Main menu

Background

Tuesday, 23 Nov 2010

 နေပြည်တော်တွင် ကျင်းပမည့် ကားလေလံပွဲ စိတ်ဝင်စားသူနည်းပါး       နေပြည်တော်ရှိ ဗဟိုစက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနတွင် နိုဝင်ဘာလ ၂၃ရက် နံနက် ၉ နာရီမှစ၍ အသုံးမလိုပိုလံျှမော်တော်ယာဉ် ၅၁စီး၊ ဆိုင်ကယ် ၁၈၃ စီးနှင့် ယခင်လေလံမအောင်ကျန်ရှိ မော်တော်ယာဉ် ၃၄ စီးတို့ကို One Stop Service ဈေးပြိုင်အိတ်ပိတ်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေလံပွဲတွင် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ကားများ၊ အများဆုံး ပါဝင်လျက်ရှိပြီး လူကြိုက်များသည့် ဗင်နှင့် ဆလွန်းကားများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။ '' ဒီတစ်ခါလေလံပွဲက ကားပွဲစားတွေ ကြိုက်တဲ့ ကားနည်းတယ်၊ သွားတဲ့သူလဲ နည်းမှာပါ၊ အရင်ပွဲကလဲသွားတဲ့သူ နည်းခဲ့တဲ့အပြင် ကြမ်းခင်းဈေးတောင် မမီဘူး'' ဟု ကားပွဲစားတစ်ဦးက ပြောကြားသည်။ အဆိုပါ ကားလေလံပွဲတွင် မစ်ဆူဘီရှိ၊ ဟွန်ဒါစသည့် ဝက်ဂွန်အမျိုးအစား ကားခြောက်စီး၊ တိုယိုတာမတ်တူး၊ တိုယိုတာကိုရိုလာ၊ တိုယိုတာ Camary  စသည့် ဆလွန်းကား အမျိုးအစား ၂၁ စီး၊ တိုယိုတာကယ်ဒီးနား၊ တိုယိုတာကော်ရိုလာ၊ မစ်ဆူဘီရှီစသည့် ဗင်အမျိုးအစားကား ၁၄ စီးနှင့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် တရုတ် နိုင်ငံထုတ်ကား စုစုပေါင်း ၃၆ စီးပါဝင်ကြောင်း၊ ဆိုင်ကယ်များတွင်  Kenbo၊ Shayon Feiling၊ Toyota ၊ London စသည့် မော်တော်ဆိုင်ကယ်များပါဝင်ပြီး ငါးစီးကို Lot  တစ်ခုပါဝင်ကြောင်း သိရသည်။ အဆိုပါလေလံပွဲတွင် ပါဝင်သည့်ကားများသည် ပူတာအို၊ လားရှိုး၊ မူဆယ်၊ လွယ်ဂျယ်၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွှေညောင်၊ ကျိုင်းတုံစသည့် မြို့များတွင်ရှိကြောင်း သိရသည်။ '' ပြီးခဲ့တဲ့လေလံပွဲမှာ လေလံအောင်တာ နည်းတဲ့ အပြင် ကားပွဲစားတွေ လိုင်စင်ဝင်တဲ့ယာဉ်တွေကို စိတ်ဝင်စားတာ များနေကြတဲ့ အတွက် သွားတဲ့သူနည်းတယ်'' ဟု လေလံပွဲစားတစ်ဦးက ပြောကြားသည်။ ယခု နောက်ပိုင်းကျင်ပသည့် လေလံပွဲများတွင် လာရောက်လေလံဆွဲသူများ အဆင်ပြေစေရန် တစ်နေရာတည်းတွင် အပြီးအပြတ်ဆောင်ရွက်ပေးသည့် One Stop Service  ပေးလျက်ရှိသည်။ လေလံတင်ရောင်းချပွဲများကို စိတ်ဝင်စားသူနည်းပါး လာသည့်အတွက် ကြမ်းခင်းဈေးများသည် တစ်ပွဲနှင့်တစ်ပွဲ ကျဆင်းလာနိုင်ကြောင်း သိရသည်။           ယခုလေလံပွဲတွင် ဝယ်ယူခွင့်ရရှိကြမည့်သူများသည် လေလံပွဲအပြီး နောက် တစ်ရက်နေ့တွင် နောက်ဆုံးထား၍ အောင်မြင်ငွေအား အပြီးပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။ ကိုဖြိုး

