Main menu

Background

Tuesday, 30 Nov 2010

ရန်ကုန်မြို့ တိုက်ခန်း အရောင်းအဝယ်၊ ငှားရမ်းမှုများသာရှိနေ                         ရန်ကုန်မြို့ တိုက်ခန်းများမှာ အရောင်းအဝယ်များအေးနေပြီး ငှားရမ်းမှု များသာပိုများနေကြောင်း အိမ်၊ခြံ၊မြေ လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။ တိုက်ခန်းများ ငှားရမ်းရာတွင်လည်း အထပ်လေးလွှာဝန်းကျင်ကိုပိုမို ကြိုက်နှစ်သက်ကြပြီး ၄လွှာနှင့်အထက် တိုက်ခန်းများကိုသာ ပိုမိုငှားရမ်းနေရ ကြောင်း သိရသည်။                ''ငှားတဲ့သူတွေက ကိုယ်တတ်နိုင် တဲ့ ဈေးနှုန်းနဲ့ကိုယ်ငှားမယ့်တိုက်ခန်းကို ချင့်ချိန်လာကြတယ်။ ဈေးနှုန်းကတော့ လေး၊ငါးသောင်း ဝန်းကျင်ကနေ ၇ သောင်းဝန်းကျင် တိုက်ခန်းတွေ အငှား များတယ်။ မိသားစုလိုက်နေတဲ့သူတွေ က ဈေး၊ ကျောင်း၊ ကားဂိတ်နဲ့နီးတဲ့ တိုက်ခန်းတွေကို ပိုပြီးစိတ်ဝင်စားကြ တယ်။ အုပ်စုလိုက်ဖွဲ့ပြီး ငှားကြတာလည်းရှိတယ်။ အရင်က အရောင်း အဝယ် ၆ဝ ရာခိုင်နှုန်းဆိုရင် အငှားက ၄ဝ ရာခိုင်နှုန်းပဲရှိတယ်။ အခုက အရောင်းအဝယ် ၂ဝ ရာခိုင်နှုန်းဆို အငှားက ၈ဝ ရာခိုင်နှုန်းလောက်ဖြစ် နေပြီ''ဟု ယင်းက ပြောကြားသည်။                  ယခုကဲ့သို့ အငှားဈေးကွက်ကို ဦးဆောင်လာရခြင်းမှာဝယ်ယူမည့်သူများ မှာ ကိုယ်သုံးနိုင်သည့် ငွေကြေးပေါ်မူ တည်၍ ချင့်ချိန်လာခြင်းကြောင့်ဖြစ်ကြောင်း တိုက်ခန်းများ ငှားရမ်းရာတွင် လည်း အဆောင်သဖွယ် သူငယ်ချင်း များ စုပေါင်းငှားရမ်းမှုများ ပိုမိုများပြား လာကြောင်းနှင့် ပြီးခဲ့သည့် အောက်တိုဘာလတစ်လလုံးတွင် အငှားပိုဖြစ် ကြောင်း ယင်းက ထပ်မံပြောကြာ သည်။ မင်းးသန့််

