Main menu

Background

Thursday, 30 Dec 2010

ဟင်္သာတကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)     ပြောင်းလဲမှု                                          ယခင်အပတ်     ယခုအပတ်၁ မတ်ပဲ                    ၁ ပိဿာ         ၁၁၁ဝ     ၁ဝ၁ဝ၂ ပဲလွန်းဖြူ(သစ်)         ၁ ပိဿာ         ၁ဝ၅ဝ     ၉၂၅ဆက်သွယ်ရန် ဖုန်း-ဝ၄၄-၂၁၇၂၁ဟင်္သာတမှာ မတ်ပဲနဲ့ ပဲလွန်းဖြူ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုနည်း                      မတ်ပဲ( ကုန်ကြမ်း) ရန်ကုန်အတွက်ဝယ်ယူနေတဲ့ ကုန်သည်များ က   ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးဆက် တိုက်ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးလျော့ဝယ်ယူမှုတွေရှိ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁ဝ၁ဝ ကျပ်(တစ်တန်ကို ၆၁၈၅၁၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၄ဝဝ မှ ၅ဝဝ ကြားသာအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲလွန်းဖြူ(သစ်)ကို ရောင်းတဲ့ကုန်သည်များက ဈေးအမြင့် မှန်းထားပေမယ့် ဝယ်လက် ကုန်ကြီးများက ဈေးပေးအဝယ်မရှိဘဲ တစ်ပိဿာကို ၉၂၅ (တစ်တန် ကို ၅၆၆၄၆ဝကျပ်)နဲ့ အိတ်အနည်းငယ်သာ အဝယ်ရှိခဲ့တယ်လို့ မြို့ခံ ကုန်သည်များက ဆိုပါတယ်။

Thursday, 30 Dec 2010

လားရှိုးကုန်စည်ဒိုင်စဉ် အမျိုးအမည်     ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)          ပြောင်းလဲမှု                                       ယခင်အပတ်       ယခုအပတ်၁ ပြောင်း             ၁ ပိဿာ         ၂၈ဝ               ၂၇၅၂ ပဲပုပ်               ၁ ပိဿာ          ၉ဝဝ                ၈ဝဝဆက်သွယ်ရန် ဖုန်း-ဝ၈၂-၂၄ဝ၇၇လားရှိုးမှာ ပြောင်းကျဈေးနဲ့ အရောင်းအဝယ်ဖြစ်မှုများ              ဒေသထွက် ပြောင်း ကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များက ဝယ်အားပုံမှန်ရှိပေမယ့် ပြောင်းဈေးကွက်သို့အဝင် များနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမဆိုသိသလောက်က်ကျပြီး တစ်ပိဿာကို ၂၇၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၂၂၉ဝဝဝ ခန့်အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ ဒေသခံကုန်သည်များ က ဆိုပါတယ်။ 

Thursday, 30 Dec 2010

မုံရွာကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ         ဈေးနှုန်း(ကျပ်)                        ပြောင်းလဲမှု                                          ယခင်အပတ်        ယခုအပတ်၁ ကုလားပဲဖြူလုံးကြီး     ၁ ပိဿာ      ၁၂၄၇              ၁၁၈၄၂ ပဲစင်းငုံနီ                 ၁ ပိဿာ        ၆၆၅               ၆၈၅၃ ပဲတီစိမ်းကြီး(သစ်)     ၁ ပိဿာ       ၁၂၈၉               ၁၂၁၁၄ မတ်ပဲ(သစ်)            ၁ ပိဿာ       ၁ဝဝဝ                ၉၂၅၅ ပဲတီစိမ်းသေး           ၁ ပိဿာ       ၁ဝဝဝ               ၁ဝ၂၆ဆက်သွယ်ရန် ဖုန်း-ဝ၇၁-၂၁၈ဝ၄မုံရွာမှာ ပဲတီစိမ်းနဲ့ကုလားပဲဖြူလုံးကြီးကျဈေးနဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်                ပဲတီစိမ်းကြီး ကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က အဝယ်နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၁၁ ကျပ်(တစ်တန်ကို ၇၄၁၆ဝ၄ ကျပ်)နဲ့ နေ့စဉ် အိတ် ၃ဝဝမှ ၅ဝဝ ကြားသာ အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ကု လားပဲဖြူကြီး ကိုဒေသတွင်းပဲခွဲစက် လုပ်ငန်းရှင်များနဲ့ နယ်ဝယ်လက်က ဝယ်အား အထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးကျ လာပြီး တစ်ပိဿာကို ၁၁၈၄ ကျပ် (တစ်တန်ကို ၇၂၅ဝ၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 30 Dec 2010