Tuesday, 23 Nov 2010

 ရောင်းသူ၊ ဝယ်သူမရဲကြသည့် အခြေအနေကြောင့် ကားဈေးကွက်အေး      ရန်ကုန်မြို့ ကားဈေးကွက်အတွင်း တွင် ရောင်းသူနှင့်ဝယ်သူ နှစ်ဦးစလုံး မရောင်းရဲ၊ မဝယ်ရဲ အခြေအနေများ ကြောင့် အရောင်းအဝယ်များ အေးနေကြောင်း ဟံသာဝတီ ကားဝယ်ရောင်းစ ခန်းမှ ပွဲစားတစ်ဦးကပြောကြားသည်။     ''အခုဈေးကွက်ထဲမှာ ရောင်းသူ ကလည်း ထုတ်မရောင်းရဲသလို ဝယ်သူ ကလည်း သိပ်မဝယ်ရဲကြဘူး၊ စဉ်းစား ချင့်ချိန်နေကြတယ်။ ကားဈေးတွေက လည်း မငြိမ်ဘူးဖြစ်နေတယ်။ ခုပြော နေတုန်းတစ်ဈေးပေါက်ရင် နောက် ၅ မိနစ်လောက်ဆိုရင် ဈေးကတစ်မျိုး ပြောင်းချင်ပြောင်းသွားတာ၊ ဈေးကအတည်သတ်မှတ်လို့မရဘူးဖြစ်နေတယ်။ အကုန်လုံးက ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြတယ်။ အခုဈေးကွက် ထဲမှာ အိမ်သုံးဇုန်ထုတ်ကားအနည်းငယ် ပဲအရောင်းအဝယ်ရှိတယ်။ ကျန်တဲ့ကား တွေကတော့ အေးနေတယ်'' ဟုယင်း ကပြောကြားသည်။        အဆိုပါရန်ကုန်ဈေးကွက်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့ သော ကားဈေးနှုန်းများမှာ CE ကျပ် သိန်း ၂၅ဝ၊ R+IC  ကျပ်သိန်း ၂၄ဝ ဝန်းကျင်၊Tip Top  ကျပ်သိန်း ၂၄ဝ ဝန်းကျင်၊Honda ၄(ဂ) ကျပ်သိန်း ၄ဝဝ၊ ဖင်ကောက် ကျပ်သိန်း ၄ဝဝ ဝန်းကျင်၊Light Truck ကျပ်သိန်း၁၂ဝ ဝန်းကျင်၊Mark II ၉၉ မော်ဒယ်လ် ကျပ်သိန်း ၆ဝဝ ဝန်းကျင်ဈေးရှိကြောင်း သိရသည်။ မင်းသန့််

