Main menu

Background

Tuesday, 14 Dec 2010

ဘုရင့်နောင်မှာမတ်ပဲ (RC) ဈေးကျပေမယ့် အရောင်းအဝယ်ပုံမှန်ဖြစ်                 ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ(RC)  ၊ မတ်ပဲ(SQRC) နဲ့ပဲစင်းငုံနီ (RC)တို့သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေး ဆက်တိုက်ကျဆင်းနေတာကို မူတည်ပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၁၈ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၂၅ဝဝဝကျပ်အတွင်း ၃၁ဝ၅တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပ ဲ(SQRC) ကိုလည်း ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်များက တစ်တန်ကို အနိမ့်ဆုံး ၈၈၅ဝဝဝကျပ်မှ အမြင့်ဆုံး ၈၉၃ဝဝဝ ကျပ်အတွင်း တန် ၁၁ဝ၄ ခန့်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင်ပဲစင်းငုံနီ (RC)ကိုလည်း ပြည်ပတင်ပို့ရန်ဝယ်ယူ နေတဲ့ ကုန်သည်များက တစ်တန်ကို ၄၇၅ဝဝဝ ကျပ်နဲ့ တန် ၁၁၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Thursday, 9 Dec 2010

 ကုန်စည်ဒိုင်သုံးသပ်ချက်                မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန် ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျနေတာကို အကြောင်းပြပြီး ဈေးလျှော့အဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ ပြည်နဲ့ ဟင်္သာတမှာ ဈေးကျနေကြောင်း တွေ့ရပါတယ်။                 ပဲစင်းငုံနီကို ပြည်ပ တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်များက ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးအနည်းငယ်ကျနေမှုအပေါ်မူတည်ပြီး ဈေးချ အဝယ်ရှိတာကြောင့် မန္တလေး၊ မကွေး၊ မုံရွာ၊ မြင်းခြံနဲ့ ပခုက္ကူမှာ ဈေးကျနေကြောင်း သိရပါတယ်။               ပဲတီစိမ်းကြီးကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ကုန် သည်ကြီးများနဲ့ ရန်ကုန်ဝယ်လက်က အဝယ်အထိုက်အလျောက်သာ ရှိတာကြောင့် မန္တလေး၊ မကွေး၊ မုံရွာ၊ ပြည်၊ ပခုက္ကူနဲ့ အောင်လံမှာ ဈေးကျနေပြီး မကွေးနဲ့ မြင်းခြံမှာ ဈေးငြိမ်နေကြောင်း တွေ့ရ ပါတယ်။

Thursday, 9 Dec 2010

လားရှိုးမှာ ပြောင်းဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်မှုများ                ပြောင်းးက ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို တရုတ်ပြည်တင် ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များကလည်း တစ်ပိဿာကို ၂၉ဝ ကျပ် နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၉၄၄ဝဝဝ ခန့် အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအပြောင်းအလဲမရှိဘူးလို့ ဒေသခံပြောင်း ကုန်သည်များက ဆိုပါတယ်။

Thursday, 9 Dec 2010

ပခုက္ကူမှာ ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးကျ               ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၇၅ဝ ကျပ် (တစ်တန်ကို ၄၅၉၂၉၂ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့်ဝယ်အားပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မှာ ရှိနေတယ်လို့ ပဲကုန်သည်များကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက် လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၁၉၄ ကျပ်(တစ်တန်ကို ၇၃၁၁၉၃ ကျပ်)နဲ့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များက ဝယ်ယူတဲ့ ဈေးကို မကြိုက်နှစ်သက်လို့ အရောင်းအဝယ်ဖြစ်မှု နည်းခဲ့တယ်လို့ သိရပါတယ်။

Thursday, 9 Dec 2010

တောင်ကြီးမှာ ပြောင်းဈေးငြိမ်                     ဒေသထွကေ်ပြောင်းက ဈေးကွက်သို့ဝင်ရောက်မှုပုံမှန်ရှိသလို ရန်ကုန်၊ မန္တလေးဝယ်လက်ကလည်း တစ်ပိဿာကို ၂၃၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇၈၄ဝဝဝ ခန့် အဝယ်ရှိပေမယ့် ယခင် အပတ်နဲ့စာရင် ဈေးကငြိမ်နေတယ်လို့ ဒေသခံပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။

Thursday, 9 Dec 2010

မြင်းခြံမှာ ပဲစင်းငုံနီကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                ပဲစင်းငုံနီကို ငွေပြန်ပေါ်လိုသော လှောင်လက် ကုန်သည် အချို့ အရောင်းရှိသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးချ အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၇၆၅ ကျပ်(တစ်တန်ကို ၄၆၈၄၇၈ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝ ခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးကို မန္တလေး၊ရန်ကုန် ဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာကို ၁၁ဝဝ ကျပ် (တစ်တန်ကို ၆၇၃၆၂၉ကျပ်)နဲ့ ဝယ်အားအထိုက် အလျောက် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။

Thursday, 9 Dec 2010

မူဆယ်မှာ ပြောင်းဈေးကျပြီး ရော်ဘာဈေးငြိမ်                    ပြောင်းကိုတရုတ်ပြည်တင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်များက က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ပြောင်းအဝင်များတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့သိရပါတယ်။ ရော်ဘာကို တရုတ်ဘက်က ဝယ်အားပုံမှန် ရှိပေမယ့် ဈေးကတန့်နေတယ်လို့ သိရပါတယ်။

Thursday, 9 Dec 2010

အောင်ပန်းမှာ အာလူးနဲ့ ဂေါ် င်္ဖီ အရောင်းအဝယ်ပုံမှန်ဖြစ်                အာလူးက ဈေးကွက်သို့အဝင်ပုံမှန်ရှိသလို ရန်ကုန်၊ မန္တလေး ဝယ်လက်ကလည်း တစ်ပိဿာကို ၆၃ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၇၇၇ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဂေါ်ဖီကတော့ ဈေးကွက်သို့ အဝင်လှိုင်နေပြီး ရန်ကုန်နဲ့ နယ်ဝယ်လက်အစုံက တစ်ပိဿာကို ၁ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၄ဝဝဝဝဝ ခန့် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ ဒေသခံကုန်သည်များက ဆိုပါတယ်။

Thursday, 9 Dec 2010

 ဟင်္သာတမှာ မတ်ပဲကျဈေးနဲ့ အရောင်းအဝယ်ဖြစ်                 ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေး ကျ ဆင်းနေမှုအပေါ်မူတည်ပြီးဟင်္သာတဈေးကွက်တွင် မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်အတွက်ဝယ်ယူနေတဲ့ ကုန်သည်များက ဈေးချ အဝယ် ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၈၂ ကျပ်(တစ်တန်ကို ၇၈၅ဝ၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၆ဝဝ ခန့် သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ

Thursday, 9 Dec 2010

မကွေးမှာ ပဲတီစိမ်းဈေးငြိမ်ပြီး နှမ်းဖြူဈေးကျ             ပဲတီစိမ်းကြီးကို ရန်ကုန်-မန ္တလေးဝယ်လက်က  အရည်အသွေး ပေါ်မူတည်ပြီး ဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးငြိမ်နေတယ်လို့သိရပါတယ်။ နှမ်းဖြူကို မန ္တလေး ဝယ်လက်က ဈေးပေးအဝယ်မရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၆၈၉ ကျပ် (တစ်တန်ကို ၁ဝ၃၄၃၂၆ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁ဝဝဝ ခန့်သာ အဝယ်ရှိခဲ့တယ်လို့ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။

Pages