Tuesday, 30 Nov 2010

  ရန်ကုန်ကားဈေးကွက်တွင် ဇုန်ထုတ်ကားများသာ အရောင်းအဝယ် အနည်းငယ်ရှိ            ရန်ကုန်မြို့ ကားဈေးကွက်တွင် အရောင်းအဝယ်များအေးနေပြီး ဇုန်ထုတ်ကားများဖြစ်သောအိမ်စီးကားများ သာ အရောင်းအဝယ် အနည်းငယ်ရှိကြောင်း ဟံသာဝတီ ကားဝယ်ရောင်း စခန်းမှ ပွဲစားတစ်ဦးကပြောကြားသည်။              ''ကားဈေးကွက်က ဈေးမငြိမ်ဘူး ဖြစ်နေတယ်။ဈေးကမကြာခဏပြောင်း နေတော့ဈေးကွက်အခြေအနေကိုစောင့် ကြည့်နေကြတယ်။ ၄ဂ/တွေလည်း သိပ်ပြီးအရောင်းအဝယ် မရှိတော့ဘူး။ ဝယ်သူတွေကလည်း အသစ်အသစ် တွေပေါ်နေတော့ ဈေးဝယ်သက်သက် သာသာနဲ့ အသစ်တွေ ပေါ်ဦးမလား ဆိုပြီး စောင့်ကြည့်နေကြတယ်။ကား ဈေးကွက် အမြဲပြောင်းလဲနေတာ။၃ဂ/ တွေပေါ်စတုန်းကဆိုရင်လည်း တစ်စီး ကို ကျပ်သိန်း ၇ဝဝ လောက်ရှိတယ်။                 နောက် ၄ဂ/တွေပေါ်လာတော့ ကျပ် သိန်း ၅ဝဝနဲ့ရောင်းတာတောင်ဝယ်မယ့် သူက သိပ်မရှိတော့ဘူး။နောက် ၄ဂ/ တွေပေါ်စတုန်းကလည်း ၄ဂ/ကြောင့် ကားပိုင်သွားတဲ့ ပွဲစားတွေရှိသလို ၄ဂ/ ကြောင့် သိန်းရာနဲ့ချီပြီး ရှုံးသွားတဲ့သူ တွေလည်းရှိတယ်''ဟု ယင်းကပြော ကြားသည်။                    ယခုလတ်တလော ဖြစ်ပေါ်နေသော ကားဈေးနှုန်းများမှာ ၄ဂ/ ဖင်ကောက် ကျပ်သိန်း ၄၂ဝ ဝန်းကျင်၊ မတ်တူး ၉၉ မော်လ်ဒယ် ကျပ်သိန်း ၆၅ဝ ဝန်းကျင်၊R(-) ၅ခ/ကျပ်သိန်း ၁၂ဝ ဝန်းကျင်၊Light Truck ကျပ်သိန်း ၁၂ဝ ဝန်းကျင်နှင့် ဇုန်ထုတ်ကားများမှာ ကျပ်သိန်း ၁ဝဝ ဝန်းကျင်ကားများ အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။                                မင်းးသန့်် 

Tuesday, 30 Nov 2010

 ရန်ကုန် ကားဈေးကွက် အရောင်းအဝယ်ပါးပြီး အေးစက်လျက်ရှိ ရန်ကုန် ကားဈေးကွက်            ရန်ကုန်မြို့ ကားဈေးကွက်၏ လက်ရှိအခြေအနေမှာ ရောင်းအားများနေပြီး အဝယ်သမားရှားကာ အေးတိအေးစက်ပင်ဖြစ်နေသည်ဟု ဆိုရမလိုဖြစ်သည်။နိုင်ငံတော်လေလံပွဲများထပ်မံ၍ အနည်းအကျဉ်းရှိသော်လည်း ယခင်လိုလူအများ စိတ်ဝင်စားမှုမရှိတော့ဘဲ အသွားနည်းပြီးအဝယ်လည်း နည်းခဲ့သည်ဟုသိရသည်။ မြို့တွင်းရှိ ကားပွဲစားတန်းများတွင် ညနေခင်းသာလူစည်ကားနေတတ်သည်။                သို့ရာတွင်အရောင်းအဝယ်ဟူ၍ ဟုတ်တိပတ်တိမဖြစ်ဘဲ မေးပြန်ကြည့်ပြန်သာများကြောင်း၊ နေ့လယ်နေ့ခင်းပိုင်းများတွင် လူအဝင်နည်းပြီး ကားများလည်း ယခင်လို လာမထိုးကြကြောင်း ဝိုင်းတွင်းရှိ အခံပွဲစားများကပြောသည်။ ရန်ကုန်ကားဈေးကွက် ထဲသို့ အရောင်းကားများ ဝင်ရောက်မှုမှာ ယခုအခါတွင် ယခင်ကထက်ပို၍ နေရာစုံ မှဝင်ရောက်လာပြီး လတ်တလော ဦးပိုင်မှသုံးစွဲပြီး အငှားယာဉ်အသန့်များ သိန်းလေးရာအောက် ဈေးတန်းတစ်ရပ်ဖြင့် ဝင်ရောက်လာကြောင်း ယင်းကားများမှာ ၂ တပေ (၂ မျိုးသုံး)ယာဉ်များဖြစ်ပြီး နံပါတ်အနီမှအနက်သို့ ပြောင်းနိုင်သော်လည်း အခွန်ကြေးပါ ထည့်တွက်လျှင်သိန်းလေးရာ ပြန်ကျော်သွားသဖြင့် ဝယ်သူနည်းနေ ကြောင်း၊ အဖွဲ့အစည်းသွင်း နောက်ဆုံးအက္ခရာယာဉ်သစ်များလည်း ဝင်ရောက် နေပြီး ယခုအခါ ရွေးစရာများနေသဖြင့် ဝယ်သူဈေးကွက်ဖြစ်ကာ ဝယ်မည်ဆိုပါ ကလည်း အက္ခရာမြင့်၊ မိုဒယ်မြင့် အခွန်ဆောင်ပြီးကားသန့်များသာ ဝယ်ယူတတ် ကြကြောင်း အပေါ်ဝိုင်း ဝါရင့်အကျိုးဆောင်ကိုမြင့်ကျော်မှ ပြောသည်။        ကားဈေးတန်းမှာ ဆက်တိုက်ကျဆင်းနေသဖြင့် အက္ခရာ ၄ဂ/၅ဂ ပေါက် ကားသစ်များလည်း သင့်တော်သည့်ဈေးတန်း ဆင်းစေသော်လည်း အဝယ်နည်း လျက်ရှိပြီး ရောင်းလိုသူသာများကြောင်း၊ ယခင်ရှိပြီး ဂျပန်ကားဟောင်းများဆိုလျှင် အတော်ကြီးသန့်မှသာ အရောင်းအဝယ်ဖြစ်ကြောင်း၊ အချို့ လိုအပ်ချက်ရှိသည့် (လျော့သည့်) ကားများမှာ ဈေးများများလျော့၍ ဖြစ်အောင် ရောင်းသွားတတ် ကြောင်း၊ ကျောင်းဖွင့်ရာသီအစကဖြစ်ခဲ့သည့် ဈေးနှင့်နှိုင်းယှဉ်လျှင် ၃ ချိုး ၁ ချိုး ခန့်(သို့မဟုတ်) ထက်ဝက်ခန့် ကျဆင်းသွားသဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေ မှန်း၍မရကြောင်း ၎င်းမှပြောသွားသည်။                    SN