Tuesday, 16 Nov 2010

၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ဟောင်ကောင်အိမ်ခြံမြေရောင်းဝယ်မှု အခြေအနေ    ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ၌ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် အိမ်ခြံမြေရောင်းဝယ်မှုသည် ယခင်လထက် ၁၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဈေးနှုန်းထိန်းသိမ်းနိုင်ရန် အစိုးရမှ လိုအပ်သော ဥပဒေများ ရေးဆွဲထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ စုစုပေါင်း အိမ်ခြံမြေအရောင်းအဝယ် ၁၃၇၄၉ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သောကြောင့် သြဂုတ်လတွင် ၁၆၉၄၆ ကြိမ်နှင့် ယခင်နှစ်တွင် ပြုလုပ်ခဲ့သော ၁၄၄၃၇ ကြိမ်အောက် ၄ ဒသမ ၈ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သည်ကို တွေ့ရသည်။ ဈေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်ခြံမြေဈေးနှုန်း များသည် ၂ဝဝ၉ ခုနှစ်ထက် ၂၉ ရာခိုင်နှု်းမြင့်တက်လာပြီး၊ ယခုနှစ်အတွင်း လအလိုက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာသည့် အတွက်ကြောင့် ဈေးနှုန်းများတည်ငြိမ်စေရန် အစိုးရပိုင်မြေများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ရသည့်အပြင် တန်ဖိုးကြီး အိမ်ရာများ၏ရောင်းခွန်ဝယ်ခွန်များအား တိုးမြှင့်ကောက်ခံခဲ့သည်။ စက်တင်ဘာအရောင်းအဝယ်တန်ဖိုးသည် ဟောင်ကောင် ဒေါ်လာ ၅၃ ဒသမ ၅၁ ဘီလီယံရှိခဲ့ရာ ပြီးခဲ့သည့် သြဂုတ်လတန်ဖိုး ဟောင်ကောင်ဒေါ်လာ ၈ဝ ဒသမ ၂၄ ဘီလီယံနှင့် ယခင်နှစ်တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၆၇ ဒသမ ဝ၅ ဘီလီယံတို့အောက် ၃၃ ရာခိုင်နှုန်းနှင့် ၂ဝ ရာခိုင်နှုန်း အသီးသီးလျော့ နည်းခဲ့သည်ကိုတွေ့ရှိရသည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ကုန်သွယ်မှုအခြေအနေ     ၂ဝ၁ဝ ခုနှစ်စက်တင်ဘာတွင် တရုတ်နိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် နှစ်အလိုက် ၂၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့၍ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၉၉ ဘီလီယံရှိခဲ့သော်လည်း ယခင်လ ၃၄ ဒသမ ၄  ရာခိုင်နှုန်းအောက် သိသိသာသာကျဆင်းခဲ့သည်။ အလားတူသွင်းကုန်တင်သွင်းမှုသည် နှစ်အလိုက် ၂၄ ဒသမ ၁ ရာခိုင်နှုန်း  မြင့်တက်ခဲ့ပြီး၊တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၈ဒသမ ၁၁ ဘီလီယံရှိခဲ့သောကြောင့် ယခင်လအောက် ၁၁ဒသမ ၁ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန (GAC)မှ တရားဝင်ထုတ်ပြန်ခဲ့သည်။ ၂ဝ၁ဝ ခုနှစ် ပထမကိုးလတွင် တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် နှစ်အလိုက် ၁ ရာခိုင်နှုန်းကျဆင်း@

Monday, 15 Nov 2010

ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL               အက္ခရာ                  ဈေးနှုန်း                   မှတ်ချက် ၁။ ကိုရိုလာဗင် (၈၈)              ၇က ၂၃ဝ                   သိန်း                         CE-96၂။ ကိုရိုလာဗင် (၈၈)              ၃က ၁၈၅                   သိန်း              ၁ .၃ ဓာတ်ဆီ၊ ကားကောင်း၃။ ဟွန်ဒါဝက်ဂွန် (စီအာဗီ)       ၄၈ ၆၂ဝ                    သိန်း                           (97)၄။ ပါဂဲျရိုး (၉၇)                     ၄၈ ၄၅ဝ                    သိန်း                     တံခါး(၂)ပေါက်၅။ ဟိုက်အေ(စ်) (၉၇)            ၈စ ၃၃ဝ                    သိန်း                      အားလုံးရှင်းပြီး၆။ ဒဂုံဂျစ်(အမိုးမာ) (၉၂)        ၈ခ ၆၅                      သိန်း၇။ ပါပလေကာ (၈၂)              စ ၆ဝ                       သိန်း၈။ ကိုရိုလာဗင် (၂ဝဝဝ)         ၄ဂ ၄၆၅                    သိန်း                             3C၉။ စူပါဆလွန်း (၈၇)             ၃က ၁၈ဝ                   သိန်း၁ဝ။ စူပါဆလွန်း (၉ဝ)           ၄က ၂၃ဝ                    သိန်းSN

