင်းချမည့်သူများသာ ပိုများနေကြောင်း ဟံသာဝတီ ကားရောင်းဝယ်ရေး စခန်းမှ ပွဲစားတစ်ဦးက ပြောကြားသည်။ ဈေးကွက်ထဲကို အက္ခရာ ၄ဂ/ အသစ်တွေ ဝင်ရောက်လာတယ်။ စီးရေ ၆ဝဝဝ ဝန်းကျင်ရှိမယ်။ ၄ဂ/ဟွန်ဒါ အမျိုးအစား တွေလည်း ဝင်တယ်။ ဟွန်ဒါတွေကပုံစံလှတာပဲရှိတယ်။ ဟိုင်းဝေးဆိုရင်တော့ သိပ်အဆင်မပြေလောက်ဘူး။ အပိုပစ္စည်း ကလည်း ရှားတယ်။ ၄ဂ/ ဟွန်ဒါအမျိုးအစားဆိုရင် ခေါ်ဈေးက သိန်း ၅ဝဝ ဝန်းကျင်လောက်ရှိတယ်။ ယခု အရောင်း အဝယ်သမားတွေက ၄ဂ/ တွေဝယ်ပြီးပြန်ရောင်းရင် ဈေးမရမှာကို စိုးရိမ်နေကြတယ်။ ဈေးကွက်ကလည်း ခေါ်ဈေး ပဲရှိတယ်၊ ဝယ်မယ့်သူ သိပ်မရှိဘူး''ဟု ၎င်းကပြော ကြားသည်။      ၎င်းအပြင် ကားဈေးနှုန်းမှာ ထူး ထူးခြားခြားပြောင်းလဲမှုသိပ်မရှိသေး ကြောင်း၊ဖင်ကောက်အက္ခရာ ၄ဂ/မှာ ကျပ်သိန်း ၅ဝဝ ဝန်းကျင် (R+) မှာ ကျပ်သိန်း၂၅ဝ ဝန်းကျင်၊ မတ်တူး ၉၉ မော်ဒယ်လ်ကျပ်သိန်း ၇၅ဝ ဝန်းကျင်နှင့် ပါပလေကာ နှင့် ဆန်နီအမျိုးအစားမှာ ကျပ်သိန်း ၇ဝ၊ ၈ဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။မင်းသန်

Wednesday, 29 Sep 2010

 အိမ်၊ ခြံ၊ မြေဈေးကွက်အရောင်းအဝယ် အေးနေ      ယခုလတ်တလော အိမ်၊ ခြံ၊ မြေဈေးကွက် အတွင်း အခြေအနေမှာ သိသိသာသာပြောင်းလဲမှုမရှိသေးသော်လည်း ပြည်တွင်း အခွန်များဦးစီးဌာနမှအခွန်သက်တမ်းတိုးပြီး နောက်ပိုင်းတွင် အရောင်းအဝယ် အေးသွားကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ကိုင်သူတစ်ဦးကပြောကြားသည်။      ''ယခုအခြေအနေက ဝယ်သူကတော့ ရှိတယ်။ ရောင်းမယ့်သူက နည်းနေတာ။ အခွန်ကြောင့်လည်းပါမယ်လို့ထင်တယ်။ အဓိကကတော့ ရွေးကောက် ပွဲပြီးမှ လုပ်ကြမယ်ဆိုတဲ့ သဘောရှိတယ်။ ဈေးနှုန်းကတော့ မကျပါဘူး။ အရောင်းအဝယ် နှေးသွားပေမယ့် အငှားကတော့ ပုံမှန်ပဲ။ အရောင်းအဝယ်ကလည်း ကျပ်သိန်း ၂ဝဝဝ၊ ၃ဝဝဝ ကျော်လောက်ပဲ ရှိတော့တယ်''ဟု ၎င်းကပြောသည်။       ၎င်းအပြင် ယခုအခါတွင် ပြည်ပ နိုင်ငံများနှင့် တိုက်ရိုက်ဘဏ်စနစ် ညှိနှိုင်းဆွေးနွေးမှုများ ရှိလာသောကြောင့် အိမ်၊ ခြံ၊ မြေဘက်တွင် အားကောင်း လာနိုင်သည်ဟု ထင်နေကြသော်လည်း အိမ်၊ ခြံ၊ မြေဈေးကွက်နှင့် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း၊ ယင်းဘဏ်လုပ်ငန်းများ ညှိနှိုင်းခြင်းမှာ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း၍ ငွေလွဲှခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း၊ပစ္စည်းတင်ပို့ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း သိရသည်။     တိုက်ခန်း ဈေးနှုန်းမှာလည်း ကျောက်တံတားမြို့နယ်တွင် ၇ လွှာ  ကျပ်သိန်း ၁၇ဝ ဝန်းကျင်၊ ကမာရွတ်မြို့နယ်တွင် ၄ လွှာ ကျပ်သိန်း ၃၅ဝဝန်းကျင်၊ စမ်းချောင်းမြို့နယ်တွင် ၇ လွှာ ကျပ်သိန်း ၁ဝဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။မင်းးသန့််

Pages