Wednesday, 24 Nov 2010

                  ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြားအရန်ငွေပမာဏ ထုတ်ပြန်                  ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလကုန်မှာ ဟောင်ကောင်ဒေသတွင် နိုင်ငံခြား အရန်ငွေပမာဏက အမေရိကန်ဒေါ်လာ ၂၆၆ ဒသမ ၁ ဘီလီယံ ဒါမှမဟုတ် ဟောင်ကောင်ဒေါ်လာ ၂ ထရီလီယံကျော်ရှိခဲ့ပြီး၊ ယခင်လထက် အမေရိကန် ဒေါ်လာသန်း ၂ဝဝ ခန့် မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေးအာဏာပိုင်မှ ထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ငွေကြေးဈေးကွက်တွင် တရုတ်ယွမ်ငွေက အတည်ငြိမ်ဆုံးငွေကြေးအဖြစ် တည်ရှိနေမှုကြောင့် ဟောင်ကောင်ဒေသရဲ့ နိုင်ငံခြားအရန်ငွေအချို့ကို တရုတ်ယွမ်ငွေအဖြစ် ပြောင်းလဲသွားမှာဖြစ်ကြောင်း၊ စုစုပေါင်းနိုင်ငံခြားအရန် ငွေပမာဏက ပြည်တွင်းမှာ လည်ပတ်လျက်ရှိတဲ့ ငွေကြေးပမာဏနဲ့ ငွေချေးစာချုပ်များရဲ့ ၉ ဆရှိကြောင်း၊ ဟောင်ကောင်ဒေသ က တရုတ်ပြည်မကြီး၊ ဂျပန်၊ ရုရှား၊ တရုတ်တိုင်ပေ၊ အိန္ဒိယနဲ့ တောင်ကိုရီးယား နိုင်ငံပြီးရင် သတ္တမမြောက် နိုင်ငံခြားအရန်ငွေပမာဏ အများဆုံးဆက်လက် ပိုင်ဆိုင်ထားကြောင်း သိရှိရပါတယ်။                ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု ဝင်ရောက်မှုအခြေအနေ       ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံကို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှု ဝင်ရောက်မှုတန်ဖိုးက နှစ်အလိုက် ၆ ဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈ ဒသမ ၃၈၄ ဘီလီယံရှိကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ပါတယ်။ ၂ဝ၁ဝ ခုနှစ်ပထမ ကိုးလတွင် စုစုပေါင်းနိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နံှမှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၇၄ ဒသမ ၃၄ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ၎င်းပမာဏကပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နံှမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၃၇ ဘီလီယံနဲ့ ပမာဏ တူညီပါတယ်။ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်းရရှိခဲ့တဲ့ ရင်းနှီးမြှုပ်နံှမှုတန်ဖိုး ကပြီးခဲ့တဲ့ သြဂုတ်လထက် ၁ ဒသမ ၃၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နံှမှုအများစုက ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဝင်ရောက်ခဲ့ပြီး၊ စုစု ပေါင်းတန်ဖိုးရဲ့ ၄၇ဒသမ ၆ ရာခိုင်နှုန်းရှိပြီး ဝန်ဆောင်မှုကဏ္ဍတွင်လည်း ရင်းနှီး မြှုပ်နံှမှုတန်ဖိုးက ၄၅ ရာခိုင်နှုန်းဝင်ရောက်ခဲ့တယ်။ ၂ဝ၁ဝ ခုနှစ် ပထမကိုးလတွင် တရုတ်အစိုးရမှခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုလုပ်ငန်းပေါင်း ၁၉၂ဝ၉ ခုရှိပြီး ယခင်နှစ်ထက် ၁၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှ ပြည်ပကိုရင်းနှီးမြှုပ်နံှခဲ့တဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၂၇ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃ဝ ဒသမ ၉ ရာခိုင်နှုန်းမှာ နိုင်ငံခြားကုမ္ပဏီများ ဝယ်ယူရာတွင် ရင်းနှီးမြှုပ်နံှခဲ့ ကြောင်း လေ့လာသိရှိရပါတယ်။                       ပြည်ထောင်စုမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ဟောင်ကောင်မြို့  