Monday, 15 Nov 2010

  ဆောင်းရာသီအအေးဓာတ်နဲ့အတူ အေးစက်ခဲ့သည့် မန်းမြေကွက်အချို့ ကထိန်ရာသီနှင့်အတူ တက်ဈေးများဖြစ်ပေါ်      မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ ဟုမ်ပန်း လမ်း(ငုရွှေဝါ)လမ်းပေါ်ရှိ မြေကွက်များ မှာ ယခင်ဈေးအေးပြီး အရောင်းအဝယ် အေးခဲ့ရာမှ နိုဝင်ဘာလဒုတိယပတ်တွင် တက်ဈေးများဖြစ်ပေါ်ပြီး အဝယ်ဆင်း လျက်ရှိကြောင်း သိရပါတယ်။      ''၆၈ လမ်းနှင့် ၇၃ လမ်းကြား၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားမှာ အမျိုးသားအားကစားဥယျာဉ် စီမံကိန်း (မန္တလေး)ကိုတည်ဆောက်ဖို့ အကောင် အထည်ဖော်မှာဖြစ်တဲ့အတွက် ငုရွှေဝါ လမ်းပေါ်က မြေကွက်တွေ ဈေးတက် လာခဲ့တာ။ ဈေးကွက်အရ တက်ရိပ်ရှိတဲ့ အတွက် ရောင်းမယ့်သူက မရောင်းကြသေးဘူး။ ဝယ်မယ့်ကုန်သည်ရှိပေမဲ့ ရောင်းမယ့်သူမရှိလို့ အရောင်းအဝယ် အေးနေတယ်။ နိုဝင်ဘာ ၄ ရက်နေ့က ၄ ကွက်တွဲကို သိန်း ၆ဝဝဝ ကျပ်နဲ့ ဝယ်ခဲ့တာကို ရောင်းတဲ့သူက သိန်း ၇ဝဝဝ ကျပ်နဲ့ပြန်ဝယ်တာတောင် ဝယ်တဲ့သူက ပြန်မရောင်းတော့ဘူး။ ခုနောက်ပိုင်း အရောင်းအဝယ်ဖြစ်ခဲ့ ရင်လည်း ခေါ်တဲ့ဈေးဖြစ်မှာပဲ'' လို့ မန္တလေးမြို့သစ်ရှိ မြေအကျိုးဆောင် လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ ယခင်အေးစက်လျက်ရှိတဲ့ ချမ်းမြ သာစည်မြို့သစ်၊ သဲဖြူကုန်းရပ် ''ဆ'' ရပ်ကွက်များမှ မြေကွက်များမှာ ငုရွှေဝါလမ်းပေါ်၊ ၆၈ လမ်းနဲ့ ၇၃ လမ်းကြား''ဆ-၁''၊ ''ဆ-၂'' တွင် ပေ ၄ဝx၆ဝ တစ်ကွက်လျှင် သိန်း ၁၂ဝဝ ကျပ် ဈေး ရှိခဲ့ရာမှ လတ်တလောတွင် သိန်း ၁၉ဝဝ ကျော်နဲ့အထက်ရှိပြီး အရောင်းပါး ကြောင်းသိရပါတယ်။ ကြားကွက်များမှာ သိန်း ၅ဝဝ ကျပ်ဝန်းကျင်ရှိပြီး၊ လူ ကြိုက်နည်း၍ ဈေးအေးလျက်ရှိပြီး၊ မနော်ဟရီလမ်းနဲ့နီးတဲ့ ''ဆ'' အကွက် များမှာ ဈေးပိုကြောင်း သိရပါတယ်။ မန္တလေးမြို့သစ်ရှိ အချို့မြေကွက်များမှာ ခရစ္စမတ်ပွဲတော်အပြီးတွင် အရောင်း အဝယ်ဖြစ်လိမ့်မယ်လို့ မန္တလေး မြေ အကျိုးဆောင်များထံက သိရပါတယ်။                                                                                                               ဇူးဇူး

