Main menu

Background

Wednesday, 4 May 2011

မတ်ပဲစဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ         ယခင်         ယခု              ပြောင်းလဲမှု၁ ဘုရင့်နောင်             ၁ တန်           ၆၆၃ဝဝဝ    ၆၅ဝဝဝဝ၂ မုံရွာ                       ၁ ပိဿာ       ၁ဝ၇၅            ၉၅ဝ၃ ပြည်                       ၁ ပိဿာ        ၁၁၃၅          ၁ဝဝဝ၄ ဟင်္သာတ                 ၁ ပိဿာ        ၁ဝ၅ဝ         ၉၈၅၅ မန္တလေး                  ၁ ပိဿာ        ၁ဝ၅ဝ        ၁ဝ၂ဝမတ်ပဲဈေးကျပြီး အရောင်းအဝယ်ဖြစ်မှုနည်းလာ                    ဘုရင့်နောင်ေ် ဈးကွက်မှာ သြင်္ကန်မတိုင်ခင်က မတ်ပဲ (RC) ကတစ်တန်ကို ၇ဝဝဝဝ ကျပ်ဝန်းကျင်နှင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အလွန်ဒီအပတ်မှာတော့ တစ်တန်ကို ၆၅ဝဝဝ ကျပ်ဝန်းကျင် နှင့် တစ်ပတ်အတွင်း တန် ၁၈ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရပါတယ်။ မတ်ပဲ(RC) ကိုပြည်ပတင်ပို့ရန် ဝယ်ယူနေသည့် ကုန်သည်ကြီးများက မြန်မာ့မတ်ပဲအိန္ဒိယဈေးကွက်မှာ ဈေးကျ နေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိခဲ့တာကြောင့် ယခုလို ဈေးကွက်ကျလာရတာလို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။မန္တလေး ဈေးကွက်မှာ ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမဲ့ ဒေသတွင်းပဲ ခွဲစက် သမားများက အဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိသာကို  ၁ဝ၂ဝ ကျပ် (တစ်တန်ကို ၆၂၄၆၃၇ ကျပ)် နှင့် နေ့စဉ်အိတ် ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။မုံရွာဈေးကွက်မှာတော့ ဒေသ တွင်းပဲခွဲစက်သမားများက လက်ရှိပေါက်ဈေးထက် ဈေးချအဝယ်ရှိ သလို ဝယ်အားပါနည်းသွားကြောင်း တွေ့ရပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၉၅ဝ ကျပ် (တစ်တန်ကို ၅၈၁၇၇ဝ ကျပ်) ဖြင့်နေ့စဉ် အိတ်၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ ပြည်ဈေးကွက်တွင် ပြီးခဲ့တဲ့အပတ်က တစ်ပိဿာကို ၁၁၃၅ ကျပ်(တစ်တန်ကို ၆၉၅ဝ၆၂ ကျပ်)ရှိရာမှ ဒီတစ်ပတ်မှာတော့ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁ဝဝဝ ကျပ် (တစ်တန်ကို ၆၁၂၃၉ဝ ကျပ်)ဈေးနဲ့ အဝယ်အနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်သို့ လေးမျက်နှာ၊ အင်္ဂပူနှင့် မြန်အောင် မြို့နယ်များမှ နေ့စဉ် အိတ် ၁ဝဝဝ ခန့်အဝင်ရှိနေပေမဲ့ ရန်ကုန် ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲဈေးကျ နေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးကျလာပြီး တစ်ပိဿာကို  ၉၈၅ ကျပ်( တစ်တန်ကို  ကို ၆ဝ၃၂ဝ၄ ကျပ်) နဲ့နေ့စဉ်အိတ် ၁ဝဝဝ မှ ၂ဝဝဝ ကြားသာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 4 May 2011

ပြောင်းစဉ် ကုန်စည်ဒိုင်          ရေတွက်ပုံ      ယခင်         ယခု            ပြောင်းလဲမှု၁ တောင်ကြီး             ၁ ပိဿာ       ၂၃၅          ၂၃ဝ၂ လားရှိုး                  ၁ ပိဿာ       ၂၇၅          ၂၇ဝ၃ မူဆယ်                  ၁ တန်         ၂၅၃၂ဝ၈  ၂၅၁၁၁၁၄ မန္တလေး                ၁ ပိဿာ       ၂၇၄          ၂၇ဝပြောင်းဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ                     မန္တလေးဈေးကွက်မှာ ပြောင်းက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိပေမယ့် အရောင်းများတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၂၇ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ။် လားရှိုးဈေးကွက်မှာ တရုတ်ဝယ်လက်က တစ်ပိဿာကို ၂၇ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၉၄၅ဝဝ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးမဆိုသိသလောက်က်ကျနေကြောင်း သိရပါ တယ။် မူဆယ်ဈေးကွက်မှာ ဈေးကွက်သို့  အဝင်ပုံမှန်ရှိသလို တရုတ် ကလည်း ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ဆိုပါတယ်။ တောင်ကြီးဈေးကွက်မှာ မန္တလေး-ရန်ကုန်ဝယ်လက်အပြင် ဒေသ တွင်းအစာစပ်လုပ်ငန်းရှင်များကပါ တစ်ပိဿာ ၂၃ဝ ကျပ်နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ဈေးအနည်းငယ်ကျနေတယ်လို့ ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