Wednesday, 24 Nov 2010

မကြာမီကာလတိုအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာနိုင်         ၂ဝ၁ဝ ခုနှစ် နှစ်မကုန်ခင်ကာလအတွင်း အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာနိုင်ကြောင်းအိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီများ က သိရသည်။ '' နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲအပြီးမှာ နေရေးထိုင်ရေးအခြေခံတွေဖြစ်တဲ့ ရောင်းဝယ်ရေးအပိုင်းတွေ က ပုံမှန်ရှိနေပါတယ်။ ပွိုင့်ကြီးတွေ ဝယ်ချင်သူရှိပေမဲ့ အရောင်းမရှိလို့ ဈေးကွက်ငြိမ်နေတဲ့သဘောရှိတယ်။ ဝယ်လက်သစ်တွေ ထူးထူးခြားခြား သိပ်ဝင်လာတာမတွေ့ရသေးဘူး။ မြန်မာ အိမ်ခြံမြေဈေးကွက်က ရွှေဈေးတက်ရင် လိုက်သွက်တဲ့ သဘော ရှိတယ်။ ပြည်ပက အဓိကဈေးကွက်တွေလှုပ်ရှားရင်လဲ အိမ်ခြံမြေက လှုပ်တတ်တယ်။ သဘာဝပဲ။ နိုဝင်ဘာ ၁၇ ရက်မှာစတဲ့ နေပြည်တော်ကျောက်ပွဲကိုလည်း အိမ်ခြံမြေသမားတွေစောင့်နေကြပါတယ်။ ကျောက်အောင်တာများရင် အိမ်ခြံမြေဈေးကွက် မြူးလာနိုင်ပါတယ်။ ဒါကြောင့် မကြာမီကာလတိုတွင်းမှာ အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာမယ်လို့ သုံးသပ်ပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီက ဦးသန်းဦးကပြောကြားသည်။ ခင်မျိုးသွယ် 