Monday, 15 Nov 2010

 ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများရှိ အိမ်ခြံမြေ အရောင်းလုံးဝနီးပါးမရှိ     ရန်ကုန်မြို့၏ အဓိကလမ်းမကြီး များ၏အိမ်ခြံမြေများသည် အရောင်း မရှိဘဲ ဈေးနှုန်းများမှာ အဆမတန် မြှင့်ထားကြကြောင်းသိရသည်။ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများ ဖြစ်သည့် ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်-အင်းစိန်လမ်း၊ ပြည်လမ်း စသည့်တို့တွင် လမ်းမတန်း အိမ်ခြံ မြေများသည် ရောင်းချလိုခြင်းမရှိကြ သည့်အတွက် ခေါ်ဈေးနှုန်းများကို မြှင့်တင်ထားကြကြောင်း သိရသည်။      ''အကွက်ကောင်းပြီးအလားအလာရှိတဲ့ အိမ်ခြံမြေတွေဆိုရင် ရင်းနှီးမြုပ်နံှတဲ့သူတိုင်းက ရောင်းချလိုခြင်းမရှိကြတော့ ခေါ်ဈေးတွေမြှင့်ထားကြတယ်''ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောကြားသည်။ ထိုသို့ ခေါ်ဈေးနှုန်းများမြှင့်တင်ထား ရခြင်းမှာ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြူပ်နံှမှုများကြောင့် အိမ်ခြံမြေဈေးနှုန်းများ အထက်ပိုင်းတွင်သာ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးအရ အချက်အချာကျသည့် မြို့တွင်းအဓိက လမ်းမကြီးများဖြစ်သည့် အနော်ရထာလမ်း၊ ဗိုလ်ခုျပ်လမ်း၊ မဟာဗန္ဓုုလလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းတို့ရှိ မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းများသည်လည်း အလားအလာကောင်းများရှိနေသဖြင့် မဖြစ်မနေမှလွဲ၍ ရောင်းချခြင်း မပြုလုပ်ကြကြောင်း သိရသည်။     ''မြို့တွင်းမှာက ကုမ္ပဏီရုံးခန်းတွေ ဖွင့်လှစ်ဖို့စိတ်ဝင်စားကြတယ်။ ဆိပ်ကမ်းတွေနဲ့နီးတဲ့ နေရာတွေပိုပြီး အလားအလာကောင်းတယ်''ဟု ၎င်းကဆက်လက်ပြောကြားသည်။ ထိုသို့ အိမ်ခြံမြေဈေးကွက်သည် အလားအလာကောင်းများ ရှိနေသဖြင့် အခြားဈေးကွက်များဖြစ်သည့် ကားနှင့် ရွှေဈေးကွက်များသာမက ကျောက်လုပ်ငန်းရှင်များပါ ဝင်ရောက် ရင်းနှီးမြှုပ်နံှလာကြကြောင်း၊ ထိုသို့ ရင်းနှီးမြှုပ်နံှလာကြခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများသည် မြင့်တက်နေရခြင်းဖြစ်ပြီး ၎င်းနှင့်ဆက်စပ်၍စက်မှုဇုန်မြေကွက်များပါ လိုက်ပါမြင့်တက်နေကြကြောင်း၊ စက်မှုဇုန်များတွင် လှိုင်သာယာစက်မှုဇုန်သည် စက်ရုံအလုပ်ရုံများ၏ လိုအပ်ချက်များနှင့်ကိုက်ညီသည့်အပြင် ပြည်ပရင်းနှီးမြူပ်နံှသူများအတွက် အရေးကြီးသည့် လုပ်သား ပေါများခြင်းကြောင့် အလားအလာကောင်းများရှိနေကြောင်း သိရသည်။ ကိုဖြိုး