မန္တလေးကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ         (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)     ပြောင်းလဲမှု                                                ယခင်      ယခု                ယခင်   ယခု၁ ပဲတီစိမ်းကြီး                ၁ တန်      ၉၃ဝ၈၃၂-၉ဝ၃၈၈၇                      -                 -၂ မတ်ပဲ                       ၁ ပိဿာ                   -                ၁၁၁၇    -  ၁ဝဝဝ၃ ကုလားပဲဖြူလုံးကြီး        ၁ ပိဿာ                   -                  ၁၂၆၆  -  ၁၂၄၉၄ ပဲစင်းငုံနီ                    ၁ ပိဿာ                    -                   ၇ဝဝ  -  ၆၅ဝဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃မန ္တလေး မှာပဲတီစိမ်းနဲ့ ကုလားပဲဖြူလုံးကြီးဈေးကျလာ                     ပဲတီစိမ်း က ဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမယ့် တရုတ်ပြည် တင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က အရည် အသွေးပေါ်မူတည်ပြီး အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းးငယ်က်ကျလာပြီး တစ်ပိဿာကို ၁၄၇၆ ကျပ်(တစ်တန် ကို ၉ဝ၃၈၈၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ ခန့်သာအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူကြီး ကို ဒေသတွင်း ပဲခွဲစက်လုပ်ငန်း ရှင်များသာ အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်က အဝယ်အေးသွားတာ ကြောင့်ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၄၉ ကျပ်(တစ်တန်ကို ၇၆၄၈၇၅ ကျပ်) နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။

Thursday, 30 Dec 2010

မကွေးကုန်စည်ဒိုင် စဉ် အမျိုးအမည်     ရေတွက်ပုံ             ဈေးနှုန်း(ကျပ်)                        ပြောင်းလဲမှု                                                 ယခင်အပတ်     ယခုအပတ်၁ ကုလားပဲ(တိုင်ပေ)  ၁ ပိဿာ       ၁ဝ၇၉                ၁၁၅၈၂ ပဲစင်းငုံနီ               ၁ ပိဿာ         ၇၅ဝ                 ၇၃၅၃ ပဲတီစိမ်းကြီး          ၁ ပိဿာ       ၁၁၅၈                ၁၁၅၈၄ နှမ်းဖြူ                 ၁ ပိဿာ        ၁၅၅၆               ၁၆၂၂၅ ပဲစင်းငုံနီ(သစ်)      ၁ ပိဿာ            -                   ၇၅ဝ                      -မကွေးမှာ ပဲစင်းငုံနီဈေးကျပြီး နှမ်းဖြူဈေးစွာလာ                 ပဲစင်းငုံနီ(သစ်)ထက်စာရင် ပဲစင်းငုံနီ(အဟောင်း) ကိုသာ ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၇၃၅ကျပ်(တစ်တန်ကို ၄၅ဝ၁ဝ၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘကမ် ှာ ရေှိ နတယလ် ို့ သရိ ပါတယ။် နှမှမှမ်းးဖြူကို မန္တေ လး ဝယ်လက်က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် လာပြီး တစ်ပိဿာကို ၁၆၂၂ ကျပ် (တစ်တန်ကို ၉၉၃၂၉၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၈ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Thursday, 30 Dec 2010

ပြည်ကုန်စည်ဒိုင်စဉ်  အမျိုးအမည်     ရေတွက်ပုံ                     ဈေးနှုန်း(ကျပ်)                          ပြောင်းလဲမှု                                                       ယခင်အပတ်          ယခုအပတ်၁ မတ်ပဲ         ၁ ပိဿာ                          ၁၁၂၅          ၁ဝ၂၅၂ ပဲတီစိမ်း         ၁ ပိဿာ                       ၁၂၈၅         ၁၁၃၅၃ ကုလားပဲ      ၁ ပိဿာ                         ၁၂၆၅          ၁၁၂၅ပြည်ဈေးကွက်မှာ ပဲတီစိမ်းနဲ့ မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ်               မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက် အဝယ်အေးပြီး မြို့တွင်းဝယ်ရောင်းကုန်သည်ကြီးများနဲ့ မြို့တွင်းလက်လီသမားများသာ အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁ဝ၂၅ ကျပ်(တစ်တန်ကို ၆၂၇၆၉၉ ကျပ်) နဲ့ တစ်ပတ်အတွင်း အိတ် ၁၂ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။  

