Background
မုံရွာမှာ ကုလားပဲဖြူလုံးကြီးဈေးမြင့်ပြီး ပဲတီစိမ်းဈေးကျ ကုလားပဲဖြူကြီး ကို ပဲခွဲစက်လုပ်ငန်းရှင်များအပြင် ရန်ကုန် ဝယ်လက်ကပါ ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့််လ့ ာပြီး တစ်ပိဿာကို ၁၂၅၃ကျပ် (တစ်တန်ကို ၇၆၇၃၂၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲကုန် သည်တစ်ဦးက ဆိုပါတယ။် ပဲတီစိမ်းကြီးကို မန ္တလေး နဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး ကျလာပြီး တစ်ပိဿာကို ၁၂၆၃ ကျပ(် တစ်တန်ကို ၇၇၃၄၄၈ ကျပ)် နဲ့ အရောင်းအဝယ်ဖြစ်မှုနည်းသွားတယ်လို့ မြို့ခံကုန်သည်များက ဆိုပါတယ်။
မန ္တလေးမှာ ပဲတီစိမ်းဈေးကျပြီး ကုလားပဲဖြူလုံးကြီး ဈေးအနည်းငယ်မြင့်လာ ပဲတီစိမ်းကြီးကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလိုဝယ်အားပါနည်းသွား တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၄၂၂ ကျပ်(တစ်တန်ကို ၈၇ဝ၈၁၈ ကျပ်) နဲ့ အရောင်းအဝယ်ဖြစ်မှုနည်း ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက ပုံမှန်အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ပြန်မြင့်လာပြီး တစ်ပိဿာကို ၁၂၇၅ ကျပ ် (တစ်တန်ကို ၇၈ဝ၇၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ မြို့ခံပဲ ကုန်သည်တစ်ဦးက ဆိုပါတယ်။
ပြည်မှာ မတ်ပဲအရောင်းအဝယ်အေး မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျနေတာကို အကြောင်းပြ ပြီး ဈေးလျှော့အဝယ်ရှိသလို ဝယ်အားပါ နည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃ဝဝ ကျပ်၊ (တစ်တန်ကို ၇၇၆၁ဝ၇ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ။်ကုလားပဲကိုတော့ ပဲခွဲခြမ်းပြုလုပ်ရန်အတွက် ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာကို ၁၁၆ဝ ကျပ် (တစ်တန်ကို ၇၁ဝ၃၇၂ ကျပ်)နဲ့ ဝယ်အား အထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကအကျဘက်မ်မှာရှိှိနေတယ်လို့ မြို့ခံပဲလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အောင်လံမှာ ပဲတီစိမ်းနဲ့ စမုံနက်နှမ်းဈေးကျ ပဲတီစိမ်းကြီးကို မန္တလေးဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၃၇၅ကျပ် (တစ်တန်ကို ၈၄၂ဝ၃၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။စမုံနက်နှမ်းကိုမန္တလေးဝယ်လက်ကအဝယ်အေးသွားတာကြောင့် ယခင်အပတ်နဲ့ စာရင်ဈေးကျလာပြီး တစ်ပိဿာကို၂၄၄၅ကျပ် (တစ်တန်ကို၁၄၉၇၂၉၃ကျပ်)နဲ့အရောင်းအဝယ် ဖြစ်မှုနည်းခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။
ဘုရင့်နောင်မှာ မတ်ပဲ RC ကျဈေးနဲ့ အရောင်းအဝယ်ဖြစ် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ပဲမိုျးစုံရောင်းဝယ်တဲ့ကုန်သည်ကြီး များ ပုံမှန်လာရောက်ကြပြီး မတ်ပဲ (RC) နဲ့ မတ်ပဲ (SQRC) သာ အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက ရန်ကုန်ဈေးကွက် မှာ ပို့ကုန်ဝင်ငွေဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးအနည်းငယ်ကျဆင်း နေမှုအပေါ် ဈေးချဝယ်ယူမှုတွေရှိသလို ရောင်းသူကုန်သည်များက အရောင်းများနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၅၅ဝဝဝ ကျပ်မှ အမြင့်ဆုံး ၇၆၉ဝဝဝ ကျပ် အတွင်း တန် ၂၁၈၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက မတ်ပဲ (SQRC) တစ်တန်ကို အနိမ့်ဆုံး ၉၃ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၉၄၈ဝဝဝ ကျပ်အတွင်း ၇၅၉တန် အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး အကျဘက်မှာရှိနေတယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲစင်းငုံနီ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်များက တစ်တန် ကို ၅၂၅ဝဝဝ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိပေမယ့် ရောင်းသူကုန်သည် များက ဝယ်ယူတဲ့ဈေးကို မကြိုက်နှစ်သက်လို့ အရောင်းအဝယ်အေး နေတယ်လို့ သိရပါတယ်။