Monday, 15 Nov 2010

 ကားဈေး ကျဆင်းနေသော်လည်း အရောင်းအဝယ် ခပ်နည်းနည်းသာရှိနေ      သီတင်းကျွတ်ပွဲတော်အပြီး ရန်ကုန်မြို့ရှိ ကားပွဲစားတန်းများတွင် လူပြန်စည် ကားလာသော်လည်းအရောင်း အဝယ်မှာမူ များများစားစားမရှိဘဲ တစ်စီးတစ်လေ သာဖြစ်ကာ သိန်း ၅ဝဝ အထက် တန်ဖိုးရှိ လိုင်စင်သစ်ရ ယာဉ်အချင်းချင်း အလဲ အထပ်လုပ်လာကြကြောင်း သိရသည်။        တစ်စီးတစ်လေ အရောင်းအဝယ်ဖြစ်သည့်ကားများမှာလည်း အပေါ်ကား သန့်ပြီး လက်ရှိဈေးကွက်ပေါက်ဈေးထက် လျှော့ရောင်းပေးမှသာ ဝယ်ကြကြောင်း ယခုတလော အလဲအထပ်သာများလာကြောင်း အပေါ်ဝိုင်း ဝါရင့်အကိုျးဆောင် ကိုမြင့်ကျော်မှပြောသည်။ အပေါ်ဝိုင်းထဲရှိ လူစည်ကားရာ မျက်နှာစာတန်းများ တွင် လိုင်စင်သစ်ရ၊ အက္ခရာတန်း ၄ဂ/၅ဂ ပေါက်ကားများ၊ ပုံဆန်းကားသန့်များ နေရာယူထားကြပြီး ဈေးကွက်တွင်ရှိနှင့်ပြီး ဂျပန်ကားဟောင်းများမှာ အပေါ်ဝိုင်း အတွင်းရှိ အတွင်းလမ်းများတွင် ထိုးလာကြကြောင်း၊ အဆိုပါကားများ အရောင်းအဝယ်ဖြစ်သည်မှာ ပိုနည်းပြီး တစ်စီးတစ်လေဖြစ်သည့်ကားများမှာလည်း သန့်ပြီး ဈေးတန်သည့်ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ လတ်တလော အက်(စ်) အီးလီမိတက် (၉၂) ခုနှစ်ထုတ်ပုံစံ အက္ခရာ ၅က(ဓာတ်ဆီ) အား သိန်း ၂၆ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။         ယခင်လကပြုလုပ်ပြီးသွားသည့် လေလံပွဲမှကားများမှာ ဝိုင်းထဲသို့ အရောက် နည်းပြီး ယင်းသို့ဖြစ်ရသည်မှာ ဈေးမကိုက်သဖြင့် အဆွဲနည်း၍ဖြစ်ကြောင်း၊ အဝယ် သမားများမှာလည်း အခြားလေလံကားထက် အခွန်ဆောင်ပြီး လိုင်စင်သစ်ယူ ထားသည့် ကားသန့်များသာ စိတ်ဝင်စားကြကြောင်း သိရသည်။      သို့ရာတွင် ယခုလတ်တလော လူစီးများလာသည်မှာ စက်မှုဇုန်ထုတ် လူ ၇ဦး/ ၈ဦးဆံ့ (အမ်ပီဗီယာဉ်) ဟိုက်အေ(စ့်)စူပါကပ် စတန်ယာဉ်များပင်ဖြစ်ပြီး ယခုမှ ကားဝယ်ရန်စီစဉ်သူများမှာ မိသားစုကျယ်ကျယ်ပြန့်ပြန့်စီးနင်းနိုင်သော ၎င်း ယာဉ်များအား ရွေးချယ်ကြပြီး ဈေးနှုန်းမှာလည်း ၂ဝဝ ကျော် ၃ဝဝ ဝန်းကျင်ခန့်သာ ရှိပြီး ကားအသစ် စီးနင်းရသောကြောင့်ဖြစ်ကြောင်း သိရသည်။                                                                                                                                                                 SN

Monday, 15 Nov 2010

မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ Member Card  များထုတ်ပေး         မြတ်မန္တလာထွန်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းမှ Member  များထုတ်ပေး မြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ စီးနေကျခရီးသည်များ အား ဂိတ်များမှာ Member  အထူးအခွင့်အရေးကတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။           Member Card  ဖြင့် လက်မှတ်ဝယ်ယူပါက ၁ဝဝဝ ကျပ် လျှော့ပေးမည် ဖြစ်ရာ ၎င်းကတ်ပြားကို မြတ်မန္တလာထွန်းဂိတ်ရှိရာ ရန်ကုန် အောင်မင်္ဂလာ ကား ကွင်းနဲ့ အောင်ဆန်းကွင်း၊ မန္တလေးချမ်းမြရွှေပြည်ကားကွင်းနဲ့ ၈၃ လမ်း ၃၂ လမ်းနဲ့ ၃၃ လမ်းကြား၊ စစ်ကိုင်းဇေယျာသီရိရုပ်ရှင်ရုံရှေ့၊ ပြင်ဦးလွင် စံပြ-၂ စားသောက်ဆိုင်၊ လားရှိုး မန်ဆူစုပေါင်းကားကွင်းတို့တွင် လက်မှတ်ဝယ်ယူတဲ့အကြိမ်တိုင်း ယင်း ကတ်ပြ အသုံးပြုနိုင်ကြောင်း သိရပါသည်။     ' Member Card  ကို လိုင်းအားပေးနေတဲ့ မိတ်တွေ အပေါင်းအသင်း၊ ခဏခဏစီးတဲ့သူတွေ၊ တစ်ဦးထဲနဲ့ လက်မှတ်များများဝယ်တဲ့သူတွေကို ထုတ်ပေး တာ။ ခရီးသွားလာမှုများတဲ့အပေါ် မူတည်ပြီး ကိုယ့်ယာဉ်လိုင်း အားပေးနေကျ သူတွေကို မေတ္တာလက်ဆောင်အနေနဲ့ စီစဉ်ခဲ့တာပါ'လို့ မြတ်မန္တလာထွန်း ခရီးသည် ပို့ဆောင်ရေးမှ ဥက္ကဋ္ဌ ဦးအေးဇော်က ပြောပါတယ်။ အဆိုပါ ယာဉ်လိုင်းစီးနေကျ ခရီးသည်များအနေနဲ့ Member Card များကို လိုင်းရှိရာဂိတ်များမှာ ထုတ်ယူ နိုင်ကြောင်း သိရပါတယ်။ ဇူူးးဇူူး