Wednesday, 4 May 2011

ပဲစင်းငုံနီ စဉ် ကုန်စည်ဒိုင်        ရေတွက်ပုံ         ယခင်           ယခု          ပြောင်းလဲမှု၁ ဘုရင့်နောင်             ၁ တန်        ၆ဝ၅ဝဝဝ   ၅၆၅ဝဝဝ၂ မန္တလေး                  ၁ ပိဿာ        ၉၃၃          ၈၆၇၃ မုံရွာ                       ၁ ပိဿာ        ၉၁၅          ၈၃၅၄ ပြည်                      ၁ ပိဿာ        ၉၃ဝ          ၉ဝဝ၅ ပခုက္ကူ                   ၁ ပိဿာ         ၉၂ဝ          ၈၄၅၆ မြင်းခြံ                   ၁ ပိဿာ         ၉၂ဝ          ၈၃ဝ၇ အောင်လံ              ၁ ပိဿာ         ၉၃၅          ၈၅ဝ၈ မကွေး                  ၁ ပိဿာ         ၉၂ဝ          ၈၈ဝပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်က အရည်အသွေးလိုနေတဲ့အပေါ် ဈေးချအဝယ်ရှိ                ဘုရင့်နောင် ဈေးကွက်တွင် ပဲစင်းငုံနီက ဈေးကွက်သို့အဝင်ပုံမှန်ရှိပေမယ့် အိတ်စပို့ဝယ်လက်တွေက အိန္ဒိယဈေးကွက်မှာ မြန်မာ့ ပဲစင်းငုံဈေးဆင်းနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို  ၅၆၅ဝဝဝ ကျပ်နဲ့ နေ့စဉ်တန် ၁၁ဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ရန်ကုန်ဝယ်လက်က ပြည်ပအဝယ်အေးတဲ့အပေါ် ဈေးနှိမ်ပြီး အဝယ်ရှိတာကြောင့် ဈေးဆက်လက်ကျဆင်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု တစ်ပိဿာကို ၈၆၇ ကျပ်( တစ်တန်ကို ၅၃ဝ၉၄၂ ကျပ)် နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၁ဝဝဝ ကြားသာ ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ။် မုံရွာဈေးကွက်မှာ ဈေးတွေကျဆင်းနေသလို အရောင်းအဝယ်အနေနဲ့လည်း အေးနေဆဲလို့ဆိုပါတယ်။ ပဲစင်းငုံဈေးဆင်းနေပေမယ့် ဒေသခံကုန် သည်အချင်းချင်း ရောင်းဝယ်မှုရှိလို့သာ တစ်ပိဿာကို ၈၃၅ ကျပ် (တစ်တန်ကို ၅၁၁၃၄၅ ကျပ်) နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ဈေးကွက်တွင် ရန်ကုန်ဝယ်လက်က အရည်အသွေးလိုနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိသလို ရောင်းသူကုန်သည် များက လည်း ကြိုက်ဈေးမရတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းခဲ့ တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်ဖြစ်မှုက တစ်ပိဿာ ၉ဝဝ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်) နဲ့နေ့စဉ်အိတ် ၂ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီက သြင်္ကန် အပြီး ရန်ကုန်ဝယ်လက် အဝယ်အေးသွားတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၄၅ ကျပ် (တစ်တန်ကို ၅၁၇၄၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာ ခပ်ပါးပါးလေး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မြင်းခြံ ဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်က ဈေးလျော့ အဝယ်ရှိလာသလို ဝယ်အားပါ နည်းလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပိဿာ ၈၃ဝ ကျပ်(တစ်တန်ကို ၅ဝ၈၂၈၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရောင်းသူကုန်သည်များ ဈေးအမြင့်မှန်းပေမယ့် ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိတာကြောင့် အရောင်းအဝယ်လည်း အေးနေတယ်လို့ သိရပါတယ်။