မြင်းခြံမှာ ကုလားပဲဖြူလုံးနဲ့ ပဲတီစိမ်းသေးကျဈေးနဲ့ အရောင်းအဝယ်ဖြစ် ကုလားပဲဖြူကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များက ဈေးချအဝယ်ရှိသလိုဝယ်အားပါနည်းသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၂၂၅ ကျပ်(တစ်တန်ကို ၇၅ဝ၁၇၇ ကျပ်)နဲ့နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သရိ ပါတယ။် ပဲတီစိမ်းသေးကို မန ္တလေးဝယ်လက်က တစ်ပိဿာကို ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့် ပုံမှန်အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးကမဆိုသိသလောက် ကျနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။
တောင်ကြီးမှာ ပြောင်းနဲ့ ပဲပုပ်အရောင်းအဝယ်ပုံမှန်ဖြစ် ပြောင်းး ကဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ အစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များအရောင်းများနေတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၂၃၅ ကျပ်နဲ့ အရောင်း အဝြယ်ဖစ်ခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ပဲပုပ်(ထိပ်စ) ကို ရန်ကုန်ဝယ်လက်က ဝယ်အားများတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝဝဝ ကျပ်နဲ့ အရောင်းအ ဝယ်ဖြစ်မှုများခဲ့တယ်လို့ ဒေသခံကုန်သည်များကဆိုပါတယ်။
ပြည်မှာ မတ်ပဲနဲ့ ပဲတီစိမ်းအရောင်းအဝယ်ဖြစ်မှုနည်း မတ်ပဲ (ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိပေမယ့် ရောင်းသူကုန်သည်များက အ ရောင်းနည်းခဲ့တယ်လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တော့ တစ်ပိဿာကို ၁၃၁၅ ကျပ်(တစ်တန်ကို ၈ဝ၅၂၉၂ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၁၄ဝဝ ခန့်သာအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကို မန္တလေးဝယ်လက်က ဈေးချအဝယ်ရှိတဲ့အပြင် ဝယ်အားပါနည်း သွာ းတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာ ပြီးတစ်ပိဿာကို ၁၄၈၈ ကျပ် (တစ်တန်ကို ၉၁၁၂၃၆ ကျပ်)နဲ့ အ ရောင်းအဝယ်ဖြစ်မှုနည်းခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။
ဟင်္သာတမှာ မတ်ပဲ ပုံမှန်အရောင်းအဝယ်ဖြစ် မတ်ပဲ (ကုန်ကြမ်း) ကိုရန်ကုန်အတွက်ဝယ်ယူနေတဲ့ ကုန်သည် များက ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် နေ့စဉ်ဖြစ်ပေါ်နေသော မတ်ပဲ(RC) ရောင်းဈေးအတက်အကျပေါ်မူတည်ပြီး ဝယ်ယူမှုတွေရှိသလို ရောင်းသူကုန်သည်များကလည်း ပုံမှန်အရောင်းရှိတာကြောင့် တစ်ပိဿာကို အနိမ့်ဆုံး ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်) မှအမြင့်ဆုံးတစ်ပိဿာကို ၁၃၂ဝ ကျပ်(တစ်တန်ကို ၈ဝ၈၃၅၄ကျပ်) အတွင်းနေ့စဉ်အိတ် ၆ဝဝ မှ ၁ဝဝဝ ကြားပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်များက ဆိုပါတယ်။
အောင်ပန်းမှာ အာလူးဈေးအနည်းငယ်မြင့်ပြီး အရောင်းအဝယ်ဖြစ် ဒေသထွက် အာလူးက ဈေးကွက်သို့ အဝင်ရှိသလောက် ရန်ကုန်ဝယ်လက်နဲ့ နယ်အစုံက ဝယ်အားပုံမှန်ရှိတာကြောင့် ယခင် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၇ဝဝ ကျပန် အဲ့ ရောင်း အဝယ်ဖြစ်မှုများခဲ့တယ်လို့အာလူးပွဲရုံမှကုန်သည်တစ်ဦးကဆိုပါတယ်။