Wednesday, 24 Nov 2010

မကြာမီကာလတိုအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာနိုင်         ၂ဝ၁ဝ ခုနှစ် နှစ်မကုန်ခင်ကာလအတွင်း အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာနိုင်ကြောင်းအိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီများ က သိရသည်။ '' နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲအပြီးမှာ နေရေးထိုင်ရေးအခြေခံတွေဖြစ်တဲ့ ရောင်းဝယ်ရေးအပိုင်းတွေ က ပုံမှန်ရှိနေပါတယ်။ ပွိုင့်ကြီးတွေ ဝယ်ချင်သူရှိပေမဲ့ အရောင်းမရှိလို့ ဈေးကွက်ငြိမ်နေတဲ့သဘောရှိတယ်။ ဝယ်လက်သစ်တွေ ထူးထူးခြားခြား သိပ်ဝင်လာတာမတွေ့ရသေးဘူး။ မြန်မာ အိမ်ခြံမြေဈေးကွက်က ရွှေဈေးတက်ရင် လိုက်သွက်တဲ့ သဘော ရှိတယ်။ ပြည်ပက အဓိကဈေးကွက်တွေလှုပ်ရှားရင်လဲ အိမ်ခြံမြေက လှုပ်တတ်တယ်။ သဘာဝပဲ။ နိုဝင်ဘာ ၁၇ ရက်မှာစတဲ့ နေပြည်တော်ကျောက်ပွဲကိုလည်း အိမ်ခြံမြေသမားတွေစောင့်နေကြပါတယ်။ ကျောက်အောင်တာများရင် အိမ်ခြံမြေဈေးကွက် မြူးလာနိုင်ပါတယ်။ ဒါကြောင့် မကြာမီကာလတိုတွင်းမှာ အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာမယ်လို့ သုံးသပ်ပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီက ဦးသန်းဦးကပြောကြားသည်။ ခင်မျိုးသွယ် 

Wednesday, 24 Nov 2010

မကြာမီကာလတိုအတွင်း အိမ်ခြံမြေဈေးကွက် ပြန်လှုပ်လာနိုင်         ၂ဝ၁ဝ ခုနှစ် နှစ်မကုန်ခင်ကာလအတွင်း အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာနိုင်ကြောင်းအိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီများ က သိရသည်။ '' နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲအပြီးမှာ နေရေးထိုင်ရေးအခြေခံတွေဖြစ်တဲ့ ရောင်းဝယ်ရေးအပိုင်းတွေ က ပုံမှန်ရှိနေပါတယ်။ ပွိုင့်ကြီးတွေ ဝယ်ချင်သူရှိပေမဲ့ အရောင်းမရှိလို့ ဈေးကွက်ငြိမ်နေတဲ့သဘောရှိတယ်။ ဝယ်လက်သစ်တွေ ထူးထူးခြားခြား သိပ်ဝင်လာတာမတွေ့ရသေးဘူး။ မြန်မာ အိမ်ခြံမြေဈေးကွက်က ရွှေဈေးတက်ရင် လိုက်သွက်တဲ့ သဘော ရှိတယ်။ ပြည်ပက အဓိကဈေးကွက်တွေလှုပ်ရှားရင်လဲ အိမ်ခြံမြေက လှုပ်တတ်တယ်။ သဘာဝပဲ။ နိုဝင်ဘာ ၁၇ ရက်မှာစတဲ့ နေပြည်တော်ကျောက်ပွဲကိုလည်း အိမ်ခြံမြေသမားတွေစောင့်နေကြပါတယ်။ ကျောက်အောင်တာများရင် အိမ်ခြံမြေဈေးကွက် မြူးလာနိုင်ပါတယ်။ ဒါကြောင့် မကြာမီကာလတိုတွင်းမှာ အိမ်ခြံမြေဈေးကွက်ပြန်လှုပ်လာမယ်လို့ သုံးသပ်ပါတယ်'' ဟု မဏ္ဍိုင် အိမ်ခြံမြေကုမ္ပဏီက ဦးသန်းဦးကပြောကြားသည်။ ခင်မျိုးသွယ် 