Monday, 25 Apr 2011

 ကုန်စည်ဒိုင်သုံးသပ်ချက်                 မတ်ပဲ(ကုန်ကြမ်း) ကို သြင်္ကန်အခါအပြီးမှာ မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများ က အဝယ်ပါးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာနဲ့ ဟင်္သာတမှာ ဈေးကျနေပြီး ပြည်မှာ ဈေးငြိမ်နေကြောင်း တွေ့ရ ပါတယ်။                       ပဲစင်းငုံနီကို အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိ သလို အဝယ်ပါးသွားတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မြင်းခြံ၊ ပြည၊် မုံရွာ ၊ မကွေး ၊ အောင်လံ နှင့် ပခုက္ကူ မှာ ဈေးကျ လာကြောင်း တွေ့ရပါတယ်။                      ပဲတီစိမ်း(ခရမ်း)ကို တရုတ်ဝယ်လက်က အဝယ်အေးသွားတာကြောင့် ဘုရင့်နောင်မှာ ဈေးကျနေပြီး မန္တေ လးမှာ ဈေးအနည်းငယ်မြင့်နေတာ တွေ့ရပါတယ်။                       ကုလားဖြူလုံံံးကြီးကို ရန်ကုန်ဝယ်လက်အပြင် ဒေသတွင်း ပဲခွဲစက်သမားများက ဝယ်အားပုံမှန်ရှိတာကြောင့် မန္တလေး၊ ပခုက္ကူ၊ မုံရွာ၊ မြင်းခြံနှင့် ဘုရင့်နောင်မှာ ဈေးမြင့်နေကြောင်း တွေ့ရပါတယ်။                        ပြောင်းကို တရုတ်ဝယ်လက်နှင့် ဒေသတွင်းအစာစပ် လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်း များနေတာကြောင့် တောြင်ကီး န ဲ့ လားရှိုး မှာ ဈေးအနည်း ငယ်ကျနေပြီး  မူဆယ်နဲ့အောင်ပန်း မှာ ဈေးမဆိုသိသလောက် မြင့့်် နေတာ တွေ့ရပါတယ်။

Monday, 25 Apr 2011

အောင်လံကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု                                                   ယခင်အပတ် ယခုအပတ် -၁ ကုလားပဲ                     ၁ ပိဿာ               ၈၃၅       ၈၅ဝ၂ သိပ္ပံနှမ်း                      ၁ ပိဿာ              ၂၄၄၅      ၂၃၅၆၃ ပဲစင်းငုံနီ                     ၁ ပိဿာ                 ၉၃၅        ၉၃၅အောင်လံမှာ ပဲစင်းငုံနီနှင့် သိပ္ပံနှမ်းဈေးဆင်းလာ              ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံဈေးကျလာတဲ့အပေါ် ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၃၅ ကျပ်(တစ်တန်ကို ၅၇၂၅၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ။် သိပ္ပ္ပံံနှမ်းနက်ကို ရန်ကုန်ဝယ်လက်က အဝယ် ပြန်အေးသွားတာကြောင့်  ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၂၃၅၆ ကျပ်(တစ်တန်ကို ၁၄၄၂၉၇ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Monday, 25 Apr 2011

ပခုက္ကူကုန်စည်ဒိုင်

စဉ် အမျိုးအမည်           ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)           ပြောင်းလဲမှု
                                               ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ                   ၁ ပိဿာ          ၉၃ဝ        ၉၂ဝ
၂ ကုလားပဲဖြူလုံးကြီး      ၁ ပိဿာ           ၉၁ဝ        ၉၈၉
၃ ကုလားပဲ                  ၁ ပိဿာ            ၈၄၂        ၈၈၄
ဆက်သွယ်ရန် ဖုန်း-ဝ၆၂-၂၁၅၅၆

ပခုက္ကူမှာ ပဲစင်းငုံနီဈေးကျပြီး ကုလားပဲဖြူလုံးကြီး ပုံမှန်အရောင်းအဝယ်ဖြစ်

                 ပဲစင်းငုံနီကီ ို ရန်ကုန်ဝယ်လက်က အဆွဲပြန်အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၂ဝ ကျပ်(တစ်တန်ကို ၅၆၃၃၉၈ ကျပ်)နဲ့ နေ့စဉ် ၁ဝဝ မှ ၂ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို ဒေသတွင်း ပဲခွဲစက်သမားများက သြင်္ကန်အခါအပြီးမှာ ပစ္စည်းပြန် လည်ဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာတာကြောင့် ယခင် အပတ်နဲ့စာရင်  ဈေးမြင့်လာပြီး တစ်ပိဿာကို  ၉၈၉ ကျပ်(တစ်တန် ကို ၆ဝ၅၆၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြား အဝယ်ရှိနေ တယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

 