Thursday, 30 Dec 2010

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ     (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)     ပြောင်းလဲမှု၁ မတ်ပဲ(RC)                  ၁ တန်         ၆၇၁ဝဝဝ-၆၁၈ဝဝဝ `         -၂ မတ်ပဲ(SQRC)              ၁ တန်         ၈၃ဝဝဝဝ-၇၇ဝဝဝဝ            -၃ မတ်ပဲ(ကုန်ကြမ်း)          ၁ ပိဿာ                 -                   ၁၁၄၅-၁ဝ၆ဝ၄ ကုလားပဲဖြူလုံးကြီး        ၁ပိဿာ                   -                   ၁၂၇၄-၁၁၅ဝ၅ ပဲစင်းငုံနီ(သစ်)(RC)       ၁တန်                     -                   - ၄၇ဝဝဝဝ                      -ဆက်သွယ်ရန် ဖုန်း-၀၁-၆၈၀၉၁၀ဘုရင့်နောင်မှာ မတ်ပဲ(RC)နဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ဖြစ်             ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC) ၊ မတ်ပဲ(SQRC) နဲ့ ပဲစင်းငုံနီ(ွRC) (အသစ်)တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မတ်ပ်ပဲ(RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များ ကရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုးဈေး ပြန်မြင့်လာပေမယ့် အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေး ကျဆင်းနေတာကို အကြောင်းပြပြီး ဈေးနှိမ်ဝယ်ယူမှုတွေရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် မတ်ပဲ (RC) ဈေးကျဆင်းလာပြီး တစ်တန်ကိုအနိမ့်ဆုံး ၆၁၈ဝဝဝ ကျပ်မှအမြင့်ဆုံး ၆၅၃ဝဝဝ ကျပ် အတွင်း တန် ၂၈၇၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အလားတူ မတ်ပဲ (SQRC) ကိုလည်း ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၆၆ဝဝဝ ကျပ်မှ အမြင့်ဆုံး ၈၁၂ဝဝဝ ကျပ်အတွင်း တန် ၁၄၄ဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါ တယ်။ မတ်ပဲ(SQဲRC)က ဈေးကျပေမယ့် အရောင်းအဝယ်ဖြစ်မှုပမာဏက ယခင်အပတ်ထက်စာရင် တန် ၁ဝ၉၅ ခန့် ပိုများလာတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံနီ (RC)(အသစ်)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက တစ်တန်ကို ၄၇ဝဝဝဝ ကျပ်နဲ့ တန် ၁၁၅ ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။

Thursday, 23 Dec 2010

အောင်လံမှာ ပဲတီစိမ်းဈေးမြင့်ပြီး စမုံနက်နှမ်းဈေးငြိမ်           ပဲတီစိမ်းကြီး ကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့် မြင့်လာပြီး တစ်ပိဿာ ၁၄ဝဝ ကျပ်(တစ်တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၇ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စမုံနက်နှမ်း ကို မန္တလေးဝယ်လက်က ဈေးပေးအဝယ်မရှိသလို ဝယ်အားလည်း နည်းခဲ့တယ်လို့ သိရပါတယ်။

Thursday, 23 Dec 2010

မြင်းခြံမှာ ပဲစင်းငုံနီ ဈေးကျ            ဒီတစ်ပတ်မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီက ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲတီစိမ်းက ရက်ခြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံန ငုံနီက ရောင်းတဲ့ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးနှိမ်ပြီး အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ ကျလာပြီး တစ်ပိဿာကို ၇ဝဝ ကျပ် (တစ်တန်ကို ၄၂၈၆၇၃ ကျပ်)နဲ့ နေ့စဉ် အိတ် ၁ဝဝ ခန့် သာ အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။

Thursday, 23 Dec 2010

တောင်ကြီးပြောင်းကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                            ပြောင်း ကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ပြောင်းဈေးကွက်သို့အဝင်များနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျ ကျလာပြီး တစ်ပိဿာကို ၂၂ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄၄ဝဝဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ဒေသခံကုန်သည်များကဆိုပါတယ်။ ပဲပုပ်က ဈေးသာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။

Pages