Wednesday, 24 Nov 2010

 ၂ဝ၁ဝ ပြည့် နှစ်အတွင်း နေပြည်တော် အိမ်ခြံမြေဈေးကွက် သိသိသာသာလှုပ်ခတ်လာ              မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည် နေပြည်တော်ရှိ အိမ်ခြံမြေဈေးကွက် သည် ၂ဝ၁ဝ ပြည့်နှစ်အတွင်း သိသိ သာသာ လှုပ်ခတ်လာပြီး ရင်းနှီးမြုပ်နံှ လိုသူများ ဝင်ရောက်လာကြကြောင်း သိရပါတယ်။ နေပြည်တော်တွင် သပြေကုန်းရပ် ကွက်၊ ရာဇဌာနီလမ်းမကြီး ဝဲ/ယာရှိ ပေါင်းလောင်း (၁)နှင့် ပေါင်းလောင်း (၂) ရပ်ကွက်ကြီးများ၊ အသစ်ဖော်ထုတ် ထားသည့် ရွှေကြာပင်ရပ်ကွက်စသည့် နေရာများလို လူကြိုက်များ စိတ်ဝင် စားကြကြောင်းသိရပါတယ်။    ''အရင်ကထက် နေပြည်တော် အိမ်ခြံမြေဈေးကွက်က လှုပ်လာတယ်၊ အရောင်းအဝယ် ဖြစ်တာတွေအပြင် အငှားတွေပါ ရှိလာတယ်''ဟု နေပြည် တော်အခြေစိုက် အိမ်ခြံမြေ အကျိုး ဆောင်တစ်ဦးက ပြောကြားသည်။        နေပြည်တော်သပြေကုန်းရပ်ကွက်သည် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်နှင့် ဆက်စပ်နေသကဲ့သို့ ဈေး၊ သရီးဒီ ရုပ်ရှင်ရုံ၊ ရေပန်းဥယျာဉ်၊ စာတိုက်ကြီး၊ ကျောင်း၊ ဟိုတယ်ဇုန်များနှင့် နီးကပ်နေ ကြကြောင်း၊ အဆိုပါရပ်ကွက်သည် ယခင် သိန်း ၈ဝ သာရှိခဲ့သည့် ပေ ၆ဝ ပတ်လည်မြေကွက်သည် ယခုအခါ သိန်း ၁ဝဝဝ နီးပါး ခေါ်ဈေးရှိလာကြ ကြောင်း ပေါင်းလောင်းရပ်ကွက် အတွင်းရှိ ပေ ၆ဝ x ပေ ၄ဝ မြေကွက် များသည် သိန်း ၁၂ဝဝ ဝန်းကျင်ရှိပြီး ပေ ၆ဝ x ပေ ၈ဝ မြေကွက်များသည် သိန်း ၂ဝဝဝ နီးပါးရှိကြကြောင်း သိရ သည်။        နေပြည်တော်သည် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည့် အတွက် အိမ်ခြံမြေဈေးကွက်တွင် ဝင်ရောက် ရင်းနှီးမြုပ်နံှလိုသူများ တဖြည်းဖြည်း ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။ ''ရန်ကုန်မှာက ရင်းနှီးမြုပ် နံှဖို့လိုချင်ရင်တောင် အရောင်းနည်းပါး လာတဲ့အတွက် မန္တလေး၊ နေပြည်တော် ကို ရင်းနှီးထားသူတွေ ဝင်လာတယ်။ အဓိက သွားကြတာနေပြည်တော်ပါပဲ'' ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက သုံးသပ်ပြော ကြားသည်။ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည် လက်ရှိနေအထားအရ အရောင်းအဝယ်ဖြစ်မှု နည်းပါးလျက် ရှိပြီး အငှားများသာ များပြားလျက်ရှိ ကြောင်း၊ အငှားများတွင် ကွန်ဒိုတိုက် ခန်းငှားရမ်းမှုသည် အများဆုံးဖြစ်နေ ကြောင်း၊ ထိုကဲ့သို့သော အခြေအနေ မိုျးတွင် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နံှသူ များသည် နေပြည်တော်သို့သွားရောက် ကြပြီး အကွက်ချ၍ အလားအလာရှိ သည့် မြေကွက်များကို ဝယ်ယူရင်း ရင်းနှီးမြုပ်နံှလာကြကြောင်း၊ သို့သော် နေပြည်တော် အိမ်ခြံမြေဈေးကွက်သည် တည်ငြိမ်သည့် ပေါက်ဈေးမရှိဘဲ အရောင်းအဝယ်ဖြစ်မှုအပေါ်တွင် ဈေး နှုန်းလိုက်ပါ ပြောင်းလဲလျက်ရှိကြောင်း သိရသည်။ ကိုဖြိုး