Monday, 25 Apr 2011

်မူဆယ်ကုန်စည်ဒိုင်

စဉ် အမိုျးအမည်         ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)                 ပြောင်းလဲမှု
                                                  ယခင်အပတ်    ယခုအပတ်
၁ ပြောင်း                 ၁ တန်              ၂၄၈၆၃၅    ၂၅၃ဝ၉၃
၂ ရော်ဘာ RSS-5    ၁ တန်             ၃၅၄၇၂၃၄    ၃၇၈ဝ၄၈ဝ
၃ ရော်ဘာ RSS-3    ၁ တန်             ၃၆၈၁၇၁ဝ    ၃၉ဝဝဝဝဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၂-၅၅ဝ၉၃

မူဆယ်မှာ ပြောင်းနဲ့ ရော်ဘာဈေးစွာလာ

                 ပြောင်းက မူဆယ်ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ် ဝယ်လက်ကလည်း ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လ် ာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရော်ဘာကိုလည်း တရုတ်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး အရောင်း အဝယ်ဖြစ်မှုများခဲ့တယ်လို့ ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

Monday, 25 Apr 2011

မြင်းခြံကုန်စည်ဒိုင်

စဉ် အမျိုးအမည်      ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု
                                                 ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ(သစ်)       ၁ ပိဿာ          ၉၃၅            ၉၂ဝ
၂ ထောပတ်              ၁ ပိဿာ          ၈၇၅            ၈၅ဝ
၃ ပဲစင်းငုံကြား          ၁ ပိဿာ           ၇၁၅            ၇၇ဝ

မြင်းခြံမှာ ပဲစင်းငုံနီနှင့် ထောပတ်ပဲဈေးကျလာ

                ပဲစင်းငုံနီက သြင်္ကန်အခါအပြီးမှာဈေးကွက်သို့ ပစ္စည်းအဝင်နည်းလာသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၂ဝ ကျပ် (တစ်တန်ကို ၅၆၃၃၉၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ထောပတ်ပဲ ကို ဒီတစ်ပတ်မှာ ရန်ကုန်ဝယ်လက်က အဝယ်ပြန်အေးသွား တာကြောင့် ယခင်အပတ်နဲ့စာရင်  ဈေးကျသွားတယ်လို့ သိရပါတယ။် အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၅ဝ ကျပ် (တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါ တယ်။

Monday, 25 Apr 2011

လားရှိုးကုန်စည်ဒိုင်

စဉ် အမျိုးအမည်         ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)        ပြောင်းလဲမှု
                                                ယခင်အပတ် ယခုအပတ်
၁ ပြောင်း                ၁ ပိဿာ               ၂၈ဝ        ၂၇၅
၂ ပဲပုပ်                   ၁ ပိဿာ               ၈ဝဝ        ၈ဝဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၂-၂၄ဝ၇၇

လားရှိုးမှာ ပြောင်းဈေးအနည်းငယ်ဆင်းပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ

                   ဒေသတွင်း ပြောင်းကို တရုတ်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းးငယ်က်ကျလာပြီး တစ်ပိဿာကို ၂၇၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၉၄၄၂ဝ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ဒေသခံကုန်သည်တစ်ဦးက ဆိုပါတယ်။

 

Monday, 25 Apr 2011

တောင်ကြီးကုန်စည်ဒိုင်

စဉ် အမျိုးအမည်           ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု
                                                ယခင်အပတ် ယခုအပတ်
၁ ပဲစင်းငုံနီ(သေး)        ၁ ပိဿာ                ၈၆ဝ      ၉ဝဝ
၂ ပြောင်း                  ၁ ပိဿာ                ၂၄ဝ      ၂၃၅
၃ ပန်းနှမ်း                 ၁ ပိဿာ              ၁၂၂၅       ၁၂၂၅
၄ ပဲစင်းငုံနီ(ကြီး)         ၁ ပိဿာ                ၇၃ဝ        ၇၅ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၈၁-၂၄၈၉၅

တောင်ကြီးမှာ ပြောင်းဈေးအနည်းငယ်ကျပြီး ပဲစင်းငုံနီဈေးမြင့်

               ပြောင်း ကို ရန်ကုန်-မန္တလေးဝယ်လက်က တစ်ပိဿာကို ၂၃၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၈ဝဝဝဝ ခန့်အဝယ်ရှိခဲ့ ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးမဆိုသိသလောက်က်ကျနေကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ပဲစင်းငုံနီအရည် သွေးမျိုးစုံကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာတယ်လို့ သိဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲစင်းငုံနီသေးတစ်ပိဿာ ၉ဝဝ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်)နဲ့ ပဲစင်းငုံနီလုံးကြီး တစ်ပိဿာ ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရပါတယ်။

Pages