Thursday, 11 Nov 2010

တရုတ်မှာ အယ်လ်စီဒီစက်ရုံတည်ဖို့ ဆမ်ဆောင်းနဲ့ အယ်လ်ဂျီတို့ ခွင့်ပြုချက်ရတော့မည်       တရုတ်နိုင်ငံမှာ အဌမမျိုးဆက် အယ်လ်စီဒီစက်ရုံတွေ တည် ဆောက်ဖို့အတွက် တရုတ်အစိုးရထံမှ ခွင့်ပြုချက်ကို ဆမ်ဆောင်း အီလက်ထရွန်းနစ်နဲ့ အယ်လ်ဂျီဒစ္စပလေး ကုမ္ပဏီတို့ ရရှိထားပြီလို့ ဆိုပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သွင်းကုန်ခွန်လွတ်နဲ့ ကမ္ဘာ့ အကြီးဆုံး အယ်လ်စီဒီ တီဗွီဈေးကွက်ထဲကို ဝင်လာနိုင်တော့မှာဖြစ်ပြီး နှစ်စဉ် လုံးရေ သန်း ၄ဝ ရောင်းရလိမ့်မယ်လို့ မျှော်မှန်း ထားပါတယ်။                                                                                                Source : chosun.com

Thursday, 11 Nov 2010

 ဝယ်လိုအား မြင့်တက်လာမှုကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းတွေ အကျိုးအမြတ်ရှိ         ထွန်းသစ်စဈေးကွက်တွေရဲ့ ဝယ်လိုအားကြီးထွားမှုကြောင့် ဂျပန်နိုင်ငံရှိ မော်တော်ကား အီလက်ထရွန်းနစ် ထုတ်လုပ် သူတို့ အပါအဝင် ဂျပန်စီးပွားရေးလုပ်ငန်းအများအပြားရဲ့ အမြတ်အစွန်းဟာ ဇူလိုင် စက်တင်ဘာလ သုံးလပတ် ကာလအတွင်း မြင့်တက်တယ်လို့ အောက်တိုဘာလ ၃၁ ရက်ကထုတ်ပြန်တဲ့ နီကေး နေ့စဉ်မှာဖေါ်ပြထားပါတယ်။ဂျပန်စီးပွားရေးလုပ်ငန်း ၄၇၅ ခုရဲ့ စုစုပေါင်းအမြတ်အစွန်းဟာ ယခုသုံးလပတ်အတွင်းမှာ နှစ်အလိုက်နှုန်းအရ ၈၆ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ နီကေး နေ့စဉ်မှာ ဖေါ်ပြပါတယ်။ ဒီကုမ္ပဏီ ၄၇၅ ခုထဲမှာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ စတော့ဈေးကွက်မှာ အသစ်မှတ်ပုံတင်တဲ့ လုပ်ငန်း တွေ မပါဝင်သေးပါဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပက ဝယ်လိုအား ပြန်လည်နာလန်ထူလာတဲ့အတွက် လုပ်ငန်း ၄၇၅ ခုနှစ် အနက် ၂၁၅ ခုရဲ့ဝယ်လိုအားက ပိုမိုမြင့်တက်လာပြီး အကျိုးအမြတ်တွေကလည်း အတက်ဖက် ကိုဦးတည်နေပါတယ်။ စစ်တမ်း ကောက်ယူထားတဲ့လုပ်ငန်းအားလုံးရဲ့ စုစုပေါင်းအမြတ်အစွန်းက စံချိန်အမြင့်ဆုံး ဖြစ်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ်ဧပြီ-ဇွန် သုံးလပတ်ရဲ့ ၉၈ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ ယခုတိုးတက်မှုက ဧပြီ-ဇွန်သုံးလပတ်နဲ့ နှိုင်းယှဉ်ရင်လဲ ၁၄ ရာခိုင်နှုန်းတိုးတက်မှုရှိတာတွေ့ရပါတယ်။                                                                                                                Source .thedailystar.com

Pages