Wednesday, 24 Nov 2010

 ရန်ကုန်မြတစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများစဉ် အမျိုးအစား/MDL       အက္ခရာ        ဈေးနှုန်း                     မှတ်ချက်၁။ ဆူဇူကီး(R+)               စတိ          ၂၇၅ သိန်း၂။ ဆူဇူကီး (R-)               စတိ           ၁၃၅ သိန်း၃။ မတ်(ခ်)တူး (၉၂)         ၄၈             ၄၅ဝ သိန်း၄။ စူပါဆလွန်း (၈၆)      လ/သ/အ     ၁၅ဝ-၁၆ဝ သိန်း၅။ စူပါဆလွန်း (၈၆)      ၃က/၅က      ၁၈ဝ-၁၈၅ သိန်း၆။ စူပါဆလွန်း (၉ဝ)         ၄ဂ             ၃ဝဝ သိန်း၇။ ရာဇာဂျစ် (စက်မှုဇုန်)    ၈ဂ              ၃၅ သိန်း၈။ ဒဂုံဂျစ် (အမိုးပါ)          ၈ခ               ၆ဝ သိန်း၉။ ပါဂဲျရိုး (၉၅)               ၄၈               ၃၈၅ သိန်း၁ဝ။ ဟွန်ဒါဆလွန်း (၈၆)     ဗ               ၁၂ဝ သိန်းSN

Wednesday, 24 Nov 2010

 အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း    တည်နေရာ                                အကျယ်အဝန်း      ပါဝင်ပုံ        ဈေးနှုန်း      သီးခြားအချက် ဆက်သွယ်ရန်၁။ တိုက်ခန်း    မင်္ဂလာတောင်ညွန့်မြို့နယ်၊(၉၄)လမ်း    (၁၆ .၅ထ၅ဝ)ပေ (၇)လွှာHall       ၁၂ဝ သိန်း                       ၇ဝ၂၄ဝ၅၂။ တိုက်ခန်း   တာမွေမြို့နယ်၊ သီတာလမ်း                (၁၅ထ၅၅)ပေ      (၆)လွှာ၊(၆)ထပ် ၁၈ဝ သိန်း                        ၅၁/၂၆၂၅၅၃။ တိုက်ခန်း   ကျောက်မြောင်း၊ စိတ္တသုခလမ်း             (၁၇ထ၅ဝ)ပေ      (၅)လွှာ၊ အိပ်ခန်းပါ ၂၅ဝ သိန်း ဖုန်းပါ၊Aircon ပါ ၇ဝ၂၄ဝ၅ညှိနှိုင်းနိုင်၄။ တိုက်ခန်း   အလုံမြို့နယ်၊ နာနတ်လမ်း(ပ)                (၂၅ထ၅ဝ)ပေ    (ပ)ထပ်၊ အခန်းဖွ့ဲ ပြီး ၃၉ဝ သိန်း    Aircon ပါ ၇၃ဝ/၃၆၇၆၇၅။ အိမ်/မြေ   တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်းသွယ် (40x60)ပေ       RC(၁)ထပ်ပါ      ၃၅ဝ သိန်း     လမ်းသွယ်     ၅၁/၂၆၂၅၅၆။ အိမ်/မြေ   တောင်ဥက္ကလာပမြို့နယ်၊ကျေးတမာလမ်းသွယ် (၃၀x၅၀)ပေ RC (၁)ထပ်ပါ    ၃၆ဝ သိန်း      လမ်းသွယ်      ၅၁/၂၆၂၅၅၇။ အိမ်/မြေ   ဗဟန်း၊ အောင်မင်းခေါင်လမ်းသွယ်             (၂၅ထ၅၅)ပေ  BN(၂)ထပ်          ၂၂ဝဝ သိန်း  လမ်းသွယ်    ၇၃ဝ/၇၇၉၄၃၈။ မြေ          ရန်ကင်းမြို့နယ်၊ဓမ္မာရုံလမ်း                      (၆၅ထ၈၅)ပေ  ဂိုဒေါင်ဟောင်း(၁)လုံးပါ ၂၂ဝဝ သိန်း           ၇၃ဝ/၇၇၉၄၃၉။ မြေ          မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ            (၁၆၅ထ၆၅)ပေ  မြေသီးသန့် ၂၅ဝသိန်း ဂရန်ပေါက်ထောင့်ကွက် ၇ဝ၂၄ဝ၅၁ဝ။ တိုက်ခန်း  မင်္ဂလာတောင်ညွန့်မြို့နယ်၊                    (၁၂ .၅ထ၅ဝ)ပေ (ပ)ထပ်၊ အခန်းဖွဲ့ ၁၆ဝ သိန်း    လျှာထိုးခင်း      ၇ဝ၂၄ဝ၅

Pages